MTK Rottie Home
MTK
09/11/2023
" ပယ် ခွေး နှင့် ပြစ်ချက် ကြီး "
pure breed ခွေးမျိုးတိုင်း ၎င်းခွေးမျိုးရဲ့ စံ သတ်မှတ်ချက် (breed standard) ဆိုတာ သတ်မှတ် ပြဌာန်း ထားကြပါတယ်......
ရုပ်ပိုင်း စိတ်ပိုင်း ဘယ်လိုရှိရမယ် ဆိုတာကို အသေးစိတ် ဖော်ပြထားပါတယ်.....
သတ်မှတ်ထားတဲ့ ကျယ်ပြန့်တဲ့ စံ ဘောင်ထဲ က နေ..လွတ်လပ်စွာကွဲလွဲ နိုင်ကြပါတယ်
ဘောင်တော့ကျော်လို့မရပါ
ဘောင်ကျော်ချင် တာလေးတွေကို faults ပြစ်ချက် အသေးလေး တွေ အဖြစ်သတ် မှတ်ပြီး ပြိုင်ပွဲ မှ postion နေရာ အတွက် အမှတ်လျော့ပါတယ်
ခွေးတိုင်းတော့ မပြီး ပြည့်စုံတဲ့ အတွက် အဲဒီ ပြစ်ချက် ဆိုတိုင်း တန်ဖိုး မရှိတော့ တာ မဟုတ် ပါဘူး........နောင်မျိုးဆက် မှာဘယ်လို ပြင်ရမလည်း...ဘယ်လိုတိုးတက်အောင်လုပ်မလည်း သတိပြုမိအောင်လို့
ဒါပေမဲ့ ဘောင်အပြင်သိပ် ရောက်သွားပြီ စံသတ်မှတ်ချက်နဲ့ လုံးဝ ကိုသွေ ဖယ် သွားပြီ ဆိုရင်တော့ disqualifing faults.....အဲခွေးကို တန်း ပယ်တော့တာပဲ.......AKC မှာဆို အထက်ကို report လုပ်ရပါတယ်.....သားစပ်ဖို့ မသင့်....သားပေါက်တွေ pedigree မပေးတဲ့ စည်းမျဥ်းရှိ
ဘာလို့လည်းဆိုတော့ ဒီခွေးရဲ့မျိုးဆက် မပြန့်ပွားစေချင်တော့လို့ပါ....ဒီပြစ်ချက်တွေက မျိုးရိုးလည်း လိုက်ပါတယ်
Rottweiler တစ်ကောင်
မြင်တာနဲ့တန်းပယ်တဲ့ အချက်က
Scissor biteမဖြစ်ခြင်း.... သွားစိစိ မှန်မှန် မထပ်ခြင်း(under bite and scissor bite) နဲ့ .....အထီး ဝှေးစေ့ ကပ်ပယ်အိပ်ထဲ နှစ်လုံး လုံး မဆင်းခြင်း
သွားမထပ်တာနဲ့ အဲသလောက်မပြစ်ကြီးသလား မေးစရာရှိပါတယ်
အပြစ်ကြီးပါတယ်
အရှင်းဆုံးဖြေရရင် စံ ရဲ့ဘောင်ကျော်ရုံမက ဆန်.ကျင်ဘက်ကိုရောက်နေလို့ပါ
Rottweiler ဟာ working breed ပါ...ဘယ်နိုင်ငံ ဘယ် ခွေးအဖွဲ့ အစည်း မဆို rottweiler ဟာ working group သတ်မှတ်ထားပါတယ်
ကပ်ကြေး အသွားတွေဟာ သွားတွေဆိုပါစို့.....ကပ်ကြေးညှပ်တဲ့ လက်က...ခွေးရဲ့ ပါးစပ် ကြွက်သားတွေနဲ့တူပါတယ်
ကပ်ကြေး အချောင်ကြီး (over bite..under bite ) ဖြင့် အသားတုံးကို ကိုက်ကြည့်ရင် အသားလည်း မပြတ်သလို အားသုံးလေ သင့်လက်ပဲ နာမှာ ဖြစ်ပါတယ်. ခွေး လည်းဒီ သဘောပါ.
ကျွန်တော်တို့ က ခေါင်းပဲ ရုပ်ပဲ ကြည့်တာ....သွားက အရေးမကြီးဘူး ဆိုသူများအတွက်တော့....
နိုင်ငံခြားမျိုးခွေးကို ကြိုက်ပြီး
သူတို့စည်းမျဥ်း ( ကမ္ဘာ့စည်းမျဥ်း)မသိပဲ
သူတို့တွေ ပယ်တဲ့ အချက်ပါတဲ့ ခွေးကို
ပျော်ပျော်ကြီး မျက်စေ့ နား စုံ ပိတ်
သိန်းသန်းချီ ပေးဝယ် တာနဲ့ သွားတူနေမလားပဲ
(ခွေးပေါက်လေးတွေမှာ scissor bite သွားအနေ အထား အမှန်...ဖြစ်ခြင်းသည်.......ကြီးသွားလဲပြီးချိန် မှ သိနိုင်သလို....အဖေ အမေ သွားမှန် မမှန်ပေါ် များစွာမူတည် ပါသည်)
Dr.Wai Phyo Htet(Kennel Mandalay)
29/08/2023
လိုကယ်ပေါက်လေး မောင်တုတ်ပေါ
၁၀လပြည့်အမှတ်တရ
Shout out to my newest followers! Excited to have you onboard!
Tadau Thanlone, Aungmyo Htike, U Thant Zin, Thain Gi Oo, Win Thu Aung, Ngu, Thaethae Thaethae, စုန်း ပြူး, Alin Young, Zoe Zkk, ကြိုက် ကောင်းအောင်, Thu Ya, KO KO
ROTTWELIER ခလေးမွေးဖွားခါနီးလက္ခဏာများ
#မွေးခါနီး၁ပတ်အလို
- သိသာထင်ရှားသည့် အမူအရာများ ပြတတ်ပါသည်။
- မွေးဖွားမည့် နေရာအား ရှာဖွေခြင်းကိုတွေ့ရမည်။
- စက္ကူစ၊ စက္ကူပုံး၊ အဝတ်စများ ရှဖွေစုဆောင်းပြီး
အသိုက်လုပ်ခြင်း။
- သခင်၏အနားတွင်ကပ်နေလိုခြင်း။
- အစာစားလိုစိတ် နည်းသွားခြင်း။
- ဝမ်းချုပ်ခြင်း။
- နို့အုံများဖွံဖြိုးလာခြင်း။နို့ညှစ်ကြည့်ပါက နို့ရည်ကြည်များထွက်ခြင်း။
#မမွေးခင်၃ရက်အလို
- အမအဂ်ါ ကြီးမားရောင်ရမ်းလာခြင်း။
- ဂနာမငြိမ်ဖြစ်ခြင်း။
#မမွေးခင်၂၄နာရီ
- ကုတ်ခြစ်ခြင်း၊ မြေကြီးကို ယက်၍ကျွင်းတူးခြင်း။
- ပုံမှန်ထက် အသက်ရှုနှုန်းမြန်လာခြင်း။
- ကိုယ်အပူချိန်တိုင်းကြည့်ပါက သာမန်ထက် 1C လျော့
နည်းလာခြင်း။
- နံနက်၌ လုံးဝအစာမစားလျှင် ညမွေးလိမ့်မည်ဖြစ်ပြီး
ညလုံးဝအစာမစားလျှင် လင်းအားကြီးပိုင်းတွင် မွေး
လိမ့်မည်ဖြစ်ပါသည်။
- ခွေးမသည် အဂ်ါမှ အရည် အချွဲများဆင်းပြီး မသိမသာ
ညှစ်စပြုပါက စတင်မွေးပြီဟုမှတ်ယူနိုင်ပါသည်။
တစ်ကောင်နှင့်တစ်ကောင်ကြား နာရီဝက်၊ ၁နာရီ
သို့မဟုတ် ၂ နာရီကြာတတ်ပါသည်။ ⏰⏰
အတေွ့အကြုံမရှိသောသူအများအနေနှင့်
နားလည်တတ်ကျွမ်းသူ၏ အကူအညီဖြင့် မွေးဖွားသင့်သည်။
#အယူအဆအမှားများ🗯🗯🗯
- ခွေးမွေးနေစဥ် တွေ့ကြုံရဖူးသည်များ ရှိပါတယ်။
ခွေးမမီးဖွားနေစဥ် အချိန်တွင်း ကြက်ဥအစိမ်းများကို အလုံးလိုက် ဖောက်ကျွေးနေကြခြင်းပင်ဖြစ်ပါတယ်။
မေးကြည့်သောအခါ
ခွေးမအားရှိအောင်ကျွေးခြင်း ဟုပြောကြပါတယ်။
-
အခု ကြက်ဥချက်ချင်းသောက် ချက်ချင်းအားမရှိနိုင်ပါ။
ကလေးမီးဖွားထား၍ အားပျက်နေသည်ကတစ်ကြောင်း၊ အခန့်မသင့်လျှင် ဝမ်းကိုက်၊ ဝမ်းလျှော၍ ဒုက္ခရောက်သွားနိုင်ပါတယ်။
-
အချို့ကလည်း နို့ထွက်အားကောင်းအောင်ဆို၍ ကြက်ဥအခွံတွေကို ထောင်းကျွေးကြသည်ကိုလည်း တွေ့ရပါတယ်။
ကြက်ဥအခွံ များသည် အစာမကြေ၊ အူလမ်းကြောင်းတလျှောက် စူးခြင်းတို့ ဖြစ်ခဲ့ပါလျှင် ပို၍ပင်ဒုက္ခရောက်စေနိုင်ပါတယ်။
-
နို့ထွက်ကောင်းအောင် Calcium & Phosphorus ဆေးများ အလွယ်တကူဝယ်ယူရရှိနိုင်ပြီဖြစ်သည့်အတွက် ထိုဆေးများကိုသာ ထိရောက်စွာ တိုက်ကျွေးပေးကြပါလို့ အကြံပေး တိုက်တွန်းလိုက်ပါရစေ.......
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 21:00 |