Chin Defence Force - Asho
ချင်းမျိုးနွယ်စုအားလုံးနှင့် အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအား ကာကွယ်သွားရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
26/03/2026
သတင်းထုတ်ပြန်ချက်
ကြေညာချက်အမှတ် ၁/၂၀၂၆
ရက်စွဲ၊၂၀၂၆ခုနှစ်၊ မတ်လ( ၂၆ )ရက်
သတင်းနှင့်ပြန်ကြားရေးဌာန
စစ်ရေးမှတ်တမ်းဌာန
ချင်းကာကွယ်ရေးတပ် - အရှို
19/03/2026
အမိန့်ပြန်တမ်းအမှတ် ( ၂/၂၀၂၆ )
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်
၂၀၂၆ ခုနှစ်၊ မတ်လ ( ၁၇ )ရက်
ရဲဘော်သိန်းဇော်မိုး ကောင်းရာသုဂတိ လားပါစေ။
21/02/2026
( ၇၈ ) ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအား
CDF - Asho နောက်တန်းကွင်း၌ ပူးတွဲကျင်းပ
ရက်စွဲ၊ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂ဝ )
ချင်းကာကွယ်ရေးတပ် - အရှို( CDF - Asho ) နှင့် အရှိုချင်းကာကွယ်ရေးတပ်( ACDF ) တို့သည် ( ၇၈ )ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို CDF - Asho နောက်တန်းစခန်းတွင်ချင်းအမျိုးသားရေးကို ရှေးရှုလျှက် ပူးတွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချင်းအမျိုးသားအလံတော်အား အလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးသွားခဲ့ရသည့် သူရဲကောင်းများအား အလေးပြုခြင်း၊ CDF - Asho နှင့် ACDF တို့၏ ( ၇၈ ) ကြိမ်မြောက် ချင်းအမျိုးသားနေ့ ပူးတွဲသဘောထားထုတ်ပြန်ချက် ဖတ်ကြားခြင်းနှင့် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့အသီးသီးမှ အရာရှိ အရာခံ အကြပ်စစ်သည်များ တက်ရောက်ခဲ့ကြပြီး CDF - Asho နှင့် ACDF မှ ရဲဘော် စစ်မေများမှ ချင်းရိုးရာ ဝါးညှပ်အကနှင့် ရိုးရာဓလေ့ ဖော်ကျူးသော အကအလှများ၊ တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်။
#ပူးတွဲသဘောထားထုတ်ပြန်ချက်
ောက်တန်းစခန်း
20/02/2026
( ၇၈ ) ကြိမ်မြောက် ချင်းအမျိုးသားနေ့ ပူးတွဲ သဘောထား ထုတ်ပြန်ချက်
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၀ ) ရက်
( ၇၈ )ကြိမ်မြောက် ချင်းအမျိုးသားနေ့မှစ၍ ကျွန်ုပ်တို့ ချင်းကာကွယ်ရေးတပ် - အရှို( CDF - Asho )နှင့် အရှိုချင်းကာကွယ်ရေးတပ်( ACDF )တို့သည် မြန်မာနိုင်ငံ ဒေသအနှံ့အပြား၌ ပြန့်ကျဲနေထိုင်လျှက်ရှိသည့် အရှို( ချင်း )လူမျိုးများသာမက အဖိနှိပ်ခံပြည်သူများအားလုံးနှင့် တစ်သားတည်း ရပ်တည်ပြီး ဒီမိုကရေစီအနှစ်သာရပြည့်၀သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ၌ အမျိုးသားရေးအား အခြေခံ၍ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပူးတွဲ သဘောထား ထုတ်ပြန်အပ်ပါသည်။
#၇၈ကြိမ်မြောက်
#ချင်းအမျိုးသားနေ့
#ပူးတွဲသဘောထားထုတ်ပြန်ချက်
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Yangon To Rakhine Street
Magway
90203