Lashio KSF K-Stars

Lashio KSF K-Stars

Share

Lashio KSF ဆိုသည်မှာ Lashio Kachin Sport Fellowship ဟုရည်ရွယ်ပါသည်။

07/12/2023

Ball Mastery

ဘောလုံးကိုယ့်ဆီရောက်ပြီဆို ဘာလုပ်လို့လုပ်ရမှန်းမသိ ဘောလုံးသူများဆီပဲပါပါသွားတဲ့သူတွေအတွက် ဒီလေ့ကျင့်ခန်းများများလေးလုပ်ပေးဖို့လိုပါလိမ့်မယ်။

မက်ဆီလို ဘောလုံးနဲ့လူနဲ့အမြဲကပ်နေပါလိမ့်မယ်။

21/10/2023

ဒီဓာတ်ပုံဟာ သမိုင်းဝင်ဓာတ်ပုံပါ။

အမေရိကန်နိုင်ငံ ရှီကာဂိုမြို့ရှိ Drake Hotel ဟော်တယ်ကြီးမှာ ၁၉၂၁ ခုနှစ်ကရိုက်ထားတဲ့ပုံဖြစ်ပါတယ်။

ရှီကာဂိုမြို့နဲ့အနီးတဝိုက်က ဂျူးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို Drake ဟော်တယ်မှာ အထူးညစာစားပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ပုံထဲမှာ ရေခွက်တောင်မချထားပဲ ပြောင်ရှင်းနေတဲ့ စားပွဲခုံရှည်ကြီးတွေပေါ်မှာ ဖယောင်တိုင်ကြီးတွေပဲထွန်းထားပြီး အားလုံးဟာ စကားပြောစင်ကနေစကားပြောနေတဲ့ ဂျပ်ကော့ (Jacob M. Loeb) ကို အံ့အားသင့်စွာ လှည့်ကြည့်နေကြပါတယ်။

Drake Hotel မှာ Gala Dinner ဖိတ်ထားတဲ့အတွက် အားလုံးကအကောင်းဆုံးဝတ်စားလာပြီး မကြာခင် Starter အနေနဲ့ ဘာအစားအသောက်လာချမယ်၊ ပြီးရင် Main Course အနေနဲ့ ဘာလာမယ်စသည်ဖြင့် စားကောင်းသောက်ဖွယ်ရာတွေကို အားလုံးကမျှော်လင့်နေကြတာပါ။

အခုတော့ အစားအစာဝေးလို့ ရေခွက်တောင်မချထားတဲ့အပြင် ဇွန်းခက်ရင်းတွေ၊ ပန်းကန်ပြားတွေပါချမထားပါဘူး။

အဲ့ဒီအချိန်မှာပဲ ဂျူးလုပ်ငန်းရှင်ဂျပ်ကော့က -

"ကြွရောက်လာတဲ့လူကြီးမင်းအပေါင်းတို့ခင်ဗျား။ ယနေ့ည Gala Dinner ပါတီဟာဖြင့် ဒေါ်လာ ၃၅၀၀ ကုန်ကျမှာဖြစ်ပါတယ်။ (ယခုခေတ်ဈေးနဲ့ဆိုရင် ဒေါ်လာ ၇၀၀၀၀ ကျော်ကုန်ကျပါတယ်)

ကျနော်တို့တွေအခုလို သုံးဖြုန်းစားသောက်နေကြချိန်မှာ စစ်ဒဏ်ခံထားရတဲ့ ဥရောပက ကျနော်တို့ ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေက စားစရာမပြောနဲ့ သန့်ရှင်းတဲ့ရေတောင်သောက်ဖို့ခက်တဲ့ ဘဝမှာ ရောက်နေကြတာပါ။

အချို့ဆိုရင် အခုလို ဒီဇင်ဘာဆောင်းတွင်းကြီးမှာ အအေးဒဏ်ကကာကွယ်ဖို့ ဝတ်စရာအဝတ်တောင်မရှိအောင် ရုရှားကွန်မြူနစ်အစိုးရက ပိုင်ဆိုင်သမျှအကုန်သိမ်းဆည်းချိတ်ပိတ်တာကိုခံထားရပါတယ်။

ခင်ဗျားတို့အားလုံး ညစာမစားရသေးလို့ ဆာလောင်နေကြပါတယ်။ ဒါပေမဲ့ ဒါဟာခင်ဗျားတို့အတွက် "တစ်နပ်စာ" လွတ်ခြင်းပါ။

ရုရှားကွန်မြူနစ်အစိုးရအောက်က ကျနော်တို့ညီအကိုမောင်နှမအားလုံးဟာ #နေ့စဉ်ထမင်းအနပ်မမှန်တဲ့ဘဝကို နေ့တိုင်းကျရောက်နေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျနော်တို့ဂျူးလူမျိုးတွေအတွက် "the Relief of Jewish War Sufferers Fund" ကိုထူထောင်ဖို့ ခင်ဗျားတို့လုပ်ငန်းရှင်ကြီးတွေကိုအားကိုးပြီး ယနေ့ ဒီ Drake ဟော်တယ်ကြီးကို ဖိတ်ကြားခဲ့ရတာဖြစ်ပါတယ်ခင်ဗျား။

ဂျက်ကော့ပ်ပြောအပြီးမှာ ခန်းမထဲမှာငြိမ်ကျသွားပါတယ်။

ဂျူးတွေဟာ ငွေကြေးနဲ့ပတ်သက်ရင်အလွန်နှမြောကျတာဖြစ်ပါတယ်။ ဂျက်ကော့ပ်အနေနဲ့ တစ်ယောက်ချင်းစီက အလှူငွေလိုက်လံကောက်ခံတုန်းက အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆိုတာ၊ နှစ်ပြားတစ်ပဲ,ပဲထည့်တာ၊ ဟိုလူ့ဆီမှာထည့်ပြီးပြီ၊ ဒီလူ့ဆီမှာထည့်ပြီးပြီနဲ့ ဘောလီဘောပုတ်ထုတ်တာတွေ ကြုံခဲ့ရတဲ့အတွက် ဂျက်ကော့ပ်က အားလုံးမျက်နှာစုံညီဆုံရအောင် Gala စားသောက်ပွဲပါတီကြီးဖိတ်ကြားပြီး တစ်ချက်တည်းနဲ့ အားလုံးစုံညီရှေ့မှာ ဖြစ်နေတဲ့အခြေအနေကိုချပြကာ အလှူခံလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးမှာ - "ကျနော်တို့လူမျိုးတွေမှအချင်းချင်းမဖေးမရင် ဘယ်သူမှလာဖေးမမှာမဟုတ်ဘူး။"

"ကျနော်တို့လူမျိုးအချင်းချင်းမှ ကိုယ်ချင်းမစာရင် ဘယ်သူမှလာပြီးကိုယ်ချင်းစာမှမဟုတ်ဘူး။"

"အခုအားလုံးဆာလောင်နေကြချိန်မှာ စားပွဲပေါ်မှာဘာမှစားစရာသောက်စရာမရှိတဲ့အချိန်မှာမှ မစာနာတတ်ရင် - ကျနော်တို့အားလုံးတောင်းတနေတဲ့ #ကတိတော်ထားရာမြေ "Promised Land" ဂျူးနိုင်ငံတော်ကြီးကို ဘယ်တော့မှထူထောင်နိုင်မှာမဟုတ်ဘူး၊ နေ့တိုင်းဘုရားဆီမှာဆုတောင်းပြီး တကယ်လက်တွေ့မပါရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး" လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဂျက်ကော့ပ်စကားပြောပြီးမကြာခင်မှာပဲ ရှီကာဂိုကဂျူးလုပ်ငန်းသူဌေးကြီးတွေ ပိုက်ဆံအိတ်တွေဖွင့်ကာ တတ်အားသရွှေ့ထည့်ဝင်လှူဒါန်းကြပါတော့တယ်။

အဲ့ဒီညက အမေရိကန်သူဌေးကြီး ဂျူးလီယက်ရိုဆန်ဝေါလ် (Julius Rosenwald) က အားလုံးထက်ကျော်လွန်ပြီး အမေရိကန်ဒေါ်လာ (၁) သန်းတိတိလှူဒါန်းခဲ့ပါတယ်။

အဲ့ဒီခေတ် ၁၉၂၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၁ သန်းဟာ အလွန်များပြားတဲ့ငွေဖြစ်တာကြောင့် အမေရိကန်သမ္မတ ဝစ်ဒရိုးဝီဆင်က ဂျူးလီယက်ရိုဆန်ဝေါလ်ထံ ကြေးနန်းချက်ခြင်းရိုက်ပြီး serving the American values of democeacy and humanism အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

ဤသို့သော မိမိတို့သွေးချင်းသားချင်းတွေအတွက် ပြန်ငဲ့ကြည့်သော၊ ကိုယ်ချင်းစာသော စိတ်ဓာတ်ရှိတဲ့အတွက် အစ္စရေးဆိုတဲ့နိုင်ငံပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း အီလီနွိုက်ပြည်နယ်က ဂျူးလူမျိုးများဟာ ဂျူးနိုင်ငံထူထောင်ရေးအတွက် အများဆုံးကူညီခဲ့ကြပါတယ်။

ဒါပေမဲ့ အဲ့ဒီနေ့ ၁၉၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က Drake ဟော်တယ်က foodless banquet အစားအသောက်မဲ့ပါတီပွဲဟာ သမိုင်းဝင်ဖြစ်ခဲ့ပါတယ်။

သူ့ဘာသာသူ အစ္စရေးပဲဖြစ်ဖြစ်၊ အာရပ်ပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ်၊ ဗြိတိသျှပဲဖြစ်ဖြစ် ကျနော့်အနေနဲ့ သူတို့ဆီက ကျနော်တို့လူမျိုးတွေတနေ့ကောင်းစားဖို့ ဘာအတုယူစရာရှိသလဲပဲ အဓိကကြည့်ပါတယ်။

ကောင်းတာကိုယူမယ်၊ မကောင်းတာကိုပယ်မယ်။ သူများတွေအောင်မြင်ခဲ့တဲ့လမ်းကြောင်းကို မြင်အောင်ကြည့်တတ်ရမယ်။

ကျနော်စိတ်ဝင်စားတာ "To Build a Nation" နိုင်ငံတစ်နိုင်ငံထူထောင်ရေးအတွက် - စင်ကာပူ၊ အစ္စရေး၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေကနေ ဘာအတုယူစရာရှိသလဲ၊ သူတို့ဒီနေ့ဘာလို့အင်အားတောင့်တင်းတဲ့နိုင်ငံတွေဖြစ်လာသလဲဆိုတာကို အဓိကပြန်လည်မျှဝေပေးချင်တာဖြစ်ပါတယ်ခင်ဗျား။

Richard Myo Thant
15-October -2023

Want your business to be the top-listed Event/venue in Lashio?
Click here to claim your Sponsored Listing.

Telephone

Address


Word (1), Block (1)
Lashio