UG VPN
Social Media အသုံးပြုချိန်တွေမှာ UG VPNကို အသုံးပြုရင်း တော်လှန်ရေးမှာ အကောင်းဆုံးပါဝင်လိုက်ကြရအောင်✊
15/03/2025
မန္တလေးခရိုင် အမှတ် (၁၈၄၇) ဒရုန်းတပ်ဖွဲ့မှ တန်ပြန်ဝေဟင်စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ရဲဘော်သစ်များအား ခေါ်ယူစုဆောင်းနေပါပြီ။
လိုအပ်ချက်များ
၁။ အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
၂။ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။
၃။ တပ်ဖွဲ့မှ သတ်မှတ်သော နယ်မြေဒေသများတွင် လေ့ကျင် သင်ကြား၊ နေထိုင်စုဖွဲ့၍ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၄။ အခြေခံစစ်ပညာသင်တန်း၊ ဝေဟင်တန်ပြန်စစ်ဆင်ရေးများအတွက် အဆင့်မြင့်ဒရုန်းသင်တန်းများကို တက်ရောက်သင်ယူနိုင်သူဖြစ်ရမည်။
၅။ စစ်ဘက်ဆိုင်ရာပင်ပန်းဆင်းရဲမှု ဒဏ်ကိုခံနိုင်ရည်ရှိပြီး စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ရမည်။
၆။ နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိအောင်မြင်သည်အထိ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ထမ်းဆောင်လိုသူ ဖြစ်ရမည်။
၇။ တပ်ဖွဲ့၏ မူဝါဒနှင့် နည်းဥပဒေများကို လိုက်နာစောင့်ထိန်းနိုင်သူဖြစ်ရမည်။
အထက်ဖော်ပြပါအချက်များနှင့် ကိုယ်ညီပြီး လိုက်နာဆောင်ရွက်နိုင်သူမည်သူမဆို ကျွန်တော်တို့ Seven People Defense Force - Mandalay page မှတဆင့်ဆက်သွယ်၍ ဝင်ရောက်နိုင်ပါသည်။
09/02/2025
ဆန်တစ်ဆုပ်...ကျဲချလိုက်
ငှက်တစ်အုပ်...ရောက်လာလိမ့်မယ်။
ဆန်စေ့ကုန်ရင်...ပျံသွားကြမယ်။
ငွေတစ်ထုပ် ။ပကာသနတစ်ပုဒ်နဲ့ ပေါင်းကြည့်လိုက်
လူတစ်အုပ်ရောက်လာလိမ့်မယ်။
ကျွေးစရာ ပေးစရာမရှိတော့ရင်...
ပြန်သွားကြလိမ့်မယ်။
စွန့်ခွာသွားပုံခြင်း တူကြပေမယ့်
ငှက်တစ်အုပ်က ဒုက္ခမပေးဘူး။
ဘုန်းမြတ်သွေး။
ဲ့တကွ PDF တပ်စခန်းများသည် ဒုက္ခသည်စခန်းများမဟုတ်ပါ။
ပြည်သူများရဲ့ သွေးချွေး၊မျက်ရည်စတွေနဲ့ ရင်းပြီးမှလှူဒါန်းလာတဲ့ ရိတ္ခါတွေဟာ အချောင်သမားတွေကို တပ်စခန်းက တင်ကျွေးထားဖို့မဟုတ်ပါဘူးဗျို့။
MODရဲ့ချမှတ်ထားတဲ့ စည်းမျဥ်းတွေအရ PDFတပ်ဖွဲ့ဝင်လာပြီးရင် သတ်မှတ်ကာလပြီးဆုံးအောင်ထိ တာဝန်ထမ်းဆောင်ရပါမယ်။
အဲ့လိုမှ တာဝန်မထမ်းဆောင်နိုင်ရင် ပြည်သူ့ဆန်အလကားလာမစားကြပါနဲ့ဗျို့။ နောက်လည်းမလာကြပါနဲ့။ လာလည်းမနောက်ကြပါနဲ့ဗျို့။
တပ်ဖွဲ့တခုထူထောင်နိုင်ဖို့ လည်ပတ်နိုင်ဖို့ တပ်ဖွဲ့တိုင်းက ခေါင်းဆောင်တွေဟာ သိန်းထောင်ချီတဲ့ အကြွေးတွေတင်နေကြပါတယ်။ နေရာရချင်ရုံသက်သက် ဗိုလ်လုပ်ချင်ရုံသက်သက်နဲ့တော့ PDFထဲ ဝင်မလာကြပါနဲ့ဗျို့။
@ကျားခင်စိန်
Click here to claim your Sponsored Listing.
Category
Address
Mandalay
05024
Opening Hours
| Monday | 09:00 - 23:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |