Hydro Net Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hydro Net Myanmar, Well water drilling service, Mandalay.
25/06/2020
မင်္ဂလာပါခဗျာ စက်ရေတွင်းဆေးကြောနည်းများ (Well Developing Methods) အခန်းကြီးတွင် ပါဝင်သော သမာရိုးကျ အားကောင်းသောလေမှုတ်စက်ဖြင့် လေမှုတ်ဆေးကြောခြင်း ခေါင်းစဉ်ကြီးအောက်မှ တွင်းပေါက်ဖွင့်၍လေးမှုတ်ဆေးကြောနည်း အား ယခင် post တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု post တွင် သမာရိုးကျ အားကောင်းသောလေမှုတ်စက်ဖြင့် လေမှုတ်ဆေးကြောခြင်းမှ နောက်တစ်နည်းဖြစ်သော တွင်းပေါက်ပိတ်၍ လေမှုတ်ဆေးကြောနည်းကို မှီငြမ်းဖော်ပြအပ်ပါသည်။ မှီငြမ်းအပ်သော စာတမ်းပြုစုသူ ဆရာများအား ဂါရဝထားလျက်...။
စက်ရေတွင်းဆေးကြောနည်းများ
(Well Developing Methods) ကိုဖတ်ရန် -
https://www.facebook.com/100518528368372/posts/117579339995624/
သမာရိုးကျ အားကောင်းသောလေမှုတ်စက်ဖြင့် လေမှုတ်ဆေးကြောခြင်း ခေါင်းစဉ်ကြီးအောက် တွင်းပေါက်ဖွင့်၍လေးမှုတ်ဆေးကြောနည်း ကိုဖတ်ရန် -
https://www.facebook.com/100518528368372/posts/118866199866938/
- တွင်းပေါက်ပိတ်၍လေမှုတ်ဆေးကြောနည်း - သည် ယခင် post တွင်ဖော်ပြခဲ့သော လေမှုတ်ဆေးကြောနည်းနှင့် လေမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်နေစဉ် တွင်းပေါက် အဖွင့်/အပိတ် နှင့် ချထားသော လေပိုက်/ရေထွက်ပိုက်တို့၏ အနေအထားကွာခြားသည်မှအပ ကျန်အခြေခံနည်းစနစ်တို့ တူညီကြပါသည်။ ဒုတိယနည်းတွင် လေမှုတ်ပိုက်နှင့် ရေထုတ်ပိုက်တို့၏ အဆုံးများသည် ရေစစ်စကာပိုက်၏ အထက်တွင် အမြဲတစေ ရှိနေရမည်ဖြစ်သည်။ လေမှုတ်နေစဉ် တွင်းပေါက်ကို လုံအောင် ပိတ်ထားသည့်အတွက် တွင်းထဲ၌ရှိသော ရေအချို့သည် အပေါ်မှ မှုတ်သွင်းလိုက်သော လေ၏ဖိညှစ်တွန်းကန်အားတို့ကြောင့် ရေစစ်စကာ ကို ဖြတ်ကာ ရေအောင်းလွှာအတွင်းသို့ ပြန်လည်စီးဝင်သွားသဖြင့် နောက်ပြန် ဆေးကြောသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
တွင်းထဲတွင်ရှိနေသော ရေမျက်နှာပြင်သည် ချထားသော ရေထွက်ပိုက်၏ အခြေရောက်သည်အထိ နိမ့်ကျသွားသောအခါ ရေစစ်စကာ ကိုဖြတ်၍ တွင်းထဲသို့ စီးဝင်နေသောရေသည် ဆက်လက်စီးဝင်တော့မည် မဟုတ်ဘဲ ရေထွက်ပိုက်မှ လေများ ပြန်အန်ထွက်လာလိမ့်မည်။ ထိုအခါတွင်းထဲသို့ လေမှုတ်သွင်းခြင်းလုပ်ငန်းကို ဖြတ်တောက် ရပ်တန့်ပြီး တွင်းထိပ်ဝတွင် တပ်ဆင်ထားသော လေထုတ်ဘားကို ဖွင့်ပေးပါ။ ရေအောင်းလွှာအတွင်းရှိ ရေများသည် စက်ရေတွင်းထဲသို့ ရေစစ်စကာကိုဖြတ်၍ မူလရေမျက်နှာပြင်ရောက်သည်အထိ ပြန်လည် စီးဝင် လာပေလိမ့်မည်။ ထို့နောက် တွင်းဝတွင် တပ်ထားသော လေဘားကို ပြန်ပိတ်၍ လေမှုတ်ခြင်း လုပ်ငန်းကို ထပ်မံ ဆောင်ရွက်ပါ။ အထက်ဖော်ပြပါ အတိုင်း ကြိမ်ဖန်များစွာ ဆောင်ရွက်ခြင်းဖြင့် စက်ရေတွင်းကိုပြောင်စင်အောင် ဆေးကြောနိုင်ပါလိမ့်မည်။ ဤနည်းစနစ်သည် ရေအောင်းလွှာအတွင်း လေခိုအောင်းပိတ်ဆို့မှုများ ဖြစ်တတ်သဖြင့် မှုတ်သွင်းသော လေ အမြောက်အမြား ရေအောင်းလွှာ အတွင်းသို့ မဝင်ရန် အထူး ဂရုစိုက်ရပါသည်။
မှတ်ချက် ။ ။ လေမှုတ်ပိုက်ကို ရေစစ်စကာအတွင်းသို့ မချပါနှင့်၊ ရေတွင်းထဲတွင်ရှိသော ရေနောက်များ ကုန်စင်အောင် ခပ်ထုတ်/စုပ်ထုတ်ပြီးမှ ဤလုပ်ငန်းကို ဆောင်ရွက်ပါ။
တွင်းပေါက်ပိတ်၍လေမှုတ်ဆေးကြောခြင်းပုံကိုပါ ပူးတွဲ ဖော်ပြအပ်ပါသည်။
#စက်ရေတူးဖော်ရေးတွင်းလုပ်ငန်းစု
#မြေအောက်ရေ
Hydro Net Co.ltd
- စက်ရေတွင်း ဆေးကြောနည်းများ -
(Well Developing Methods)
စက်ရေတွင်းများကို ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ ဒေသ အနှံ့အပြားတွင် တူးဖော်နေကြပြီဖြစ်ကြောင်း ရှေ့တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ၎င်းနှင့်ဆက်လျင်း၍ ဤ စက်ရေတွင်းဆေးကြောနည်းများကို မှီငြမ်းဖော်ပြအပ်ပါသည်။
လွန်တူးစက်ဖြင့်သော်လည်းကောင်း၊ လက်တူး နည်းစနစ်ဖြင့်သော်လည်းကောင်း၊ တူးဖော်၍ ပိုက်ချပြီး ချိန်တွင် ၎င်းစက်ရေတွင်းမှ သန့်ရှင်းသော ကြည်လင်သောရေကို များများရရှိနိုင်ရန်အတွက် တွင်းဆေးကြောခြင်း လုပ်ငန်းစဉ်ကို မလွဲမသွေ ဆောင်ရွက်ရပေလိမ့်မည်။ ထိုသို့ဆောင်ရွက်ရာတွင် အချိန်တိုတောင်းခြင်း၊ စနစ်မကျခြင်းနှင့် မှားယွင်းချွတ်ချော်မှုများရှိခဲ့ပါက ရေထွက်နည်းခြင်း၊ ရေနောက်ခြင်း သဲလိုက်များခြင်း နှင့် တွင်းသက်တမ်းတိုတောင်းခြင်းတိုကို ရင်ဆိုင်ရပေမည်။ စက်ရေတွင်းများကို ဆေးကြောရာတွင် လေဖြင့်သော်လည်းကောင်း၊ ရေဖြင့်သော်လည်းကောင်း၊ နှစ်မျိုးစလုံးဖြင့်သော်လည်းကောင်း ဆေးကြောကြသည်။
လေဖြင့်ဆေးကြောခြင်းလုပ်ငန်းစဉ်ကို ထပ်မံ၍ ၁။ သမာရိုးကျအားကောင်းသောလေမှုတ်စက်ဖြင့် မှုတ်၍ဆေးကြောခြင်း နှင့် ၂။ Surge Plunger ကို အသုံးပြု၍ လေမှုတ်ဆေးကြောခြင်းဟူ၍ နှစ်မျိုး ခွဲခြားထားပြီး ရေဖြင့်ဆေးကြောခြင်းလုပ်ငန်းကိုလည်း....
၁။ အင်အားကြီးရေစုပ်စက်ကိုအသုံးပြု၍
ရေစုပ်ထုတ်ဆေးကြောခြင်း
၂။ နောက်ပြန်ဆေးကြောခြင်း (ဝါ)
ရေကြည်ထိုးခြင်း နှင့်
၃။ အားကောင်းသောရေ၏ အလျင်ကို အသုံးပြု၍
ရေဂျက်ဖြင့်ဆေးကြောခြင်းဟူ၍ သုံးမျိုးသုံးစား
ထပ်မံခွဲခြားထားပါသည်။
အသေးစိပ် အချက်လက်များကို နောက်ပို့စ်များတွင် ထပ်မံဖော်ပြသွားမည်ဖြစ်သောကြောင့် မိတ်ဆွေတို့ အနေနှင့် Hydro Net Myanmar Page ကို Like လုပ်ထားရန်လိုအပ်ပေမည်။
စာတမ်းပြုစုသူ ဆရာများကို အစဉ်လေးစားလျက်...
#စက်ရေတွင်းတူးဖော်ရေးလုပ်ငန်းစု
#မြေအောက်ရေ
Hydro Net Co.ltd
20/06/2020
- စက်ရေတွင်းတူးဖော်ရာတွင် ကျောက်စရစ်ရံလုပ်ငန်းဆောင်ရွက်ရန် လို/မလို ဆုံးဖြတ်ခြင်း -
စက်ရေတွင်းတူးဖော်ရာတွင် အောက်ခံရေအောင်းလွှာ၏ လုံးစေ့အရွယ်သည် သေးလွန်းနေပါက သဲ့များ စကာပေညက်ကိုဖြတ်၍ လိုက်လာနိုင်သောကြောင့် ရေစစ်စကာပိုက် ပိတ်ဆို့မှုများ ဖြစ်တတ်သဖြင့် တွင်းထဲသို့သဲလိုက်နည်းနိုင်သမျှနည်းစေရန် ကျောက်စရစ်ရံလုပ်ငန်းကိုဆောင်ရွက်ရပေသည်။ အဆိုပါလုပ်ငန်း ဆောင်ရွက်ရန် လိုမလိုကို အောက်ပါ အချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ရသည်။
ရေအောင်းလွှာ၏ လုံးစေ့အရွယ် ၁၀%(D10) သည် (၀.၂၅) mm ထက်ကြီးနေပါက လုံးစေ့ရွယ် ၆၀%(D60) သည် (၀.၇၅) mm ထက်ကြီးပြီး၊ Cu = D60/D10 သည် ၃ထက်များနေပါက ကျောက်စရစ်ရံလုပ်ငန်းဆောင်ရွက်ရန် မလိုအပ်ပေ၊ သို့သော် ရေစစ်စကာပေါက်ကို အနည်းဆုံး (၀.၇၅)mm ကျယ်အောင်ဖောက်ရပေလိမ့်မည်။ ထိုကဲ့သို့မဟုတ်ပါက ကျောက်စရစ်ရံလုပ်ငန်းကို မလွဲမသွေဆောင်ရွက်ရပေလိမ့်မည်။ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသင့်သော ကျောက်စရစ် အမျိုးအစားမှာ -
လုံးဝိုင်းချောမွေ့ပြီးသန့်ရှင်းသော ရွှံ့စေးနှင့်နှုန်းကင်းစင်သော၊ စီလီကာကျောက်စရစ်ဖြစ်ရမည်။
အရွယ်ပမာဏမှာ (၁၀)mm ထက်မကြီးစေရ၊ ဖြစ်နိုင်လျှင် (၂)mm နှင့် (၈)mm ကြားတွင်ရှိပါက ပိုသင့်လျော်ပါသည်။
ဖော်ပြပါကျောက်စရစ်အရည်အသွေးကို စနစ်တစ်ကျရွေးချယ်ပါကအောက်ပါ အခြေအနေနှင့် ကိုက်ညီအောင် ရွေးချယ်ရသည်။
ရေအောင်းလွှာ၏လုံးစေ့အရွယ် ၃%(D30) ၏ ၄ဆ နှင့် ၆ဆ ကိုအခြေခံပြီး (Cu = ၂.၅) ရအောင် ရေအောင်းလွှာ၏ လုံးစေ့အရွယ် ပျံနှံ့ပုံမျဉ်းကွေး (Grain size distribution curve of aquifer) နှင့်အပြိုင်ချောမွေ့ပြေပြစ်သော မျဉ်းကွေးနှစ်ကြောင်းရေးဆွဲပါ။ ကာရံမည့် ကျောက်စရစ်၏ လုံးစေ့အရွယ် ပျံ့နှံ့ပုံမျဉ်းကွေးသည် အထက်တွင်ရေးဆွဲထားသော မျဉ်းကွေးနှစ်ကြောင်း၏ ကြားတွင်ရှိရမည်ဖြစ်ပြီး Cu သည် (၂.၅) နှင့်အထက်တွင်ရှိရပါမည်။ စကာပေါက်အရွယ်အစားသည် ကာရံထားသောကျောက်စရစ်၏ လုံးစေ့ရွယ် ၁၀%(D10)နှင့်ညီအောင် ဖောက်ရမည်။ အလွယ်တကူနားလည်နိုင်ရန်အတွက် လုံးစေ့အရွယ်ပျံ့နှံ့ပုံ မျဉ်းကွေးနမူနာ ပုံကို ဖော်ပြအပ်ပါသည်။
လူကြီးမင်းတို့၏ ဗဟုသုတနှင့် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေရန်အလို့ငှါ စက်ရေတွင်းတူးဖော်ရာတွင် ကျောက်စရစ်ရံလုပ်ငန်း ဆောင်ရွက်ရန် လို/မလို ဆုံးဖြတ်ခြင်းကို ဤမျှ မှီငြမ်းဖော်ပြအပ်ပါသည်။ စာတမ်းပြုစုသူ ဆရာများကိုလဲ အစဉ်လေးစားလျက်...။
#စက်ရေတွင်းတူးဖော်ရေးလုပ်ငန်းစု
Hydro Net Co.ltd
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay