Soar Seinn

Soar Seinn

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soar Seinn, Shopping District, Magway.

Photos from Soar Seinn's post 31/01/2020

"ဆေးခြောက်ပင်"
"Ma*****na"
Botanical name-Cannabis sativa.
Family: Cannabaceae.

အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ဆေးခြောက်ပင်ကို လျှော်အတွက်သာမက အရွက်နှင့်အပွင့်များ အတွက်လည်း စိုက်ပျိုးကြသည်။ ဆေးခြောက်ပင်၏ အရွက်နှင့် အခက်နုကလေးများကို အခြောက်လှန်းသောအခါ၊ ဘင်းခေါ် မူးယစ်စေတတ်သည့် ပစ္စည်း တစ်မျိုးကိုရသည်။ ဆေးခြောက်ပင်၏ ပန်းပွင့်ရှိရာအခက်အလက်များကို လက်နှင့်ပွတ်၍ ချေသောအခါ အစေးတမျိုးထွက်လာသည်။ ထိုအစေးကို ဆေးတံသောက်ဆေးနှင့်၎င်း၊ တမာကူးနှင့်၎င်းရော၍ ရှူကြသည်။ ဆေးခြောက်ပင်၏အပွင့်ခြောက် သို့မဟုတ် ပန်းခြောက်ကို ဂံဂျာပြုလုပ်ကြသည်။ ဂံဂျာနှင့် ဘင်းသည် ရှူရှိုက်စား သုံးသူတို့၏ အာရုံကြောကို ထိခိုက် ပျက်စီးစေတတ်သည်။
အပင်ပေါက်ရာဒေသကိုစွဲ၍ ဆေးခြောက်ပင်အမည် အမျိုး မျိုးရှိသည်။ ထင်ရှားသောဆေးခြောက်ပင် သုံးမျိုးမှာ-
အိန္ဒိယဆေးခြောက်၊
အမေရိကန် ဆေးခြောက်နှင့်
အာဖရိက ဆေးခြောက်တို့ဖြစ်သည်။အိန္ဒိယဆေးခြောက်ကို ဗင်္ဂလားဂံဂျာနှင့် ဘုံဘိုင်ဂံဂျာဟူ၍ နှစ်မျိုးခွဲထားသည်။ ဗင်္ဂလား ဂံဂျာကို အိန္ဒိယနိုင်ငံနှင့် အနောက်အိန္ဒိယကျွန်းစုတွင် များစွာ အသုံးပြုကြသည်။ ယင်းကို အများအားဖြင့် ကာလကတ္တားမြို့ မြောက်ပိုင်းနှင့် ဘုံဘိုင်မြို့အရှေ့ပိုင်းတွင် စိုက်ပျိုးသည်။ အမေရိကန်ဆေးခြောက်သည် အိန္ဒိယဆေးခြောက်ကဲ့သို့ အစေးမများလှ ချေ။ ယင်းကို တောင်ပိုင်းနှင့်မြောက်ပိုင်း ကယ်ရိုလီးနား၊ အီလီနွိုင်၊ အင်ဒီယားနား၊ နယူးယော့၊ ဝစ္စကွန်းဆင်း၊ ကင်တပ် ကီး၊ တက်ဆက်နှင့် မိဘူးရီပြည်နယ်တို့မှ တင်ပို့သည်။ အာဖရိကတိုက် အရှေ့ဘက်ကမ်းခြေနှင့် အနောက်ဘက်ကမ်းခြေ အနီးတို့တွင်ပေါက်သော ဆေးခြောက်ပင်မှ အရွက်နှင့် အပွင့် များကိုအများအားဖြင့် ဇန်ဇိဗာမြို့မှတင်ပို့သည်။ ကွန်ဂိုမြစ်နှင့် ဇမ်ဗီဇီမြစ်မှ ရေသွင်းယူရသော အာဖရိကတိုက် အလယ်ပိုင်း ဒေသတွင်ပေါက်သည့် ဆေးခြောက်ပင်မှ အရွက်နှင့် အပွင့်များ ကိုလည်း ဇန်ဇိဗာမှ တင်ပို့သည်။ ဆေးခြောက်ပင်မှ ဘင်းကို အပူပိုင်းနိုင်ငံများ၌သာ ရနိုင် သည်။ အအေးပိုင်းနိုင်ငံများရှိ ဆေးခြောက်ပင်မှ ဘင်းကို မရ နိုင်ခြင်းမှာ ထူးခြားသည်။ အိန္ဒိယနိုင်ငံလုံးတွင် ထိုဘင်းကိုပင် ဘိန်းအစားအသုံးပြုကြသည်။ သို့ရာတွင် အစိုးရထံမှ လိုင်စင်ရ မှသာ ထိုအပင်ကိုစိုက်ပျိုးနိုင်သည်။
AgriCounsellor.
ကိုးကား-John H. Wiersema။ Cannabis sativa information from NPGS/GRIN။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)။

15/12/2019

ဆပ်ပြာလုပ်နည်း (အခြေခံသိရမည့်အချက်များ)

COLD PROCESS ဆပ်ပြာလုပ်နည်း

Cold Process ဆပ်ပြာလုပ်ဖို့အတွက် သိထားသင့်တဲ့၊ ပြင်ဆင်ရမယ့် အခြေခံအချက်တွေကို တဆင့်ချင်းအလိုက်ကို ဖေါ်ပြပေး သွားပါမယ်။ ဒါမှလည်း စတင်လုပ်ကိုင်မဲ့သူတွေအနေနဲ့ အမှားကို
နည်းနိုင်သမျှ နည်းအောင် ရှောင်နိုင်မှာပါ။ ဘာပဲလုပ်လုပ် များများကြိုသိထားရင် မလိုအပ်တဲ့ကုန်ကျစရိတ်တွေကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။

Cold Process ဆပ်ပြာဆိုတာ Fixed Oils (တနည်းအားဖြင့်တော့ သံလွင်ဆီ၊ အုန်းဆီ၊ စားအုန်းဆီ၊ စပျစ်စေ့ဆီ၊ ဗာဒံစေ့ဆီ) စတဲ့ အဆီတွေနဲ့ Alkali (ဆိုဒီယမ်ဟိုက်ဒြောက်ဆိုဒ်လို့ခေါ်တဲ့ Lye (လိုင်း) နှစ်မျိုးပေါင်းစပ်ပီး Saponification လို့ခေါ်တဲ့ ဓါတုဖြစ်စဉ်ကို ဖြစ်ပေါ်စေခြင်းပါပဲ။ ပေါင်းစပ် ထားတဲ့အဆီတွေဟာ Lye ရဲ့အကူအညီနဲ့ ဆပ်ပြာအဖြစ်အသွင်ပြောင်းလဲကြတာပါ။ ဒီဆပ်ပြာလုပ်နည်းရဲ့ အဓိကအားအသာဆုံးအချက်ကတော့ ဆပ်ပြာထဲမှာ ထည့်ချင်တဲ့ပစ္စည်းတွေကို ကိုယ့်စိတ်ကြိုက်ထည့်ခွင့်ရနိုင်တာပါပဲ။
ပိုပီးတော့လဲ ကြာရှည်အထားခံတဲ့ဆပ်ပြာခဲကိုရစေပါတယ်။ ဒီလိုအားသာချက်တွေရှိသလို တဘက်မှာလဲအားနည်းချက်အနေနဲ့က လုပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်မထိခိုက်ရအောင် ဂရုစိုက်လုပ်ကိုင်ဖို့လိုပါတယ်။ ထည့်ချင်တဲ့ Fragrance Oils, Essential Oils တွေ၊ အရောင်တွေ ကလည်း ကိုယ်လိုချင်သလို ဖြစ်လာဖို့ခက်ခဲပါတယ်။ ဒါကြောင့် ဒီဇိုင်းကို တသွေမတိမ်းရဖို့၊ ဆန်းသစ်ချင်တိုင်း
ဆန်းသစ်ဖို့ မလွယ်လှပါဘုး။ ထပ်ခါထပ်ခါကြိုးစားကြည့်ဖို့လိုတယ်ဆိုတာကို ကြိုသိထားဖို့လိုပါတယ်။ ဆပ်ပြာကို Mold ထဲက ထုတ်ပီးတဲ့ နောက်မှာလဲ 4-6 ပတ်လောက် Cure လုပ်ဖို့အချိန်ပေးရပါသေးတယ်။ ချက်ချင်းသုံးဖို့၊ ထုတ်ပိုးရောင်းချလို့ မရသေးပါဘူး။

Cold Process ဆပ်ပြာလုပ်ရာမှာ ခေါ်ဝေါ်တဲ့ဝေါဟာရတချို့ရှိပါတယ်။ ဒါတွေကို ကြိုတင်နားလည်ထားရင် ဆက်လေ့လာတဲ့အခါမှာ ပိုလွယ်လွယ်ကူကူလေ့လာနိုင်မှာပါ။

Trace:
အဆီတွေနဲ့ Lye ပေါင်းစပ်သွားပြီးတဲ့နောက်မှာဖြစ်ပေါ်လာတဲ့ ဆပ်ပြာသားရဲ့အနေအထားကိုခေါ်တာပါ။ မွှေစက်အတံကို အပေါ်ကိုဆွဲမလိုက်ချိန်မှာ ယိုစီးကျနေတဲ့ ဆပ်ပြာနှစ်လမ်းကြောင်း လေးတွေဖြစ်တာကို မြင်ရမှာဖြစ်ပါတယ်။ ဒါဆိုရင် Trace ရပါပီ။
ချကြည့်တဲ့ Trace လေးတွေကို ပဲ Light, Medium, Heavy (မြန်မာလို ခပ်ကျဲကျဲ၊ အနေတော်နဲ့ ခပ်ပစ်ပစ်) လို့ ထပ်ခွဲခြားထားပါတယ်။ ဒီအခြေအနေအလိုက် ကိုယ်ထပ်ထည့်ရမယ့် additives တွေကို ထည့်ရမှာဖြစ်ပါတယ်။

Gel Phase:
ဆပ်ပြာလုပ်နေစဉ်မှာ ဖြစ်ပေါ်တဲ့ အပူချိန်ဆိုင်ရာအဆင့်တဆင့်ဖြစ်ပါတယ်။ ဆပ်ပြာရည်ကို Mold ထဲထည့်ပီးနောက်မှာ saponification ဖြစ်စဉ်ကြောင့် ဆပ်ပြာရည်က ပိုပူလာပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဆပ်ပြာအရောင် ပိုတက်၊ ပိုတောက်၊ ပိုကြည်လာစေပါတယ်။ အထူးသဖြင့် ဆပ်ပြာရည်ရဲ့ အတွင်းပိုင်းပိုကျလေလေ အပူချိန်ပိုလေလေမို့ Gel phase ဖြစ်လေလေပါ၊ ဒါကြောင့်လဲ အတွင်းအကျဆုံးအပိုင်းတွေကအရောင်ပိုရင့်နေတက်ပါတယ်။
တကယ်လို့ ဆပ်ပြာလုပ်သူက ကိုယ်လုပ်မယ့်ဆပ်ပြာကို အရောင်မှိုင်းမှိုင်းလေးလုပ်ချင်တယ်၊ အတွင်းသားအရောင်ရင့်တာမျိုးကိုမကြိုက်ဘူးဆိုရင်တော့ Mold ထဲ ထည့်ပီးပီးချင်း အရမ်းအေးတဲ့ Freezer လို၊ ရေခဲသေတ္တာလိုနေရာထဲကို ချက်ချင်းထည့်ဖို့လိုပါမယ်။

Curing:
ဒါကတော့ဆပ်ပြာအခဲတုံးထဲကရေဓါတ်ကိုထွက်သွားအောင်လုပ်ရတဲ့ ဖြစ်စဉ်ပါ။ ဒါမှလဲ ဆပ်ပြာကမာပီးကြာကြာခံပါလိမ့်မယ်။ pHလည်းမှန်ပါမယ်။ ခန္ဓာကိုယ်ကိုတွန်းတိုက်ရတာလဲကောင်းပါ
မယ်။ ရောင်းမယ့်ဆပ်ပြာဆိုရင်လည်း တကယ်မှန်ကန်တိကျတဲ့အလေးချိန်ကိုရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆပ်ပြာချက်ပီးနောက် 4-6 ပတ်အနည်းဆုံး Curing လုပ်ဖို့လိုကိုလိုပါမယ်။ လုပ်နည်းကတော့ Mold ကထုတ်၊ တုံးစရာလိုရင် တုံး၊ လှီး၊ Cure လုပ်ဖို့ သက်မှတ်ထားတဲ့ စင် သို့ နေရာမှာ ဖြန့်တင်ပေးထားတာပါ။ တက်နိုင်ရင် ပန်ကာဖွင့်ပေးထားရင် ပိုကောင်းပါတယ်။ နေပူမှာအခြောက်ခံတာမျိုး မဟုတ်ပါဘူး။

Soda Ash:
ဆပ်ပြာမျက်နှာပြင်ပေါ်ကိုတက်လာတဲ့ဆားတမျိုးဖြစ်ပါတယ်။ မီးခိုးဖြူဖျော့ဖျော့အရောင်ဖြစ်ပီး ဆပ်ပြာလုပ်ပီး ပထမ ၂၄ နာရီအတွင်းမှာဖြစ်လေ့ရှိပါတယ်။ ဆပ်ပြာကိုတော့ ဘာမှထူးထူးခြား
ခြားဆိုးကျိုးမဖြစ်စေပါဘူး။ အကြည့်ရ၊ အမြင်ရဆိုးတာပဲရှိပါတယ်။ plastic wrap နဲ့အုပ်ပေးထားရင် ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ်လုပ်တဲ့ဆပ်ပြာက အပေါ်လွှာကို အလှဆင်ထားတာမျိုး ဒီဇိုင်းလုပ်ထားတာမျိုးဆိုရင်တော့ 91% Isopropyl Alcohol နဲ့ စပရေးဖြန်းပေးလို့ရပါတယ်။ ဒါတွေလုပ်ထားရက်နဲ့မှ ပေါ်လာသေးတယ်ဆို ရင်တော့ curing လုပ်ထားတဲ့ရက်အတွင်း ဆပ်ပြာတုံးကို Tap Water လောင်းထားရင်း နိုင်လွန်စလေးနဲ့
တိုက်ဆေးပစ်ပါ။ စင်ပေါ်မှာခန အခြောက်ခံထားပါ။ ပီးရင် Curing ဆက်လုပ်ထားပါ။ ကိုယ်လုပ်မယ့်နည်းမှာ ရေပါ၀င်မှုကို 10% လောက်လျှော့ချတာ၊ Superfat ကိုလျှော့နည်းအောင်လုပ်တာ၊
ဖျော်ထားတဲ့ ပျားဖယောင်း .5% လောက်ကို Thin Trace မှာ ထည့်ရောတာ စတဲ့နည်းတွေနဲ့လည်း Soda Ash ဖြစ်စဉ်ကိုလျော့နည်းစေပါတယ်။ ဒါတွေကတော့ လုပ်တာများလာရင် စမ်းသပ်လုပ်ကိုင်ရင်းနဲ့ကျွမ်းကျင်သွားမှာမို့ ကြိုစိုးရိမ်စရာမလိုပါဘူး။

Lye Calculator:
ကိုယ်ပြုလုပ်မည့် ဆပ်ပြာလုပ်နည်းမှာ ရေနဲ့ Lye ဘယ်လောက်ပမာဏထည့်ရမယ်ဆိုတာကို တွက်တဲ့နည်းဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာတွေ့တဲ့ဆပ်ပြာလုပ်နည်းကို မှန်မမှန်ပြန်စစ်ဖို့၊ သိထားပီးသား၊ လုပ်ထားဘူးပီးသားနည်းမှာ ပါ၀င်တဲ့အဆီအမျိုးအစားနဲ့ပမာဏကို ပြန်ချိန်ညှိဖို့ စတာမျိုးတွေမှာလဲ အသုံးပြုပါတယ်။ ကိုယ်သုံးမယ့်အဆီတွေရဲ့ အလေးချိန်ပမာဏ ဒါမှမဟုတ် ရာခိုင်နှုန်းတွေကို သိရုံနဲ့ ကိုယ်လိုသလို ချိန်ညှိတွက်ချက်လို့ရနိုင်ပါတယ်။ ကိုယ်ထည့်လိုက်တဲ့အဆီပမာဏအတိုင်း ဆပ်ပြာအလေးချိန်ကပြန်ရတာမျိုး မဟုတ်ပါဘူး။ အများအားဖြင့် 30% လောက်လျော့သွားလေ့ရှိပါတယ်။ ဥပမာ- ထည့်လိုက်တဲ့အဆီစုစုပေါင်း အလေးချိန်က ၃ ကီလိုဆိုရင် ရလာမယ့် ဆပ်ပြာခဲအလေးချိန်စုစုပေါင်းက ၂ ကီလိုကျော်ကျော်လောက်ပဲပြန်ရမှာပါ။ ဒီလိုမျိုး ဘယ်အဆီတွေနဲ့လုပ်ပီးရင်
ဘယ်လောက်ပမာဏ ဆပ်ပြာရမယ်ဆိုတာကိုလည်း Lye calculator က တွက်ပေးနိုင်ပါတယ်။ ကိုယ်လုပ်မဲ့နည်းမှာ Superfact ဘယ်လောက်ထားမယ် (အများအားဖြင့်တော့ 3-6% ထားလေ့ရှိပါတယ်၊ အကောင်းဆုံးကတော့ 5% ပါ)၊ အဆီဘယ်အမျိုးအစားတွေနဲ့ ဘယ်လောက်စီထည့်မယ် စတာတွေရိုက်ထည့်လိုက်ရုံနဲ့ Lye ဘယ်လောက်ထည့်ရမယ်၊ ရေဘယ်လောက်ထည့်ရမယ်၊
ဆပ်ပြာဘယ်လောက်ရမယ်ဆိုတာကို တွက်ချက်ဖေါ်ပြပေးပါတယ်။ တနည်းဆိုရင် ကိုယ်ကဆပ်ပြာဘယ်လောက်ပမာဏကို လိုချင်တယ်ဆိုရင်လည်း အဆီဘယ်လောက်အတိုးအလျှော့လုပ်ရမယ်ဆိုတာကို ပြန်ညှိယူလိုရနိုင်ပါတယ်။

LYE SAFETY AND SAFETY GEAR:
Lye က အယ်ကာလီဖြစ်ပါတယ်။ အသားအရေကိုထိရင် လောင်စေနိုင်လို့ သတိထားပီး ကိုင်တွယ်ဖို့လိုပါတယ်။ lye water ကို အလွယ်တကူ စားပွဲပေါ်မှာမထားခဲ့မိပါစေနဲ့။ ရိုးရိုးရေနဲ့မှားသုံးမိ
ရင် ပြသနာရှိပါတယ်။ ကိုယ်ဆပ်ပြာလုပ်နေချိန် အနားမှာ ကလေးနဲ့အိမ်မွေးတိရိစ္ဆာန်တွေ မရှိတာအကောင်းဆုံးပါပဲ။ ရေထဲကို lye
ထည့်ချိန်မှာ အငွေ့ထွက်ပါတယ်။ ဒါကြောင့် လေ၀င်လေထွက
်ကောင်းတဲ့နေရာမှာ ဆပ်ပြာလုပ်တာအသင့်တော်ဆုံးပါပဲ၊

Goggles:
မျက်လုံးကို အယ်ကာလီလောင်တက်တာ အဖြစ်အများဆုံးပါ။ ဆပ်ပြာလုပ်လို့ မျက်လုံးကန်းသွားပါတယ်ဆိုတာ လူကြားလို့လဲ မကောင်းပါဘူး။ မျက်လုံးပတ်လည်တခုလုံးကိုအုပ်နိုင်တဲ့ မျက်မှန်ကိုတပ်ပါ။ စက်ရုံသုံး၊ သင်္ဘောပေါ်မှာသုံးတဲ့ သားရေဆွဲကြိုးနဲ့ Goggle မျိုးက အကောင်းဆံုံးပါ။

Rubber or latex gloves:
ပန်းကန်ဆေးတဲ့နေရာမှာသုံးတဲ့ တံတောင်ဆစ်နား
လောက်ထိဖုံးတဲ့ သားရေလက်အိတ်ကိုသုံးသင့်ပါတယ်။ သားရေ
လက်အိတ်အပါးကို သုံးလည်းရပါတယ်။ ဘာကိုပဲသုံးသုံး လက်ရှည်
ဖြစ်ဖို့တော့လိုပါတယ်။

Long sleeves, pants, and closed-toed shoes:
ဆပ်ပြာရည်စင်ရင် အသားကိုမလောင်အောင်လို့ အကျီ င်္
လက်ရှည်၊ ဘောင်းဘီရှည်၊ ခြေချောင်းတွေဖုံးနိုင်တဲ့ဖိနပ် စတာ
တွေ၀တ်ဆင်ထား ရပါမယ်။

EQUIPMENT:
ဆပ်ပြာလုပ်ရမှာသုံးလိုက်တဲ့ ဘယ်အိုးခွက်ဇွန်းပစ္စည်းမဆို ဆပ်ပြာလုပ်ဖို့ပဲ သီးသန့်ထားလိုက်သင့်ပါတယ်။ အိမ်သုံးချက်ပြုတ်
်ပြင်ဆင်နေတာတွေကို အလွယ်ယူမသုံးသင့်သလို ဆပ်ပြာလုပ်တဲ့
နေရာမှာ သုံးထားတာတွေကိုလည်း အဆိုပါနေရာတွေမှာ ပြန်မသုံးသင့်တော့ပါဘူး။ ဆပ်ပြာလုပ်တဲ့ နေရာမှာသုံးထားပီးသားပစ္စည်းတွေကိုလည်း ပန်းကန်ဆေးစက်ထဲမှာ ထည့်မဆေးသင့်ပါဘူး။ အပြင်မှာပဲ လက်နဲ့သပ်သပ်ဆေးပါ။

Pyrex or other heat-resistant, non-reactive containers:
အလူမီနီယံဟာ Lye နဲ့ဓါတ်ပြုပီး အဆိပ်ငွေ့ထွက်လာစေတာမို့
ဆပ်ပြာချက်ရာမှာသုံးတဲ့ အိုးခွက်ဇွန်း Mold ဘာကိုမဆို အလူမီနီယံနဲ့လုပ်ထားတာတွေ မသုံးစွဲပါနဲ့။ အပူဒဏ်ခံနိုင်တဲ့ Tempered Glass လို၊ စတီးလို၊ မိုက်ခရိုဝေ့ထဲထည့်နိုင်တဲ့ Polypropylene plastic စတာတွေနဲ့လုပ်ထားတဲ့ပစ္စည်းတွေကိုပဲ သုံးစွဲရပါမယ်။

Stick/emulsifying blender:
ဆပ်ပြာကို လက်နဲ့သာမွှေနေရင် နာရီနဲ့ချီကြာမှာမို့ လက်ကိုင်မွှေစက်ကို သုံးသင့်ပါတယ်။ မွှေတံရိုးက စတီးဖြစ်သင့်ပါတယ်။

Rubber spatula:
Mold ထဲကို အိုးထဲက ဆပ်ပြာရည်အကုန်ခြစ်ချနိုင်ဖို့ ရာဘာသားနဲ့လုပ်ထားတဲ့ ယောင်းမကိုသုံးပါ။

Scale:
ကိုယ်လုပ်မဲ့ဆပ်ပြာလုပ်နည်းမှာ ပါ၀င်မဲ့အရာတိုင်းကို
တိတိကျကျ ချိန်တွယ်ဖို့လိုပါမယ်။ ဒစ်ဂျစ်တယ်ချိန်ခွင်ကအကောင်းဆုံးဆိုပေမဲ့ စစချင်း လုပ်မဲ့သူအတွက်တော့ ရိုးရိုးချိန်စက်လောက်နဲ့
စလို့ရပါတယ်။ နောက်မှ ဒစ်ဂျစ်တယ်ပေ့ါ။

Soap mold:
Mold ဒီဇိုင်းက အမျိုးမျိုးရှိပါတယ်။ သစ်သား၊ ပလပ်စ
တစ်၊ ဆီလီကွန်၊ မြန်မာပြည်မှာတော့ ဆီလီကွန်များပါတယ်။ မှန် Mold က သုံးလို့ ရနိုင်ပေမယ့် ခွာရခတ်ပါတယ်။ လေ့ကျင့်စမှာ
ခပ်သေးသေး Mold တွေနဲ့ ကျင့်တာက အကုန်အကျနည်းစေနိုင်ပါတယ်။

Wood Molds:
သစ်သား Mold က ဆပ်ပြာနှစ်ထဲကဆီကိုစုပ်လေ့ရှိပါတယ်။ ဒါကြောင့် ဖယောင်းစက္ကူခံပီးမှ လောင်းထည့်ရပါတယ်။ လိုင်းပုံပေါ်ဖို့က များသောအားဖြင့် အစပ်တွေကို ဆီလီကွန်နဲ့စပ်လေ့ရှိပါတယ်။ သစ်သားနဲ့ ထောင့်ချိုးရင်ဖြုတ်တပ်ရတာ မလွယ်ပါဘူး။ သစ်သား Mold တွေက အသုံးခံပါတယ်။ လေးထောင့်လှီးယူရတဲ့
ဆပ်ပြာတွေထုတ်မယ်ဆိုရင် လိုမယ့် Mold အမျိုးအစားဖြစ်ပါတယ်။

Plastic Molds:
ပလပ်စတစ်က ဆပ်ပြာ Mold အတွက် အတော်သင့်တော်ပါတယ်။ အိမ်သုံးဖို့ဆပ်ပြာလုပ်မယ်ဆိုရင် အသုံးပြုပီးသား ပလပ်စတစ်ခွက်တွေကို Mold အဖြစ်သုံးပီး လိုသလို ပြန်လှီးဖြတ်သုံးစွဲနိုင်ပါတယ်။

Silicone Molds:
ဆီလီကွန်ကတော့ ပျော့ပျောင်းတဲ့အတွက် Mold ကနေပြန်ထုတ်ယူတဲ့အခါမှာ လွယ်ကူစေပါတယ်။ ဒါပေမယ့် ပိုတွယ်ကပ်နေတက်တဲ့အတွက် အခြား Mold ထက်စာရင် ဆီလီကွန်မှာထားရင် ရက်ကြာကြာပိုထားဖို့လိုပါတယ်။

အထက်ပါအချက်အလက်များကို Soapqueen မှ မှီငြမ်းရေးသားဖေါ်ပြခြင်းဖြစ်ပါသည်။
credit natural handmade soap

Want your business to be the top-listed Shop in Magway?
Click here to claim your Sponsored Listing.

Telephone

Website

Address


Magway
04011