Trading Class & Service -MC

Trading Class & Service -MC

Share

🔮Forex နှင့်ပတ်သတ်တဲ့ Knowledge များ သိရှိနိုင်ရန် Page ကို Like & Share ထားနိုင်ပါတယ်ရှင့်🔮

28/12/2023

Forex Trading ကို လုပ်ကိုင်နေသာ Traderတိုင်း မဖြစ်မနေစောင့်ကြည့်ရမဲ့ အရေးကြီးUS Data ကြီးတွေရှိပါတယ်။ Data ထွက်ချိန်မှာ Forex Market ကို ပြင်းထန်စွာလှုပ်ခက်နိုင်တဲ့အတွက် Traderတွေအနေနဲ့ သတိထားသင့်ပါတယ်။

အရေးကြီးDataတွေကတော့

✅ PPI- Producder Price Index
✅ CPI - Core Consumer Price
✅ Crude Oil
✅ NFP - Non Farm Pay Roll

⭕️Crude Oil
Energy Information Administration (EIA) လို့ခေါ်ဝေါ်တဲ့ အစိုးအဖွဲ့အစည်းဟာ အမေရိကန်နိုင်ငံရှိလုပ်ငန်းများမှ သိမ်းဆည်းထားတဲ့ ရေနံစိမ်းစည်အရေအတွက် စာရင်းကို အပတ်စဉ်တိုင်းတာတဲ့ Data ဖြစ်ပါတယ်။ သိုလှောင်မှုနှုန်းအနည်းအများအလိုက် ရေနံထွက်ကုန်များနဲ့ ငွေကြေးအတက်အကျအပေါ် အကျိုးသက်ရောက်နိုင်တာကြောင့် ဒေါ်လာနဲ့တစ်ဆက်တည်းဖြစ်တဲ့ ကမ္ဘာ့ရွှေစျေးအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်ပါတယ်။

ရေနံစိမ်းစာရင်းဟာ ထင်ထားတာထက်များမယ်ဆိုရင် ရေနံစျေးကွက်အတွက်ကတော့ အကျအားသာမှာဖြစ်ပြီး ကမ္ဘာ့ရွှေစျေးတန်းအတွက်ကတော့ အတက်အားသာမှာဘဲဖြစ်ပါတယ်။

ရေနံစိမ်းစာရင်းဟာ ထင်ထားတာထက်နည်းမယ်ဆိုရင် ရေနံစျေးကွက်အတွက်ကတော့ အတက်အားသာမှာဖြစ်ပြီး ကမ္ဘာ့ရွှေစျေးတန်းအတွက်ကတော့ အကျအားသာမှာဘဲဖြစ်ပါတယ်။

28/12/2023

Forex Trading မှာ order type (2)မျိုး ရှိပါတယ် ......

1. Market Order
2. Pending Order

🎯Market Order - လက်ရှိပေါက်ဈေးမှာ အရောင်းအဝယ်လုပ်ခြင်း

🎯Pending Order - လက်ရှိဈေးမှာ အရောင်းအဝယ်မ လုပ်သေးပဲ ကိုယ်လိုချင်တဲ့ ဈေးတန်းကို ရောက်မှ အရောင်းအဝယ် လုပ်ရန် ကြိုတင် order တင်ထားခြင်း

Stop Order - လက်ရှိဈေးရဲ့အပေါ်က ကြိုဝယ်ခြင်း

Limit Order - လက်ရှိဈေးရဲ့အောက်မှ ကြိုဝယ်ခြင်း

Stop Order - လက်ရှိဈေးရဲ့အောက်မှကြိုရောင်းခြင်း

Limit Order - လက်ရှိဈေးရဲ့ အပေါ်က ကြိုရောင်းခြင်း

Profit (TP) -ကိုယ် profit ယူမယ့် Point

Loss (SL) - ကိုယ်‌ risk ယူနိုင်မယ့် point

1️⃣ Buy stop

လက်ရှိဈေးရဲ့အထက် သေချာတဲ့ဈေးတန်းမှာ
ဝယ်ခြင်းဖြင့် အမြတ်ရှာခြင်း ဖြစ်ပါတယ်

ဘာကြောင့်ဆိုရင် လက်ရှိပေါက်ဈေးက မသေချာဘူး
ပြန်ကျနိုင်တယ်လို့ သုံးသပ်ထားခြင်းကြောင့် လက်ရှိဈေးရဲ့ အထက်ဈေးတန်းမှာ ဝယ်ခြင်း ဖြစ်ပါတယ်

ဥပမာ - ကမ္ဘာ့ရွှေ လက်ရှိပေါက်ဈေး 2050$

Buy stop နဲ့ order ဖွင့်မယ်ဆိုရင်

Price - 2055

Take Profit - 2065 ( 10 pips )

SL - 2048 ( 7 pips )

2️⃣ Buy limit order

လက်ရှိဈေးတန်းရဲ့ အောက်ဈေးမှာကြိုဝယ်ခြင်း
ဖြစ်ပါတယ်

ဥပမာအ‌နေနဲ့ - ကားတစီးနဲ့ ဖော်ပြပါမယ်
သိန်း 900 တန် ပေါက်ဈေးရှိတဲ့ ကားကို ချက်ချင်းမဝယ်သေးဘဲနဲ့ သိန်း 750 လောက်အထိ ဈေးအကျ စောင့်ပြီးမှ
ဝယ်ပြီး အမြတ်ရှာခြင်းပါ

အနိမ့်ဈေးမှာ ဝယ်ထားတဲ့ 750 တန်ကားတစီးကို
ဈေးအတက်မှာပြန်ထုတ်ရောင်းမှ အမြတ်ရမှာပါ
အပြင်ဈေးကွက်သဘောတရားနဲ့ အတူတတူပါဘဲ

ဥပမာ - ကမ္ဘာ့ရွှေ လက်ရှိပေါက်ဈေး 2050$

Buy limit နဲ့ order ဖွင့်မယ်ဆိုရင်

Price - 2045

Take Profit Tp - 2055 ( 10 pips )

SL - 2040 ( 5 pips )

3️⃣ Sell stop

လက်ရှိပေါက်ဈေးရဲ့ အောက်မှာ ရောင်းခြင်းဖြင့် အမြတ်ရှာခြင်းဖြစ်ပါတယ်

ကမ္ဘာ့ရွှေ လက်ရှိပေါက်ဈေး -2060

Sell stop နဲ့ order ဖွင့်မယ်ဆိုရင်

Price - 2050

Take Profit Tp - 2042 ( 8 pips )

Stop loss SL - 2065 ( 5 pips )

4️⃣ Sell limit order

လက်ရှိဈေးတန်းရဲ့ အမြင့်ဈေးကနေ ရောင်းခြင်းဖြင့် အမြတ်ရှာချင်း ဖြစ်ပါတယ်

ဥပမာအနေနဲ့ - ကိုယ့်ရဲ့ သိန်း 1000 တန်ကားတစီးက နောက်အပတ်ထဲမှာ 1200 အထိ တက်ပြီးမှ သိန်း 1000 အထိ
ဈေးပြန်ကျမယ်လို့ သုံးသပ်ထားတဲ့ အတွက်ကြောင့် သိန်း 1200 ဈေးတန်းကနေရောင်းခြင်းဖြစ်ပါတယ်

ပြီးမှ ကိုယ့်ရဲ့ ကားကို အနိမ့်ဈေးမှာ ပြန်ဝယ်ခြင်းအားဖြင့်
ကြားထဲက ခြားနားချက် ငွေက အမြတ်အနေနဲ့
ရရှိခြင်းဖြစ်ပါတယ်

ဥပမာ - ကမ္ဘာ့ရွှေ လက်ရှိပေါက်ဈေး 2050

Sell limit နဲ့ order ဖွင့်မယ်ဆိုရင်

Price - 2055

Take Profit Tp - 2045 ( 10 pips )

SL - 2060 ( 5 pips )

28/12/2023

📈 Harami Candlestickအကြောင်း
------------------------------------------------------

ဒီနေ့မှာဝေမျှပေးချင်တဲ့ Forex Knowledge လေးကတော့ Forex Trading မှာရှိတဲ့ Harami Candlestick အကြောင်းပဲဖြစ်ပါတယ်....

Harami ဆိုတဲ့ အဓိပ္ပာယ် ဂျပန်လို ကိုယ်ဝန်သည်လို့ ပြောလို့ရပါတယ်...

Candlestick နှစ်ခု ပါဝင်ပြီး ပထမ Candle အကြီးလေးကို Mother Candle လို့ခေါ်ပြီး ဒုတိယ Candle အသေးလေးကို Baby Candleလို့ခေါ်ပါတယ်...

Harami candlestickမှာတော့ (2)မျိုးရှိပါတယ်....

1. Bullish Harami
2. Bearish Harami
ဆိုပြီးပဲဖြစ်ပါတယ်...

1. Bullish Harami
-----------------------------
Bullish Harami Pattern မှာ ရှေ့က Candleအကြီးက အနီရောင်ဖြစ်ပြီး ဒုတိယ Candle အသေးက အစိမ်းရောင်ဖြစ်မှာပါ..

Down Trend တစ်ခုအောက် Support Zone မှာပေါ်ပါတယ် ဒီCandleလေးပေါ်သွားရင် စျေးပြန်တက်တော့မယ်ဆိုတဲ့ လားရာကို ဖော်ပြတာပါ...

ပုံမှာပြထားတဲ့အတိုင်း အနီရောင်candleလေးနောက်မှာ အစိမ်းရောင် candleလေးကဗိုက်ပူနေသလိုဖြစ်နေရင် Bullish Harami Patternလို့ခေါ်ပါတယ် သူပေါ်လာပြီးရင်တော့ စျေးကတက်လေ့ရှိပါတယ်...

2. Bearish Harami
-------------------------------
Bearish Harami Pattern မှာတော့ ရှေ့က Candleအကြီးက အစိမ်းဖြစ်ပြီး ဒုတိယ Candle အသေးက အနီရောင်ဖြစ်မှာပါ...

Uptrend တစ်ခုအပေါ်မှာ Resistance Zoneမှာ ပေါ်ပြီး ဒီCandleလေး ပေါ်လာရင် စျေးပြန်ကျတော့မယ်လို့ ဆိုလိုတာပါ...

ပုံမှာပြထားတဲ့အတိုင်း အစိမ်းရောင်candleလေးနောက်မှာ အနီရောင် candleလေးကဗိုက်ပူနေသလိုဖြစ်နေရင် Bearish Harami Patternလို့ခေါ်ပါတယ်....
သူပေါ်လာပြီးရင်တော့ စျေးကကျလေ့ရှိပါတယ်..

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

ကဲ ဒါဆိုရင်တော့ Forexထဲက Harmai candlestick အကြောင်းလေးကိုသိသွားမယ်လို့မျှော်လင့်ပါတယ်...နောက်နေ့တွေမှာလဲ တခြားForex ဗဟုသုတ အကြောင်းလေးတွေကို ဝေမျှပေးသွားမှာမို့လို့ Fb Acc နဲ့ Fb Pageကို Like & Followလုပ်ထားဖို့မမေ့နဲ့နော်...

28/12/2023

Supply & Demand zone

Demand(အတက်zone)
~~~~~~~~~~~~~~~
အတက်zoneဆိုတာ Resistance & Supportကဲ့သို့သော ဈေးအတက်ကိုပြန်သွားနိုင်ချေရှိသည့် ဈေးတန်းဖြစ်ပါတယ်💁ထောက်နေတဲ့နေရာတစ်ခုလို့လဲ သတ်မှတ်ပါတယ်

ပြန်သွားနိုင်ချေရှိပေမယ့် ဖောက်ခဲ့ရင်တော့ ဈေးက ဆက်ကျနိုင်ချေရှိတဲ့ဈေးတန်းမျိုးဖြစ်ပါတယ်
________________________________
Demand zoneဘယ်လိုဆွဲရမလဲ?

Resistance/Support ပုံစံပါပဲ အများစုကတော့ Resistance supportကို ဦးတည်ဆွဲတာမျိုးက များပါတယ်

စဆွဲရင်တော့ အမြင့်ဆုံးကျခဲ့တဲ့ လက်ရှိဈေးရဲ့ရှေ့အနည်းငယ်ကအနိမ့်ခဲ့ဆုံးCandlestickကို Demandလို့သတ်မှတ်ပါတယ်

Supply zone(အကျzone)
~~~~~~~~~~~~~~~~
အကျzoneဆိုတာကလဲ အတူတူပါပဲ
ဈေးဘယ်အထိကျနိုင်မလဲ zoneတစ်ခုသတ်မှတ်ပြီး Demandနှင့်အပြိုင်rangeရှိနေတဲ့ ဈေးတန်းမျိုးတွေမှာ supply zoneသတ်မှတ်ပါတယ်

ဘယ်လိုအပြိုင်Rangeမျိုးလဲ❓

အလွယ်ကူဆုံးနားလည်ရမှာကတော့

📌 ဈေးက အမြင့်ဆုံးထိ တက်လာခဲ့ပြီးover buy zoneရောက်နေတဲ့အခါမျိုးမှာBouncing rangeပြန်လာတဲ့အခါမျိုးလာပါသေးတယ် အဲ့ဒီလိုအချိန်မျိုးမှာ supply zoneစဆွဲလို့အဆင်ပြေနိုင်ပါတယ်

📌Demand zoneမှာတော့ ကွာခြားပါတယ်

ဈေးကို ချုံ့ကြည့်တဲ့အခါ double bottomပုံစံကို မြင်ရမယ့်အချိန်မျိုးမှာတော့Demand zone‌စတင်ဆွဲနိုင်ပါတယ်

နောက်တစ်ချက်ကတော့🤔

Neck Line ပါပဲ Neck lineဆွဲရမယ့်အချိန်မှာ ပုံပါကဲ့သို့ Double Bottom ပုံစံတွင် supplyနှင့်demandကြားထဲက ထိချက်တွေကို ဆွဲနိုင်ပါတယ်💁

အဲ့ဒီNeck Lineကျိုးရင်ဖြစ်စေ(ဥပမာ- ဈေးက အဲ့ဒီrangeရဲ့အထက်ကိုတက်လျှင် ဈေးကsupply zoneအထိသွားနိုင်တာမို့ supply zoneမထိမချင်း ဆက်ပြီး အဝယ်ကိုင်နိုင်ပါတယ်☑️

ပြောင်းပြန်အနေနဲ့ ထိုrangeကို ဖောက် မတက်နိုင်ခဲ့လျှင် demand zoneကို ပြန်ရိုက်ချနိုင်ပါတယ်💁☑️

28/12/2023

အိမ်မှာနေရင်း Online Learning တစ်ခုအနေနှင့်
Forex Tradingသင်တန်း ( Video lesson class) ကိုမှ ( 100,000 ) ကျပ်ထဲနဲ့သင်ယူနိုင်မဲ့အထူအခွင့်အရေး

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Forex Trading ကိုစိတ်ဝင်စားပေမယ့်အလုပ်တစ်ဖက်နဲ့ အချိန်မပေးနိုင်သူများ/အိမ်မရှင်မများအနေနဲ့
မိမိအားတဲ့အချိန်မှာ လေ့လာလို့ရအောင်
Video lessons သင်ခန်းစာ Group လည်း
တက်ရောက်နိုင်ပါတယ် ။

💸Facebook private groupမှ မြန်မာဘာသာသင်ခန်းစာ Video 24ခု တင်ထားပေးပါတယ်။
💸မိမိအားလပ်ချိန်တွင် အဆင်ပြေသလိုလေ့လာသွားနိုင်ပါတယ်။
💸နားမလည်တဲ့အပိုင်းနှင့် ဈေးကွက်အကြောင်းဆွေးနွေးဖို့ သင်တန်းသား messenger group ဖွဲ့ထားပေးပါတယ်။
💸Lifetime လေ့လာသွားလို့ရပါတယ်။
သင်တန်းကြေး ~ 100,000 MMK

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
📌သင်ကြားပေးမည့်အကြောင်းအရာများကတော့

🔹Financial Marketအခြေခံသဘောတရားများ(Stock Market,Bond Market,Forex Market
🔹Forex Trading
🔹Profits Tradng (အမြတ်ရအောင်အရောင်းအဝယ်လုပ်နည်း)
🔹Candle Stick Chartအလုပ်လုပ်ပုံ
🔹MetaTrader4app စနစ်တကျအသုံးပြုနည်း
🔹Market Analysis
(Technical&Fundamental)
🔹Risk & Rewards Management
စတာတွေကိုအသေးစိတ်သင်ပေးသွားမှာဖြစ်ပါတယ်၊

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဘယ်လိုလူတွေတတ်ရောက်သင့်လဲ ?

- Forex Market ကိုစတင်လေ့လာချင်သူများ

- စီးပွားရေးလုပ်ငန်းသစ်စတင်ချင်သူများ

- Smart ကျကျ စီးပွားရှာလိုသူများ

- နည်းပညာ ပိုင်းစိတ်ဝင်စားသောလူကြီးလူငယ်များ

သင်ကြားပေးမဲ့ပုံစံ

Facebook Private Group မှာ Guide Video များဖြင့်စနစ်တကျသင်ကြားပေးထားပါတယ်။

27/12/2023

Time Frameတွေကိုမှန်အောင်ဘယ်လိုကြည့်မလဲ
#အရောင်းအဝယ်မှန်ဖို့_Time_ကို_မှန်မှန်_ဘယ်လိုကြည့်ကြမလဲ

Candlesticks များကို Time zone အလိုက် ကြည့်မည်ဆိုပါက စျေးအလှုတ်ခတ် နှုန်းမှာ time zone နည်းလေ အလှုတ်အခတ် ပို များလေလေ ဖြစ်သည်။

H 4 ဖြင့် ကြည့်မည်ဆိုပါက
( ၄ နာရီ ပြည့်မှ သာ Candle တစ်ခုပြီးမည်ဖြစ်ပါသည်။ )

ဥပမာ-
( 3: 30 မှ 7: 30 အထိ ၄ နာရီပြည့်လျှင် candle တစ်ခု)
( 7: 30 မှ 11: 30 အထိ ၄ နာရီ ပြည့်လျှင် candle တစ်ခု) ပြီးမည် ဖြစ်သည်။

နောက်တစ်ခု
H 1 ဖြင့် ကြည့် မည် ဆိုပါက
( ၁ နာရီပြည့်မှ သာ Candle တစ်ခု ပြီးမည် ဖြစ်ပါသည်။ )

ဥပမာ-
( 4: 30 မှ 5: 30 အထိ ၁ နာရီ ပြည့်လျှင် candle တစ်ခု ) ပြီးမည်ဖြစ်သည်။

( 5: 30 မှ 6: 30 အထိ ၁ နာရီ ပြည့်လျှင် candle တစ်ခု ) ပြီးမည် ဖြစ်ပါသည်။

ထို့ အတူပင် Day နှင့် ကြည့်ပါက
တစ်ရက်လုံးနေမှ candle တစ်ခု ပြီးမည် ဖြစ်ပြီး
အလှုတ်အခတ်နည်းတာကို တွေ့မြင်ရပါမယ်ရှင်။

မိမိရွေးချယ်သည် time frame ကို အကောင်းဆုံး အသုံးချတတ်ရန်လိုပါသည်။

များ အတွက် ဝေမျှ ခြင်းသာ ဖြစ်ပါသည်။

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay