Forex Trader & Knowledge Sharing

Forex Trader & Knowledge Sharing

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Forex Trader & Knowledge Sharing, Financial service, 62(A)လမ်း, 103×104ကြား, ချမ်းမြသာစည်မြို့နယ်, Mandalay.

18/07/2024

ကမ္ဘာ့ရွှေစျေး
11:00Am
1OZ=2467 ရွှေစျေးupdateကြည့်ရန် Tele 09401747709
https://t.me/+4ENZLWe7Z5cwOTFl

21/06/2024

☀️ စျေးကြီးတာနဲ့ တန်ဖိုးကြီးတာ ဘယ်အရာကို ယူမလဲ? ☀️

လက်ရှိ အချိန်မှာ ကမ္ဘာ့နံပါတ် အဆင့် 6 အချမ်းသာဆုံး ဘီလျံနာကြီး ဖြစ်သည့် စတော့ဂုရုကြီး ဝါရင်းဘတ်ဖက်က

“Price is what you pay. Value is what you get.” လို့ ဆိုထားပါတယ်။

"စျေးနှုန်း" ဆိုတာ ကိုယ်ကပေးရတဲ့အရာဖြစ်ပြီး၊ "တန်ဖိုး" ဆိုတာကတော့ ကိုယ်က ရရှိစံစား ရမယ့်အရာ ဖြစ်တယ်။

"စျေးနှုန်း" နဲ့ "တန်ဖိုး" တို့အကြားက ကွာဟချက်ကို ကွဲကွဲပြားပြား နားလည် သဘောပေါက်နိုင်ကြဖို့ ဝါရင်းဘတ်ဖက်က သတိပေးပြောကြား ထားခဲ့တာလည်း ဖြစ်ပါတယ်။

"စျေးနှုန်း" ဆိုတာ ငွေကြေးပမာဏဖြစ်ပြီး ကိုယ်က ပစ္စည်း တခုခုကို ရယူပိုင်ဆိုင်ချင်တာဆိုရင် အဲဒီ ပစ္စည်းအတွက် ထိုက်တန်တဲ့ စျေးနှုန်း ပမာဏကို ပေးရမှာ ဖြစ်ပါတယ်။

"တန်ဖိုး" ဆိုတာကတော့ ပစ္စည်းတခုကိုရယူပိုင်ဆိုင် ထားပြီးတဲ့အခါမှာ ရရှိနိုင်မယ့် ကောင်းကျိုးတန်ဖိုး ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

ဥပမာလေးနဲ့ ပြောရရင် - စျေးတန်တဲ့ ဖိနပ်တရံကို ဝယ်ဖို့ရာ ဇဝေဇဝါဖြစ်နေတယ် ဆိုပါစို့။ တကယ်တမ်း အဲဒီဖိနပ်ကို စီးနင်းတဲ့အခါ ဘယ်လိုကောင်းကျိုးရှိနိုင်မလဲဆိုတာ အရင်တွေးကြည့်ဖို့လိုပါတယ်။ စီးထားရတာ သက်တောင့်သက်သာ ရှိတယ်၊ ရာသီဥတု မရွေးစီးနင်းနိုင်မယ်၊ အရောင်မမွဲသွားဘူး၊ ရေစိုလည်းခံတယ်၊ စတိုင်လ်လည်းမိုက်တယ်၊ ခန္ဓာကိုယ်ဝိတ်ကိုလည်း ဟန်ချက်ညီအောင်ထိန်းပေးနိုင်တယ်၊ ချော်မလဲစေနိုင်ဘူး၊ စသဖြင့် ကောင်းကျိုးများစွာ ရှိနေရင် အဲဒီကောင်းကျိုးတန်ဖိုးကို ခံစားရဖို့အတွက်စျေးနှုန်းတရပ်ကိုတော့ ပေးရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်အပေါ် ကောင်းကျိုးများစွာ ပြန်ပေးနိုင်မယ့် အရာတွေမှာ "စျေးနှုန်း" ထက် "တန်ဖိုး"ကို မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။

တခုသတိထားရမှာက စျေးကြီးတိုင်းလည်း ၊ ထိုက်တန်တဲ့ တန်ဖိုး မရနိုင်တာ ရှိကြသလို၊ စျေးသက်သာတိုင်းလည်း တန်ဖိုးမနည်းတာမျိုးတွေ များစွာ ရှိနိုင်တာကြောင့် အခြေခံအားဖြင့်တော့ ဆင်ခြင်သုံးသပ်နိုင်တဲ့ ဉာဏ်ဖြင့်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

crd


My facebookpage link
https://www.facebook.com/profile.php?id=100084936720070

My Telegram link
https://t.me/KoShinegold

Want your business to be the top-listed Finance Company in Mandalay?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Address


62(A)လမ်း, 103×104ကြား, ချမ်းမြသာစည်မြို့နယ်
Mandalay
05041