KMS Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KMS Myanmar, Education, Lashio.
30/10/2021
မြသန်းတင့်ရဲ့အကောင်းဆုံးစာအုပ်တွေထဲက
တစ်အုပ် (သို့မဟုတ်) သုခမြို့တော်
စာအုပ်အကြောင်းမပြောခင်ဒီစာအုပ်ကသင့်
အား ကြေကွဲဝမ်းနည်းစရာတွေ၊ရင်နင့်စရာ
တွေ၊စိတ်ခွန်အားတွေ ပေးပါလိမ့်မယ်။
စိတ်ထားနူးညံ့ပြီး စာနာစိတ်ရှိတဲ့သူတွေ၊သနား
လွယ်တတ်တဲ့သူတွေ၊ ဖတ်ရင် ဖတ်ပြီးတော်
တော်ဝမ်းနည်းဖို့ကောင်းပါတယ်။
မူရင်းစာရေးဆရာ Dominique Lapierre ရဲ့
ရောင်းအားအကောင်းဆုံးစာအုပ်ကို ဆရာ
မြသန်းတင့်က ဘာသာပြန် ရေးထားပါတယ်။
စာအုပ်နာမည်ကသုခမြို့တော်ဖြစ်ပေမယ့်
ဒီထဲမှာပါတဲ့အကြောင်းအရာတွေက အိန္ဒိယ
နိုင်ငံ ကာလကတ္တားမြို့က ဆင်းရဲတကာ့
အဆင်းရဲဆုံးသူတွေရဲ့ ဒုက္ခတွေကို ဖော်ပြ
ထားပါတယ်။
ဒီစာအုပ်ရဲ့အဓိကဇာတ်ကောင် ဟာစရီပါးဟာ
တောကနေကာလကတ္တားမြိုကိုပြောင်းလာ
ခဲ့ပြီး မြို့မှာနေစရာမရှိလို့ ပလက်ဖောင်းပေါ်
အိပ်ပြီး စားစရာမရှိလို့ အမှိုက်ပုံထဲက ထမင်းသိုး၊ဟင်းသိုးစားခဲ့ရတာတွေ၊တစ်နေလုံး
မိသားစု ၄ ယောက် ဆန်စေ့လှော်လေးနဲ့ပြီး
တာတွေ၊စားစရာထမင်းမရှိလို့ငှက်ပျောသီး
လေးဝယ်ပြီး မျှစားခဲ့ရတာတွေဖတ်ပြီး တော်
တော်လေးဝမ်းနည်းရပါတယ်။
အသက် ၁၆ နှစ်တောင်မပြည့်သေးတဲ့သမီး
လေးက မိခင်နဲ့သူ့ဖခင်အရက်သမားကို
ပြည့်တန်ဆာလုပ်ပြီး ရှာကျွေးခဲ့တာတွေက
တကယ်ကို ရင်နင့်စရာပါ။
ဆင်းရဲလွန်းလို့ ခန္ဓာကိုယ်ထဲကသွေးဖောက်
ရောင်းစားခဲ့ရပြီး ပွဲစားတွေရဲ့ ခေါင်းပုံဖြတ်ပုံ
တွေ၊၇ လ ၈ လ လောက်ရှိတဲ့ ကိုယ်ဝန်ဆောင်
အမျိူးသမီးတစ်ယောက်ရဲ့ သန္ဓေသားကို
ဗိုက်ခွဲရောင်းစားရင်း သေခဲ့ရတာတွေ၊လူ့
ပတ်ဝန်းကျင်ရဲ့အပယ်ခံ ကိုယ်ရေရောဂါ
သည်တွေရဲ့ ဒုက္ခဆင်းရဲတွေကိုဒီစာအုပ်ဖတ်
မှ ဒီလောက်ဆိုးတဲ့ဘဝတွေရှိပါလားဆိုတာ
သိခဲ့ရတာတွေပါ။
လန်ချားကို ခါးကျိုးမတတ်ဆွဲပြီး အာဟာရ
ပြတ်၊ရောဂါအမျိုးမျိုးရပြီး လန်ချားဆွဲရင်း
လဲကျ သေဆုံးတာတွေ၊လန်ချားအုံနာတွေရဲ့
ခေါင်းပုံဖြတ်ပုံတွေ၊သုခမြို့တော်မှာ ရောဂါ
ဖြစ်ပြီးသေတာတွေ၊က ဖတ်ရတာ အတော်
လေး သနားစရာ၊ဝမ်းနည်းစရာကောင်းပါ
တယ်။
ဒီ့အပြင် ပိုလန်နိုင်ငံက သာသနာပြုဖို့ရောက်
လာတဲ့ ဘုန်းတော်ကြီးကိုဗက်စကီးရဲ့ အနေဆင်းရဲ၊အစားဆင်းရဲစွန့်လွှတ်အနစ်နာခံပြီး
ကိုယ်တိုင်ရောဂါ ဖြစ်တာတောင် ဆေးရုံ
အကောင်းစားမတက်ပဲ ဆင်းရဲသားတွေနဲ့
တစ်တန်းတည်း ဆေးရုံတက်ခဲ့ပြီး ကိုယ်
ကျိုးစွန့်ကာ သုခမြို့တော်ကသူတွေကို ကူညီ
ခဲ့ပုံတွေ ပါဝင်ပါတယ်။
မာသာထရီဇာရဲ့ ဘယ်သူမှမလုပ်နိုင်တဲ့
ကြောက်ခမန်းလိလိ ကိုယ်ကျိုးစွန့်အနစ်နာခံ
ပြီး ကိုယ်ရေရောဂါသည်တွေကို ကုသပေးခဲ့
တာတွေက အတော်လေးလေးစရာကောင်း
ပါတယ်။
စာအုပ်ထဲမှာ ဒီ့ထက် သနားစရာကောင်းတာ
တွေ၊ကြေကွဲဝမ်နည်းစရာတွေ၊ပိုပြီးလေးနက်
တဲ့အကြောင်းအရာတွေ ကျန်ပါသေးတယ်
စာရှည်နေပြီဖြစ်လို့ ကိုယ်တိုင်ပဲဖတ်ကြည့်
ကြပါ။
ကိုယ့်ဘဝကိုယ် ဆိုးလှပြီဟုထင်နေတာတွေ၊
လက်ရှိကိုယ့်အခြေအနေကိုယ်အားမရတဲ့သူ
တွေ ဒီစာအုပ်ဖတ်ပြီးကျေနပ်လာပါလိမ့်မယ်။
စာအုပ်တန်ဖိုး (၅၀၀၀)ကျပ်
ဒီစာအုပ်ကို ကြိုက်နှစ်သက်ရင် ဆိုင်မှာ လာဝယ်လို့လည်း ရပါတယ်။ အိမ်အ ရောက်ပို့လည်း မှာလို့ရပါတယ်။ စာအုပ်မှာယူတိုင်းမှာ စာမှတ်ကဒ်လေးတွေလက်ဆောင်ထည့်ပေးပါတယ်။ သေ သေသပ်သပ် လှလှပပထုတ်ပိုးပြီး ပို့ပေးပါတယ်။ 😊🎁
ဆိုင်လိပ်စာ...
၈၂လမ်း ဘုရားကြီးတောင်ဘက်၊ ခုနှစ်အိမ်တန်း၊ ဘုရားကြီးဘုန်းကြီးကျောင်းတိုက်နှင့်မျက်စောင်းထိုး၊
ကျွန်းလုံးဥသျှောင်ရပ်ကွက်
ချမ်းမြသာစည်မြို့နယ်
မန္တလေးမြို့
09 - 454740450
09 - 782 777 124
⬛မြန်မာတစ်နိုင်ငံလုံးသို့ အိမ်ရောက်မှငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။ လိုအပ်ပါက ကားဂိတ်ဖြင့်လည်း ပို့ဆောင်ပေးပါသည်။
🟥မန္တလေးမြို့တွင်းနှင့် မန္တလေးမြို့နှင့်အနီးတဝိုက်မြို့များသို့ #ဒီနေ့မှာဒီနေ့အရောက် ပို့ဆောင်ပေးပါသည်။
🟨ရန်ကုန်နှင့်အခြားမြို့များသို့ ကားဂိတ်ဖြင့်ဖြစ်စေ၊ Delivery ဖြင့်ဖြစ်စေ ပို့ဆောင်ပေးပါသည်။ ရန်ကုန်မြို့တွင်းဖြစ်ပါက ၃/၄ရက်အတွင်း အိမ်အရောက်ပို့ဆောင်ပေးပါသည်။
🟦မှာယူသည့်စာအုပ်၏ အရွယ်အစား၊ အရေအတွက်နှင့် ပို့ဆောင်ရမည့်နေရာဒေသအားလျော်စွာ ပို့ခ ကျသင့်မည်ဖြစ်ပါသည်။
🟩မှာယူလိုပါက
page messengerမှ ဖြစ်စေ
09- 45 47 40 450 (phone@Viber)
09- 782 777 124
ကိုဖြစ်စေ (လက်ခံမည့်သူအမည်၊ အိမ်နံပါတ်၊ လမ်း၊ ရပ်ကွက်၊ မြို့နယ်၊ ဖုန်းနံပါတ်များ ပေးပို့ကာ)ဆက်သွယ်မှာယူနိုင်ပါတယ်။
#စာအုပ်တွေဟာမိသားစုပမာ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Lashio