LSO FreeStyle Session

LSO FreeStyle Session

Share

လားရှိုးအကလောကတိုးတက်ဖို့

05/06/2024

“ Street Vibes “

Youth Corner Vol.3 ကိုဘယ်လိုဖြတ်သန်းခဲ့ကြသလဲ
Video မှာတစ်ချက်ရှိုး🔥

VideoStudio Lotustus

Photos from LSO FreeStyle Session 's post 04/06/2024

LSO Youth Corner Vol.3 မှ

အမှတ်တရပုံရိပ်များ ( Part- 2 )

ဓာတ်ပုံ Sponsor by ဓါတ်ပုံ-သုတ

Photos from LSO FreeStyle Session 's post 03/06/2024

LSO Youth Corner Vol.3 မှ

အမှတ်တရပုံရိပ်များ ( Part-1 )

ဓာတ်ပုံ Sponsor by ဓါတ်ပုံ-သုတ

30/05/2024

Youth Corner Vol.3 ကပြီးဆုံးသွားခဲ့ပေမယ့်
ရာသီဥတုအခြေအနေကြောင့် အဆင်မပြေမှုတွေ များစွာဖြစ်ခဲ့ရပါတယ်

Street Vibes အတွက် ဖိတ်ခေါ်ထားတဲ့
𝐌𝐮𝐬𝐞 𝐒𝐤𝐚𝐭𝐞𝐛𝐨𝐚𝐫𝐝 𝐓𝐞𝐚𝐦 နဲ့ 𝐅𝐢𝐱𝐞𝐝 𝐁𝐢𝐤𝐞 𝐓𝐞𝐚𝐦 မှ ညီကိုတို့လည်း ရာသီဥတုအခြေအနေကြောင့် Showcase မပြလိုက်ရတဲ့အတွက် တကယ်ကိုတောင်းပန်ပါတယ် 😔

ပွဲကို တကယ်တန်ဖိုးထားပြီး သေချာပြင်ဆင်လာကြတဲ့အပြင် မိုးထဲလေထဲ ပွဲအဆုံးထိအားပေးသွားကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..

နောက်ပွဲတွေမှာလည်း ဒီလိုမျိုးမဖြစ်ရအောင် ညီကိုတို့အတွက်သေချာပြင်ဆင်ပြီး LSO Street Culture အတွက် အကောင်းဆုံးကြိုးစားသွားပါမယ်ဗျာ

ဘယ်လိုပဲ အခက်အခဲတွေရှိရှိ ပွဲအစအဆုံး ကူညီစီစဉ်ပေးကြတဲ့ လားရှိုးကာချာ ညီကိုတွေလည်းအရမ်းကျေးဇူးတင်ပါတယ်

အဆင်မပြေမှုတွေကြားက အားပေးခဲ့ကြတဲ့ပရိတ်သတ်တွေကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ..

25/05/2024

မိုးရွာလည်း မဏ္ဍပ်ဆင်ထားပေးတယ်ဗျာ

25/05/2024

See you နေ့လည်✌🏻

Photos from LSO FreeStyle Session 's post 24/05/2024

“ Special Guest Announcement “

ကဲ Youth Corner Vol.3 မှာ Street Culture ကိုပါဝင်အားဖြည့်သွားမယ့် Special Guest များကိုမိတ်ဆက်ပေးလိုက်ပါတယ်

Mini Tattoo Art ကိုချပြသွားမယ့်
“ The Ape “

Skate Board နဲ့ Showcase
အလန်းတွေကိုပြသွားမယ့်
“ MUSE Skateboard Team “

ပန်းချိီပညာကို လက်တန်းပြသွားမယ့်
“YOSHI”

စက်ဘီးအကွက်အလန်းစားတွေကိုပြသွားမယ့်
“ Fixed Bike “

အကအပြင် အစီအစဉ်တွေကအစုံဆိုတော့
မနက်ဖြန် လားရှိုးပန်းခြံရဲ့ ပြည်သူ့ရင်ပြင်နေရာမှာ
နေ့လည် ၁ နာရီ တွေ့ကြမယ်ဗျို့…

24/05/2024

🔥ကဲမနက်ဖြန်ဆိုရင် လားရှိုးက အကချစ်တဲ့ပရိတ်သတ်တွေနဲ့ Street Culture ကြိုက်တဲ့ သူတွေအတွက် ပွဲကြီးပွဲကောင်းနေ့ရောက်ပြီနော်⚠️

🟥 LSO FreeStyle Session မှ တတိယအကြိမ်ထပ်မံ ကျင်းပပြုလုပ်သွားမယ့် LSO Youth Corner Vol.3 မှာဆိုရင် Street Dance ကိုကြိုက်နှစ်သက်လို့ပဲဖြစ်ဖြစ် , Street Culture ကို လေ့လာချင်တဲ့သူပဲဖြစ်ဖြစ်လာရောက်အားပေးလို့ရပါတယ်ခင်ဗျာ..

❓LSO Youth Corner Vol.3 မှာ ဘာတွေပါဝင်သွားမလဲဆိုရင်

- Junior All Style 1 Vs 1 Dance Battle

- Open Side All Style 1 Vs 1 Dance Battle စတဲ့ အကပြိုင်ပွဲများအပြင်

Street Vibes အပြည့်ပေးမယ့်
Street Culture Show Case များဖြစ်တဲ့
Skate , Mini Tattoo Art , ပန်းချိီတွေလည်းပါဝင်အားဖြည့်ထားပါတယ်

- Junior All Style 1 Vs 1 Dance Battle

- Open Side All Style 1 Vs 1 Dance Battle
ပြိုင်ပွဲ‌တွေ
အတွက်စာရင်းပေးချင်ရင်တော့ ☎️ 09 671 392 418 ဆက်သွယ်စာရင်းပေးနိုင်ပါတယ်ခင်ဗျ

📅ပွဲနေ့ကတော့
( 25.5.2024 - Saturday - စနေနေ့ )

⏰ပွဲချိန်ကတော့ နေ့လည် (၁)နာရီ မှာစတင်သွားမှာဖြစ်ပြီး အစီစဉ် အသေးစိတ်ကို ပြန်တင်ပေးသွားပါမယ်ခင်ဗျ..

📍 ပွဲနေရာက
- လားရှိုးပန်းခြံထဲက ပြည်သူ့ရင်ပြင်နေရာ

ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီထားသူများကတော့

Baho Decorations & Furniture , Beauty Club - Hair & Make-up Studio

Muse Skateboard Shop , JMK Studio

Unison Music Guide , R灵 fashion

Zero9 Design & Decoration, Charm souvenirs & RC Studio Lashio

Photography Sponsor - ဓါတ်ပုံ-သုတ

22/05/2024

Our New Judge is….👇👇👇👇

မြန်မာနိုင်ငံမှ B-Boy ပြိုင်ပွဲတွေ All-Style ပြိူင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေများစွာယူထားပြီး

ပြိုင်ပွဲတွေမှာ Battle Machine သဖွယ်ကြမ်းတဲ့သူ

မြန်မာနိုင်ငံမှာသာမက တရုတ် ဗိီယက်နမ် စတဲ့နိုင်ငံတွေက Stage တွေအထိ မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ထိုးဖောက်ခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်

Video မှာ အသေးစ်ိတ်ကြည့်ပါ

✅Judge အသစ်ဟာ LSO Youth Corner.3 မှာ
Junior 1 vs 1 All Style Dance Battle
Open Side 1 vs 1 All Style Dance Battle တွေမှာ
ပူပေါင်း Judge လုပ်ပေးသွားမှာဖြစ်ပါတယ်

22/05/2024

“ 𝑱𝒖𝒅𝒈𝒆𝒔 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕 “

LSO Youth Corner Vol.3 မှာ
ဒိုင်အဖြစ်ပါ၀င် အကဲဖြတ်ပေးသွားမယ့်သူတွေကတော့ အားလုံးလည်းရင်းနီးပြီးသားဖြစ်ကြတဲ့

✅Jay
RC LSO မှ Jay ဟာ Hip-Hop အဓိက ကတဲ့သူဖြစ်ပြီး FreeStyle ကို သေချာလေ့လာနေခဲ့သူတစ်ဦးပါ လက်ရှိမှာလည်း တပည့်များစွာမွေးထုတ်ပေးထားတဲ့သူ တစ်ဦးပါ

✅Ju Miko
JMK Studio Founder ဖြစ်သူ Ju Miko ကလည်း Old Popper တစ်ယောက်ဖြစ်ပြီး သူမရဲ့ အက Style များကတော့ Hip-Hop , All Style, Popping စတဲ့အကများပါ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Female Popper တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာ LSO ရဲ့ FreeStyle သမား အများဆုံးမွေးထုတ်ပေးထားတဲ့ ဆရာတစ်ယောက်ဆိုလည်းမမှားပါဘူး။

ဒါ့အပြင် ဒီတစ်ခါ Judge အသစ်တစ်ယောက်ကိုလည်း မိတ်ဆက်ပေးသွားပါဦးမယ်
ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ဒီနေ့ညမှာ တင်ပေးသွားမှာပါ🔥

ကဲကဲ မကြာခင်ရောက်ရှိလာတော့မယ့်
LSO Youth Corner Vol.3 မှာ ဘယ်လိုတွေကြမ်းကြမလဲဆိုတာသိရဖို့ 25.5.2024 မှာတွေ့ကြမယ်ဗျို့….

Want your public figure to be the top-listed Public Figure in Lashio?
Click here to claim your Sponsored Listing.

Category

Website

Address


မန်းလေးလမ်း
Lashio
06302