Future Max Construction
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Max Construction, Public Figure, Mandalay.
24/03/2026
စီးပွားရေးမပြေလည်တဲ့လူ့အဖွဲ့အစည်းမှာ အောင်မြင်ရေးသင်တန်းတွေ များလာတာ၊ မိုတီဗေးရှင်နယ်စပီကာလိုလိုပုံစံမျိုးနဲ့ စိတ်ခွန်အားပေးသင်တန်းတွေ မှိုလို ပေါလာတာ၊ စွန့်ဦးတီထွင်စီးပွားရေးအကြံပေးပုဂ္ဂိုလ်တွေ လက်ညှိုးထိုးမလွတ်အောင် များလာတာဟာ သိပ်ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။
🔳
စွန့်ဦးတီထွင် စီးပွားရေး အကြံပေးသင်တန်းတွေ၊ မိုတီဗေးရှင်နယ်စပီကာတွေရဲ့သင်တန်းတွေ၊ Life coaching တွေ၊ ဘဝအောင်မြင်တိုးတက်ကြီးပွားရေးပို့ချချက်တွေ၊ လူငယ်လမ်းညွှန်မှုသင်တန်းတွေ၊ ဒီလောက် ရိုက်သတ်လို့ မကုန်အောင် ပေါနေတာတောင် “ ဘာလို့ နိုင်ငံက ဆင်းရဲနေရတာလဲ၊ ဆင်းရဲတွင်းထဲ နက်သထက်နက်နေရတာလဲ ”လို့ ခဏခဏ တွေးဖူးကြလိမ့်မယ်။
တကယ်တမ်း.. နိုင်ငံတစ်နိုင်ငံ ဆင်းရဲတွင်းနက်နေတာက အောင်မြင်ရေးသင်တန်းတွေကြောင့်လို့ ကံသေကံမ ပြောလို့ မရပေမဲ့ “ အဲလိုအောင်မြင်ရေးနည်းနာ သင်တန်းတွေ များလာလေလေ မပြေလည်တဲ့လူ့အဖွဲ့အစည်း ပိုဖြစ်လေလေပဲ ” ။
နောက်တစ်မျိုး အဓိပ္ပါယ်ဖွင့်ရရင် “ အကျပ်အတည်းကြားထဲမှာ လူတွေရဲ့ စီးပွားရေး မပြေလည်လာလေလေ အဲလို အောင်မြင်ရေးအကြံပေးသင်တန်းတွေ ပိုများလာလေပဲ”။ ဒီနှစ်ခုက တိုက်ရိုက်ရော သွယ်ဝိုက်ရော ဆက်စပ်နေတာကို တွေ့ရတယ်။
ဆိုတော့ ဒါတွေအားလုံးရဲ့ ဇာစ်မြစ်အရင်းခံတွေ ပယောဂတွေဟာ ဘယ်ကနေစတာလဲ။ နောက် ဒီသင်တန်းတွေက ဘယ်လိုလည်ပတ်ပြီး Value transfer (သူများလက်ထဲက ပက်ဆံကို ကိုယ့်လက်ထဲ ရောက်အောင်လုပ်တာ) လုပ်နေကြလဲ။ လူ့အဖွဲ့အစည်းမှာ ဒီသင်တန်းတွေ.. တကယ်ရော လိုအပ်လား။
နောက်ဆုံး.. မပြေလည်တဲ့လူ့အဖွဲ့အစည်းကို ဘယ်လိုမျိုးဆိုးကျိုးသက်ရောက်မှုတွေ ရှိလဲဆိုတာကို ဒီဆောင်းပါးထဲမှာ ရှာဖွေ စုဆောင်းမိသမျှ ကိုးကားပြီး ရှင်းပြချင်ပါတယ်။
◾အများစုသော ဒီလိုသင်တန်းတွေထဲမှာ Survivorship Bias (ရှင်သန်ကျန်ရစ်သူ အစွဲ) တွေ ရှိကြတယ်။ သဘောက လူတစ်ယောက် အောင်မြင်တာကို ကြည့်ပြီး သူ့နည်းတိုင်း လုပ်ရင် မုချမသွေအောင်မြင်မယ်ပေါ့။
ဒီအခါ သူတို့ရဲ့ လက်စွဲတော်စကားလုံးတွေထဲမှာ တစ်ချိန်က ဆင်းရဲတဲ့ဘဝကနေ ကြိုးစားရင်း အောင်မြင်ခဲ့လာကြတဲ့ လူပုဂ္ဂိုလ်တွေ၊ ဥပမာ - တရုတ်သူဌေးကြီး ဂျက်မားတို့ ဘာတို့။ ကျောင်းထွက်ပြီး ဘီလျံနာသူဌေးကြီး ဖြစ်လာတဲ့ လူတွေ၊ ဥပမာ - မတ်ခ်ဇူကာဘတ်တို့လိုလူတွေ ခဏခဏပါတယ်။ ကြားရလေ့ရှိတယ်။
ထိပ်တန်းရောက်နေသူ တစ်ယောက်တည်းကို Highlight ထိုးပြထားတယ်၊ ဒါပေမဲ့ ထောင်သောင်းများစွာသော လူတွေ ကျရှုံးနေတဲ့အပိုင်းကိုတော့ ချန်လှပ်ထားခဲ့ကြတယ်။ အရှုံးဆို လူတွေရဲ့ စိတ်ထဲ အားသိပ်မဖြစ်ဘူးလေ။ နိုင်နေ ပိုင်စေမှ စိတ်အားဖြစ်တာကိုး။ ရှင်သန်ကျန်သူအစွဲဆိုတာ ဒါကို ပြောတာ။
◾ပြောရရင်.. Selling Hope ပဲ။ အကျပ်အတည်းကာလကြားမှာ တဖြည်းဖြည်း မျှော်လင့်ချက်မဲ့လာတဲ့ လူတွေကို “ မျှော်လင့်ချက်တွေ ထိုးရောင်းတာ ” ။ ဒီသင်တန်း တက်လိုက်ရင်.. သူများထက် ခေါင်းတစ်လုံး၊ ခြေတစ်ဆုံး ပိုသာသွားမယ်။
အထွေထွေ ကျပ်တည်းလာတဲ့အတွက် “ အောင်မြင်ရေး ” နဲ့ ဆက်နွှယ်နေတဲ့စကားလုံးမှန်သမျှဟာ ထွက်ပေါက်ဖြစ်သွားတော့တာပဲ။ ကျွန်တော်တို့ စိတ်ထဲမှာ Motivational speech တွေ ကြားတဲ့အခါ စိတ်အခြေအနေနှစ်ခု ဖြစ်လေ့ရှိပါတယ်။ သတိထားမိကြမလား မသိ။
တစ်ခုက Dopamine Hit တဲ့၊ စိတ်ခွန်အားတက်ကြွစေတဲ့ စကားလုံးတွေကြားရင် ဒိုပါမင်တွေထွက်လာပြီး တိုးတက်အောင်မြင်လာတော့မဲ့လူလို ခံစားချက်မျိုး ရစေတယ် တဲ့။ ဒုတိယတစ်ခုက The Illusion of Action တဲ့၊ ဘာကိုပြောတာလဲဆိုတော့ အကြံပေးသင်တန်းတက်လိုက်တာမျိုးက တကယ်လက်တွေ့ မလုပ်နေတာမှန်း သိပေမဲ့ ကိုယ့်စိတ်ထဲမှာကျ “ငါ တစ်ခုခုလုပ်နေပြီဆိုတဲ့ စိတ်ခံစားချက်မျိုး” ကို ရတယ်။
ဒီအခြေအနေနှစ်ခုကို ကြုံရတယ်။ စကားလေးတစ်ခွန်းနဲ့ ပြောလို့ရတယ်၊ Passive action.. တဲ့။ လုပ်နေတာတော့ လုပ်နေတာပဲ ဒါပေမဲ့ အငြိမ်ကြီး။ ပြောချင်တာ အကြံပေးသင်တန်းတွေ များပြီး “ နိုင်ငံဆင်းရဲတွင်းနက် နေရတာ ” ဒါကြောင့်ပဲ၊ လက်တွေ့ သိပ်မဆန်ပေမဲ့ တကယ်တမ်းမှာ ကိုယ်အလုပ်လုပ်နေသလို ထင်ယောင်ထင်မှားမှုမျိုး ရစေတယ်။
◾မပြေလည်တဲ့လူ့အဖွဲ့အစည်း၊ လူတွေဟာ အကျပ်ရိုက်လာတဲ့အခါမျိုးမှာ နောက်ထပ်လုပ်တတ်ကြတာက သူတို့ပြဿနာကို လမ်းပြပေး၊ အဖြေရှာပေးနိုင်မဲ့ Guru တွေကို တောင့်တ ရှာဖွေ ချဉ်းကပ်ရိုးထုံးစံ ရှိကြတယ်။ ဒါ့ကြောင့်ပဲ ပြောရမလားမသိ၊ ခုနောက်ပိုင်း ဆရာ့ဆရာကြီးတွေက ဆိုရှယ်မီဒီယာတခွင်မှာ သိပ်ပေါလာတာ။
ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဉာဏ်ထက် သူပြောတာ ဟုတ်ပါ့ဆိုတဲ့စိတ်က အရင်ရောက်တာ။ အဲလို သင်တန်းဖွင့်နေတဲ့ ပုဂ္ဂိုလ်အများစုက Sunk Cost Fallacy ခေါင်းစဉ်အောက်မှာ သင်တန်းလာတက်မဲ့လူတွေကို အကြောက်တရားတွေ ရိုက်ထည့်လေ့ရှိတယ်။
Sunk Cost Fallacy ဆိုတာကို နားလည်သလို ရှင်းပြရရင် အတိတ်မှာ ဆုံးရှုံးသွားတဲ့အရာကို ပြန်မရနိုင်မှန်းသိလျက်နဲ့ အနာဂတ်ထိ ဆက်ပြီး တွယ်ကပ်နေမိတဲ့ သဘောထား။ ကျွန်တော်ဉာဏ်မီသလောက် ဒီလိုမျိုးနားလည်မိပါတယ်။
ဥပမာ - စီးပွားရေးလုပ်ငန်းတစ်ခုကို နှစ်နှစ်လောက် ရင်းပြီး လုပ်တယ်၊ အမြတ်မရတဲ့အပြင်ကိုမှ မွဲပါမွဲသွားတယ်။ ဒါပေမဲ့.. ဒီလောက်လုပ်လာတာပဲ၊ ပိုက်ဆံလဲ ကုန်သွားပြီ၊ ခု ထရပ်လိုက်ရင် ပိုတောင်ဆုံးရှုံးသွားမှာပဲအထင်နဲ့ အရှုံးခံပြီး ဆက်လုပ်တာ။
အဲဒါ Sunk Cost Fallacy ပဲ။ တိုးတက်ကြီးပွားရေး၊ အကြံသစ် ဉာဏ်သစ်သင်တန်းတော်တော်များများက ဈေးကြီးပေး တက်ရတာချည်းပဲ။ အဲတော့ တက်နေသူ အများစုရဲ့ စိတ်ထဲမှာ.. ဘယ်လိုလောင်းရိပ်မိကြလဲဆိုတော့ ဈေးကြီးရင် “ တန်ဖိုးကြီးမယ်၊ အလုပ်ဖြစ်မယ် ” ဆိုပြီး ထင်တော့တာ။ Prestige Pricing လို့ခေါ်တယ်။ ဈေးကြီးမှ ကောင်းတယ်ဆိုတဲ့ ခံစားချက်၊ တကယ်အောင်မြင်စေမဲ့ သင်တန်းဆိုပြီး ထင်သွားစေတာ။
“ ဆရာငတ် လမ်းပျောက်နေကြတဲ့ လူငယ်အများစုဟာ ” The Guru effect (ဆရာတင်ခြင်း သက်ရောက်မှု) မိကြတော့တာပဲ။
တစ်ခါ၊ တက်နေရင်း.. အလုပ်မဖြစ် ကိုယ့်အတွက် အကျိုးမဲ့သလို ဖြစ်လာခဲ့နေရင်တောင် “ ဈေးကြီးပေး တက်ထားရတာပဲ၊ အခုလောက်ထိ တက်ထားမှတော့ မထူးတော့ပြီဆိုပြီး အထင်ရောက် ” ကိုယ့်ကိုယ်ကိုယ် ပြန်ဖျောင်းဖျပြီး မှားနေတာကို လက်မခံချင်တော့တာ။ တက်လက်စဆက်တက်နေတော့တာ။ ဈေးကြီးတာကိုး။
🔳
အိုခေ ဒါဖြင့် ဒီသင်တန်းတွေက ဘယ်လိုမားကတင်းနည်းတွေကို သုံးပြီးတော့ ဈေးကွက်ထဲထိုးဖောက်နေကြသလဲ။ အများကြီးရှိကြတဲ့အထဲကမှ ဒီကပုဂ္ဂိုလ်အများစု သုံးလေ့ရှိကြတဲ့ အကွက်လေးတွေကို လိပ်ပတ်လည်အောင် ပြောပြပါမယ်။
◾The "Rags to Riches" Story (ဆင်းရဲတဲ့ဘဝကနေ ချမ်းသာလာတဲ့ စတိုရီ)
အရင်တုန်းက ဘယ်လိုဘဝမျိုး နေခဲ့ရတယ်၊ အခုတော့ ဒီဖော်မြူလာတွေကြောင့် ချမ်းသာလာတာ စသဖြင့်တွေပါပဲ။ သူတောင် ခုလိုမျိုး အောင်မြင်ချမ်းသာလာတာပဲ၊ ငါလဲ မအောင်မြင်စရာမရှိဘူးဆိုတဲ့ Relatable တစ်ခုကိုဖန်တီးတာ။ တစ်နည်း The Hero's Journey ပဲ၊ ဒီဇာတ်လမ်းထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေတွေ့ပြီး ဘယ်လိုအောင်မြင်ခဲ့တာပါပေါ့။
◾Showcasing the Lifestyle (လူနေမှုအဆင့်အတန်း မြင့်မားကြောင်းကို ဗန်းပြ)
သင်တန်းပြပုဂ္ဂိုလ်တွေကို ကြည့်လိုက်ရင် အမြဲတမ်းတက်ကြွနေတာ၊ ဗဟုသုတ ဟင်းအိုးကြီးသဖွယ် ဂိုက်ဖမ်းပြနေတာ၊ လူတိုင်းနဲ့ အဆင်ပြေချောမွေ့ပြီး သူတို့ဦးဆောင်နိုင်ကြောင်း ပြနေလေ့ရှိတယ်။ Visual Symbols လုပ်တာပဲ။ ငါကိုယ်တိုင် ကားရှိတယ်၊ ဘရန်းပဲကိုင်တယ်၊ စီးပွားရေးအများကြီးပိုင်တယ်။ ဒီကတဆင့် Status Signaling တွေ ပါလာမယ်။ ဒီသင်တန်းက ငါ့လို အနေအထားတစ်ခုအထိ ရောက်အောင် လုပ်နိုင်ကြောင်း သွယ်ဝိုက်မက်ဆေ့ချ်တွေ ပေးကြတယ်။
◾FOMO & Scarcity (အရေးတကြီး အပူတပြင်းလုပ်မှ ရမယ်ဆိုပြီး ဆိုက်ကိုထည့်တာ)
FOMO (Fear of Missing Out) ကတော့ ဈေးကွက်သမားတွေ.. ခဏသုံးနေကျ အကွက်ပဲ။ စားသုံးသူရဲ့ Pain Point ကို ရှာမယ်၊ ငါတို့ထုတ်ကုန်ကို မသုံးသေးရင် ခေတ်မမီဘူး အဆင့်အတန်းမရှိဘူး စတဲ့ စိုးရိမ်မှုရောက်အောင် ရောင်းတာ။ အောင်မြင်ရေး အကြံပေးသင်တန်းအများစုမှာလဲပဲ အဲလိုပဲ၊ လူတွေရဲ့ Pain point နောက်ကို လိုက်နေကြတဲ့ထုတ်ကုန်တွေ။ “ ၂၀၂၆ ရောက်ပြီ ဒါတွေ မသိသေးဘူးဆိုရင် လူဖြစ်ရှုူံးတာတို့၊ သင်တန်းဦးရေ ပြည့်ဖို့ အချိန်မကျန်တော့ဘူး နောက်ဆုံးအခွင့်အရေးတို့ ” ဒီလိုစကားလုံးတွေကို သုံးပြီး Limited seat - ထိုင်ခုံနေရာ ကန့်သတ်ပလိုက်တာ။ ပြီးရင်.. အရင်က ငါးသိန်းတန်သင်တန်း၊ အခု တက်ချင်သူတွေ များနေလို့ “ ငါးသောင်းအထိတောင် လျှော့ချထားတယ် ” ဆိုပြီး Urgency Saturation (အရေးတကြီး လုပ်မှရမယ် မဟုတ်ရင် ခင်ဗျားဘဝသွားပြီ) ဖန်တီးပြန်။
◾Use of "Buzzwords (ခေတ်ပေါ် စကားလုံးအဆန်းတွေ သုံးပြီး ကြော်ငြာ)
ဥပမာ - Financial Freedom (ငွေကြေး လွတ်မြောက်မှု လမ်းညွှန်ချက်တွေ)၊ Mindset Shift (အတွေးအခေါ်တွေ ပြောင်းလဲဖို့ လမ်းညွှန်ချက်တွေ)၊ Passive income တွေ၊ Manifestation တွေ၊ မြန်မာဝေါဟာရဆို ဩဇာအာဏာ, ခေါင်းဆောင်မှု, စွန့်ဦးတီထွင်, အဋ္ဌာရသ* စသဖြင့်စကားတွေ သုံးနှုန်းပြီး ကိုယ့်ကိုယ်ကိုယ် ဉာဏ်အမြော်အမြင်များ ချို့တဲ့နေ..(ချို့တဲ့အောင် ဖုံဖော်ခံထားရတဲ့) လူငယ်တစ်စုကို အဓိကပစ်မှတ်ထားကြတယ်။
◾Social Proof & Testimonials (အရင်တုန်းက ငါတို့ဆီမှာ သင်တန်းတက်ဖူးတဲ့ မောင်ဘယ်သူက ဘယ်လိုမျိုး ထွန်းပေါက်နေတာကို ပြန်အသုံးချ)
ဒီသင်တန်းတက်ပြီး မောင်ဘယ်သူက တစ်လအတွင်းတင် သိန်း ဘယ်လောက်ရှာနိုင်တယ် ပေါ့။ အဲလို Testimonial (သင်တန်းသားဟောင်း ထောက်ခံချက်) တွေ ယူပြီးတော့ ကြော်ငြာပေါ် ကြော်ငြာဆင့် (သူတို့အမြင်မှာတော့ Sale copy) ပေါ့လေ။ အဲလို အုပ်စုအားကို အသာစီးယူပြီး ဒီမှာ လာတက်ဖူးတဲ့လူတွေ အခု အောင်မြင်နေပြီဆိုတဲ့ အမြင်တွေပေးကြတယ်။
◾Creating a "Tribe" (အောင်မြင်မဲ့လူတွေဖြစ်ကြောင်း အသိုင်းအဝိုင်းတစ်ခု ဖန်တီးပုံဖော်ထား)
သဘောက ဒီမှာမတက်ဖူးဘဲ အလကားလာပြောနေတဲ့လူတွေက ဘာမဟုတ်ဘူး။ ငါတို့က နေရာကောင်းတစ်ခု ရမဲ့လူတွေမို့ ဒီသင်တန်းမှာ စုဖွဲ့တွေ့ရတာ။ ဒါကို Marketing နယ်ပယ်မှာ Cult-like Marketing လုပ်တယ်လို့ဆိုတယ်။ တူရာဂိုဏ်းတစ်ခုဖွဲ့၊ ပြီးရင် သင်တန်းဆရာကို လိုလားစွာ ပုံအပ်ပါကြောင်း(ဝေဖန်သံကို ဂရုမစိုက်ကြောင်း) ဝိုင်းဝန်းမ,ကြတာ။
ဆိုတော့ ဒီ (၆) နည်းကို အခြေခံအားဖြင့် သုံးနေကြတာ တွေ့ရပါတယ်။
🔳
ဒီစာပုဒ်ရဲ့ အလယ်အပိုင်းဖြစ်တဲ့ Success Coaching /Motivational Speaking Industry တွေ များလာနေပေမဲ့ နိုင်ငံက ဘာလို့ ပြာပုံကြီးဖြစ်လာသလဲဆိုတဲ့ အကြောင်း။
◾ခပ်တိုတို ပြောရင် အဲလိုသင်တန်းမျိုးတွေက လူတွေရဲ့ မျှော်လင့်ချက်မဲ့မှုကို အမြတ်ထုတ်နေကြတာ၊ ဒါမျိုး ပြောရင် တချို့စိတ်ဆိုးလိမ့်မယ်။ မတတ်နိုင်ဘူး၊ အမှန်တရားပဲလေ။
နိုင်ငံတစ်ခု တိုးတက်မှု ညွှန်းကိန်းရဲ့ အဓိက အသက်တွေက ကုန်စည်နဲ့ ဝန်ဆောင်မှုပဲ။ အခု ဒီသင်တန်းအများစုက တစ်ဖက်က ငွေကြေးကို တစ်ဖက်ပြောင်းအောင် လုပ်ရုံပဲရှိတာ။ သင်တန်းသားဆီက ပိုက်ဆံ သင်တန်းဆရာဆီကို ရောက်သွားပေမဲ့ ကုန်စည် (Goods) တစ်ခု ပိုထွက်မလာဘူး။
ဆိုပါစို့ ဂျာမဏီ။ ဂျာမဏီမှာ လက်တွေ့ ကုန်ပစ္စည်းထုတ်ရတဲ့ Vocational training တွေ ပိုများတယ်။ ရလဒ်အနေနဲ့ သူတို့နိုင်ငံက ကားတွေ ကမ္ဘာ့အဆင့်မီတယ်။ နိုင်ငံလဲပဲ ချမ်းသာလာတယ်။ နိုင်ငံရေးစနစ် ကောင်းလို့လေ အဲဒါက ဆိုလဲ မမှားပါ။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ နိုင်ငံရေးစနစ်ကောင်းလာရင်တောင် သင်တန်းဒီ့ထက်မက ပိုများလာဖို့ပဲ ရှိတယ်။
ဒီမှာရှိတဲ့ လူအများစုက တက်ကျမ်းလောင်းရိပ်မိနေကြဆဲဖြစ်သလို အဲဒါကို ရေကန်သင့် ကြာသင့်စောင့်နေတဲ့လူလဲပဲ ရှိနေတယ်။ ဒါတွေကို ချွတ်ဖို့လိုတယ်။ ယူအက်စ်နိုင်ငံက ဒေတာတစ်ခု၊ အဲမှာလဲ Self-help သင်တန်းတွေ မှိုလိုပေါ။ ၈၀ % သောသင်တန်းသားတွေ သင်တန်းပြီးသွားလို့ သူတို့ရဲ့ စီးပွားရေးအခြေအနေတွေ တိုးတက်လာလားဆို မတက်လာဘူး။ သင်တန်းပို့ချသူကပဲ သူဌေးဖြစ်သွားတာ။
အမေရိကန်သမ္မတ အေဗရာဟင် လင်ကွန်းတစ်ယောက် ဖယောင်းတိုင်နဲ့စာဖတ်လို့ သမ္မတဖြစ်လာတယ်ဆိုတာကို ကြည့်ပြီး “ မျှော်လင့်ချက်မဲ့နေသူတွေကို ဖယောင်းတိုင် တစ်ယောက်တစ်ထုပ်စီ သွားပေးနေလို့မှ မရတာ ” လေ။
◾ကြာတော့ လူငယ်အရင်းအမြစ်တွေဟာ လမ်းလွဲကုန်တာပဲ။ တကယ်လေ့လာလိုက်စားရမဲ့ပညာရပ်တွေမှာကျ လေ့လာရကောင်းမှန်းမသိဘဲ၊ အပြောကောင်းတဲ့သူ ခေါ်ရာနောက် တကောက်ကောက်ပါသွားတယ်။ တခြားရင်းရမဲ့အရာမှာ ငွေကြေးစီးဆင်းမှုမရှိတော့ဘဲ စကားလုံးတွေအတွက် ရင်းနှီးမြှုပ်နှံလာကြတာ။
သူတို့တွေ စွဲကိုင်ထားတဲ့ မူအများစုက လူတစ်ယောက်ရဲ့ဘဝ မတိုးတက်ရခြင်းဟာ စာမဖတ်လို့၊ မကြိုးစားလို့၊ လူတွေ စိတ်ထားမကြံ့ခိုင်လို့၊ လွယ်လွယ်အရှုံးပေးတာ ပျော့လို့ညံ့လို့၊ အစရှိတဲ့မူဝါဒကို အခြေခံပြီး မားကတင်းလုပ်ပါတယ်။
ဒီအခါ လူတွေရဲ့ သိမ်ငယ်မှု၊ မျှော်လင့်ချက်မဲ့မှု၊ ကြောက်စိတ်၊ အားငယ်စိတ်၊ ခိုကိုးရာမဲ့စိတ်၊ မလုံခြုံတဲ့စိတ်တွေက အသုံးချစရာ ရောင်းကုန်ဖြစ်လာပါတော့တယ်။ ဆိုပါစို့ဗျာ လူတောမတိုးရဲဘူးဆို ဒီသင်တန်းလာတက် လူတွေကြားထဲ “ အကောင် ” ဖြစ်လာလိမ့်မယ်၊ လူရှေ့သူရှေ့ စကားမပြောရဲလား ဒါဆို “ ဒီသင်တန်းက ပညာရှိသုခမိန်တစ်ပါးလို စကားပြောတတ်ဖို့ ကူညီပေးပါလိမ့်မယ် ” စသဖြင့်ပဲ။
မော်တီဗေးရှင်နယ် စပီကာတွေ မသိတာလား၊ သိရဲ့သား မျက်စိမှိတ်ထားကြလားမသိ၊ လူတစ်ယောက် လက်လျှော့ရခြင်းဟာ Learned Helplessness လို့ခေါ်တဲ့ ကိုယ်သင်ထားတဲ့အရာက အကူအညီမဲ့တဲ့ အခြေအနေသုံးခုကြောင့် ဖြစ်တာ။ စာမဖတ်လို့၊ မကြိုးစားလို့ဆိုပြီး ယတိပြတ်ပြောလို့မရဘူး။
၁။ ကိုယ်ထိန်းချုပ်လို့ မရတဲ့အခြေအနေ Uncontrollable bad events တွေ။ စစ်ပွဲ၊ နိုင်ငံရေးပဋိပက္ခ၊ ကပ်ဘေးသင့်တာမျိုးတွေကို တစ်ကြိမ်ထက်မက အကြိမ်ကြိမ် ကြုံနေရတယ်။
၂။ အဲလိုကြုံနေရတဲ့အခါ ကိုယ့်စိတ်ထဲ ဘာကိုမှ ထိန်းချုပ် မရတော့ဘူးလို့ လက်ခံသွား၊ Perceived lack of control ဖြစ်သွားတာ။ “ ငါဘယ်လိုပဲ ကြိုးစားကြိုးစား နိုင်ငံရေးက ဒီလိုပုံနဲ့တော့ တိုးတက်လာမှာ မဟုတ်ဘူး ” လို့ ယုံကြည်သွားတာ။
၃။ နောက်ဆုံးတစ်ဆင့်၊ အကူညီမဲ့ အမူအကျင့်တွေ ပိုတိုးလာပြီး နောက်ပိုင်းပြောင်းလဲတဲ့အခြေအနေတွေ ကြုံလာရင်တောင် “ ဆက်ကြိုးစားလိုစိတ်မရှိတော့ဘူး ” ၊ ထူးလဲ မထူးတော့ဘူးဆိုပြီး လက်ခံသွားတာ။ ဒါဟာ လက်လျှော့လိုက်တဲ့အဆင့် (Passive resignation) ပဲ။
◾ပြောချင်တာက အောင်မြင်ရေး ကြီးပွားရေး အကြံပေးသင်တန်းတွေက လူတွေကို “ ခဏတာ စိတ်ကြွအောင် ” ပဲ လုပ်ပေးနိုင်ပြီး လူတွေရဲ့ Learned Helplessness ကို မကျော်လွှားနိုင်ဘူး။ သူတို့မှာ အဲဒီအတွက် တည်ဆောက်ထားတဲ့အဖြေမရှိဘူး။
🔳
အောင်မြင်တိုးတက်ရေးသင်တန်းတွေ မှိုလိုပေါလာရခြင်းရဲ့ အဓိက ဇာစ်မြစ်တွေကတော့ -
၁။ လူမှုအဆင့်အတန်းတစ်ခုကို တက်လှမ်းဖို့ ခက်ခဲလာတာ (Social Mobility Barrier) ၊ ရထားတဲ့ဘွဲ့က အလုပ်မဖြစ်တဲ့အခါ၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဥပဒေတွေက လူမှုအဆင့်အတန်းကို မြှင့်တင်မပေးနိုင်တဲ့အခါ၊ စနစ်ပြင်ပကနေ “ လူမှုအဆင့်အတန်းမြင့်ဖို့၊ အောင်မြင်ဖို့ ” ရှာကြတယ်။
၂။ နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာတဲ့စိုးရိမ်စိတ် (The Insecurity Gap) ၊ ဒီစိုးရိမ်ကြောင့်ကြမှုတွေဟာ Demand (ဝယ်လိုအား) ဖြစ်လာတယ်။ အပေါ်ပြောသွားတဲ့ သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ မျှော်လင့်ချက်မဲ့တဲ့စိတ်၊ ဆောက်တည်ရာမရတဲ့စိတ်၊ စိုးရိမ်စိတ်တွေဟာ “ ရောင်းကုန် ” ဖြစ်လာ။
၃။ အကြံပေးလုပ်ငန်း၊ ဒီအထဲ စီးပွား ကြီးပွား အောင်မြင် တိုးတက် လူတစ်လုံးသူတစ်လုံးဖြစ်နည်း စတဲ့အရာတွေ အကုန်ပါတယ်။ ဒီလုပ်ငန်းတွေကို ဥပဒေနဲ့မထိန်းကျောင်းနိုင်တော့ သူလဲ ဆရာတက်လုပ်၊ ငါလဲ ဆရာတက်လုပ်ကြတာ။ အားကိုးရာမဲ့သူတွေက ချဉ်းကပ်မှာကိုး။ King မရှိဘဲ အကုန်လုံး King maker တွေချည်း စုပြုံလာတော့တာပဲ။
စိတ်ပညာရှင် Albert Bandura ပြောဖူးတာ၊ Optimistic self-beliefs, if unaccompanied by requisite skills, are likely to result in discouraging failures. သတဲ့။ ဘာပြောတာလဲဆိုတော့ “ လိုအပ်တဲ့ကျွမ်းကျင်မှုတွေ မပါဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေခြင်းဟာ စိတ်ပျက်ဖို့ကောင်းတဲ့ အရှုံးရလဒ်ကိုပဲ ရရှိစေတယ် ” ဆိုပဲ။ သဘောက အောင်မြင်ရေးသင်တန်းတွေက.. “ Hard skill မပါတဲ့ ယုံကြည်မှု.. ” ကို ရောင်းတာ။ Innovation မဟုတ်ကြတဲ့ Motivation ကို ရောင်းတာ။
◾အခုပြောခဲ့သမျှ ဒီကွင်းဆက်တွေဟာ တစ်ခုနဲ့တစ်ခုက ချိတ်ဆက်တယ်။ အဲလိုနည်းနဲ့ ပိုက်ဆံရှာနေတဲ့လူတွေကလဲ စာအသင့်အတင့်တတ်တယ်။ ဒါပေမဲ့ သူတို့ရဲ့တကယ့်တကယ်စီးပွားရေးဟာ ထုတ်ကုန်မဟုတ်ဘဲ၊ “ အကြံပေး ထုတ်ကုန် ”ပဲ၊ တစ်နည်း လူတွေရဲ့စိုးရိမ်စိတ်ဟာ သူတို့ရဲ့ ဝယ်လိုအား၊ တစ်နည်းအားဖြင့် လူတွေရဲ့မျှော်လင့်ချက်မဲ့မှုဟာ ရောင်းကုန်ပဲ။
လူငယ်တွေ လမ်းပျောက်နေတာကိုပဲ သူတို့ မြင်ကြတယ်။ တကယ်တမ်း လမ်းဖျောက်ခံထားရတာကို သူတို့မမြင်ကြ မသိကြတာ များတယ်။ ဒီလောက်ဆို လိပ်ပတ်လည်ပြီလို့ ယူဆပါတယ်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ။
လေးစားစွာဖြင့် crd ပေးပါသည်။
ဘုန်းမောင်ဦး
မတ် ၁၉၊ ၂၀၂၆။
Ref:
1. Seligman, M. E. P. (1972). "Learned Helplessness".
2. Bandura, A. (1997). Self-Efficacy: The Exercise of Control. W.H. Freeman.
3. Ehrenreich, B. (2009). Bright-sided: How Positive Thinking Is Undermining America. Metropolitan Books.
4. Acemoglu, D., & Robinson, J. A. (2012). Why Nations Fail: The Origins of Power, Prosperity, and Poverty. Crown Business.
5. The Antidote: Happiness for People Who Can't Stand Positive Thinking
6. Stand Firm: Resisting the Self-Improvement Craze (Svend Brinkmann)
7. Sham: How the Self-Help Movement Made America Helpless (Steve Salerno)
23/01/2026
ရွာမြေဆိုတာ ဘာလဲ?
ရွာမြေနဲ့ပတ်သက်ပြီး အရေးပါတဲ့ အနှစ်သာရတွေကို သေချာစီစဉ်ပြီး ဖော်ပြထားတာမို့ အခုချက်ချင်း မဖတ်နိုင်သေးရင်တောင် Save ထားဖို့ အကြံပေးပါတယ်ဗျ။ နောက်မှ အဆင်ပြေတဲ့အချိန် ပြန်ဖတ်ကြည့်လို့ ရပါတယ်။
ရွာမြေသည် မြန်မာနိုင်ငံ၏ မြေယာစီမံခန့်ခွဲမှုဥပဒေများအရ ကျေးရွာအတွင်း အိမ်ဆောက်လုပ်နေထိုင်ရန် သတ်မှတ်ထားသော မြေအမျိုးအစား တစ်ခုဖြစ်သည်။
ရွာမြေသည် လူနေထိုင်ရန် ရည်ရွယ်ထားသော မြေကွက်များဖြစ်ပြီး၊ အောက်ပါလက္ခဏာများဖြင့် သတ်မှတ်သည်-
👉 ကျေးရွာ သို့မဟုတ် ရပ်ကွက်အတွင်း လူနေထူထပ်သော နေရာများတွင် တည်ရှိသည်။
👉 အိမ်ဆောက်လုပ်ခြင်း၊ အိုးအိမ်နေထိုင်ခြင်း၊ သို့မဟုတ် အိမ်တွင်းစီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုသည်။
👉 မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးသော ပုံစံ ၁၀၅/၁၀၆ တွင် “ရွာမြေ” အမျိုးအစားအဖြစ် မှတ်တမ်းတင်ထားသည်။
ရွာမြေသည် လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ သို့မဟုတ် ဂရန်မြေ တို့နှင့် ကွဲပြားပြီး၊ လူနေထိုင်ရန်သာ သီးသန့်သတ်မှတ်ထားသည်။
မြန်မာနိုင်ငံ၏ မြေယာနှင့် အဆောက်အဦဥပဒေ (၂၀၁၂) နှင့် မြေစီမံခန့်ခွဲမှုဥပဒေ အရ ရွာမြေသည် ကျေးရွာအုပ်ချုပ်ရေးနယ်နမိတ်အတွင်း လူနေအိုးအိမ်များအတွက် သတ်မှတ်ထားသော မြေအမျိုးအစားဖြစ်သည်။
ရွာမြေကို ဘယ်လိုသတ်မှတ်တာလဲဆိုရင်…
ရွာမြေသတ်မှတ်ရာတွင် အောက်ပါအဆင့်များနှင့် လုပ်ငန်းစဉ်များ ပါဝင်သည်-
👉 မြေကွက်တစ်ခု၏ တည်နေရာ၊ အသုံးပြုပုံ၊ နှင့် ပတ်ဝန်းကျင်အခြေအနေများကို မြေစာရင်းဦးစီးဌာနမှ စစ်ဆေးသည်။
👉 မြေကွက်သည် ကျေးရွာအတွင်း လူနေထိုင်ရန် သင့်လျော်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထောက်ခံချက်ပေးရန်လိုအပ်သည်။
👉 မြေကွက်သည် ရွာမြေအဖြစ် အသုံးပြုရန် သင့်လျော်ကြောင်း မြေစာရင်းဦးစီးဌာနမှ အတည်ပြုပြီး ပုံစံ ၁၀၅/၁၀၆ တွင် “ရွာမြေ” အဖြစ် မှတ်တမ်းတင်သည်။
👉 ကျေးရွာနယ်နမိတ်အတွင်း မြေအမျ11ှိုးအစားသတ်မှတ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးရုံး သို့မဟုတ် မြေစီမံခန့်ခွဲမှုကော်မတီမှ တရားဝင်ခွင့်ပြုချက်လိုအပ်သည်။
ရွာမြေသတ်မှတ်ရာတွင် မြေယာစီမံခန့်ခွဲမှုဥပဒေ (၂၀၁၂) နှင့် မြေယာသိမ်းဆည်းခြင်းနှင့် ပြန်လည်နေရာချထားရေးဥပဒေ (၂၀၁၉) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရသည်။
ယာမြေပေါ်မှာ အိမ်ဆောက်နေထိုင်တဲ့နေရာတွေကို ရွာမြေအဖြစ် သတ်မှတ်နိုင်လားဆိုပြီးတော့ အငြင်းအခုံကိစ္စကိုလည်း တခါတည်းဖြေပေးလိုက်ပါတယ်ဗျ။
ယာမြေများပေါ်တွင် အိမ်ဆောက်လုပ်၊ တဲထိုးနေထိုင်ကြသည့် နေရာများကို ရွာမြေအဖြစ် ပြောင်းလဲသတ်မှတ်ရန် ဖြစ်နိုင်သော်လည်း၊ ၎င်းသည် ရိုးရှင်းသော လုပ်ငန်းစဉ်မဟုတ်ပါ။
ယာမြေသည် လယ်ယာစိုက်ပျိုးရေးအတွက် သတ်မှတ်ထားသော မြေအမျိုးအစား ဖြစ်ပြီး၊ ၎င်းကို ရွာမြေအဖြစ် ပြောင်းလဲရန် အောက်ပါအဆင့်များနှင့် သတ်မှတ်ချက်များ လိုအပ်သည်-
👉 ယာမြေကို ရွာမြေအဖြစ် ပြောင်းလဲရန် မြို့နယ်မြေစာရင်းဦးစီးဌာန သို့မဟုတ် မြို့နယ်မြေယာစီမံခန့်ခွဲမှုကော်မတီ ထံတွင် တရားဝင်လျှောက်ထားရသည်။
လျှောက်လွှာတွင် မြေကွက်ပိုင်ဆိုင်မှု အထောက်အထား (ပုံစံ ၁၀၅/၁၀၆)၊ အိမ်ဆောက်လုပ်နေထိုင်မှု သက်သေ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် ပတ်ဝန်းကျင်ထောက်ခံချက်များ ပါဝင်ရသည်။
👉 မြေစာရင်းဦးစီးဌာနမှ မြေကွက်ပေါ်တွင် အိမ်ဆောက်လုပ်နေထိုင်မှု၊ လူနေထူထပ်မှု၊ နှင့် ကျေးရွာနယ်နမိတ်အတွင်း တည်ရှိမှုကို စစ်ဆေးသည်။
ယာမြေသည် လယ်ယာစိုက်ပျိုးရေးအတွက် မလိုအပ်တော့ဘဲ၊ လူနေအိုးအိမ်အဖြစ် အသုံးပြုနေကြောင်း သက်သေပြရမည်။
👉 မြို့နယ်မြေယာစီမံခန့်ခွဲမှုကော်မတီ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်မြေယာစီမံခန့်ခွဲမှုကော်မတီ မှ ယာမြေကို ရွာမြေအဖြစ် ပြောင်းလဲရန် တရားဝင်ခွင့်ပြုချက်ပေးရသည်။ အချို့ကိစ္စများတွင် ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီ ၏ ခွင့်ပြုချက်လည်း လိုအပ်နိုင်သည်။
👉 ခွင့်ပြုချက်ရရှိပြီးနောက် မြေစာရင်းဦးစီးဌာနတွင် မြေကွက်ကို “ရွာမြေ” အဖြစ် ပြောင်းလဲမှတ်တမ်းတင်ပြီး ပုံစံ ၁၀၅/၁၀၆ ကို အဆင့်မြှင့်တင်သည်။
ဘယ်အဆင့်မှာ ရွာမြေသတ်မှတ်ပေးနိုင်လဲဆိုရင်တော့…
မြို့နယ်အဆင့်👉 မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်မြေယာစီမံခန့်ခွဲမှုကော်မတီသည် ယာမြေကို ရွာမြေအဖြစ် ပြောင်းလဲရန် လျှောက်ထားမှုများကို စတင်လက်ခံစစ်ဆေးသည်။ သာမန်ကိစ္စများတွင် မြို့နယ်အဆင့်တွင်ပင် ခွင့်ပြုချက်ပေးနိုင်သည်။
တိုင်းဒေသကြီး/ပြည်နယ်အဆင့်👉 မြေကွက်သည် ကျယ်ပြန့်သော ဧရိယာနှင့် သက်ဆိုင်သည်ဖြစ်စေ၊ အထူးကိစ္စများဖြစ်စေ၊ တိုင်းဒေသကြီး/ပြည်နယ်မြေယာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်လိုအပ်နိုင်သည်။
ဗဟိုအဆင့်👉 အထူးကိစ္စများတွင် (ဥပမာ- မြေဧရိယာကြီးမားမှု သို့မဟုတ် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များလိုအပ်သည့်အခါ) ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီ ၏ ခွင့်ပြုချက်လိုအပ်သည်။
👉 ယာမြေကို ရွာမြေအဖြစ် ပြောင်းလဲသတ်မှတ်ရာတွင် အောက်ပါအခက်အခဲများ ရှိနိုင်သည်-
ဥပဒေကန့်သတ်ချက်
လယ်ယာမြေယာဥပဒေ (၂၀၁၂) အရ လယ်ယာမြေများကို စိုက်ပျိုးရေးမှလွဲ၍ အခြားရည်ရွယ်ချက်များအတွက် အသုံးပြုရန် ကန့်သတ်ထားသည်။
ထို့ကြောင့် ယာမြေကို ရွာမြေအဖြစ်ပြောင်းရန် တင်းကျပ်သော စစ်ဆေးမှုများ ရှိသည်။
အုပ်ချုပ်ရေးနှောင့်နှေးမှု
မြေအမျိုးအစားပြောင်းလဲရန် လျှောက်ထားမှုများသည် အဆင့်ဆင့်ခွင့်ပြုချက်များ လိုအပ်သောကြောင့် အချိန်ကြာရှည်ကြာမြင့်နိုင်သည်။
ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ: ယာမြေသည် ကျေးရွာနယ်နမိတ်အပြင်ဘက်တွင် တည်ရှိပါက ရွာမြေအဖြစ် သတ်မှတ်ရန် ခက်ခဲနိုင်သည်။
ရွာမြေအဖြစ် ရောင်းဝယ်နေမှုနှင့် သတိပြုရန်အချက်များ-
လက်ရှိတွင် အချို့သော အိမ်ခြံမြေအကျိုးဆောင်များသည် ယာမြေများကို “ရွာမြေ” အဖြစ် ရောင်းချနေကြသည်ကို တွေ့ရသည်။
သို့သော် ယာမြေသည် တရားဝင် ရွာမြေအဖြစ် မှတ်တမ်းတင်မထားပါက၊ ၎င်းကို ရွာမြေအဖြစ် ရောင်းချခြင်းသည် ဥပဒေပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
👉 မြေဝယ်ယူမီ စစ်ဆေးပါ။
မြေကွက်တစ်ခုဝယ်ယူမီ ပုံစံ ၁၀၅ နှင့် ၁၀၆ မှတ်တမ်းများကို မြို့နယ်မြေစာရင်းဦးစီးဌာနတွင် တိုက်ဆိုင်စစ်ဆေးပါ။
၎င်းတို့တွင် မြေကွက်သည် တရားဝင် “ရွာမြေ” အဖြစ် မှတ်တမ်းတင်ထားကြောင်း အတည်ပြုရန် အရေးကြီးသည်။
ဤစစ်ဆေးမှုသည် ပိုင်ဆိုင်မှုအငြင်းပွားမှုများနှင့် ဥပဒေဆိုင်ရာ ပြဿနာများကို ကြိုတင်ကာကွယ်ပေးနိုင်သည်။
မြေကွက်တစ်ခုဝယ်ယူမီ ပုံစံ ၁၀၅ နှင့် ၁၀၆ မှတ်တမ်းများကို မြေစာရင်းဦးစီးဌာနတွင် တိုက်ဆိုင်စစ်ဆေးပြီး “ရွာမြေ” အဖြစ် မှတ်တမ်းတင်ထားကြောင်း အတည်ပြုပါ။
အကျိုးဆောင်နှင့်တိုင်ပင်ပါ👉 ကျွမ်းကျင်သော အိမ်ခြံမြေအကျိုးဆောင်များနှင့် တိုင်ပင်ခြင်းသည် ရွာမြေဝယ်ယူရာတွင် စာရွက်စာတမ်းများ၏ မမှန်ကန်မှုများကို ရှောင်ရှားနိုင်သည်။ အကျိုးဆောင်များသည် မြေကွက်၏ ဥပဒေဆိုင်ရာ အခြေအနေကို စစ်ဆေးပြီး၊ လွှဲပြောင်းမှုလုပ်ငန်းစဉ်များကို ချောမွေ့စေရန် ကူညီပေးနိုင်သည်။ ထို့အပြင်၊ ယာမြေကို ရွာမြေအဖြစ် ပြောင်းလဲသတ်မှတ်ရန် လိုအပ်ပါက သက်ဆိုင်ရာ မြေစာရင်းဌာနများနှင့် ဆက်သွယ်ညှိနှိုင်းရာတွင်လည်း အကူအညီပေးနိုင်သည်။
Crd:....🙏🙏🙏
လေးစားစွာဖြင့် - နေမင်းထွန်း
👉 သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေ ဗဟုသုတနဲ့ ဝန်းရံထားပါ 👈
29/12/2025
ကင်ဆာဖြစ်တယ်ဆိုခဲ့ရင် အကောင်းကြီးကနေ ရုတ်တရက်ကြီး ထဖြစ်တာမဟုတ်ဘူးလေ
ကိုယ့်ရဲ့နေ့စဉ်ဘဝက နေထိုင်စားသောက်မှု ရယ် စိတ်ပိုင်းဆိုင်ရာပြသနာတွေကြောင့် ဖြစ်တာ
လွန်ခဲ့တဲ့ ဆယ်နှစ်က အနှစ် 20က ကင်ဆာဆဲလ်တွေ အားမကောင်းခင် ကိုယ်ခံအားပိုးတွေ အားကောင်းတုန်းက ဂရုမစိုက်ခဲ့တာတွေကြောင့်ပဲ
မျိုးရိုးလိုက်လို့ ဖြစ်တယ် ယတိပြတ် ပြောလို့မရဘူး မျိုးရိုးလိုက်ဖြစ်အောင် ပံ့ပိုးတဲ့နေ့စဉ်ဘဝကြောင့်လို့ ပြောလို့ရတယ်
ကင်ဆာဆဲလ်က ကိုယ်ခံအားပိုးထက် အဆ 200 အားနည်းတယ် သူကအရမ်းပျင်းတယ် ဉာဏ်ရည်လည်းနိမ့်တယ် ဒါကြိုက်ရင်ဒါပဲစားတယ် သူမကြိုက်တာ မစားတတ်ဘူး မစားတတ်တော့ သူ့အစားစာကို ဖြတ်ရင် သူခံနိုင်ရည်မရှိပဲ လွယ်လွယ်သေတာ
သူအားကြီးလာအောင် တစ်ရက်နှစ်ရက်တည်းပဲ လုပ်ယူလို့မရဘူးဆိုတာ ကို လူတိုင်း သိထားရမှာပါ။
အိပ်ချိန် မအိပ်တာ မစားသင့်တဲ့ ညဘက် အစားတွေစားတာ လေ့ကျင့်ခန်းမလုပ်တာ နေရောင်ခြည်မထိ အသက်ရှုလေ့ကျင့်ခန်းမလုပ်တာ သကြားတွေ ပြုပြင်ဖန်တီးထားတဲ့ ရယ်ဒီမိတ်စာတွေ အလွယ်တကူစားတာ အယ်ဂိုဟောတွေ မှီဝဲတာ ဒေါသထွက်လွယ် တာ အူမကြီးထဲ ပိုးကောင်းတွေ သေအောင် ပြုမူနေထိုင်တာ ဦးနှောက်အနားမပေးတဲ့ Screen time များလွန်းတာ အားလုံးက ကင်ဆာဆဲလ်အားကြီးအောင် ပံ့ပိုးကြတာပါပဲ။
ကိုယ်ခံအားပိုးက
ဘယ်လိုအခြေနေဖြစ်ဖြစ် ခန္ဓာကိုယ်ကိုအကောင်းဆုံးစောင့်ရှောက်တယ်။ လိုအပ်တဲ့ အစာတွေကို နည်းမျိုးစုံကြိုးစားယူတယ်။ အပြောင်းလဲကြားထဲမှာ ကောင်းကောင်းနေတတ် စားတတ်တဲ့ ကိုယ်ခံအားပိုးကျအောင် ဘယ်လိုနေထိုင်စားသောက်လဲမေးရင် ကိုယ့်ဆီပဲ ပြန်ရောက်တယ်လေ။ ကိုယ် ကိုယ် ကိုယ် ပြန်ဆန်းစစ်ကြည့်ရမယ်။
ကင်ဆာဆဲလ်က အရမ်းအပျင်းကြီး တယူသန်တဲ့ပိုး သူ ပွားအောင် ပြန့်အောင် ကင်ဆာရဲ့အစာတွေ စားပေးနေရင် သူက ပိုအားကြီးလာတယ်လေ။
ဦးနှောက်ကနေ အပေါစား Dopamine တွေရနေဖို့က
ကို မူးယစ်ဆေးဝါးစွဲသလို သကြားတွေ စွဲလန်းတာ အချိုရည် ကိတ် ရယ်ဒီမိတ်စာ တာရှည်ခံဆေးပါတဲ့ bakery 🥯🧁 snack
တွေ အမြဲတမ်းတတယ် မစားပေးရင် မနေနိုင်ဘူး ဒါတွေက ကင်ဆာဆဲလ်ပျံ့နှံ့စေတဲ့ အစားတွေ စားပေးလေ ကင်ဆာဆဲလ်အားကြီးလေပါပဲ
ကင်ဆာဆဲလ်က ဘာတွေမကြိုက်တာလဲ
သူကစိတ်ချမ်းသာတာမကြိုက်ဘူး
အသက်ရှူလေ့ကျင့်ခန်းလုပ်တာ မကြိုက်ဘူး
နေရောင်ခြည်ကို မကြိုက်ဘူး
ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ မကြိုက်ဘူး
သဘာဝအစားစားတွေမကြိုက်ဘူး
တရားထိုင်ပြီး တည်ငြိမ်တဲ့ စိတ်ခွန်အားကိုမကြိုက်ဘူး
ဆိုရင် သင်ဘာလုပ်ရမှာလဲ သိလောက်ပြီနော်
သူကို အားပေးအားမြောက်ပြုနေတဲ့နေ့စဉ်ဘဝကို ရပ်ပါ။
ကိုယ်ခံအား မြင်တင်ပေးပါ။
ကံ စိတ် ဥတု အဟာရ ကောင်းမွန်မျှတအောင် စီမံခန့်ခွဲပါ။
အင်မတန်မှ အရေးကြီးလို့။
ခန္ဓာကိုယ်ကိုဂရုစိုက်ပေးရင် ကိုယ်ခံအားမြင့်လာပါမယ်။
ကိုယ်ခံအားမြင့်ရင် ကင်ဆာဆဲလ် ပွားတာ ပြန့်တာ မရှ်ိတော့ဘူး။
ကြွက်သားကို တည်ဆောက်ထားပါ ကင်ဆာဖြစ်တဲ့သူ ထဲ ကြွက်သားသန်မာတဲ့သူတွေက အမြန်ပြန်ကောင်းကြတာ သိရတယ်။
Toxic ဖြစ်စေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ကျောခိုင်းပြီး စိတ်ချမ်းသာတဲ့ ဘဝ ပျော်ရွင်မှုကို ကိုယ်တိုင်လုပ်ယူလို့ရတဲ့နေ့စဉ်ဘဝရဖို့ အရေးကြီးပါတယ်။
ကျန်တာက
ခွဲ စိတ်မလား ဓါတ်ကင်မလား ခီမို ပေးမလား ဘာလုပ်မလဲ စေတနာဖြူစင်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပေါ့ ကိုယ်တိုင်က ကင်ဆာရဲ့ အစာကို ဖြတ် သူမနေနိုင်အောင် ကြံ့ခိုင်တဲ့စိတ်နဲ့ မောင်းထုတ် ခွင့် ကိုယ့်မှာရှိတယ်။
ကိုယ်ခံအားမြင့်မယ် စိတ်ကျန်းမာအောင်နေမယ် ဒီကြားထဲက ကင်ဆာမသက်သာဘူး သက်သာပြီး ထပ်ဖြစ်တယ်ဆိုရင်လည်း ဝမ်းနည်းစရာ မကျန်တော့ပါဘူး။ ကိုယ်ကအကောင်းဆုံးကြိုးစားခဲ့တာကြောင့် နောင်တရစရာ မရှိတော့တာပါ။
ကိုယ်သာ စိတ်အားပျော့ရင် သူက ကိုယ့်ကို အသေဆော်မှာပဲ ညှာမှာမဟုတ်တာကြောင့် သူဘာမှ မတတ်နိုင်တဲ့ လမ်းကိုပဲလျောက်ကြဖို့ သူမကြိုက်တာတွေကို စားပေးဖို့ ခွန်အားပေးချင်ပါတယ်။
to ....
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Mandalay