People Movement - Magway
မကွေးလူထု၏ တော်လှန်ရေးလှုပ်ရှားမှု သတင်းအချက်အလက်များကို မျှဝေသွားရန် ဖြစ်ပါသည်။
13/03/2021
ကျေးဇူးပါ မကွေးမြို့မှ အိမ်ရှင်များ
မကွေးလူထုသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တတ်နိုင်သည့် နည်းလမ်းအမျိုးမျိုးဖြင့် တာဝန်ကျေပွန်စွာ ပါဝင်လျက်ရှိပါသည်။
လှုပ်ရှားမှုများတွင် ပါဝင်သူများအားလည်း မိမိတို့တတ်နိုင်သည့်ဘက်များမှ အကူအညီပေးကြပါသည်။
လှုပ်ရှားမှုတွင် ပါဝင်သူများကိုယ်စား မကွေးမြို့ပြည်သူလူထုအား ကျေးဇူးအထူးပင် တင်ရှိပါသည်။
Photos are credited to Art of Freedom.
13/03/2021
မကွေးလူထု ခံစစ်ဆောက်လုပ်ခြင်း လှုပ်ရှားမှုများတပြိုင်တည်း ဆောင်ရွက်
၁၃.၃.၂၀၂၁ ||
အိမ်ရှေ့၊ နီးစပ်ရာ လမ်းဆုံလမ်းခွနှင့် ရပ်ကွက်စုရပ်အလိုက် ခံစစ်ဆောက်လုပ်ခြင်း လှုပ်ရှားမှုကို ယနေ့တွင် ဘုရားလမ်းပေါ်၌ စတင်ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မကွေးမြို့ ပြည်သူလူထုတရပ်လုံးအနေဖြင့် စစ်အပါးစေများ၏ လူထုအားဖိနှိပ်ရန် လှုပ်ရှားသွားလာမှုများကို ဟန့်တားနိုင်စေရေး နီးစပ်ရာ စုပေါင်း၍ ခံစစ်များ ညီညီညာညာ စုပေါင်းဆောက်လုပ်ကြရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
အရေးတော်ပုံ အောင်ရမည်။
13/03/2021
မကွေး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု
၁၃၊ ၃၊ ၂၀၂၁
အထက (၁) လမ်းနှင့် တောင်တွင်းလမ်းကြား သုခိတာလမ်းမပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့သပိတ်လှုပ်ရှားမှုကို ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
မကွေးမြို့ပြည်သူလူထုအနေဖြင့် လမ်းမများပေါ်တွင် အဆီးအတား ခံစစ်များဆောက်လုပ်ခြင်း၊ လူမဲ့သပိတ်ဖော်ဆောင်ခြင်းများဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အရေးတော်ပုံ အောင်ရမည်။
13/03/2021
မြို့ဟောင်းရပ်ကွက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု
မြို့ဟောင်းရပ်ကွက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
မကွေးမြို့ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အရေးတော်ပုံ အောင်ရမည်။
13/03/2021
မကွေးလူထု ခံစစ်ဆောက်လုပ်ခြင်း လှုပ်ရှားမှု စတင်ဆောင်ရွက်
၁၃.၃.၂၀၂၁ ||
အိမ်ရှေ့၊ နီးစပ်ရာ လမ်းဆုံလမ်းခွနှင့် ရပ်ကွက်စုရပ်အလိုက် ခံစစ်ဆောက်လုပ်ခြင်း လှုပ်ရှားမှုကို ယနေ့တွင် မကွေးမြို့ပေါ်၌ စတင်ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မကွေးမြို့ ပြည်သူလူထုတရပ်လုံးအနေဖြင့် စစ်အပါးစေများ၏ လူထုအားဖိနှိပ်ရန် လှုပ်ရှားသွားလာမှုများကို ဟန့်တားနိုင်စေရေး နီးစပ်ရာ စုပေါင်း၍ ခံစစ်များ ညီညီညာညာ စုပေါင်းဆောက်လုပ်ကြရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
အရေးတော်ပုံ အောင်ရမည်။
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Magway