Aung Min Htwe..2004

Aung Min Htwe..2004

Share

Followers က မရနိုင်တော့ဝူးလား

04/05/2024

👍💫💫

အလုပ်မှာ တအား လုပ်မပြပါနဲ့...
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။

သူမှာနွားပိန်တစ်ကောင်ပဲရှိတယ်

လယ်လုပ်ရတာနွားနဲ့ အတူရုန်းကန်နေရတယ်။

သိကြားမင်းကသူကိုတစ်နေ့တစ်နေ့ကြည့်ပြီးသနားလာ
တယ်။

သနားပြီးတော့ တဲနားမှာ နွားလားဥဿဖ ကြီး
ယောင်ဆောင်ပြီး နေတယ်။

သူဆင်းရဲအဖိုအိုက တွေ့တော့ချော့ဖမ်းပြီး သူနွားပိန်နဲ့တွဲခိုင်းတော့တာပေါ့ကွယ်။

အဲ့မှာစတွေ့တာပဲ တွဲခိုင်းတော့ နွားပိန်ကမရုန်းနိုင်ဘူး။

လိုက်တောင်တရွတ်ဆွဲနေသေး ၊
နွားလားဥဿဖ သိကြားမင်းလည်းအသကုန်ပြိုင်းတာပေါ့။

တစ်နေ့တစ်နေ့ အားကုန်ရုန်းရတဲ့အပြင် ၊ သူဆင်းရဲအဖိုးအိုက ပါးစပ်က ရေရွတ်ဆဲပြီး ကြိမ်လုံးနဲ့ အသကုန်ရိုက်သေးတယ်။

၃ ၄ ရက်ကြာလာတော့သိကြားမင်းမခံနိုင်တော့ဘူး၊ နွားအသွင်ကနေပြောင်းပြီး အဖိုးကြီးကိုမေးတော့တာပေါ့

ဘာလို့စွတ်ရိုက်စွတ်ဆဲနေတာလည်း ဟိုခင်ဗျားနွားကော
ဆဲပါလားဆိုတော့အဖိုအိုပြောတဲ့စကားကအရမ်း မှတ်သားလောက်တယ် ။

ကျနော်နွားပိန်ကို စွတ်ရိုက်ရင်သေသွားမှာပေါ့ ရုန်းမှမရုန်းနိုင်တာ ၊ဒါသူအတွက်အစွမ်းကုန်ပဲ နွားလားဥဿဖပဲရုန်းနိုင်မှာ ၊

အဲ့တော့ရုန်းအားပိုကောင်းအားသန်တဲ့ကောင်ကို ပဲဖိရိုက်ရပါတယ်လို့ ပြန်ပြောတာပေါ့ ။

သိကြားမင်းလည်းနောင်တအသိတရားရပြီး နတ်ပြည် ပြန်တက်သွားတယ်။

မောင်လေးညီမလေးတို့ လူဘဝ လက်တွေ့ဘဝမှာလည်း

အဲ့လိုပဲ အိမ်တွေ ၊ရုံးတွေ ၊ အလုပ်တွေမှာ အဲ့လိုနွားပိန်
တွေရွိတယ်။

အလုပ်ရှင်က ရုန်းနိုင်မယ်ထင်တဲ့သူ ၊ အားကောင်းတဲ့သူ
ကို ဖိခိုင်း၊ဖိနင်းကြတယ်တဲ့

အာကြောင့် အရမ်းစွတ်မလုပ်ပြနဲ့ အားမကောင်းစေနဲ့တဲ့
ဘဝမှာတစ်ခါတစ်လေ မရုန်းပဲတရွတ်တိုက်ဖို့လည်းလိုတယ် ၊

ဒါမှ အရမ်းရိုက်ခံရတဲ့ ဘေးကလည်းလွတ်မှာ ၊

သိကြားမင်းတောင် ထွက်ပြေးရဖူးတယ်။

Want your public figure to be the top-listed Public Figure in Loikaw?
Click here to claim your Sponsored Listing.

Telephone

Website

Address


Loikaw