Lashio General Guide
သတင်းများကိုပြန်လည်ကူးယူ
ဖော်ပြ ဝေမျှချင်းသာဖြစ်သည်။✅
30/11/2025
သီပေါတံတား ပိတ်ထားဆဲပါ
(30-11-2025)
20/11/2025
လားရှိုးတက္ကသိုလ်ကျောင်းတော်ကြီးကို (၂၄-၁၁-၂၀၂၅) တနင်္လာနေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ နေ့သင်တန်းများအားလုံး ဘာသာစုံ အတန်းစုံ ဖွင့်သွားမှာဖြစ်ကြောင်းနဲ့ ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကို(၁၇-၁၁-၂၀၂၅)နေ့မှစပြီး လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ကျောင်းတော်ကြီးဖွင့်ပွဲနေ့ လာရောက်ကြမယ့် သူငယ်ချင်းများ(၂၄-၁၁-၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန် ဆုံကြရအောင် 😍😍😍
(၂၀-၁၁-၂၀၂၅)
14/11/2025
သီပေါတံတား
ဒီနေ့မနက်သီပေါတံတားအဝင်အထွက်
ယာယီပိတ်ထားတယ်လို့ကြားသိရတယ်။
ကား ဆိုင်ကယ် ဖြတ်သန်းလို့မရသေးပါ။
ခရီးသည်တင်ကားကြီးကားငယ်တွေနဲ့
ကုန်တင်ကားကြီးတွေမြို့တွင်းမြို့ပြင်မှာ
ရပ်နားစောင့်ဆိုင်းနေကြရတယ်။
အခြေအနေစုံစမ်းသွားလာပါ။တံတား
ဖွင့်ရင်ပြန်တင်ပေးပါ့မယ်။14.11.25 7AM
04/09/2025
လားရှိုးလေကြောင်းခရီးစဉ် ပြန်လည်ပျံသန်းရန် စီစဉ်နေ
-------------------------
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လေကြောင်းလိုင်း ခရီးစဉ်တွေကို ယာယီရပ်နားထားရာမှာ မကြာခင် ပြန်လည်ပျံသန်းနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာအမျိုးသားလေကြောင်း(MNA)က သိရပါတယ်။ မြန်မာအမျိုးသားလေကြောင်းအနေနဲ့ ပြည်တွင်းခရီးစဉ်အဖြစ် မြို့နယ်(၂၆)မြို့နယ်ကို ရန်ကုန်မြို့နဲ့မန္တလေးမြို့ တွေကနေ ပျံသန်းပေးနေတာဖြစ်ပါတယ်။
လတ်တလော ရပ်နားထားတဲ့ လေးကြောင်းခရီးစဉ်တွေက လွိုင်ကော်၊ ဗန်းမော်၊ သံတွဲ၊ လားရှိုးနဲ့ အမ်းမြို့ ခရီးစဉ် တွေဖြစ်ပြီး လားရှိုးခရီးစဉ်ကိုတော့ မကြာခင် ပြန်လည်ပျံသန်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာအမျိုးသား လေကြောင်း(MNA)ရဲ့ Chief Commercial Officer ဦးမျိုးသူရက ပြောပါတယ်။
မြန်မာအမျိုးသားလေကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်၂၅ ရက်က စတင်ကာ ပြည်တွင်းခရီးစဉ်သစ်တွေအဖြစ် မန္တလေး-မကွေး၊ မြစ်ကြီးနား-မကွေး၊ မကွေး-နေပြည်တော်နဲ့ မကွေး-ရန်ကုန် ခရီးစဉ်တွေကို အပတ်စဉ် တနင်္လာ နေ့တိုင်း ပျံသန်းပေးနေတယ်လို့ သိရပါတယ်။
ယနေ့ 4 - 9 - 2025 မန္တလေး ငလျင်
တော်တော်ကြမ်းတယ်လို့ သိရပါတယ်။
11/08/2025
လမ်းပိတ်ထားခြင်းမရှိပါ
နမ့်လန်-မိုင်းကိုင်လမ်းပိုင်း!နမ့်လန်-ကျောက်ဂူလမ်းပိုင်း!နောင်ပိန်(အထက်ရဲရွာ)-သာစည်လမ်းပိုင်းများကို
ယနေ့အထိလမ်းပိတ်ထားခြင်းမရှိပါ။အိမ်စီးကားငယ်
ခရီးသည်ကားငယ်များအတက်အဆင်းပုံမှန်သွားလာ
နေကြပါတယ်။ကုန်တင်သည့်ကားတော့မပြောတတ်ပါ။
ဒီရက်ပိုင်းရာသီဥတုကောင်းမွန်နေ၍နမ့်လန်-ကျောက်ဂူ
လမ်းပိုင်း!နောင်ပိန်(အထက်ရဲရွာ)-သာစည်လမ်းပိုင်းကို
ကားငယ်တွေအဆင်ပြေစွာသွားလာနေကြပါတယ်။
ရာသီဥတုကောင်းရင်တော့ကျောက်ဂူလမ်းနဲ့သာစည်
လမ်းတွေကခရီးတိုပါတယ်။ပြင်ဦးလွင်-နောင်ချိုမှ
ရပ်စောက်လမ်းအတိုင်းလမ်းကြောင်းဖြစ်ပါတယ်။မိုး
အခြေအနေအရအပြောင်းအလဲတော့ရှိတတ်ပါတယ်။
ဒါကတော့လက်တလောသိထားသမျှလမ်းကြောင်း
အနေအထားဖြစ်ပါတယ်။အခြေအနေအချိန်အခါအရ
အပြောင်းအလဲရှိတတ်ပါတယ်။ခရီးသွားနဲ့ယာဥ်မောင်း
မိတ်ဆွေများဘေးကင်းပါစေ။မူလလမ်းမကြီးတွေကို
အမြန်ပြန်လည်အသုံးပြုနိုင်ကြပါစေ။(11.8.2025)
Konay Konay
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Shan State
Lashio
06301