Flower Group

Flower Group

Share

Bringing People to Better Life

Photos from Flower Group's post 28/04/2024

၁။Flower Group ၏တိုင်းရင်းသားလူမျိုးစုနာယက(အလှည့်ကျသဘာပတိ)များ၊အလုပ်အမှု​ဆောင်အဖွဲ့ဝင်များနှင့်​တွေ့ဆုံမိတ်ဆက်ပွဲအားလားရှိုးမြို့ရှိ Golden Hill (ဂိုလ်ဒင်း​ဟေးလ်)ဟိုတယ်တွင်(၂၇.၄.၂၀၂၄)ရက်​​နေ့နံနက်(၁၀:၀၀)နာရီ
အချိန်၌ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။​တွေ့ဆုံ​မိတ်ဆက်ဆွေး​နွေးပွဲအားFlower Group ၏ကျန်ရှိ​နေ​သောအ​ဆောက်အဦးနှင့်​မြေကွက်များအားစနစ်တကျခွဲ​ဝေ​ပေး​ရေးအားစီမံချက်​ရေးဆွဲရေးအား၄င်း၊တိုင်းရင်းသားလူမျိုးစုအလိုက်စာအုပ်များစုစည်း၍စာရင်းဇယားပြုစုရန်အား၄င်း၊စာအုပ်စာရင်းအမြန်ပြုစုနိုင်​ရေး​နောက်ဆုံးလာအပ်ရမည့်ရက်သတ်မှတ်ရန်အား၄င်း၊စုစည်းစာရင်းပြုစုပြီးပါကရုံးချုပ်သို့လာ​ရောက်အပ်နှံရန်၄င်း၊ရုံးချုပ်တွင်စာအုပ်များစနစ်တကျစစ်​ဆေးရန်အား၄င်း၊ကွန်ပျူတာများဖြင့်စာရင်းဇယားများပြုစုခြင်းအား၄င်း၊​မြေဂရန်ရရှိ​ရေးအား၄င်း၊​မြေကွက်များတိုင်းတာ​ရေးအား၄င်း၊​မြေခွဲ​ဝေပေး​ရေးအား၄င်းဆွေး​နွေးခဲ့ကြပါသည်။

၃။တိုင်းရင်းသားလူမျိုးစုနာယက(အလှည့်ကျသဘာပတိ)များမှလည်း Flower Groupသည်ငွေစုငွေချေးအသင်းမဟုတ်သလိုအတိုးပေး၍ငွေချေးသည့်လုပ်ငန်းလည်းမဟုတ်ကြောင်း၊မန်ဘာများ၏စုပေါင်းထည့်ဝင်ငွေဖြင့်တည်ထောင်ခဲ့သောလုပ်ငန်းစုအနေဖြင့်လုပ်ငန်းများရပ်တန့်သွားချိန်တွင်ကျန်ရှိနေသော
လုပ်ငန်း၏ပိုင်ဆိုင်မှူပစ္စည်းများကိုမန်ဘာများသို့
အချိုးကျစွာပြန်လည်ခွဲ​ဝေ​ပေးခြင်းဖြစ်​ကြောင်း​ဆွေး​နွေးပြောကြားသွား​ကြောင်းမန်ဘာများသို့အသိ​ပေးအပ်ပါသည်။

28/04/2024

Flower Group၏ကျန်ရှိနေသောအဆောက်အအုံနှင့်
မြေကွက်များကိုမန်ဘာများသို့အချိုးကျစနစ်တကျ
ပြန်လည်ပေးအပ်နိုင်ရေးအောင်မြင်စွာဆောင်ရွက်
နိုင်ရန်အတွက်အောက်ပါပုဂ္ဂိုလ်များအားနာယက
များ(အလှည့်ကျသဘာပတိများ)နှင့်အလုပ်အမှူဆောင်အဖွဲ့ဝင်များအဖြစ် (၂၆-၄-၂၀၂၄)ရက်နေ့မှစတင်၍တရားဝင်ဖွဲ့စည်းလိုက်ကြောင်းအသိပေးကြေငြာအပ်ပါသည်။

(က)နာယကများ
၁။ဦးလုပ်ယွန်း(‘ဝ’တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူ)
၂။ဦးစိုးဝင်း(ဗမာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူ)
၃။ဦးစိုင်းစိုးမြင့်(ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူ)
၄။ဦးအောင်မင်း(တအောင်းတိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှူ)
၅။ဦးစိုးမင်း(မြောင်ဇီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူ)
၆။ဦးဆာဂေးယု(လီဆူးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူ)
၇။ဒေါ်လီဘို(လားဟူတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူ)
၈။ဒေါ်နန်ပရီ(ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူ)

(ခ)အလုပ်အမှူဆောင်အဖွဲ့ဝင်များ
၁။ဦးမင်းထက်လင်း(ဥက္ကဠ)
၂။ဦးလှသိန်းထွန်း(ဒုဥက္ကဠ-၁)
၃။ဦးထွေးဝင်း(ဒုဥက္ကဠ-၂)
၄။ဦးစိုင်းကျော်ဇောဟန်(အတွင်းရေးမှူး)
၅။ဦးအိုက်တူး(တွဲဖက်အတွင်းရေးမှူး)
၆။ဦးဝင်းနိုင်ဦး(အဖွဲ့ဝင်)
၇။ဒေါ်ရွယ်ဒင်(အဖွဲ့ဝင်)
၈။ဒေါ်ဟယ်လင်(အဖွဲ့ဝင်)

21/03/2024

(၁)မန်ဘာများကိုအုပ်စုဖွဲ့ပေးကာအုပ်စုတစုချင်း
အလိုက်ရရှိမည့်ငွေပမာဏနှင့်မြေကွက်များကို
တန်ဖိုးသင့်ကာ အုပ်စုခေါင်းဆောင်များကို
စာချုပ်စာတမ်းနှင့်တာဝန်ခံစေ၍လွှဲပြောင်း
ပေးပါမည်။

(၂)ရရှိသောမြေကွက်များကိုလူကြီးမင်းတို့
အစီအစဉ်ဖြင့်လူကြီးမင်းတို့ကိုယ်တိုင်
ရောင်းချကာရရှိငွေကိုခွဲယူကြရန်နှင့်
ဝယ်သူထံသို့MDမှပိုင်ဆိုင်ခွင့်(SP)များ
တိုက်ရိုက်လွှဲပြောင်းပေးမည်ဖြစ်ပါသည်။

(၃)အုပ်စုခေါင်းဆောင်စာရင်းများကောက်ယူခြင်း၊အဖွဲ့မရှိသူများဆက်သွယ်နိုင်ရန်အုပ်စုခေါင်းဆောင်
စာရင်းများကြေငြာခြင်း၊ကျန်ရစ်ခဲ့သူမရှိစေရေး
သတင်းစာများတွင်အသိပေးကြေငြာခြင်း၊
တဦးချင်းဖုန်းနှင့်ဆက်သွယ်အကြောင်းကြားခြင်း
စသည့်လုပ်ငန်းစဉ်များပြီးစီးပါကလွှဲပြောင်းခြင်း
လုပ်ငန်းစတင်ပါမည်။

(၄)မန်ဘာများသိရှိနိုင်ရန် လုပ်ငန်းစဉ်အလိုက်
စည်းမျဉ်းစည်းကမ်းများကိုထပ်မံအသိပေး
ထုတ်ပြန်ပါမည်။

(၅)MDကိုယ်တိုင်ဦးဆောင်၍စီစဉ်ဆောင်ရွက်ပေးနေပြီး မကြာမီFlower Groupကိစ္စများဖြေရှင်းပြီးစီး
မည်ဟုမျှော်လင့်ပါကြောင်းအသိပေးကြေငြာအပ်ပါသည်။

Want your establishment to be the top-listed Bar/pub in Lashio?
Click here to claim your Sponsored Listing.

Telephone

Website

Address


No (75), Kyar Nyo Street , Ward (3)
Lashio

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00