Arkar

Arkar

Share

အပင်ချစ်မြတ်နိူးသူတိုင်းအတွက်ပျော?

Photos from Arkar's post 02/06/2021

အိမ်တွင်းစိုက်အပင် (Indoor Plants) လေးတွေက ရရှိမယ့်အကျိုးကျေးဇူးများ

သင်အနေနဲ့ အိမ်တွင်းစိုက်အပင်တွေအများကြီးရှိတဲ့ ကော်ဖီဆိုင် ဒါမှမဟုတ် အခန်းတခုထဲမှာဆိုပိုပြီး လန်းဆန်းတယ်လို့ ခံစားဖူးပါသလား။

အပင်တွေက လူတွေရဲ့စိတ်နဲ့ကိုယ်ကို ကျန်းမာစေဖို့အတွက် အထောက် အကူပြုပါတယ်။

စိုက်ပျိုးရေးကျွမ်းကျင်သူများရဲ့အဆိုအရ သင့်အိမ်မှာအိမ်တွင်းစိုက်ပင် (Indoor Plants) တွေစိုက်တာက သင်နေထိုင်တဲ့အိမ်တွင်းတဝိုက်ကိုအကျိုးပြုတယ်လို့ဆိုပါတယ်။

ဒါဆို ဘယ်လိုအကျိုးပြုလဲဆို တာကို လေ့လာကြည့်ရအောင်ပါ။

(၁) လေကောင်းလေသန့်ပိုရတယ်

သင့်အိမ်မှာ အိမ်တွင်းစိုက်ပင် (Indoor Plants)တွေရှိတဲ့အခါ အိမ်တွင်းလေထုကိုသန့်စင်ပေးပါတယ်။ ဒါပေ မယ့် ဒါကသင့်အခန်းအကျယ်ပေါ်မူတည်ပြီး ထားမယ့်အပင်အရွယ်အစားကိုရွေးချယ်ဖို့တော့လိုပါတယ်။ အပင် ကို ကောင်းကောင်းအလုပ်လုပ်နိုင်အောင် အရွက်တွေကိုသန့်ရှင်းရေးလုပ်တာ၊ ဖုန်တွေသုတ်ပေးတာမျိုးနဲ့ သဘာဝနေရောင်ခြည်ရအောင်ထားတာမျိုးလုပ်ပေးပါ။

(၂) အခန်းကို ပိုပြီးသပ်ရပ်သန့်ရှင်းစေတယ်

အိမ်တွင်းစိုက်ပင် (Indoor Plants) တွေက သင့်အခန်းကို စိန်းစိုအောင်ပြုလုပ်ပေးရုံသာမက ပိုပြီးသပ်ရပ်သန့် ရှင်းစေပါတယ်။ အိမ်တွင်း စိုထိုင်းဆကိုတိုးမြှင့်ပေးတာအပြင် ပြတင်းပေါက်ကဝင် ရောက်တဲ့နေရောင်ဝင်ခြည်ရဲ့ အပူချိန်ကိုလဲထိန်းညှိပေးပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကိုတိုးတက်စေတယ်

အိမ်တွင်းစိုက်အပင်တွေက သင်ရဲ့စိတ်ကျန်းမာရေးနဲ့ပတ်သတ်ပြီးလဲ အံ့သြလောက်အောင်အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။လေ့လာမှုတစ်ခုအရ နော်ဝေနိုင်ငံက နှလုံးနဲ့အဆုတ်ကုသရေးစင်တာရဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ အပင် (၂၈) ပင်ကိုစိုက်ထားပြီး ၄ပတ်ကြာတဲ့နောက် လူနာအများစုဟာ အပင်မရှိတဲ့နေရာတွေက လူနာတွေ ထက် ကျန်းမာရေးပိုကောင်းလာတာတွေ့ရပါတယ်။

(၄) အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတယ်

တခြားလေ့လာမှုတခုအရ လူတွေဟာအပင်တွေကိုစိုက်ပျိုးတဲ့အခါ သူတို့ဘဝကပိုအဓိပ္ပါယ်ရှိတယ်လို့ခံစားရ တယ်လို့ ဆိုပါတယ်။ သုတေသီတွေက အပင်တွေကိုပြုစုပျိုးထောင်တာက သူတို့ကိုယ်သူတို့ဂုဏ်ယူဝမ်းမြောက် တယ်လို့ခံစားရတဲ့အတွက်ကြောင့်ဖြစ်မယ်လို့ ယူဆပါတယ်။

(၅) စိတ်ဖိစီးမှုတွေကို မေ့သွားစေတယ်

အပင်စိုက်ခြင်းနဲ့ တက်ကြွစွာပျိုးထောင်ခြင်းက နေ့စဉ်ဘဝမှာတွေ့ကြုံနေရတဲ့စိတ်ဖိစီးမှုတွေကို မေ့ပျောက်စေပါတယ်။ ဒါ့ကြောင့် အပင်စိုက်တာဟာ ဘဝမှာဖြစ်ပျက်နေတဲ့ စိတ်သောကရောက်စရာတွေကို ခဏတာမေ့ထားနိုင်ပြီး လက်ရှိကိုအကောင်းဆုံးအာရုံစိုက်နိုင်တဲ့နည်းလမ်းကောင်းပဲလို့ဆိုကြပါတယ်။

( Crd )Arkar

Want your business to be the top-listed Shop in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay