S O L O - boy

S O L O - boy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from S O L O - boy, Blogger, Lashio.

06/03/2025

🤜 ခင်ဗျား အိုမင်းလာတဲ့အခါ 🤛
========================

တချိန် ခင်ဗျား အသက်ကြီးလာတဲ့အခါ
ခုံတစ်လုံးပေါ် ထိုင် တနေရာရာကို ငေးကြည့်နေရင်း
ဟိုတွေး ဒီတွေး တွေးမိလာလိမ့်မယ်

အဲဒီအချိန်မှာ ခင်ဗျားဟာနောက်ထပ်နေရလည်း
နှစ်အနည်းငယ် / လအနည်းငယ်လောက်ပေါ့

ခင်ဗျားစားနိုင်လည်း အလွန်ဆုံးတစ်ပန်းကန်
ခင်ဗျားအိပ်နိုင်လည်း အလွန်ဆုံး ၄ / ၅ နာရီပေါ့
လုပ်စရာအလုပ်တွေလည်း မယ်မယ်ရရသိပ်မရှိတော့ဘူး
သွားစရာလည်း သိပ်မရှိတော့သလို
သွားလည်းမသွားချင်တော့ဘူး
စားစရာလည်း သိပ်မရှိတော့သလို
စားတိုင်းလည်း အရသာ သိပ်မတွေ့တော့ဘူး
နေရတာ ပျင်းစရာကောင်းတယ်လို့
ခပ်စိပ်စိပ်တွေးမိလာမယ်

ခင်ဗျားအပေါ်လူတွေရဲ့သတ်မှတ်ချက်တွေဟာ
သိပ်အရေးမကြီးတော့ဘူး
လူဆိုတာ အသစ်အသစ်တွေကိုပဲစိတ်ဝင်စားကြပြီး
အဟောင်းအဆွေးခင်ဗျားကို ဘယ်သူကမှ
ကြာကြာအဖက်လုပ်ကြမှာမဟုတ်တော့ဘူး

ခင်ဗျားရှာထားခဲ့တဲ့တိုက်တွေကားတွေဟာ
ငယ်ငယ်ကထင်သလောက် သိပ်အရေးမကြီးတော့ဘူး
ရာထူး အာဏာဆိုတာလည်း
ထင်သလောက်မဟုတ်တော့ဘူး
အတိတ်က ရန်ပွဲတွေဟာ ဘာမှအရေးမပါတော့သလို
ဘဝ တလျှောက်လုံး ဘာမဟုတ်တာတွေကြောင့်
ပင်ပန်းခဲ့ရတယ်ဆိုတာ သိလာလိမ့်မယ်

အတူတူ အိုမင်းကြမယ်ဆိုတဲ့ လူတွေ မရှိတော့သလို
မထင်ထားတဲ့ လူတွေနဲ့ မထင်ထားတဲ့နေရာကို
ရောက်ချင်လည်းရောက်နေလိမ့်မယ်
( ဇာတ်ဆရာအလိုကျပေါ့လေ )

တချို့လည်း သေကုနျပွီ
တချို့လည်း ပျောက်ကုန်ကြပြီ
တချို့လည်း ခပ်ယဲ့ယဲ့
တချို့က ခပ်မဲ့မဲ့

လူတချို့ကိုပြန်တောင်းပန်ချင်တဲ့စိတ်တွေ
ခင်ဗျားဆီမှာ ဖြစ်ချင်ဖြစ်လာလိမ့်မယ်
ဒါပေမယ့် သူတို့ မရှိကြတော့ဘူး

ကိစ္စတချို့ကို အခုချက်ချင်းထလုပ်ချင်စိတ်တွေပေါ်လာလိမ့်မယ်
ဒါပေမယ့် ခင်ဗျားရဲ့ကိုယ်ခန္ဓာက ခွင့်မပြုတော့ဘူး

ဘဝရဲ့ ငယ်ရွယ်နုပျိုမှုဆိုတာ
လျှပ်စီးလက်သလို ခဏ ပဲရတယ်ဆိုတာသိလာလိမ့်မယ်
တချိန်ထဲမှာပဲ အိုမင်းချိန်ကတော့ ကြာလွန်းတယ်လို့
ခင်ဗျားတွေးမိလာလိမ့်မယ်

နောက်ဆုံးတော့
ဘဝ ဆိုတာ ဘာမှသိပ်မဟုတ်ပါလားလို့
ပကတိ အရှိတရားကိုမြင်လာချိန်မှာ...

ခင်ဗျား နှစ်နှစ်ကာကာပြုံးမိလိမ့်မယ်။

~

24/06/2024

ကျနော်နဲ့ မိုးရာသီ 🌧⛈

21/01/2024

မင်္ဂလာပါ 😊

ပင်းတယ လှိုင်ဂူဘုရားသို့
မရောက်ဖူးသေးသော မိတ်ဆွေတို့အတွက်....

Video လေးရိုက်တင်ထားပါတယ်နော်...

#ပင်းတယမြို့အလှ

'ang Lay

18/01/2024

မျိုးဆက်သစ်ကျောင်း ကျောင်းသူများရဲ့

ကပြဖျော်ဖြေမှုလေးပါ....

ပါဝင်ဖျော်ပေးတဲ့ ညီမငယ်တို့ရဲ့ဒေသကတော့

ရှမ်းမြောက် နမ့်ခမ်း၊ ရှမ်းတောင် မိုင်းရှူး၊ ရပ်စောက် နဲ့ ကာလိ၊ ရှမ်းရှေ့က မိုင်းတုံမြို့တိုမှ ​ဖြစ်ပါတယ်နော်😊

#မိုင်းကိုင်_လုံစံကျေးရွာ

Want your public figure to be the top-listed Public Figure in Lashio?
Click here to claim your Sponsored Listing.

Category

Website

Address


Lashio