Natural Burmese

Natural Burmese

Share

.

23/01/2024

"က်" နဲ့ "တ်" စာလုံးပေါင်း ဂရုစိုက်စေချင်

10/09/2022

တောရှစ်မျိုး။🌳🌳🌳🌳🌳

၁။ မြိုင်
၂။ ဂနိုင်
၃။ ရဂုံ
၄။ စုံ
၅။ ခင်တန်း
၆။ ပြား
၇။ အင်တိုင်း
၈။ စေးပျစ် ဟူ၍ ဖြစ်လေသည်။

မြိုင် --- စိမ့်စမ်း သစ်ပင်တို့ဖြင့် ဝေဆာသော တောမျိုး

ဂနိုင် --- အလွန် နက်ရှိုင်း ထူထပ်သော တောမျိုး

ရဂုံ ---- သာယာလျှက် ကြည်နူး ပျော်ရွှင်ဘွယ် ကောင်းသော တောမျိုး

စုံ ---- တစ်တောနှင့် တစ်တော ဆက်စပ်နေလျှက်
လမ်းခရီးရှိသည့် တောမျိုး

ခင်တန်း ---- ချုံကြီး ချုံငယ်များ ပြွမ်းတီး စီတန်းကာ အမြင့် အနိမ့် အလိုက် ပေါက်ရောက်နေသော တောမျိုး

ပြား ---- ညွံထူထပ်သော တောမျိုး

အင်တိုင်း ---- ကျောက်တန်း ကျောက်စရစ် ထူပြော၍မြက်များ ရောနှော ပေါက်တတ်သည့်တောမျိုး

စေးပျစ် ---- စည်းရိုးသဖွယ် ဖြစ်နေအောင် ထူထူထပ်ထပ်သစ်ပင် ပေါက်တတ်သည့် တောမျိုး

ဤတော ရှစ်မျိုးကို ခြုံ၍ ကဗျာတစ်ပုဒ်ဖြစ်
အောင် စပ်ဆို ခဲ့ကြလေသည် ။

စိမ့်စမ်းဝေဆာ ၊ တပြာလွန်နက် ၊ တချက်သာမော ၊
သကော့တသီး၊ လမ်းခရီးနှင့် ၊ ချုံကြီးချုံငယ် ၊ တသွယ်ညွံထူ ၊ တမူကျောက်ပေါ ၊ မြက်နှောသဏ္ဍာန် ၊ တတန်စည်းရိုး ၊ ပြည့်ဖြိုး သစ်ပင်
ဤရှစ်အင်သည် ခေါ်တွင် ကျော်ဟိုး တောရှစ်မျိုးဟူသတည်း ။

ရေးသူ ဆရာကြီးဦးဟုတ်လင်း

Want your school to be the top-listed School/college in Lashio?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Lashio
10100