Naing Yu

Naing Yu

Share

နိုင်ယုဝေ ထနောင်းရင်ခွင်စာပေဝိုင်း

24/05/2026

စာကြည့်တိုက်ဟူသည်

၁။ စာပေသည် အင်အားကြီးသော စိတ်ခွန်အားကို ဖန်တီးနိုင်သည်ဆိုသော အချက်ကို ယုံကြည်ရမည်။

၂။ လူထုအသိဉာဏ်ဖွံ့ဖြိုးကြွယ်၀မှုသည် ဆက်စပ်လျက်ရှိသည်ဆိုသော အချက်ကို လက်ခံ ယုံကြည်သူဖြစ်ရမည်။

၃။ စာပေကို မြတ်နိုး၍ မိမိအရပ်ဒေသတွင် စာကြည့်တိုက်ရှိခြင်းဖြင့် မိမိရပ်ရွာအတွက် ကောင်းကျိုးခြင်းရာများ ပေါ်ထွန်းလာမည်ဟု ယုံကြည်ရမည်

၄။ စာအုပ်စာပေနှင့် စာကြည့်တိုက်ကို ချစ်မြတ်နိုးရမည်။ စာပေဖတ်ရှုခြင်းကို ၀ါသနာပါ ပျော်မွေ့ရခြင်း။

၅။ မိမိဒေသတွင် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းရှိသလို စာကြည့်တိုက် (ဒုတိယ ဘုန်းတော်ကြီးကျောင်း) လည်းရှိရန် လိုအပ်သည်ဟု ယုံကြည်ခံစားကာ စာကြည့်တိုက်ကို မိမိရပ်ရွာတွင် ဒုတိယဘုန်းကြီးကျောင်းအဖြစ်သဘောထားခြင်း။

၆။ မိမိရပ်ရွာတွင် စာကြည့်တိုက်တည်ရှိရေးအတွက် စိတ်တူကိုယ်တူပေါင်းစည်း လက်တွေ့လုပ်ဆောင်လိုသော ဆန္ဒပြင်းပြခြင်း။

၇။ စာကြည်တိုက်မရှိလျှင် မနေနိုင်လောက်အောင် စာကြည့်တိုက်ကို စွဲလမ်းနေရမည် ဖြစ်ပြီး တည်ဆောက်ပြီးစာကြည့်တိုက်ကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်နှင့် စာကြည့်တိုက်ပျက်စီးသွားမည်ကို စိုးရိမ်ပူပန်စိတ်များလည်း ရှိနေခြင်း။

၈။ စာကြည့်တိုက်တွင် ကိုယ်တိုင်ပါ၀င်လုပ်ဆောင်ကာ အများတကာပါ၀င်လုပ်ဆောင်ရေး အတွက်လည်း စည်းရုံးလိုစိတ်ရှိခြင်း၊ စာကြည့်တိုက်မှ ပေါ်ထွန်းလာသော အကျိုးရလဒ်များအတွက် ကြိုတင်ကြည်နူးပျော်ရွှင်မှုရှိခြင်း။

၉။ စာကြည့်တိုက်ပညာတတ်မြောက်၍ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲမှုတို့ကို စိတ်၀င်စားသူဖြစ်ရမည်။

အမှားအမှန် ၊ ဝေဖန်ပိုင်းခြား

သုတပွားကာ၊ သစ္စာအမြင်

ကြည်လင်စေရန်၊ စာပေအမြိုက်

ပညာသိုက်သို့၊ ညွှန်ပြဆိုက်ဆိုက်

စာကြည့်တိုက်။

စာ - စာအုပ်စာပေ

ကြည့် - ကြည့်ရှုမှတ်သားရာနေရာ

တိုက် - အစုအဝေး

(စာကြည့်တိုက်ဟူသည် စာအုပ်စာပေများ ကြည့်ရှုမှတ်သားစေရန် အစုအဝေးရှိသည့် နေရာဖြစ်သည်)

စာကြည့်တိုက်ဟူသည် “ဉာဏ အလုပ်ရုံ၊ လောက၏ ပြတင်းပေါက်၊ လူထုတက္ကသိုလ်၊ အသံတိတ်တက္ကသိုလ်၊ နိုင်ငံ၏ ဦးနှောက်”ဖြစ်သည်။

“လောက၏ ပြတင်းပေါက်” ဟုလည်းဖွင့်ဆိုနိုင်၏။

“လူထုတက္ကသိုလ်” ဟုလည်း ယူဆနိုင်၏။

“အသံတိတ်တက္ကသိုလ်” ဟုလည်း သတ်မှတ်နိုင်၏။

“ရတနာသိုက်” ဟုလည်း သတ်မှတ်နိုင်၏။

“နိုင်ငံ၏ဦးနှောက်” ဟုလည်း တင်စားနိုင်၏။ - ဒေါက်တာတင်ထွန်းဦး

စာကြည့်တိုက်ဟူသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးရာ ဌာနနှင့် စာပေနှင့် စာပေပစ္စည်းများ မပျောက်ပျက်ရအောင် သိုမှီထိန်းသိမ်းရာဌာနဖြစ်သည်။

စာကြည့်တိုက်များသည် စာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအပြင် လူသားတို့၏ ဉာဏ်စွမ်းရည်ကို လေ့ကျင့်ပေးသည့် နေရာဖြစ်သည်။

စာကြည့်တိုက်ဟူသည် စာအုပ်နှင့် ပြည်သူလူထု ဆက်သွယ်ရာဌာနဖြစ်သည်။

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ
*************************

မှတ်ဖွယ်ရာရာ၊ ထိုထိုစာကို

ရှာ၍အပြတ်၊ အိမ်တွင်ဖတ်။

ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက

သားမယားပင်၊ သိမြင်ကင်းကွာ

မလိမ္မာလည်း၊ စာပေစကား

နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ

ရှိသည်သာတည်း။ ။

(ခရစ် သက္ကရာဇ် 1516 ခုနှစ်)

မှန်ကန်သော စာဖတ်ခြင်း

စာဖတ်ခြင်းဟူသည် စာဖတ်သူ၏ ဘဝ၌ မြင့်မားသော အကွေ့ပြောင်းကို ဖြစ်ပေါ်စေသော “အသိဉာဏ်” ကို ရရှိမှသာလျှင် မှန်ကန်သော စာဖတ်ခြင်းမည်၏။

ဦးရွှေအောင် - ဝဋံသကာ သိရောမဏိ မဟာဝဇ္ဇာ [သက္ကတ]

စွမ်းအားရှိသောစာပေ

စွမ်းအားရှိသော စာပေတွင် ရှောင်မှု “စာရိတ္တ” နှင့် ဆောင်မှု “စာရိတ္တ” တို့ကို သဒ္ဒါစွမ်းအားနှင့် အနက်စွမ်းအားတို့ဖြင့် တစ်ပြိုင်နက်တည်း ဖော်ပြရမည်။ ထိုကဲ့သို့ ဖော်ပြမှသာ စွမ်းအားရှိသော စာပေမည်ပါသည်။ စွမ်းအားရှိသော စာပေကို ဖတ်ရသောအခါ လောက၏ အစီးအပွားအနေဖြင့် လူသားတို့၏ မျှော်မှန်းချက် (၄) ရပ်ဖြစ်သော အတ္ထ (စီးပွားဥစ္စာ)၊ ကာမ (မြတ်နိုးခြင်း)၊ ဓမ္မ (တရားနှင့်လျော်ခြင်း)၊ မေက္ခ (လွတ်မြောက်မှု) တို့အတွက် ဆောင်ရွက်လာမည်ဖြစ်ပါသည်။

ဦးရွှေအောင် - ဝဋံသကာ သိရောမဏိ မဟာဝဇ္ဇာ [သက္ကတ]

စာကြည့်တိုက်ထူထောင်ရာတွင် လိုအပ်သော အင်္ဂါ (၅) ရပ် (5B)

၁။ စာအုပ် (Books)

၂။ အသိဉာဏ် (Brain)

၃။ အဆောက်အဦး (Building)

၄။ ငွေကြေး (Budget)

၅။ စာငှားသူ (Borrower)

စာကြည့်တိုက်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း

(၁) စာရေးသူများကို ခွဲဝေ၍ စုဆောင်းခြင်း

(၂) စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ခြင်း

(၃) စာကြည့်တိုက်အချင်းချင်း စာအုပ်ငှားခြင်း

(၄) စာအုပ်လဲလှယ်ဖြန့်ဝေခြင်း

(၅) စုပေါင်းထားသို သိမ်းဆည်းခြင်း

(၆) စာအုပ်စာတမ်းများ ညှိနှိုင်းခြင်း

(၇) စုပေါင်းပြုလုပ်ငန်း လုပ်ဆောင်ခြင်း

(၈) စုပေါင်းထုတ်ဝေခြင်းနှင့် စုပေါင်းစာစုစာရင်း ပြုစုခြင်း

(၉) စုပေါင်းဖြတ်ပိုင်းပြုစုခြင်း

(၁၀) စုပေါင်းစက်စာရင်း ထားရှိခြင်း

(၁၁) စုပေါင်းစီမံကိန်းချခြင်း

(၁၂) စုပေါင်းကတ်တလောက်နှင့် စုပေါင်းစာရင်းပြုစုခြင်း

စာအုပ်စာပေလူ့မိတ်ဆွေ

မျိုးဆက်သစ်လူငယ်မောင်မယ်တို့ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ ဗလငါးတန်ဖွံ့ဖြိုးဖို့၊ စာအုပ်စာပေလေ့လာစို့…….

စာကြည့်တိုက်မှူး

စာပေပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်၍ စာကြည့်တိုက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သူအဖြစ်လည်းကောင်း၊ စာဖတ်သူတို့ သိလိုသော အကြောင်းအရာများကို ကူညီရှာဖွေပေးနိုင်သူ၊ ဗဟုသုတများကို ဖြန့်ဝေပေးသူ၊ တစ်နည်းအားဖြင့် ဗဟုသုတဘဏ်တိုက်ကြီး၏ သော့ကိုင်သူဖြစ်သည်။

စာအုပ်ဟူသည်

စာအုပ်သည် လူ့လောကတွင် အကောင်းဆုံးသော၊ အပြည့်ဝဆုံးသော အင်အားတစ်ရပ်ဖြစ်သည်။ စာအုပ်များသည် အမှန်စင်စစ် ပင်လယ်ကြီးထဲတွင် တည်ဆောက်ထားသော မီးပြတိုက်သဖွယ် ဖြစ်ပေ၏။

စာပေ

စာတတ်သူများသည် စာပေကို ဖတ်ကြသည်၊ စာပေဖတ်သောအခါ အကြောင်းအရာအလိုက်ဆိုင်ရာ အသိဉာဏ်ကိုရသည်။ ထို့ကြောင့် စာပေကို အသိဉာဏ်ရစေသော ပစ္စည်းကိရိယာအဖြစ် သတ်မှတ်သည်။ ယင်းကို ဒဿနဝေါဟာရဖြင့် သဒ္ဒပမာဏဟုခေါ်သည်

ဦးရွှေအောင် - ဝဋံသကာ သိရောမဏိ မဟာဝဇ္ဇာ [သက္ကတ]

စာပေသည် ဘဝအလင်းရောင်၊ လူ့ဘဝ၏ မီးရှူးတန်ဆောင်ဟု ခေါ်ဆိုနိုင်သည်။ လောက၌ ကြီးပွားတိုးတက်လိုသူတိုင်းသည် စာအုပ်စာပေများနှင့် ကင်းကွာ၍ မရပေ။ စာအုပ်ထဲက အသိပညာ အထွေထွေဗဟုသုတများ ရရှိသည်။ စာဖတ်ခြင်းသည် ပျော်ရွှင်မှု၊ တန်ဆာဆင်မှုနှင့် အရည်အသွေးတိုးတက်မှုအတွက် လူသားကို အကျိုးပြုနိုင်၏။

စာအုပ်စာပေ

နေနှင့်လတို့သည် ကမ္ဘာလောကကြီးအား ဗဟိဒ္ဓ အလင်းရောက်ပေးသကဲသို့ စာအုပ်စာပေသည် ကမ္ဘာကြီးကို အဇ္ဈတ္တအလင်းရောင်ပေးလျက်ရှိသည်။ စာအုပ်စာပေနှင့်ပတ်သက်၍ -

ငြီးငွေ့နေလျှင် ပျော်ရွှင်စေ၏၊

ဗဟုသုတ ပေးဝေငှ၏၊

စိတ်အားငယ်က တက်ကြွစေ၏၊

မာန်လွန်ကဲလျှင် သတိယှဉ်၏၊

တရာဓမ္မ လမ်းမှန်ပြ၏၊

လောကီ လောကုတ် အဆီအနှစ် အသစ်အကောင်း၊ စုပေါင်းပညာ ဝေဖြာရောင်လင်း အမှောင်ခွင်း၏ စာပေပညာရှင်များ ဆိုထားခဲ့ကြပေသည်။

စာကြည့်တိုက်များ တည်တံခိုင်မြဲစေရေးအတွက် ချမှတ်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်

၁။ ကျေးလက်နေပြည်သူများ စာဖတ်လိုစိတ်ရှိ၍ စာဖတ်ကြစေအောင် စည်းရုံးဆောင်ရွက်ရေး။

၂။ ရရှိပြီး စာအုပ်စာစောင်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးနှင့် စာအုပ်စာစောင်အသစ်များ တိုးပွားရရှိအောင် ငွေပဒေသာပင် စိုက်ထူဆောင်ရွက်ရေး။

၃။ စာကြည့်တိုက်အဆောက်အအုံ မရှိသေးသည့် ကျေးရွာများ၌ အဆောက်အအုံဖြစ်လာစေရန် ဆောင်ရွက်ရေး။

၄။ စာကြည့်တိုက်များတွင် ပရိဘောဂပစ္စည်းများ စုံလင်စွာ ရရှိလာစေရန် ဆောင်ရွက်ရေး။

၅။ စာကြည့်တိုက်ထိန်းသိမ်းရာတွင် ကျွမ်းကျင်သော စာကြည့်တိုက်မှူးများ ရရှိလာစေရန် လေ့ကျင့်ပျိုးထောင်သွားရေး။

နေနှင့်လတို့သည် ကမ္ဘာလောကကြီးအား ဗဟိဒ္ဓ အလင်းရောက်ပေးသကဲသို့ စာအုပ်စာပေသည် ကမ္ဘာကြီးကို အဇ္ဈတ္တအလင်းရောင်ပေးလျက်ရှိသည်။ စာအုပ်စာပေနှင့်ပတ်သက်၍ -

ငြီးငွေ့နေလျှင် ပျော်ရွှင်စေ၏၊

ဗဟုသုတ ပေးဝေငှ၏၊

စိတ်အားငယ်က တက်ကြွစေ၏၊

မာန်လွန်ကဲလျှင် သတိယှဉ်၏၊

တရာဓမ္မ လမ်းမှန်ပြ၏၊

လောကီ လောကုတ် အဆီအနှစ် အသစ်အကောင်း၊ စုပေါင်းပညာ ဝေဖြာရောင်လင်း အမှောင်ခွင်း၏ စာပေပညာရှင်များ ဆိုထားခဲ့ကြပေသည်။

စာကြည့်တိုက်မှူး၏ တာဝန်

စာကြည့်တိုက်မှူး၏ တာဝန်သည် “ပညာရှာသူ တို့ဝိုင်းကူ” ဆောင်ပုဒ်အတိုင်း ဖြစ်ပါသည်။ ရာနှုန်းပြည့်ကူနိုင်အောင် စာကြည့်တိုက်က ခေတ်မီရသည်။ စာကြည့်တိုက်မှူးကလည်း ရိုးရိုးအတန်းစားအပြင်၊ လုပ်ငန်းပညာရပ်လည်း တတ်ရသည်။

စာကြည့်တိုက် အဆောက်အဦ

စာကြည့်တိုက် အဆောက်အဦးသည် စာအုပ်၊ စာရွက်၊ စာတမ်း၊ ပေစာ၊ ကျမ်းစာ၊ ပုရပိုက်စာ၊ ပုံနှိပ်စာ၊ စာပေနှင့်ဆိုင်သော ခေတ်ပေါ်ပစ္စည်းများကို လုံခြုံစိတ်ချစွာ သိုမှီးထားရှိသည့် နေရာဖြစ်သည်။

စာအုပ်စာတမ်း

စာအုပ်စာတမ်းဆိုသည်မှာ ပညာဗဟုသုတများကို လက်ဖြင့်လည်းကောင်း၊ စက်ဖြင့်လည်းကောင်း မှတ်တမ်းတင်ထားသော အရာဝတ္ထုပစ္စည်းများဖြစ်သည်။

စာကြည့်တိုက် ရန်ပုံငွေ

စာကြည့်တိုက် ရေရှည်တည်တံ့နိုင်ရန်အတွက် ရန်ပုံငွေ မရှိမဖြစ် လိုအပ်သည်။ စာကြည့်တိုက် စာအုပ်စာတမ်းများနှင့် အခြားပစ္စည်းများတို့သည် အမြဲတမ်း ခေတ်မီတိုးတက် (up to date) ဖြစ်စေရန်အတွက် ရန်ပုံငွေ (budget) ရှိနေရပေသည်။

စာဖတ်သူ၊ စာငှားသူ၊ စာဖတ်ပရိသတ်

ကျောင်းသား/သူများ၊ သုသေသနပြုသူများ၊ စာပေလေ့လာလိုက်စားသူ ကြီးငယ်မဟူ ပညာရှာ၍ စာကြည့်တိုက် အသုံးချသူများကို ဆိုလိုသည်။

စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ

၁။ စာအုပ်ရွေးချယ် စုဆောင်ခြင်း၊

၂။ စာအုပ်များရောက်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်၊

၃။ တိုက်ပိုင်စာရင်း၊

၄။ ကတ်တလောက်လုပ်ငန်း၊

၅။ မျိုးတူစုလုပ်ငန်း၊

၆။ စာအုပ်စာတမ်းများနှင့် မဂ္ဂဇင်းများကို စနစ်တကျ ဖွဲ့စည်းထားရှိခြင်း၊

၇။ စာအုပ်စာတမ်းများကို ခင်းကျင်းပြသခြင်း၊

၈။ စာကြည့်တိုက်၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊

၉။ စာပေပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်း။

လောကုတ်လောကီ အဆီအနှစ်

ငြီးငွေ့နေလျှင်၊ ပျော်ရွှင်စေ၏၊

ဗဟုသုတ၊ ပေးဝေငှ၏၊

စိတ်အားငယ်က၊ တက်ကြွစေ၏၊

မာန်လွန်ကဲလျှင်၊ သတိယှဉ်၏၊

တရာဓမ္မ၊ လမ်းမှန်ပြ၏၊

လောကုတ်လောကီ၊ အဆီအနှစ်၊ အသစ်အဟောင်း၊

စုပေါင်းပညာ၊ ဝေဖြာရောင်လင်း၊

အမှောင်ခွင်း၏။

(မန်းတင်)

စာပေပစ္စည်း ပြုပြင်ထိန်းသိမ်းရေး

စာပေပစ္စည်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းသည် ငွေကြေးကုန်ကျလှသော လုပ်ငန်းဖြစ်သော်လည်း တန်းဖိုးရှိသော၊ အစားထိုး၍မရသော၊ သမိုင်းဝင် စာပေပစ္စည်းများဖြစ်ခြင်းကြောင့် အသိဉာဏ်တိုးတက်မှုအတွက် အမှန်ပင် လုပ်သင့်လုပ်ထိုက်၊ ရှိသင့်ရှိထိုက်၊ သိသင့်သိထိုက်သော ပညာရပ်လုပ်ငန်းဖြစ်သည်။

မှန်ကန်သော အသိပညာ

မှန်ကန်သော အသိပညာကို ရှာရှိစေရန်အတွက် လိုအပ်သော စာပေဗဟုသုတများကို ထာဝစဉ် ဖြည့်ဆည်းပေးနေရမည်ဖြစ်သည်။

Crd: [[email protected]]

20/04/2026

ကဗျာ အနှစ် ဒီလိုဒီလို ရေးရတယ် အတွေး ဆိုတဲ့
ကြည်ကိုကိုထွေး မကွေးပါဗျာ။

10/05/2025

အဖေဆုံးတော့ ပြုံးသေ

နောက်ဆုံးခရီး ထွက်သက်မှာ ပြုံးသေ ဖြစ်ဖို့ အယူမလွဲ ကတိမြဲရမည် လို့ မှာခဲ့တာ … သားတွေ သမီးတွေ မွေခံထိုက်ရပေခြင်း၊ သာသနာတွင်း လူဖြစ်ခွင့် ရတာကိုက ထွက်ပေါက် ကိုမြင် ၊ ထွက်ပေါက် က ထွက် ခွင့်ရသည်ပဲ…

Want your public figure to be the top-listed Public Figure in Magway?
Click here to claim your Sponsored Listing.

Category

Website

Address


Magway