Issac Gaming
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Issac Gaming, Health & Wellness Website, Mandalay.
30/10/2023
သူနာပြု …
------
သူနာပြုဟု ခေါ်သည်…။
ဆရာမလေးလို့လဲ ခေါ်ကြ၏ …။
ယောက်ျား သူနာပြုများလည်း ရှိသည်ဟု ဆိုကြ၏ …သို့သော် မိန်းကလေး သူနာပြုများသာ အများဆုံး ၉၉%သာမြင်ဖူးပါသည် …။
သူနာပြုလေးများ အလှပြင်ကြသည်…။
ပြင်ပေမည်…အဘယ်ကြောင့်ဆိုသော် မိန်းကလေးဖြစ်၍ မသဘာဝကြောင့် …မပညတ်ပြဋ္ဌာန်းမှုကြောင့် ပြင်ပေလိမ့်မည်…။ဤသည်ကို အပြစ်ပြော၍ မရပါ…။မသဘာဝပင် ဖြစ်သောကြောင့်သာ ဖြစ်၏…။
သူနာပြုဆိုသည်မှာ နာမကျန်းသူများအား ပြုစုစောင့်ရှောက်ခြင်း အတတ်ကို တတ်ကျွမ်းသူများကို ဆိုလိုခြင်းဖြစ်၏…။
ထို့ကြောင့်…သူတို့တွင် အတတ်ပညာဟူသော ဂုဏ်ရှိပါသည်…။
အတတ်ပညာဟူသည် အသိပညာအခြေခံမှသာ ပေါက်ဖွား၍ ရသည်…။ထို့ကြောင့် …သူတို့တွင် အသိပညာပါရှိ၏…။ဆေးပညာနှင့် လူနာပြုစုစောင့်ရှောက်ခြင်း အသိပညာ အတတ်ပညာတို့ သူတို့ထံတွင်ရှိပါသည်…။ဤသို့သော သတ်မှတ် ပြဋ္ဌာန်းချက် …အရည်အချင်းစစ်ဆေးခြင်းအောင်မြင်၍ သူနာပြုဟူသော အသက်မွေးဝမ်းကျောင်း လက်မှတ်ကို ရရှိခြင်းသာဖြစ်သည်…။
မိန်းမဖြစ်လို့…လှလို့…နွဲ့လို့ …နုလို့ …သူနာပြုဖြစ်ခြင်းမဟုတ်ပါ…။ပညာကြောင့်သာ သူနာပြုဖြစ်ခြင်း ဖြစ်ပေ၏…။
လိင်ပိုင်းဆိုင်ရာ …အလှအက္ခရာများကြောင့်မဟုတ်…။ပညာတည်းဟူသော တည့်တည့်ကြီးဖြောင့်တန်းနေသောအရာကြောင့် သူနာပြုဖြစ်ရခြင်းဖြစ်လေတော့၏…။
သူနာပြုဟူသည် ပညာရှင်ဖြစ်သောကြောင့် မပင်ပန်း မဆင်းရဲဘူးဟု သင်မြင်ပါသလား…။သင့်အမြင် မှားယွင်းသွားလိမ့်မည်…။
ယနေ့ခေတ်…ကျမတို့ နိုင်ငံတော်ဝယ်…
စရိတ်မျှပေး ကျန်းမာရေးဆေးရုံများ၌ အမှုထမ်းနေသော သူနာပြုလေးများ သင်သွားကြည့်ပါ…။
လူနာ၅၀လောက်ရှိသော လူနာအဆောင်တစ်ခုမှာ သူနာပြု နှစ်ယောက်ခန့်သာ ရှိပါသည်…။ထို့ကြောင့် ၂၅ချိုး ၁ချိုးသာ သူနာပြု စွမ်းရည်ကို သင်ခံစားရမည်ဖြစ်သည်…။ဆရာဝန်များလည်းရှိမည်…။ဆရာဝန်နှင့် သူနာပြုများ တာဝန်ခွဲပုံရသည်…။
ဆရာဝန်များက ရောဂါရှာဖွေကြည့်ရှု့ချိန်ရှိမည်…။ပြီးလျှင် ညွှန်ကြားမည်…။မည်သည့်ဆေးသွင်း…မည်သည့်ဆေးတိုက် စသဖြင့်တို့ကို ရှာဖွေလုပ်ဆောင်ညွှန်ကြားသည်…။ဤသည်တို့ကို သူနာပြုများက ဆောင်ရွက်ပေးရသည်…။
တာဝန်ချိန်က…၂၄နာရီ ဖြစ်ချင်လည်းဖြစ်တတ်သည်…။အသေးအဖွဲ ပင်ပန်းဆင်းရဲမှုလေးတွေ များစွာရှိသည်…။
သွေးသွင်းထားတဲ့ လူနာ…သွေးစက်မကျလို့…သွေးကြောပြန်ရှာရတာ…ဆေးသွင်းလဲ ထို့အတူပါပဲ…။
တစ်ဗူးကုန်သွားလို့ နောက်တစ်ဗူး လဲဖို့…။ဤသို့ ကိစ္စမျိုးတွေပင် လူနာရှင်က တကျော်ကျော် ခေါ်နေတတ်သည်…။လူနာက တစ်ယောက်တည်းလဲ မဟုတ်ပါ…။သွေးကြောရှာခက်တဲ့ လူနာနဲ့တွေ့ရင် ချွေးပင်ပျံရောပဲ…။
ဒီလူနာကို လုပ်ပေးနေတုန်း နောက်လူနာ၂ယောက် ၃ယောက်ကလဲ အလားတူအဖြစ်မျိုးနဲ့ ခေါ်နေတာရှိသည်…။သူနာပြုခဗျာ ထိုင်ဖို့လုပ်ရင်း ခေါ်လို့ထရ…ပြန်ထိုင်မလို့ လုပ်ရင်း…ထရနဲ့ …မထိုင်လိုက်ရတာလဲရှိသည်…။တစ်ခါတစ်ခါ အငြိမ်မနေတဲ့ လူနာ…ပြောစကားနားမထောင်တဲ့ လူနာနဲ့တွေ့ရင် ပိုပင်ပန်းသည်…။လူ့ကျန်းမာရေး…အသက်နှင့် ပတ်သက်ဆက်နွယ် လုပ်ကိုင်နေရတဲ့ အတွက် ပိုဖိအားများသည်…။ထို့ကြောင့် စကားနားမထောင်ပါက…တစ်ခါတစ်ခါ လေသံမာ …အော်ငေါက်မိတတ်သည်…။
ဆေးလိပ်ခိုးသောက်သည့် လူနာမျိုးပင် ရှိသေးသည်..
ဒုံးဝေးတဲ့ လူနာရှင်တွေပါရင် ပိုဆိုးသည်…။ဆေးတိုက်ရသည်ကအစ သူနာပြု တာဝန်လို ပိလာသည်…။အချိန်ကိုက်ဆေးသွင်း…သွေးသွင်းရတဲ့ လူနာ…။စာရင်းဇယားတွေနဲ့မှတ်ထားရသည်…။စိတ်ပင်မလွတ်လပ်တော့…ထိုအချိန်ကိုက်အတွက် သတိထားနေရသည်…။အသက်အန္တရာယ်အရေးကြီးတဲ့ လူနာ…ထိုလူနာမျိုးကို ပိုအခွင့်အရေးပေးကြည့်ရှု့တော့လဲ…ကျန်တဲ့ လူနာရှင်က မျက်စောင်းထိုးတဲ့ ဒုက္ခကမသေးပေ…။
တချို့က တိုင်ကြသေးသည်…။သူနာပြုတွေ ငိုက်နေတယ်ဟု…သူနာပြုတွေ ငိုက်မှာပေါ့…။ငိုက်ခွင့်ပဲရှိသည်…။အိပ်ခွင့်မှမရှိတာ…။ဒါကို နားလည်သင့်သည်…။လူနာတွေ ငြိမ်ချိန် …အိပ်ချိန်ကြမှ သူတို့လဲ ငိုက်ရသည်…။အိပ်ရသည် မဟုတ်…။မှေးရခြင်းသာဖြစ်သည်…။
ဒုန်း…ဒုန်းဆို ပြေးရတာပါပဲ…။
အရေးပေါ်လူနာဆောင်လိုမျိုးနေရာတွင်
သူနာပြုတစ်ယောက်ကို တစ်နေကုန်ထိုင်ကြည့်မည်ဆိုပါက…
တော်တော် လမ်းလျှောက်တဲ့ မိန်းမလို့ ချီးကျူးမိမည်ဖြစ်သည်…။အခေါက်ခေါက်အခါခါ ပတ်လျှောက်…။အဆောင်ကူး…အခန်းကူး…။ဆေးမှတ်တမ်းတွေ ဟိုပို့ဒီပို့…။ဆရာဝန်ရေးသွားတဲ့ မှတ်တမ်းတွေလိုက်ကြည့်…။လူနာဆိုတာ ထမင်းစားချိန်မနာနဲ့ ပြောထား၍ ရသည့်အမျိုးမဟုတ်ပါ…။ထမင်းချိုင့်ဖွင့်တုန်း…နှစ်ဇွန်းလောက်ပဲ ဝင်သေး…လာပါဦးဆို ပြေးရပြန်သည်…။
အဲဒီ့တစ်ချက်ရှိသေးသည်…။
သူနာပြုဆိုသည်မှာ အတော်ပင် နှလုံးကောင်း …သတ္တိရှိမှ လုပ်နိုင်မည့် အလုပ်သာဖြစ်သည်…။ကျနော်ပင် ဆေးရုံ၌ ထမင်းမစားတတ်ပါ…။ဆေးနံ့တွေ လူနာနံ့တွေနှင့် မအီမသာနိူင်လွန်းလှသည်…။သူနာပြုနေရာက စဉ်းစားကြည့်လျင် အတော်ပင် ဒုက္ခများသည်…။
သွေးပြည်…တစ်ခါတစ်လေ ဖင်ပေါက်မကျန်…အညစ်အကြေး မရှောင်ရ …အနာမရှောင်ရ …လက်အိတ်နှင့်ဆိုစေဦး တော်ရုံ နှလုံးမကောင်းလို့ကတော့ ရင်ထဲတော့ ပျို့မည်ဖြစ်သည်…။ဆေးထိုးအပ်တွေ ဆေးပစ္စည်းအသုံးအဆောင်တွေလဲ ကိုယ့်ကိုယ်မထိခိုက်မိဖို့ ဂရုစိုက်ရသေးသည်…။
တစ်ခါတစ်ခါ နှာဘူး အန္တရာယ်ကရှိသေးသည်…။သူနာပြုတို့၏ ရင်တွင်း၌တော့ ဘာသာ လူမျိုး ယောက်ကျား မိန်းမဟူသည် စိတ်မျိုးမထားရှိပါ…။လူနာဟူသော တပြေးညီထဲသော အမြင်သာရှိပါသည်…။ဤသို့လဲ ဥပေက္ခာ တရားလဲ ထားရသေး၏…။ရှက်နေကြောက်နေဖို့ဆိုတာသူနာပြုတာဝန်ချိန်၌ အဝေးမှာသာ ထားရသည်…။အပြင်ရောက်မှ ကိုယ့်ရည်းစားနဲ့တွေ့မှသာ ရှက်ချင်ရှက်ပြမည် ကြောက်ချင်ကြောက်မည် နွဲ့ချင်နွဲ့မည်…။
ပြီးတော့ …လူနာကို ပြုစုစောင့်ရှောက်တာခြင်း အတူတူ ဆရာဝန်တို့လောက် လေးစားခြင်းမခံရချေ…။တချို့ဆို သူနာပြုတွေအပေါ် အတော်နှိမ့်ကျသော အမြင်ပင်ရှိချေသည်…။တကယ်တော့ သူနာပြု အလုပ်သည် …အတော်ပင် သနားဖို့ကောင်းပါသည်…။အချိန်တန်တော့လဲ…ကိုယ်ပိုင်ဆေးခန်းဖွင့်လို့ရသည်လည်း မဟုတ်ပါ…။
မိန်းကလေးများ တန်မဲ့နဲ့
အရှက် အကြောက် …ရောဂါ ကူးစက်မှု ခြောက်လန့်ခြင်း အန္တရာယ် …သွေး…ပြည်…ရွံရှာ စက်ရှုပ်ဖွယ် အလီလီတို့ကို ဘေးချ ကျော်လွှား၍ …
နှလုံးသားကြံကြံ…သတ္တိမာမာ …စိတ်ဓါတ်ခိုင်ခိုင် လုပ်ကိုင်နေကြသူများသာဖြစ်သည်…။
သူနာပြုသည် လူနာများကို ပြုစုစောင့်ရှောက်သူများဟုသာ အဓိပ္ပါယ်ဖွင့်သော်လည်း…တကယ်တော့ သူအနာခံပြီး သူများကို ပြုစုစောင့်ရှောက်နေသော နှလုံးလှ ဆရာလေး ၊ဆရာမလေးများသာ ဖြစ်ပါတော့သည်...
Credit
01/06/2023
"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။
သင်ကြိုးစားနေတာလား
•••••••••••••••••••••
ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။.
ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။.
မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။.
ဒါသင်သွားမယ့် လမ်းကြောင်းက အမိူက်တွေပါ
အမိူက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။.
သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။.
လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။.
နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။.
သင် ကျရူံးနေလား
•••••••••••••••
ဒါဆို ရဲရင့်ပြလိုက်စမ်းပါ
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။.
လူဆိုတာ ကိုယ်ထက်သာ
မနာလိုကြတာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။.
ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။.
နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်းတိုင်းပြီးလည်း လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။.
ကျရူံးချိန်တွေ ပြီးရင်
မလွဲမသွေလာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။.
"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။
ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။.
အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။
သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။.
သင် အောင်မြင်နေပြီလား
•••••••••••••••••••••
ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။.
ပညာရှိတော်တော်များများကလည်း
ငြိမ်သက်နေတတ်ပါတယ်။.
စိန်နဲ့တူတဲ့ သဇင်ပန်းပေါ့ နေရာတိုင်းမှာ
မတွေ့ရတော့ပါဘူး။.
ပြည့်နေတဲ့ အိုးထဲက ဘောင်ဘင်
မခတ်တော့သလို တည်ငြိမ်သွားကြပါတယ်။.
သင့်ရဲ့ အောင်မြင်မှုကို အစစ်အမှန် ဂုဏ်ယူသူရှိမယ်။
အတုအယောင်တွေနဲ့ ကဲ့ရဲ့သူလည်းရှိမယ်။
ဒါတွေကို သင့်အနေနဲ့ ဂရုစိုက်စရာ မလိုပါဘူး။.
"လမင်း" ကို ခွေး ဟောင်တာ သဘာဝပါပဲ
အရာရာကို ဥပက္ခာပြုထားပါ။.
ဒီအချိန်မှာ အရေးကြီးဆုံးက
အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ပဲ.
မောက်မာပြီး အောက်ခြေမလွတ်ဖို့လည်း
သိပ်ကိုအရေးကြီးတယ်။
မောက်မာပြီး အောက်ခြေလွတ်သူတွေက
အထိနာတက်ကြပါတယ်။
ဘယ်အရာမှ မတည်မြဲပါဘူး။.
"လ" သာဖို့အတွက် နေ ဝင်ပေးရသလို
"နေ" သာဖို့အတွက် လ ပျောက်ကွယ်ပေးရတဲ့
အချိန်တွေလည်း ရှိတယ်ဆိုတာ မမေ့နဲ့။.
နွေး မိုး ဆောင်း ပြောင်းလဲနေသလို
အရာရာလည်း အမြဲပြောင်းလဲ နေဦးမှာပါ။.
ဒီကမ္ဘာမှာ ဘယ်တော့မှ မပြောင်းလဲတဲ့ အရာတစ်ခုပဲ
ရှိတယ် ဒါက "ပြောင်းလဲခြင်းတရားပါ"။
ခေတ်မကောင်းရင် ရူးချင်ယောင်သာ
ဆောင်နေလိုက်ပါ။.
ဒါကြောင့် ဘာမှမတည်မြဲတဲ့ လောကကြီးမှာ
ဟန်ဆောက်မှု အရောင်တွေနဲ့ မရှင်သန်ပါနဲ့။.
ဖြူစင်မှု စိတ်ထားကောင်းမွန်မှု
တည်ငြိမ်ရင်း ရှင်သန်ကြည့်ပါ။.
ရေဗွတ်ပမာ ပျောက်သွားမယ့် အရာတွေပေါ်မှာ
မောက်မာပြီး အောက်ခြေလွတ်တဲ့
စိတ်တွေနဲ့ မသာယာမိစေနဲ့။
တစ်ဘဝစာလုံး အထိနာသွားတတ်တယ်။.
ဒါကြောင့် သင့်ရဲ့ အောင်မြင်မှုကို
တန်ဖိုးရှိရှိ ထိန်းသိမ်းတတ်ပါစေ။.
ဒီကမ္ဘာကြီး လည်နေတယ်ဆိုတာ
သင်ဘယ်တော့မှ မမေ့ပါနဲ့။.
Credit : Copy
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay