Good Good Food Studio
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Good Good Food Studio, Food Delivery Service, Magway.
09/05/2020
ရေခဲသေတ္တာလေး သန့်ရှင်းကြမယ်
အချိန်ပေးသန့်စင်ပါ
ရေခဲသေတ္တာသန့်ရှင်းရာမှာ အတွင်းဘက်၊ သူ့မှာပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ ရေခဲသေတ္တာအပြင်ဘက်ဆိုပြီး ၃ ပိုင်းခွဲခြားသန့်စင်ရမှာဖြစ်ပါတယ်။ ရေခဲသေတ္တာကို ရေတွေ၊ ဆပ်ပြာတွေအများကြီးနဲ့ ကိုယ့်စိတ်ကြိုက်ဆေးချင်သလိုဆေးဖို့ အဆင်မပြေပါဘူးနော်။ရေခဲသေတ္တာတစ်ခုလုံးသန့်စင်မွှေးပျံ့သွားဖို့အတွက် အချိန်နည်းနည်းတော့ပေးရပါမယ်။ ပထမဆုံးအနေနဲ့ မီးကိုပိတ်ပါ။ရေခဲသေတ္တာထဲက မသန့်ရှင်းတဲ့ ညစ်ပတ်နေတဲ့ရေခဲတွေ ပျော်ကျသွားဖို့အတွက် ခဏစောင့်ရပါမယ်။ ပြီးမှ ဘေးနံရံက ခွက်တွေ၊ အထဲက စင်အဆင့်လေးတွေကို အကုန်ဖြုတ်ရမှာဖြစ်ပါတယ်။
စင်အဆင့်လေးတွေကို အကုန်ဖြုတ်ပြီးမှ သန့်ရှင်းပါ (Photo: Shutterstock)
သန့်စင်နည်းများ
ရေခဲသေတ္တာအတွင်းပိုင်းကို သန့်ရှင်းဖို့အတွက် ရေနဲ့ ဗနီဂါ(ရှာလကာရည်)ကို ဆတူရောပြီး ပက်ဖျန်းကာ ပဝါပိုင်းလေးနဲ့ ပြန်ပွတ်သုတ်ပါ။ ရေခဲသေတ္တာထဲကစင်အဆင့်လေးတွေ၊ ဘေးနံရံက ခွက်တွေ အားလုံးကိုတော့ ဆပ်ပြာရည်ရောထားတဲ့ ရေနွေးနွေးသုံးပြီး ဖော့တုံး၊ပန်းကန်ဆေးဖတ်လေးတွေနဲ့ ပွတ်တိုက်သန့်စင်ကာ အပြင်မှာပဲအခြောက်ခံထားရမှာဖြစ်ပါတယ်။ ရေခဲသေတ္တာအပြင်မျက်နှာပြင်ကိ တော့ မီးဖိုချောင်သုံး Microfiber အဝတ်စလေးတွေကို ရေစွတ်ပြီး သေသေချာချာပွတ်တိုက်သန့်စင်ပေးသင့်ပါတယ်။
အနံ့ဆိုးတွေဖယ်ရှားဖို့
ရေခဲသေတ္တာထဲက အနံ့ဆိုးတွေအတွက် ရေခဲသေတ္တာကိုသန့်ရှင်းလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အနံ့ဆိုးတွေကို စုပ်ယူနိုင်မယ့် အကူပစ္စည်းလေးတွေသုံးဖို့လိုအပ်ပါသေးတယ်။ တန်ဖိုးလည်းနည်း တကယ်လည်းထိရောက်တာကတော့ မုန့်ဖုတ်ဆိုဒါ၊ မီးသွေးနဲ့ ကြိတ်ခွဲထားတဲ့ကော်ဖီစေ့တို့ပါပဲ။ မုန့်ဖုတ်ဆိုဒါ၊ မီးသွေး၊ ကော်ဖီ စတဲ့ ကိုယ်နှစ်သက်တဲ့အရာကို ခွက်လေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာထားပေးပါ။ ဒီအရာတွေက အနံ့ဆိုးတွေကို အကောင်းဆုံးစုပ်ယူဖယ်ရှားပေးပါလိမ့်မယ်။ အသီးအနှံတွေထားတဲ့နေရာမှာတော့ စက္ကူအိတ်အညိုတွေကို လုံးချေပြီးထားပေးခြင်းအားဖြင့် အမှည့်လွန်သွားတဲ့အသီးအနှံရဲ့ အနံ့တွေကို ဖယ်ရှားပေးပြီးသားဖြစ်စေပါလိမ့်မယ်။
ရေခဲသေတ္တာနောက်မှ ဂက်စ်ပိုက်များ
ရေခဲသေတ္တာနောက်မှာရှိတဲ့ ဂက်စ်ပိုက်တွေ၊ ကွိုင်တွေကိုလည်း ၆ လတစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ဒီနေရာမှာ ဖုန်တွေ၊ အမှိုက်တွေ၊ ဆံပင်တွေနဲ့ ငြိနေခဲ့ရင် ရေခဲသေတ္တာရဲ့စွမ်းဆောင်ရည်ကျစေပါတယ်။ ဒီနေရာကို သန့်ရှင်းမယ်ဆိုရင်တော့ ပိုသတိထားရပါမယ်။ ရေတွေ၊ စိုတဲ့အရည်တွေနဲ့ လုံးဝမထိတွေ့စေဘဲ ခြောက်ခြောက်သွေ့သွေ့သန့်ရှင်းရမှာဖြစ်ပါတယ်။ ဘုရားပန်းအိုးဆေးတဲ့ ဘရပ်ရှ်အတံလေးနဲ့ ပွတ်တိုက်ခါချနိုင်သလို၊ Dryer နဲ့လည်း စုပ်ယူသန့်စင်နိုင်ပါတယ်။
စနစ်တကျထားသိုတတ်မှု
သန့်ရှင်းမွှေးပျံ့အေးမြတဲ့ ရေခဲသေတ္တာလေးရဖို့ စနစ်တကျထားသိုသိမ်းဆည်းတတ်မှုကလည်း အရေး ပါပါတယ်။ အအေးဆို အအေး၊ အသီးဆိုအသီး အိတ်လေးတွေ ဘူးလေးတွေနဲ့စနစ်တကျ လုံလုံခြုံခြုံသိမ်းဆည်းရမှာဖြစ်သလို တစ်ခုခုကိုထုတ်ယူတဲ့အခါ ပြန်ထားတဲ့အခါမှာလည်း စိတ်ရှည်ရှည်နဲ့ သပ်သပ်ရပ်ရပ်လုပ်ဆောင်တဲ့အကျင့်ရှိဖို့လိုပါတယ်။ Refrigerator storage box လေးတွေက ရေခဲသေတ္တာကိုအများကြီးသပ်ရပ်သန့်ရှင်းစေတာမို့ ဝယ်ယူသုံးစွဲဖို့အကြံပြုချင်ပါတယ်။ ရေခဲသေတ္တာကို နေ့စဉ် ဒါမှမဟုတ် နှစ်ရက်ခြားတစ်ခါ စစ်ဆေးကြည့်ရှုဖို့လည်းလိုပါတယ်။ ပုပ်သိုးမှိုတက်နေတဲ့အရာတွေ၊ သက်တမ်းကုန်သွားတဲ့အစားအသောက်တွေ၊ ထမင်းဟင်းအကျန်တွေ စတဲ့ရေခဲသေတ္တာကိုညစ်ပတ်စေမယ့်အရာမှန်သမျှကို အမြဲစောင့်ကြည့်ဖယ်ရှားတတ်ဖို့က တကယ့်ကိုအရေးကြီးတဲ့အချက်ပါပဲနော်..။ ရေခဲသေတ္တာဖွင့်လိုက်တိုင်း စိတ်ချမ်းသာရပြီး ကျန်းမာတဲ့မိသားစုလေးဖြစ်နိုင်ဖို့ ယုယမျှဝေခဲ့တဲ့ အချက်လေးတွေအတိုင်း မမေ့မလျော့လုပ်ဆောင်ကြည့်ပါဦးနော်။
Crd
ယုယ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Magway