Unit-K
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Unit-K, Emergency rescue service, everywhere, Loikaw.
11/03/2026
ဒီကနေ့ 11.3.2026 တွင်
ကရင်နီပြည်၊ဒီဘောင်းခူမြို့နယ်အတွင်းရှိ
စစ်ရှောင်စခန်းတစ်ခု၌ လူနာ 43 ဦးကို ကျွန်တော်တို့
UNIT-K , GKD နှင့် F & R မှ ပူးပေါင်းပြီး ပြည်သူများ
အတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု တစ်ရပ်ကို လုပ်ဆောင်ပေးခဲ့ပါတယ်..🥰
ပါဝင်အားဖြည့်ပေးတဲ့ ရဲဘော်ရဲဘက်တွေနဲ့ ဆရာ/မ များအားလုံးကို စစ်ရှောင်ပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်ဗျ 🥰
ဆေးဖိုးလှူဒါန်းပေးတဲ့ ထောက်ပို့ပြည်သူများကိုလဲ
ကျေးဇူးတင်ရှိကြောင်းနှင့်အစဥ်မြဲကျန်းမာ ပြီးအလုပ်
အကိုင် အဆင်ပြေပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ...🥰
ဆက်လက်ပြီးလဲ ပါဝင်ကူညီပေးကြပါအုံးဗျ
09/03/2026
စာလေးက ရှည်နိုင်ပါတယ်ဗျ ဒါပေမဲ့
ကိုယ်ကျိုးစွန့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာ
ပါဝင်နေကြတဲ့ ရဲဘော်ရဲဘက်တွေအတွက်မို့
အဆုံးထိဖတ်ပေးစေချင်ပါတယ်ဗျ 🤗
လူနာပေါင်းစုံ၊အခြေနေပေါင်းစုံကို နေ့နေ့ညည
ကူညီကယ်ဆယ်ပေးနေကြတဲ့
အရေးပေါ်ကယ်ဆယ်ရေးတပ်သားတွေကို
ဒီနေ့မှာ ရောဂါရှာဖွေစစ်ဆေးပေးခဲ့ပါတယ်🤗
အားလုံးက Negative(-) ဖြစ်ကြတာမို့
ဖြစ်ပွားမှ ကုသခြင်း ထပ် ကြိုတင်ကာကွယ်ခြင်း
လုပ်ထားနိုင်ရင် အကောင်းဆုံးဖြစ်တာမို့
ကျွန်တော်တို့ ကယ်ဆယ်ရေးတပ်သားတွေကို
ကာကွယ်ဆေးထိုးပေးချင်ပါတယ်ဗျ..၊
ကယ်ဆယ်ရေးတပ်သားဟာ အယောက် ၂၀ ရှိပါတယ်ဗျ
ဆေးခန်းတွေလဲ အကုန်လုံးကို FOC ထိုးပေးဖို့
အခက်ခဲရှိနေတာဖြစ်လို့ မိဘပြည်သူတွေထံ ပြန်လည်
အကူညီတောင်းခံချင်ပါတယ်ဗျ 🤗
အသည်းရောင် B ပိုးတစ်လုံးကို ပထမအကြိမ် ထိုးဖို့
70,000 ks ကုန်ပါတယ် သူက Dose 2 ကြိမ် ထိုးရပါတယ်
အ့အတွက် ကုန်ကျစရိတ်က ရဲဘော်တွေလဲ မတတ်နိုင်
တာမို့ မျှဝေကူပေးဖို့ ထောက်ပို့ပြည်သူများအားလုံးကို
အကူညီတောင်းခံချင်ပါတယ်ဗျ...🤗
တစ်ဦးစာ တတ်နိုင်ရင် တစ်ဦးစာ (သို့) တတ်နိုင်တဲ့
ပမာဏနဲ့ပါဝင်ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျ 🤗
13/01/2026
"ကလေးကျောင်းလစဥ်ကြေး ထောက်ပံ့မှူ''
2025-2026 ပညာသင်နှစ် အတွက်
ကျန်နေသေးတဲ့ Jan Feb Mar (3လ) အတွက်
ဆက်လက်ထောက်ပံ့ကူကြပါနော....🤗
ထောက်ပံ့ မှုပေးနေတဲ့ ကလေး (20)ဦးကနေ
အကြောင်းအမျိုးမျိုးကြောင့် ကလေး ၃ဦး
ကျောင်းထွက်သွားပါတယ်တဲ့ဗျာ...😞
ကျန်နေသေးတဲ့၁၇ ဦးစာကို စာသင်နှစ်ပြီးသည်ထိ
ဆက်လက်ထောက်ပံ့ပေးကြပါဦးနော...🤗
(အလှူရှင်များရဲ့ ပံ့ပိုးမှု ကြောင့် ကလေး အယောက် ၂၀ ကို ၇လဆက်တိုက် ထောက်ပံ့ နိုင်ခဲ့ပါပြီ🥰)
#ကရင်နီ
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Everywhere
Loikaw