N.o3 basic Education Hight School Magway
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from N.o3 basic Education Hight School Magway, School, Magway.
ကျွန်တော်တို့က လူငယ်တွေပဲလေ
အထက၃ဆိုတဲ့ ကျောင်းတော်ကြီးမှာ
အမှတ်ရတွေအများကြီးနဲ့ပေါ့
#လွမ်း
18/06/2024
အပျိုကြီးဆရာမ
______________
ဒေါ် အတပ်ခံရတဲ့နာမည်လေးနဲ့
ခုထိ ရွာလည်နေဆဲ
နဖူးစာလေးပေါင်းလိုက်တော့
အသက်သိပ်မကြီးသေးတဲ့
ဆရာမ ခမျာလည်း
ငယ်ငယ်ရွယ်ရွယ်နဲ့
အပျိုကြီးစာရင်းထဲ ရောက်ရရှာပေါ့ ။
ချိတ်စရာဆိုလို့
ယူနီဖောင်းလှမ်းတဲ့ ချိတ်ပဲရှိတဲ့အခါ
ခပ်ကဲကဲ အတွဲတွေရဲ့
ဘာညာကွိကွ တွေဟာ
အပျိုကြီးစာရင်းဝင်
ဆရာမ အတွက်တော့
အမြင်ကတ်စရာတွေ
ကျော်ဖတ်စရာတွေပါ ။
မြားနတ်မောင် အငေးလွန်တာလား
ဆရာမပဲ အရွေးလွန်တာလား ။
အခုထိ
ကောက်စရာဆိုလို့
ကျောင်းထဲက အမှိုက်ပဲရှိတာ
ဆိုးစရာဆိုလို့
ပုလင်းထဲက လက်သည်းနီပဲရှိတာ
အာဘွားဆိုလို့
ဖုန်းထဲက ဝိုင်းစုသီချင်းပဲသိတာ
အချစ်ဆိုလို့
မှင်နီနဲ့ခြစ်နေကျ အမှတ်လေးပဲသိတာ
အဝင် call မရှိလို့
ကိုယ့်ဖုန်းသံကိုယ်ပြန်မေ့တတ်ပေမယ့်
လေမလျော့နိုင်သေးတဲ့
ဆရာမလေးရဲ့ အထာ ။
အားကျစရာတွေမမြင်ပဲ
တရားကျစရာတွေပဲ မြင်တယ်
နံရိုးပိုင်ရှင်ကို မတွေ့ပဲ
တုတ်ထိုးဆိုင်ရှင်ကိုပဲ တွေ့တယ်
ရင်ခုန်ရမယ့် crush မရှိပဲ
အဝတ်လျှော်ရမယ့် brush တွေပဲ ရှိတယ် ။
ချစ်သူဆိုတာ
ကိုယ်နဲ့မတည့်တဲ့ ဓာတ်စာ တဲ့ ။
မြားနတ်မောင်စိတ်ညစ်အောင်
အရွေးသန်ပြီး
ထောင့်ငါးရာကိုဖုန်းခေါ်တိုင်း
ဆက်သွယ်မှုဧရိယာပြင်ပဖြစ်နေတဲ့
စာသင်ခန်းထဲက
အပျိုကြီးဆရာမ ။
😁😁
(ကျတော့်ဖရန့်တွေထဲက
အပျိုကြီးဆရာမတွေ မပါ)
😄😄
Crd; #ဦးကာ
#ကဗျာစာပေဆုံမှတ်
Click here to claim your Sponsored Listing.
Category
Website
Address
Magway