Betta Sim card
09883900004/09945777800
ဆက်သွယ်ပေးပါ
16/03/2026
ကြိုက်တာယူ 1Sim - 180000ks
Mdy
Call 09 945777800
22/01/2026
180000ks
Mdy
Call 09 945777800
18/01/2026
4000 88 261 *** 60000ks
4000 88 263 *** 60000ks
4000 88 341 *** 60000ks
4000 88 517 *** 60000ks
4000 88 604 *** 60000ks
4000 88 609 *** 60000ks
4000 88 643 *** 60000ks
4000 88 732 *** 60000ks
4000 88 734 *** 60000ks
4000 88 736 *** 60000ks
4000 88 738 *** 60000ks
4000 88 742 *** 60000ks
4000 88 793 *** 60000ks
4000 853 22 *** 60000ks
4000 844 69 *** 60000ks
4000 899 18 *** 60000ks
4000 899 32 *** 60000ks
4000 89 690 *** 60000ks
4000 870 66 *** 60000ks
𝟒𝟎𝟎𝟎 𝟖𝟒 𝟐𝟐𝟑 *** 60000ks
𝟒𝟎𝟎𝟎 𝟖𝟒 𝟐𝟗𝟎 *** 60000ks
𝟒𝟎𝟎𝟎 𝟖𝟒 𝟑𝟑𝟔 *** 60000ks
𝟒𝟎𝟎𝟎 𝟖𝟒 𝟗𝟑𝟎 *** 60000ks
𝟒𝟎𝟎𝟎 𝟖𝟓 𝟒𝟕𝟎 *** 60000ks
𝟒𝟎𝟎𝟎 𝟖𝟓 𝟕𝟏𝟎 *** 60000ks
𝟒𝟎𝟎𝟎 𝟖𝟕 𝟏𝟗𝟎 *** 60000ks
𝟒𝟎𝟎𝟎 𝟖𝟕 𝟓𝟓𝟔 *** 60000ks
𝟒𝟎𝟎𝟎 𝟖𝟗𝟕 𝟏𝟎 *** 60000ks
400 100 240 *** 280000ks
400 700 127 *** 250000ks
400 700 498 *** 250000ks
400 700 768 *** 250000ks
400 1111 72 *** 180000ks
44444 22 64 *** 750000ks
44444 33 64 *** 750000ks
Mdy
Call 09 945777800
02/11/2025
“စိတ်ကျန်းမာဖို့အတွက် အဓိဌာန်ဝင်ပါ”
🔳 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ လေးစားမှု ပိုရှိလာချင်တယ်၊ ကျနေတဲ့ စိတ်ဓါတ်တွေ ပြန်တင်ချင်တယ်ဆို အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုက - “ကိုယ့်ဆန္ဒတွေကို ချုပ်တည်းရတဲ့၊ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းချထားရတဲ့ အလေ့အကျင့်တစ်ခုခုကို ဖြစ်မြောက်အောင် လုပ်ကြည့်ဖို့” ပဲ။
ရုပ်ပိုင်းဆိုင်ရာအတွက်တင်မက စိတ်ပိုင်းဆိုင်ရာအတွက်လည်း အများကြီး အထောက်အကူဖြစ်တယ်။
🔳 အရမ်းခက်တာတွေကနေ မစနဲ့။ သေးသေးလေးတွေကနေ စ။ သေးသေးလေးဆိုလို့ သိပ်လွယ်နေတာလည်း မဖြစ်စေနဲ့။ ထိုက်သင့်သလောက်တော့ Challenging ဖြစ်ဖို့ လိုတယ်။
ဥပမာ နေ့စဉ်ခြေလှမ်း ၇ ထောင် လျှောက်မယ်၊ တစ်နေ့ ၈ နာရီပဲ အစာစားပြီး Fasting လုပ်မယ်၊ တစ်ပတ်ကို စာတစ်အုပ်ဖတ်မယ်၊ တစ်နေ့ကို စာ ၂ နာရီ လုပ်မယ်၊ တစ်ပတ်ကို တစ်ရက် No Screen Day အဖြစ် သတ်မှတ်မယ် စသဖြင့်ပေါ့။
အဲဒီလို ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့အတိုင်း ပြီးမြောက်အောင် လုပ်လိုက်နိုင်တဲ့အခါ ရတဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူး။
🔳 Plank ထောက်ဖူးတဲ့သူတွေ သိမယ်။ ၂ မိနစ်ထောက်မယ်။ ၂ နာရီလောက် ကြာသလို ထင်ရတယ်။ ဒါပေမဲ့ ပြည့်သွားတဲ့အခါ ငါလုပ်နိုင်လိုက်ပြီ ဆိုတဲ့ ခံစားချက်ဟာ အတော်လေးကောင်းတယ်။
မလုပ်နိုင်တော့ဘူး ဆိုပြီး ရပ်လိုက်ရင်ကျ ခန္ဓာကိုယ်ရဲ့ နာကျင်မှုကတော့ သက်သာသွားတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကျ မကြိုက်တော့ဘူး။
Fasting လုပ်နေတုန်း စိတ်အလိုလိုက်ပြီး အစားစားမိတယ်။ ဆာနေတာတော့ ပြေသွားတယ်။ စားပြီးရင် ပျော်သလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်။ မပျော်ဘူး။
🔳 ဒါကြောင့်မို့လည်း -
“Self-esteem is better than any short-term rewards.”
ကိုယ့်ကိုယ်ကိုယ် လေးစားတယ် ဆိုတဲ့ ခံစားချက်ဟာ ဘယ်လိုရေတိုဆုလာဘ်ထက်မဆို ပိုကောင်းတယ်လို့ ပြောတာ။
🔳 ဒီလိုစည်းကမ်းတကျ နေထိုင်တာက ကိုယ့်ရဲ့ လေ့လာသင်ယူမှု၊ တိုးတက်ရာ တိုးတက်ကြောင်း၊ Productivity, ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ အားလုံးအတွက် အရေးကြီးသလို စိတ်ကိုလည်း ပိုပြီး ကျန်းမာစေတယ်။
အားကစားသမားတွေ၊ ကျန်းမာရေး လိုက်စားသူတွေ၊ အစားအသောက် ဆင်ခြင်သူတွေ သူများထက် အရွယ်ပိုတင်၊ ပိုကျန်းမာပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုရှိကြတာ အကြောင်းမဲ့မှ မဟုတ်တာ။
🔳 စိတ်ပျော်ရွှင်ဖို့ဆိုရင် လူတွေက တခြားအဝေးကြီးကို စဉ်းစားကြတယ်။ မလိုဘူး မဟုတ်ဘူး။ လိုပါတယ်။ ဒါပေမဲ့ သိပ်အကျိုးရှိပြီး ရေရှည်လည်း ခံတာတစ်ခုကိုတော့ မေ့နေကြတယ်။
အဲဒါ ဘာလဲဆို "Healthy Lifestyle" ပဲ။
🔳 သူကကျ အပြောလွယ်သလောက် အလုပ်ခက်တယ်။ စိတ်ညစ်နေပါတယ်ဆို ထွက်ပေါက်လိုချင်တာပေါ့။ မြန်မြန်ဆန်ဆန် ပျော်စေမယ့် အရာတွေပဲ ရှာချင်တာပေါ့။ အဲဒီလိုနဲ့ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးနဲ့ လောင်းကစားတွေဘက် ရောက်ကုန်ကြရော။ ရေရှည်ကျ အကျိုးထက် အပြစ်က ပိုများတယ်။
စိတ်လေတဲ့ ရက်တွေကတော့ ဘယ်သူ့မှာမဆို ရှိတာပါပဲ။ စက်ရုပ်တစ်ရုပ်လိုတော့ ဘယ်နေနိုင်ပါ့မလဲ။ အထူးသဖြင့် ခုလို စိတ်ပင်ပန်းစရာတွေ များတဲ့ ကာလမှာပေါ့။
သို့သော် အရမ်းကြီး ယိုင်ထွက်မသွားအောင်တော့ ထိန်းဖို့လိုမယ်။ တတ်နိုင်သမျှ အအိပ်အစားမှန်အောင်၊ ကိုယ်လက်လှုပ်ရှားမှု ရှိအောင် နေကြည့်။ စိတ်တွေလည်း သိသိသာသာ အဆင်ပြေလာလိမ့်မယ်။
🔳 ကျွန်တော့်အတွက်ဆို တစ်ပတ်တစ်ရက် ဥပုသ်စောင့်တာ၊ နေ့တိုင်း ခြေလှမ်း ၁ သောင်းပြည့်အောင် လျှောက်တာ၊ တစ်ပတ် ၃ ပုဒ် စာရေးတာ စတဲ့ Performance Goal တွေက အင်မတန် အထောက်အကူ ဖြစ်တယ်။ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ အလုပ်ပြီးစီးမှု အကုန်လုံးအတွက်ပေါ့။
ဒီလိုတွေသာ စည်းကမ်းချမထားရင် ခုလောက် စိတ်အဆင်ပြေနေဖို့ မလွယ်ဘူး။
🔳 ဘာသာတော်တော်များများမှာ ဥပုသ်စောင့်တယ် ဆိုတာ ရှိတယ်။ ဘာသာရေးဘက်က ယုံကြည်ချက်တွေ ခဏထား။ တနည်းအားဖြင့် ဒါတွေဟာ ကိုယ့်ရဲ့ စိတ်ကို ခိုင်မာလာအောင် လုပ်ပေးနေတာပဲ။
ခုလည်း ဒီသဘောပဲ။ နေ့တိုင်း ဘယ်ဂါထာ ဘယ်နှခေါက်ရွတ်မယ် ဆိုတာမျိုး၊ နေ့တိုင်း ငါ ဘာလုပ်မယ်၊ တစ်ပတ် ဘယ်နှရက် ဘာလုပ်မယ် ဆိုပြီး အဓိဌာန်ဝင်လိုက်။ အဓိဌာန် ဆိုလို့ ဘာသာရေးကိုပဲ ပြေးမမြင်နဲ့။ Determination ကို ခေါ်တာပဲ။ ဝင်တဲ့အတိုင်း မဖြစ်ဖြစ်အောင်လုပ်။ စိတ်ကိုပါ အကျိုးရှိစေပါလိမ့်မယ်။
🔳 အခုဆို ၂၀၂၅ ကုန်တော့မယ်။ ၄၄ ပတ်တိတိ ကုန်သွားပြီ။ နောက်ထပ် ၂ လပဲ ကျန်တော့တယ်။ ၂၀၂၆ ကျ ပိုကောင်းတဲ့ဗားရှင်း ဖြစ်နေဖို့ဆို ဒီလက်ကျန်ရက်တွေမှာ စည်းကမ်းတစ်ခုခုချပြီး နေထိုင်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပါ။ အဓိဌာန်ဝင်ပါ။
မင်းလုပ်နိုင်ပါတယ် You can do it. ဆိုပြီး ဘေးလူက ပြောတဲ့ အားပေးစကားတွေထက် "စိန်ခေါ်မှုတစ်ခုခုကို ပြီးမြောက်အောင် လုပ်လိုက်နိုင်ခြင်း" က ပေးတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အဆပေါင်းများစွာ ပိုခိုင်မာပါတယ်။ ပိုအားကောင်းပါတယ်။ ရေရှည်လည်း ပိုတည်တံ့ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂.၁၁.၂၀၂၅
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay