CLFC
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CLFC, School, CLFC Private School, No. 286, Ngat Pyaw Street , DawUKhu quarter, Loikaw.
20/02/2023
#တိုးတက်လာတဲ့ခေတ်ကာလအတွက်
👪Parenting နည်းသစ်တွေ အရမ်းများလာပေမဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေအောင် နားလည်မှုက ကိုယ့် ရဲ့သားသမီးနဲ့ ကိုက်ညီတဲ့နည်းကိုပဲ ရွေးချယ်ရမှာပါ
👪မိဘတွေရဲ့ DNA အစစ်ကနေမွေးဖွားလာတာဖြစ်တဲ့အတွက် နှစ်ဖက်အဖိုးအဖွားတွေရဲ့ စိတ်နေစိတ်ထား မိဘဖြစ်သူရဲ့ ထိန်းကျောင်းနည်းအတိုင်း ကြီးပြင်းလာကြရတာကြောင့် ကိုယ့်သားသမီးအကြောင်းကို မိဘတွေလောက် ဘယ်ပညာရှင်ကမှ မသိနိုင်တာတော့ ငြင်းမရတဲ့အမှန်တရားပါ
👪ကျမတို့မိဘတွေ ရဲ့ လက်ရှိခေတ်အမြင်ကို ရင်ဖွင့်ကြိုဆိုသင့်ပါတယ် အမှန်တရားအတိုင်း လောကကြီးထဲ ကြုံလာရမဲ့ လောကဓံမုန်တိုင်းတွေကို နားလည်နိုင်အောင် အံတုနိုင်တဲ့ သတ္တိကို မွေးပေးဖို့ မိဘတွေက စံပြနေရမှာပါ
👪သားသမီးကို မှန်ကန်တဲ့ချစ်ခြင်းမေတ္တာတရားနဲ့ ချစ်တတ်ဖို့ သားသမီးကို ပင်ပန်းမှာကြောက်လို့ အစစအရာရာ လိုက်လုပ်ပေးနေတဲ့မိဘမျိုး မဖြစ်ဖို့ အထူးသတိထားရမှာပါ
⭐တာဝန်ယူတဲ့စိတ် တာဝန်သိတတ်တဲ့စိတ် စည်းကမ်းလိုက်နာတဲ့စိတ် ရေသာမခိုတဲ့စိတ် ပရဟိတစိတ်ကလေးရှိလာအောင် လမ်းပြပေးသင့်ပါတယ်
⭐အရေးပါဆုံးက လူကို လူလိုမြင်ပြီး လူလူခြင်းလေးစားတတ်ဖို့ မိဘတွေက သားသမီးတွေရှေ့မှာ လူတွေကို ကဲ့ရဲ့စကားဆိုတာမျိုး လုံးဝရှောင်ရှားသင့်ပါတယ်
⭐⭐⭐လူ့ဘဝအတွက် အရေးပါဆုံး Growth mindset ရှိဖို့ ကိုယ်ဘဝကိုယ့်ကံကြမ္မာကို ကိုယ်တိုင်တိုးတက်ပြောင်းလဲအောင်မြင်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိအောင် ကိုယ်တိုင်ပြုပြင် သင်ယူလို့ရတယ်ဆိုတဲ့ ယုံကြည်ချက်မျိုး သွင်းပေးရမှာပါ
👪မိဘတွေကိုယ်တိုင်က Fixed mindset ရှိနေတဲ့အခါ ကိုယ့်ကံကြမ္မာကို သူတစ်ပါးရဲ့အကူညီပေါ်မူတည်တယ် နတ်တွေသကြားတွေအပေါ်မူတည်နေတယ်ဆိုတဲ့ မိရိုးဖလာယုံကြည်မှုတွေကြားထဲ ကိုယ့်သားသမီးကိုသွတ်သွင်းဖို့ ကြိုးစားတဲ့မိဘတွေအတွက် သားသမီးတွေရဲ့ အောင်မြင်မှုလမ်းစကို ကိုယ်တိုင်ဖျက်ဆီးနေတယ်ဆိုတာ သတိထားကြည့်စေချင်ပါတယ်
👪ကိုယ့်ရဲ့ Life style နဲ့ကိုယ် ကိုယ့် Version ထဲက ကိုယ့်သားသမီးနဲ့သင့်တော်တဲ့ ကိုယ့်ရဲ့အကောင်းဆုံးနည်းလမ်းနဲ့ ကိုယ့်ရင်သွေးကို အလင်းရောင်ဖြစ်ပေးခဲ့သင့်ပါတယ် ကျမလည်း ကြိုးစားနေပါတယ်
🌟🌟🌟လူငယ်နဲ့တိုင်းပြည်အနာဂတ်က မိဘတွေရဲ့ Parenting ပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ် မိဘတွေ ရင်ဖွင်ဖို့ စံပြနေပြဖို့ နားလည်မှုတည်ဆောက်တဲ့အခါ မိဘထည့်ေပးတဲ့ အကြောက်တရားနဲ့ အမိန့်နာခံတတ်တဲ့သားသမီးတွေ ဖြစ်ဖို့ထက်
⭐⭐⭐မိဘကို ရင်ထဲအမှန်တကယ် Respect ရှ်ိပြီး ဖြစ်သင့်လုပ်သင့် တဲ့ မှန်ကန်တဲ့အတွေးခေါ်ကို ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်အောင် အတူတူပျိုးထောင်ကြဖို့ ခွန်အားပေးချင်ပါတယ်
#မိဘဆိုတာသားသမီးတွေရဲ့ကမ္ဘာကြီးပါ
✍️💖 Mommy of 3
Artwork: Amanda Oleander
20/02/2023
17/06/2022
Click here to claim your Sponsored Listing.
Category
Website
Address
CLFC Private School, No. 286, Ngat Pyaw Street , DawUKhu Quarter
Loikaw
09011