TechTrek Academy
Can Share Knowledge and Technology
27/02/2025
နွေရာသီ ကျောင်းပိတ်ရက်တွေမှာ
သားသား မီးမီးတို့အတွက်
ကွန်ပျူတာမလိုပဲ Coding ဉာဏ်စွမ်းတွေ ဖွံ့ဖြိုးစေမည့်
အခွင့်ရေးလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
အဲ့တာကတော့ ကလေးတိုင်းလေ့လာသင့်တဲ့
**Unplugged Scratch Coding (short course)**
ပဲဖြစ်ပါတယ်
Unplugged class ဖြစ်တာမို့ **ကွန်ပျူတာမသုံးပဲ** ပျော်ပျော်ရွှင်ရွှင် Coding လေ့လာရမဲ့ သင်တန်းလေးပါ!
သင်တန်းအကျိုးကျေးဇူးများ
⚡️ဉာဏ်ရည်ဖွံ့ဖြိုးမှု : Algorithm, Sequencing, Loop စတဲ့ Coding Logic တွေကို ကစားရင်း နားလည်လာမယ်။
⚡️ဖန်တီးမှုစွမ်းရည် : ကိုယ်ပိုင် ဇာတ်လမ်း၊ ဂိမ်း၊ စိတ်ကူးတွေကို Coding နဲ့ ဖန်တီးကြမယ်။
⚡️အသင်းအဖွဲ့လုပ်တတ်မှု: သူငယ်ချင်းတွေနဲ့အတူ ပူးပေါင်းပြီး စိန်ခေါ်မှုတွေ ဖြေရှင်းကြမယ်။
ရက်စွဲ : 10 Mar 2025
အချိန် : ပြန်လည်ကြေညာပါမည်
နေရာ :Online Class
သင်တန်းကာလ: 5hrs
---
🎯 သင်တန်းတက်ရောက်သင့်သူများ**
- အသက် ၈ နှစ်မှ ၁၂ နှစ် ကလေးများ
- ကစားရင်းသင်ယူချင်သူ၊ ဉာဏ်စမ်းပဟေဠိ ဝါသနာပါသူများ
---
**💸 သင်တန်းကြေး**
**အခမဲ့!**
---
**📝 စာရင်းသွင်းရန်**
https://forms.gle/Lk8PKGJgfPt3iMok6
ကျောင်းသားဦးရေ အယောက်၂၀ ထိသာ လက်ခံပါမည်။
RGB နဲ့ CYMK
ကျွန်တော်တို့ အမြဲလိုလိုအမေးခံရတဲ့မေးခွန်းတစ်ခုရှိပါတယ်
Monitor Screen မှာပေါ်တဲ့အရောင်နဲ့ Print ထုတ်လိုက်ရင် ထွက်လာတဲ့အရောင် မတူတဲ့ကိစ္စပါ။
ကျွန်တော်တို့ Design ဆွဲတဲ့အခါမှာ အသုံးပြုလို့ရတဲ့ Color Mode နှစ်ခုရှိပါတယ် RGB နဲ့ CMYK ပါ။
အဲ့ဒီ Mode နှစ်ခုကို အသုံးပြုတဲ့အခါမှာ ကွဲလွဲမှုတွေရှိတဲ့အတွက် အရောင်မတူတာတွေဖြစ်လာတာပါ။
ပထမဆုံး RGB အကြောင်းကိုစပြောရရင် RGB Mode ကို အဓိကအသုံးပြုတဲ့နေရာတွေက ကွန်ပြူတာ မော်နီတာတွေ ၊
ဖုန်း screen တွေ၊ TV တွေ မှာ RGB Mode နဲ့ပုံဖော်ပေးပါတယ် LCD မော်နီတာတွေ၊ TV တွေ၊ ဖုန်း Screen တွေမှာ Pixel လို့ခေါ်တဲ့ အစက်လေးတွေအများကြီးနဲ့ ဖွဲ့စည်းထားပါတယ် အဲ့ဒီ Pixel လေးတစ်ခုချင်းစီမှာ
Red, Green, Blue ဆိုပြီးအလင်းရောင်ထုတ်ပေးတဲ့မီးလုံးလေးတွေကနေပြီးတော့ အရောင်စပ်ပြီး သန်းပေါင်းများစွာရှိတဲ့
အရောင်ကွဲတွေထွက်လာတာဖြစ်ပါတယ်
ဒါကြောင့် Design ဆွဲတဲ့နေရာမှာ Website, Social Media (Facebook Cover Photo), Digital Content, Online Ebook
စတဲ့ Screen ပေါ်မှာကြည့်ဖို့ရည်ရွယ်တဲ့ Design တွေအတွက် RGB Mode ကို ရွေးချယ်ပြီးဆွဲတာက အကောင်းဆုံးဖြစ်ပါတယ်။
CMYK ကတော့ Cyan, Magenta, Yellow, Black ဆိုပြီးပရင်တာတွေမှာ အဓိကသုံးတဲ့အရောင်တွေဖြစ်ပြီး လက်ကမ်းကြော်ငြာတွေ၊ သတင်းစာတွေ၊ ဓါတ်ပုံတွေ၊ လိပ်စာကတ်၊ ဖိတ်စာ စတဲ့ စက္ကူတွေပေါ်ဖြစ်စေ၊ canvasအစပေါ်ဖြစ်စေ၊ ခွက်တံဆိပ်ရိုက်၊ အခုနောက်ပိုင်း Acrylic ပေါ်မှာ ထုတ်တဲ့အထိ
အပြင်မှာ ကိုင်ကြည့်လို့ရတဲ့ ပစ္စည်းတွေပေါ်မှာ ပုံထုတ်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ် ဒါကြောင့် မော်နီတာပေါ်မှာ
အရမ်းကြည့်ကောင်းတဲ့ RGB mode နဲ့ပုံတစ်ပုံဟာ Print ထုတ်လိုက်တဲ့အချိန်မှာ မွဲခြောက်ခြောက်ဖြစ်နေတာမျိုး
ကြုံရနိုင်ပါတယ်
ဘာကြောင့် color တွေက အဲ့လိုကွာခြားနေရတာလဲ ?
RGB System - Screen Viewing Only!
RGB Color တွေက screen မှာပေါ်ဖို့အတွက် သာဖြစ်လို့ပါ Print ထုတ်ဖို့ မဟုတ်တဲ့အတွက်
RGB mode နဲ့ပုံကို ထုတ်တဲ့အခါမှာ ကာလာတွေလုံးဝလွဲနေတာမျိုးတွေအထိ ကြုံရနိုင်ပါတယ်
Monitor တွေဖြစ်တဲ့ Samsung monitor ပေါ်မှာပေါ်တဲ့အရောင်နဲ့ တခြား Acer, AOC, Dell အစရှိတဲ့ တခြားတံဆိပ် monitor တွေမှာပေါ်တဲ့အရောင်တွေတောင်မတူပါဘူး
ဥပမာအနေနဲ့ internet ကနေ ပုံတစ်ပုံကို Download လုပ်ပြီး
MI phone မှာမြင်ရတဲ့ပုံနဲ့၊ Samsung phone မှာမြင်ရတဲ့ပုံနဲ့ ၊ iPhone မှာမြင်ရတဲ့ပုံနဲ့ အရောင်တွေ မတူပါဘူး
Screen ရဲ့ Brightness, contrast, saturation စတဲ့ setting တွေပေါ်မှာမူတည် ပြီးတော့လဲ ကွာခြားပါသေးတယ်
RGB mode အတွက် image processing software တွေဖြစ်တဲ့ Photoshop လို Software တွေမှာ
color အတိုးအလျော့လုပ်ဖို့ value အနေနဲ့ 0 ကနေ 255 အထိရှိပါတယ်
R-0,G-0,B-0 ဆိုရင် အဖြူရောင်ပေါ်မှာဖြစ်ပြီး
R-255,G-255,B-255 ဆိုရင် အနက်ရောင်ပေါ်မှာဖြစ်ပါတယ်
Technical အခေါ်အရဆိုရင် RGB color တွေကို additive color လို့ခေါ်ပါတယ်။
additive color တွေကအလင်းရောင်ထုတ်လွှတ်ပြီး ပုံရိပ်ကိုပေါ်စေတာဖြစ်ပါတယ်။
CMYK - Digital Printing
CMYK ကာလာတွေကို process colors လို့လည်းခေါ်ကြပါတယ် အခြေခံအရောင်တွေဖြစ်တဲ့
Cyan, Magenta, Yellow, Black တို့ကို အချိုးကျရောစပ်ပြီး အခြားအရောင်တွေပေါ်စေတဲ့ စနစ်ပါ
CMYK color တွေအရောင်စပ်တဲ့အခါမှာ တစ်ခုသတိထားရမှာက တကယ့်အပြင်မှာရှိတဲ့အရောင်နဲ့ လုံးဝထပ်တူကျဖို့
မျှော်လင့်လို့ မရပါဘူး
ဥပမာအနေနဲ့ လိမ္မော်ရောင်ကို အရောင်စပ်ရတာ အင်မတန်ခက်ပါတယ် အပြင်မှာရှိတဲ့တကယ့် လိမ္မော်သီးတစ်လုံးကို
ကြည့်ပြီး photoshop ထဲမှာအရောင်စပ်ကြည့်ရင် မတူပါဘူး ဓါတ်ပုံရိုက်ပြီး ကွန်ပြူတာထဲထည့် ပြီးရင် အပြင်က
လိမ္မော်သီး အစစ်နဲ့ ယှဥ်ကြည့် မတူတာကိုတွေ့ရပါလိမ့်မယ်
အဲ့ဒီတော့ အနီးစပ်ဆုံးတူအောင်ဆိုတဲ့အနေအထားကိုပဲ ချိန်ပြီးထုတ်ကြရတာပါ
Photoshop လို software တွေထဲမှာတော့ CMYK မှာ color အတိုးအလျော့လုပ်ဖို့ကို
% အနေနဲ့ပဲပြပါတယ်
C-0%, M-0%, Y-0%, K-0% ဆိုရင် အဖြူရောင်ပေါ်မှာဖြစ်ပြီး
C-100%, M-100%, Y-100%, K-100% ဆိုရင် အနက်ရောင်ပေါ်မှာဖြစ်သလို
C-0%, M-0%, Y-0%, K-100% ဆိုရင်လည်း အနက်ရောင်ပေါ်မှာဖြစ်ပါတယ်
ဒီနေရာမှာတစ်ခုပြောစရာရှိတာက အဲ့လို အနက်ရောင်တွေတောင်မှ တစ်ခုနဲ့တစ်ခု မတူပါဘူး
အပေါ်က color setting နှစ်ခုလုံးက တကယ့်အနက်ရောင် မဟုတ်သေးဘူး
C-60%, M-40%, Y-40%, K-90% ဆိုပြီးစပ်မှသာ သပိတ်လို နက်ပြောင်နေတဲ့ အနက်ရောင်ရတာပါ
ဒါကြောင့် Print ထုတ်ဖို့အတွက် Design လုပ်မယ်ဆိုရင် CYMK Mode နဲ့လုပ်ပြီးထုတ်မှသာ အနီးစပ်ဆုံးရမှာပါ
Design မှာ ဓါတ်ပုံလေးတွေပါတယ်ဆိုရင်လည်း နဂိုဓါတ်ပုံကို CYMK mode အရင်ပြောင်းပြီးမှ ကိုယ့် design ထဲကို
ထည့်ပါ monitor မှာပေါ်တဲ့အရောင်နဲ့ အနီးစပ်ဆုံးရနိုင်ပါလိမ့်မယ်
ဒီ Post ဟာ RGB နဲ့ CYMK ကွာခြားမှုကို ကောင်းကောင်းမသိသေးတဲ့သူတွေအတွက်သာ ရည်ရွယ်တာဖြစ်လို့
Professional Graphic Designer တွေအတွက် သူငယ်တန်းစာကို ဖတ်ရသလိုဖြစ်နေနိုင်ပါတယ်
ကျွန်တော့် post မှာလိုအပ်တာတွေရှိရင် နားလည်တတ်ကျွမ်းတဲ့ ဆရာ ဆရာမများ comment မှာထပ်ပြီးအကြံပေးပေးကြပါခင်ဗျာ
ကျွန်တော်ကိုယ်တိုင်လည်း Graphic Designer တစ်ယောက်မဟုတ်ပါ ယခင်က ဓါတ်ပုံရိုက်တာဝါသနာပါတဲ့အတွက်
color တွေအကြောင်းလေ့လာရင်း တွေ့မိခဲ့တဲ့ ဗဟုသုတလေးကို share ပေးခြင်းဖြစ်ပါတယ်
အားလုံးအဆင်ပြေကြပါစေ
Crd
နောင်နောင်
Sky & Sea
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Mandalay