AKAI Japanese Language Center

AKAI Japanese Language Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AKAI Japanese Language Center, Education, Mandalay.

20/09/2020

အခန်း ၂၄

ဒီအခန်းမှာတော့
Noun ပေးတယ်
Verb ပေးတယ်

Noun ရတယ်
Verb ရတယ်

ဆိုတာကိုလေ့လာရမှာပါ

♣♣♣♣♣♣♣♣♣♣♣♣♣♣♣

အရင်ဆုံး
Noun ပေးတယ်
Verb ပေးတယ်

ပေးတယ်ဆိုတဲ့နေရာမှာ
ကိုယ်ကသူများကိုပေးရင် ➡あげます
သူများကကိုယ့်ကိုပေးရင်➡くれます

Noun ပေးတယ်ဆိုရင်
Noun+あげます/くれます
Noun+あげます/くれます

Verb ပေးတယ်ဆိုရင်
てけい+あげます/くれます
てけい+あげます/くれます

Eg.
わたしは かりなさんに CDを あげました
ကျွန်တော်က Karina san ကို CD ပေးခဲ့တယ်

わたしは ミラーさんに プレゼントを あげました
ကျွန်တော်က Mira san ကို လက်ဆောင်ပေးခဲ့တယ်

わたしは ミラーさんを えきまで おくってあげました
ကျွန်တော်က Mira San ကိုဘူတာအထိလိုက်ပို့ပေးခဲ့တယ်

わたしは かりなさんのじてんしゃを しゅうりしてあげました
ကျွန်တော်က Karina san ရဲ့စက်ဘီးကိုပြင်ပေးခဲ့တယ်

ミラーさんは わたしに ウインをくれました
Mira san က ကျွန်တော့ကို wine ပေးခဲ့တယ်

サントスさんは わたしに ブラジルのコーヒーをくれました
Santousu san ကကျွန်တော့ကို Brazil coffee ပေးခဲ့တယ်

やまださんは ひっこしを てつだってくれました
Yamada san က အိမ်ပြောင်းတာကိုကူညီပေးခဲ့တယ်

やまださんは おおさかへ つれていってくれました
Yamada san က အိုဆာကာသို့ခေါ်သွားပေးခဲ့တယ်

♣♣♣♣♣♣♣♣♣♣♣♣♣♣♣

Noun ရတယ်
Verb ရတယ်

Eg.
わたしは やまださんに プレゼントを もらいました
ကျွန်တော်သည် Yamada san ဆီက လက်ဆောင်ကိုလက်ခံရရှိခဲ့သည် (တစ်နည်းပြောရင် လက်ဆောင်ရခဲ့တယ်ပေါ့)

わたしは やまださんに てがみを もらいました
ကျွန်တော်သည် Yamada san ဆီကစာတစ်စောင်ရခဲ့တယ်

わたしは やまださんに しゃしんを みせもらいました
ကျွန်တော်သည် Yamada san ဆီက ဓာတ်ပုံပြသခြင်းကိုလက်ခံရရှိခဲ့သည် /
ကျွန်တော်က Yamada san ဓာတ်ပုံပြတာကိုကြည့်လိုက်ရတယ်
( Yamda ကဓာတ်ပုံပြတယ် ဒါကိုကိုယ်ကကြည့်ခွင့်ရခဲ့တယ်/ကြည့်လိုက်ရတယ်ပေါ့ အဲ့လိုသဘောမျိုး§)

わたしは やまださんに ひっこしを てつだってもらいました
ကျွန်တော်သည် Yamada san ဆီက အိမ်ပြောင်းခြင်းအတွက်ကူညီပေးခြင်းကိုလက်ခံရရှိခဲ့သည်/
ကျွန်တော်က Yamada san ဆီက အိမ်ပြောင်းခြင်းကိစ္စအတွက်အကူအညီရခဲ့တယ်

07/09/2020

အခန်း ၂၁
ဒီအခန်းမှာ ふつうけいကိုစသုံးပါပြီ

1. 〜とおもいます (~လို့ထင်တယ်)
ကိုယ့်အတွေးနဲ့ကိုယ်ထင်တာကိုပြောချင်ရင်သုံး

Form
ふつうけい+とおもいます

あした あめが ふるとおもいます。
မနက်ဖြန်မိုးရွာလိမ့်မယ်လို့ထင်တယ်

やまださんは もうかえたとおもいます
ယာမဓကပြန်သွားပြီလို့ထင်တယ်

あした さむいとおもいます
မနက်ဖြန်အေးလိမ့်မယ်လို့ထင်တယ်

さとうさんは ゴルフを しないとおもいます
Satou san golf မရိုက်ဘူးလို့ထင်တယ်
📚📚📚📚📚📚📚📚📚📚📚📚📚📚📚

2. 〜とおもいます(~လို့ထင်တယ်)
ကိုယ့်ရဲ့ထင်မြင်ချက်သုံးသပ်ချက်တွေကိုပြောရင်လည်းသုံး

Form
ふつうけい+とおもいます

うまは やくにたつとおもいます
မြင်းကသုံးဝင်တယ်လို့ထင်တယ်

かれの はなしは ほんとうだとおもいます
သူ့စကားကမှန်တယ်ထင်တယ်
📚📚📚📚📚📚📚📚📚📚📚📚📚📚📚

3.〜といいます(~လို့ပြောတယ်)

Form
ふつうけい+といいます

わたしは かちょうに やすみがほしいといいました
ကျွန်တော်ကဌာနခွဲမှုးထံသို့ နားရက်လိုချင်တယ်လို့ပြောခဲ့တယ်

さとうさんは つりが すきだとおもいます
Satou san ကငါးမျှားရတာကြိုက်တယ်လို့ပြောခဲ့တယ်
📚📚📚📚📚📚📚📚📚📚📚📚📚📚📚

4. 〜でしょう
ဒီ Grammar အတွက်ကအဓိပ္ပါယ်တိတိကျကျရယ်တော့မရှိဘူး
စကားပြောမှာအသုံးများပါတယ်
Admin သိသလောက်ဆို
Confirm လုပ်ချင်တဲ့အခါမျိုး
ကိုယ့်စိတ်ထဲမှာမသေချာမရေရာတဲ့ကိစ္စတွေကိုပြောတဲ့အခါမျိုး
သေချာပေမဲ့လည်းကိုယ့်ဘက်ကစကားကိုသတိထားပြီးပြောတဲ့အခါမျိးမှာသုံးပါတယ်
(Sentence ပေါ်လိုက်ပီးသင့်သလိုဘာသာပြန်ပါတယ်).

Form
ふつうけい+でしょう
なadj➡ だ ဖြုတ် でしょうပေါင်း
Nဆို ➡だဖြုတ် でしょうပေါင်း

Eg.あした パーティーに いくでしょう
မနက်ဖြန်ပါတီလာမယ်မလား

おてらで コンサートが あったでしょう
ဘုရားကျောင်းမှာ ပွဲရှိခဲ့တယ်မလား

おおさかは たべものが おいしいでしょう
အိုစာကာကအသားအသောက်တွေကအရသာရှိတယ်ဟုတ်?

あした やすみでしょう
မနက်ဖြန်နားတယ်မလား
📚📚📚📚📚📚📚📚📚📚📚📚📚📚📚

健康を気をつけてね
ကျန်းမာရေးဂရုစိုက်ကြပါနော်
Stay Safe

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00