MMK
Our product is produced by Latest technology & machine from Singapore.
Crd
စိုးရိမ်စရာဖြစ်လာတဲ့ ကိုဗစ်မျိုးကွဲသစ်အကြောင်း
ကာကွယ်ဆေးတွေထိုးနှံတာ၊ မက်စ်တပ်တာ၊ လူတွေနဲ့ခပ်ခွာခွာနေတာလိုမျိုး New normal အရာတွေနဲ့ လူတွေပိုပြီးအသားကျလာတော့ ကိုဗစ်ဖြစ်ပွားမှုနှုန်းတွေ တကမ္ဘာလုံးအတိုင်းအတာနဲ့လျော့ကျလာပြီး နိုင်ငံတွေလည်းအပြည့်အဝပြန်လည်ပတ်ဖို့ကြိုးစားနေကြပါတယ်။ နိုင်ငံချင်းဝင်ပေါက်တွေပြန်ဖွင့်ပေးလိုက်တာ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပြန်ကောင်းလာတာ၊ ခရီးသွားတွေပြန်မြင့်တက်လာပြီး စီးပွားရေးပြန်ကောင်းလာတာတွေအကုန်လုံးက အခု မျိုးခွဲသစ်သတင်းကြောင့် ပျက်စီးတော့မလိုဖြစ်နေရပါတယ်။ နယ်စပ်ပေါက်တွေပြန်ပိတ်တယ်၊ ခရီးသွားခွင့်ပြုမှုတွေ ပြန်သုံးသပ်တာတွေ လုပ်နေကြရပါတယ်။
တောင်အာဖရိကမှာတွေ့ရတဲ့ မျိုးကွဲသစ်
တောင်အာဖရိကနိုင်ငံက ကိုဗစ်တွေ့ရှိတဲ့လူနာ ၂၂ ယောက်ဆီမှာ မျိုးကွဲအသစ်တစ်မျိုးကို ကြာသပတေးနေ့ (၂၅)ရက်ကစပြီး တွေ့ရှိခဲ့ပါတယ်။ B.1.1.529 လို့ခေါ်တဲ့မျိုးခွဲအသစ်ဟာ မျိုးဗီဇပြောင်းမှုတွေအလွန်မြင့်မားနေတာကိုတွေ့ရှိခဲ့ရပြီး ဒါက ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို ရှောင်လွှားနိုင်တာကြောင့် ပျံ့နှံ့ဖို့ ပိုမိုလွယ်ကူတယ်လို့ တွေ့ရှိရပါတယ်။ ဒါဟာ သန္ဓေပြောင်းမှုဖြစ်စဉ်မှာ မကြုံဖူးတဲ့ပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့တောင် ပြောကြတယ်။ အရင်က ပျံ့နှံ့မှုနှုန်းမြင့်တယ်ဆိုတဲ့ ဘီတာနဲ့ ဒယ်လ်တာမျိုးစိတ်ဟာ သန္ဓေပြောင်းမှု ၃ခုနဲ့ ၂ခုစီသာရှိပြီး အခုတွေ့ရှိတဲ့မျိုးစိတ်အသစ်ကတော့ သန္ဓေပြောင်းမှု အခု ၃၀ ထိရှိတယ်လို့ဆိုပါတယ်။ သန္ဓေပြောင်းမှုတွေဆိုတာက ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်တဲ့ပဋိပစ္စည်း (antibody) တွေကိုရှောင်တိမ်းနိုင်တာကြောင့် ဒီမျိုးစိတ်ဟာ ကိုယ်ခံအားစနစ်ကိုကောင်းကောင်းကြီး လှည့်စားနိုင်လိမ့်မယ်လို့ ယူဆနေကြတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ဒီမျိုးစိတ်သစ်ကို အသေအချာစောင့်ကြည့်နေပြီး ဘယ်လောက်စိုးရိမ်ရနိုင်လဲဆိုတာကို မနက်ဖြန်(သောကြာနေ့)မှာ ဆုံးဖြတ်မယ်လို့ဆိုပါတယ်။ ဒီသန္ဓေပြောင်းမှုတွေက ကာကွယ်ဆေးတွေ မထိရောက်နိုင်တော့အောင် ဖြစ်မယ်လို့လည်းပြောနေကြပေမယ့် တကယ်ဟုတ်မဟုတ်ဆိုတာကို ပြောဖို့တော့ စောနေပါသေးတယ်။ ဆက်စောင့်ကြည့်ရမှာပေါ့။ တကယ်သာ ဖြစ်လာတယ်ဆိုရင်တော့ တော်တော်အန္တရာယ်များနိုင်တယ်။ လက်ရှိမှာဆိုရင် တောင်အာဖရိက၊ ဘော့စ်ဝါနာ၊ ဟောင်ကောင်မှာရှိတဲ့ လူနာ ၅၅ ယောက်မှာ ဒီမျိုးစိတ်သစ်တွေ့နေရပြီ။ ကျန်နှစ်နိုင်ငံက လူတွေက တောင်အာဖရိကနိုင်ငံကို ခရီးသွားဖူးတဲ့သူတွေ။ ဟောင်ကောင်ရောက်ပြီဆိုရင် အာရှနိုင်ငံတွေအကုန်သိပ်မကြာရောက်သွားနိုင်ပြီ။ လောလောဆယ်တော့ တောင်အာဖရိကကို လေယာဉ်သွားလာမှုရပ်ဆိုင်းတဲ့နိုင်ငံတွေရှိလာပြီ။
မြန်မာနိုင်ငံအတွက် ဘယ်လောက်အန္တရာယ်ရှိနိုင်လဲ
တောင်အာဖရိကနဲ့ မြန်မာနိုင်ငံဆိုတာ ကူးလူးဆက်ဆံမှုအင်မတန်နည်းပါတယ်။ ဒါကြောင့် သူတို့ဆီမှာတွေ့ရင် ဒီကိုရောက်လာလေ့သိပ်မရှိဘူး။ ဥပမာ အီဘိုလာရောဂါပျံ့နှံ့မှုလိုမျိုး။ ဒါပေမယ့် တခြားနေရာတွေကတဆင့် ရောက်လာနိုင်တာပဲ။ ဝူဟန်မှာစဖြစ်တာဆိုရင်လည်း နောက်ဆုံးမှရောက်လာတယ်ဆိုပေမယ့် ကူးတာတော့ ကူးလာတာပဲလေ။ ဒီတော့ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး ခပ်ပေါ့ပေါ့နေရင် ဒီလည်းရောက်လာနိုင်တာပါပဲ။
ခက်တာက ဒီက ဦးနှောက်နိမ့်ပါးတဲ့လူတစုဟာ ရောဂါကိစ္စကို သူတို့မှာ အာရုံမထားနိုင်ဘူး။ အာဏာရူးနေရတာနဲ့ လုံးပန်းနေတော့ ရောဂါကာကွယ်ဖို့အတွက် အဓိကအချက်အလက်တွေဖြစ်တဲ့ မက်စ်တပ်တာမျိုးကို ပိတ်ပင်နေတယ်။ ဒါဟာ လူတွေအကုန်လုံးကို သေတွင်းပို့နေတာပါလားဆိုတာကို စဉ်းစားရလောက်အောင် အသိဉာဏ်မရှိတော့ဘူး။ ဒီလိုဆိုရင် ကျိန်းသေ ပိုပြင်းထန်တဲ့ မျိုးကွဲသစ်နဲ့ စတုတ္ထလှိုင်းလာလိမ့်မယ်။ တတိယလှိုင်းလိုမျိုး ဆိုးမလား မဆိုးဘူးလားဆိုတာပဲ ဆက်စောင့်ကြည့်ရလိမ့်မယ်။
အကြံပေးချင်တာကတော့
- မက်စ်ကို မဖြစ်မနေ တပ်ဖြစ်အောင်တပ်ပါ။ အကျိုးအကြောင်းပြောပြီးပဲဖြစ်ဖြစ် ရအောင်တပ်ပါ။
- တခုခု ကိုင်ပြီးတိုင်း လက်ဆေးတာကို မဖြစ်မနေလုပ်ပါ။
- လူတွေကြားသွားတဲ့အခါ ခပ်ခွာခွာနေပါ။ မက်စ်တပ်မထားတဲ့သူတွေနဲ့ ဝေးဝေးနေပါ။ မဖြစ်မနေမှသာ အပြင်သွားပါ။
- ကာကွယ်ဆေးဖြစ်အောင်ထိုးပါ။ ရတဲ့နေရာကနေ ကာကွယ်ဆေးထိုးနှံပါ။ ထိုးနှံထားတာက မထိုးထားတဲ့သူထက်စာရင် အများကြီးသက်သာလိမ့်မယ်။ ကာကွယ်ဆေးထိုးဖို့အတွက် ရနိုင်တဲ့နေရာတွေမသိရင်လည်း မေးပါ။ ဒီထဲ ထည့်မရေးပေးထားတာက ကြော်ငြာသလိုဖြစ်နေမှာစိုးလို့ပါ။
- ဒီကိုဗစ်ကိစ္စကိုလည်း အာရုံထားပြီး စောင့်ဖတ်၊ ရှာဖတ်ပါ။
15/04/2021
ထိုင်းမှာ နေ့တိုင်းကိုဗစ်ကူးစက်လူနာသစ် ၉၀၀ ကျော်မို့သတိထားကြပါ။
ထိုင်းမှာ အသစ်တွေ့တဲ့ covid 19 အသစ်ရဲ့ ရောဂါလက္ခဏာများပါ ။
အခု ရောဂါလက္ခဏာသစ်ဟာ
မျက်စိနီမယ်၊ ယားမယ်၊ အရေပြားပေါ် အဖုအပိမ့်ထွက်မယ်၊ ယားလာပါမယ်။ ပုံပါအတိုင်း။
Covid-19 conjunctivitis and skin rash
Cr: Prof. Prawit Chulalongkorn
25/12/2020
မြန်မာပြည်ရဲ့ ရောင်းအကောင်းဆုံးနဲ့ အရေအသွေးအကောင်း ဆုံး လက်ဖြန်း လက်သန့်ဆေးရည် ဆိုရင် AAA တံဆိပ် ပါ။
ကျန်းမာရေး ခွင့်ပြုချက် ရရှိထား ဆေးရည် ဖြစ်ပါတယ်။
100ml,1litre,9litre ,ပီပါလိုက် အထိ ရရှိပါတယ်။
ဖြန်းလိုက်ရင် သဘာဝအတိုင်းအပြင်
လိမ္မော်အနံ့၊country အနံ့ များ ရရှိပါမယ်။
လိပ်စာ
89လမ်း 21&22လမ်းကြား မန္တလေးမြို့။
📲09456664456
27/09/2020
တစ်ကမ္ဘာလုံးအတွက် အိန္ဒိယမှ ကိုဗစ်ကာကွယ်ဆေးအလုံအလောက်ထုတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Modi ပြောကြား
Sunday, September 27, 2020
အိန္ဒိယနိုင်ငံက ထုတ်မယ့် COVID-19 ကာကွယ်ဆေး ပမာဏဟာ တကမ္ဘာလုံး ကိုဗစ်တိုက်ဖျက်ရေးအတွက် အလုံအလောက် ရရှိနိုင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Narendra Modi က အာမခံ ပြောကြားလိုက်ပါတယ်။ ၇၅ နှစ်ပြည့် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ စနေနေ့ ဗွီဒီယိုမိန့်ခွန်းမှာ သူက ထည့်သွင်း ပြောကြားသွားတာပါ။
အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုဟာ အဆင့် ၃ ကို ရောက်နေပြီး လူအများအပြားနဲ့ စမ်းသပ်မှုတွေကနေ ထိရောက်ဘေးကင်းပြီး စံသတ်မှတ်ချက်ရှိတဲ့ ကာကွယ်ဆေးအဖြစ် အတည်ပြုလာနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ကာကွယ်ဆေး ဖြန့်ဝေပေးဖို့ လိုအပ်တဲ့နိုင်ငံတိုင်းအတွက် ဆေးသိုလှောင်ရေးနဲ့ အအေးခန်းအတွက်ပါ အကူအညီ ပေးသွားနိုင်ကြောင်း ဝန်ကြီးချုပ် Modi က ပြောပါတယ်။
သိပ္ပံပညာရှင်တွေက အတည်ပြုချက်ပေးတာနဲ့ အိန္ဒိယနိုင်ငံက COVID-19 ကာကွယ်ဆေးတွေ အမြောက်အမြားထုတ်ဖို့ အဆင်သင့်ရှိကြောင်း Modi က ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း လူတွေ တတ်နိုင်ပြီး နေရာတိုင်းမှာ ဝယ်လို့ရနိုင်မယ့် ပြည်သူ့ကာကွယ်ဆေးတရပ် ပေါ်လာဖို့ကို တွန်းအားပေးခဲ့ပေမယ့် တချို့နိုင်ငံတွေဟာ သူ့ပြည်သူတွေအတွက်သာ ရည်ရွယ် ထုတ်နေတာအတွက် စိတ်ပျက်မိကြောင်း၊ တရားမျှတမှု မရှိကြောင်း အင်္ဂါနေ့က ပြောပါတယ်။ တကမ္ဘာလုံးက ပြည်သူတွေကို ကိုဗစ်ကပ်ရောဂါကနေ အကာအကွယ် မပေးနိုင်သရွေ့တော့ ဘယ်သူ တဦးတယောက်မှ ဒီကပ်ရောဂါကနေ လွတ်မြောက်မှာ မဟုတ်ကြောင်း Guterres က ပြောပါတယ်။
Crd : VOA
#အိန္ဒိယ #ကိုဗစ်ကာကွယ်ဆေး #ဝန်ကြီးချုပ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
28 Street, Between: 84 & 85 Roads 05024
Mandalay
05011
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |