Pyi Thu Khit

Pyi Thu Khit

Share

ပြည်သူ့ခေတ်သည် သတင်းဦးရရှိဖို့ထက် သတင်းမှန်များ ပြည်သူထံသို့ အမြဲ စီးဆင်းနေစေဖို့ ရည်ရွယ်သည်။

Pyi Thu Khit 30/03/2026

တော်လှန်ရေး သတင်းအမှန်တွေ တင်ပေးသွားမည် Pyi Thu Khit You Tube ချန်နယ်ကို Subscribe လုပ်အားပေးကြအုံ့နော်

Pyi Thu Khit Share your videos with friends, family, and the world

28/03/2026

ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၃၃ မှ ဗိုလ်မှူး ဇင်မျိုးထွန်း သေဆုံး

မတ် ၂၇ ၊ ဆူရ်းဘုန်တိုင်းမ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းသို့ စစ်ကူအုဖစ်သွားရောက်သော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၃၃ မှ ဗိုလ်မှူး ဇင်မျိုးထွန်းသည် တိုက်ပွဲအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ကလေးမြို့နယ်ဘက်မှ ဖလမ်းမြို့နယ်သို့ စစ်ကူရန် အင်အား ၁၅၀ ကျော်ဖြင့် ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို CNDFနှင့် CC လက်အောက်ခံ ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားသေဆုံးပါသည်။

မတ်လ ၁၈ ရက်နေ့တွင် သိုင်ငင်းဘက်သို့ ပြန်လည်ဆုတ်ခွာစဉ် ဗိုလ်မှူး ဇင်မျိုးထွန်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသည့် ဗိုလ်မှူး ဇင်မျိုးထွန်း၏ အလောင်းကို သယ်ယူရန်အတွက် မတ်လ ၂၄ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အားများ တင်ဆောင်လာသည့် Sinotruck အမျိုးအစား ယာဉ်ကြီး ၃ စီးပါဝင်သော ယာဉ်တန်းဖြင့် သွားရောက်ခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူး ဇင်မျိုးထွန်းသည် ယခင်က ကချင်ပြည်နယ်တွင် တာဝန်ကျခဲ့သူဖြစ်ပြီး ဖလမ်းမြို့နယ်သို့ ပြောင်းရွှေ့ရောက်ရှိလာသည်မှာ တစ်ပတ်ပင်မပြည့်သေးဘဲ တိုက်ပွဲအတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းများက အတည်ပြုသည်။

လက်ရှိတွင် ဖလမ်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှာ တိုက်ပွဲများ၌ အထိနာနေသဖြင့် လေကြောင်းပစ်ကူနှင့် စစ်ကူများအသုံးပြုကာ ပြန်လည်စစ်ကြောင်းထိုးရန် ကြိုးပမ်းနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရှိရသည်။

(ဓာတ်ပုံ - ဖလမ်းမြို့နယ်အတွင်း သေဆုံးသွားသော ဗိုလ်မှူး ဇင်မျိုးထွန်း၏ နာရေးမှတ်တမ်း )

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Address


ပြည်ကြီးတံခွန်
Mandalay