Magway SSID
Our organisation works 3 main types of task and Myanmar traditional handicraft and so on.
09/12/2021
Incubation centre (လေ့ကျင်ပျိုးထောင်ရေးစင်တာ)
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဖွင့်လှစ်ထားသော လေ့ကျင်ပျိုးထောင်ရေးစင်တာမှ ပထမအကြိမ် လုပ်ငန်းရှင်(၅)ဦးအား လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းအား စတင် လေ့ကျင်ပျိုးထောင် သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲကို ၉.၁၂.၂၀၂၁ ရက်နေ့ ညနေ(၃)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းကာလ (၃)ရက်တာ ကာလတွင် ဈေးကွက်အတွင်း ရောင်းအားမြင့်မားလျက်ရှိသည့်ထုတ်ကုန်(၁၀)မျိုးအား သင်ကြားပြသခဲ့ပြီး မိမိနှင့်အထူးသင့်လျော်သည် ထုတ်ကုန်များ ဈေးကွက်သို့ ထိုးဖောက်ရောင်းချနိုင်ရေး တိုင်းဦးစီးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့မှ အကြံပြု အားပေးစကားများ ပြောကြားခဲ့ပြီး ၃:၄၅ နာရီတွင် သင်တန်းဆင်း အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
26/11/2021
စံပယ်တွေ လွယ်လွယ်ပွင့်ကြပါစေ။
သင်တန်းတစ်ခု ပြီးမြောက်ဖို့ဆိုတာ လွယ်ကူပေမဲ့ သင်ကြားပေးတဲ့ နည်းပညာတွေကို လက်တွေ ပြန်လည် အသုံးချနိုင်ဖို့၊ ဈေးကွက်အတွင်း မိမိထုတ်ကုန်ပစ္စည်း စီးဆင်းလည်ပတ်ဖို့ ဆိုတာ ပန်ပျိုးတဲ့ ဥယျာဉ်မှူးတွေလိုပဲ လွယ်လွယ်နဲ့တော့ ဘယ်ရပါမလဲ။ ဒါပေမဲ့ သေသပ်ကျနတဲ့ ထုတ်ပိုးမှု ပုံစံ၊ အရည်အသွေးကောင်းမွန်စေတဲ့ လုပ်ဆောင်မှုတွေအပြင် ဘေးဥပါဒ် ကင်းရှင်းစေရေးတွေပါ မကျန် နည်းပညာ အားလုံးကို သင်တန်းနည်းပြဆရာမတွေကိုယ်တိုင် စနစ်တကျ သင်ကြားပေးသည့်အပြင် စားသုံးရေးရာဌာနကပါ လာရောက် ညွှန်ကြားပြသမှုတွေနဲ့ ပူးပေါင်းပေးတော့ ဒီလိုသင်တန်းမျိုးကတော့ ရှယ် တကာ ရှယ်ပဲပေါ့။
ယနေ့ (၂၆.၁၁.၂၀၂၁) ရက်နေ့မှာ ၅ရက်ကြာ သင်ကြားပြီးလို့ သင်တန်းဆင်းချိန်မှာလည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးကိုယ်တိုင် တက်ရောက် အားပေးခဲ့သလို လုပ်ငန်းစတင် လုပ်ဆောင်မဲ့ သင်တန်းသူ/သားတွေကို သူကိုယ်တိုင် အရောက်လာ ကြည့်ရှုပေးပြီး အောင်မြင်သည့် လုပ်ငန်းရှင်တွေ ဖြစ်အောင် ပံ့ပိုး ကူညီနိုင်ဖို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူးနဲ့ ချိတ်ဆက်ဖို့ လမ်းညွှန်မှာကြားနေတာတွေက တကယ် မြေပြင်မှာ လက်တွေ့ စတင်လုပ်ဆောင်တော့မည့် သင်တန်းဆင်းတွေအတွက် အားတက်စရာ အားဆေးတွေပါပဲ။
သင်တန်းဆင်းတွေ ဆက်လက် တိုးတက်ရေးအတွက် လေ့ကျင့်ပျိုးထောင်ရေးစင်တာ တည်ထောင်ပြီး အောင်မြင်သည့် လုပ်ငန်းရှင်များ ဖြစ်မြောက်လာသည့်အထိ ဌာနမှ အကူအညီ အထောက်အပံ့များ ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့်မို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့ ရည်ရွယ်ချက် ဦးတည်ချက်များအား အတူတကွ ဆက်လမ်းကြိုးပမ်း လျှောက်လှမ်းကြရင်းဖြင့် လွယ်လွယ်ဖြင့် စံပယ်တွေ ပွင့်နိုင်ကြပါစေ။
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Aung Myintar(D)/6
Magway
8/