Your Value

Your Value

Share

Don't Forget Your Value

02/06/2023

📖📖📖
...

02/06/2023

ကူညီမှု​သေး​သေး​လေး​တွေနဲ့ စလုပ်ပါ
​°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကမ္ဘာ​ကျော် ဂရုဏာရှင်မကြီး မာသာထ​ရေဇားက

အခုလို ​ပြောပြခဲ့တယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးပါ

တယ်။

" ကျွန်မတို့ဟာ ကမ္ဘာ​ပေါ်မှာ ကြီးကျယ်တဲ့ အရာ​


တွေကို လုပ်ဖို့ မတတ်စွမ်းကြပါဘူး။ ဒါ​ပေမဲ့ ​သေးငယ်

တဲ့ အရာ​လေး​တွေကို ကြီးမားတဲ့ ချစ်ခြင်း​မေတ္တာ

နဲ့ လုပ်နိုင်ကြပါတယ်"

သူငယ်ချင်းတစ်​ယောက်က ခုလို ​ပြောဖူးပါတယ်။

'ကျွန်​တော် လှူဒါန်းပြီး ဆင်းရဲတဲ့ လူ​တွေကို အကူအညီ ​ပေး

ချင်တယ်ဗျာ၊ ဒါ​ပေမဲ့ ​လော​လောဆယ်ရတဲ့ လစာ​လေးက

မိသားစုအတွက် ​လောက်ငရုံမို့ မကူညီနိုင်​သေးပါဘူး။ တစ်​နေ့

ချမ်းသာလာရင် သူတို့ကို တကယ် ကူညီမှာပါ'တဲ့။ ဒါ​ပေမဲ့ သူ

မသိရှာတာက သူဟာ ကြီးကျယ်တဲ့ ကူညီမှု​တွေကို မလုပ်နိုင်​

ပေမယ့် ကူညီမှုအ​သေး​လေး​တွေကို လုပ်နိုင်တယ်ဆိုတာပါ။

ဘယ်လိုဟာမျိုးပါလဲ။ ဆင်းရဲလို့ လမ်း​ဘေးမှာ ​တောင်းရမ်း​​

နေကြသူ​တွေကို ​ငွေအ​ကြွေ​လေး​တွေ ​ပေးလိုက်တာ၊

သက်ကြီးရွယ်အိုအိမ်​တွေကို အလည်အပတ်သွားပြီး အား​ပေး

စကား​ပြော​ပေးတာ၊ က​လေး​တွေအများကြီးနဲ့ မနိုင်မနင်းဖြစ်​

နေရှာတဲ့ မိခင်ကို ကူညီ​​ပေးတာ၊ မျက်စိမမြင်သူ​တွေနဲ့ စာမ

ဖတ်တတ်သူ​တွေကို စာဖတ်ပြ​ပေးတာ စသဖြင့် အကူအညီအ​

သေး​လေး​တွေ ​ထောင်​သောင်းချီရှိကြပါတယ်။

မာသာထ​ရေဇား ​ပြေတာ မှန်ပါတယ်။ ကျွန်​တော်တို့

ဟာ ကမ္ဘာကြီးကို ​ပြောင်းလဲဖို့ ကြီးကျယ်တာ​တွေကို မတတ်

စွမ်းကြပါဘူး။ ဒါ​ကြောင့် တတ်စွမ်းတဲ့ လုပ်လို့ရတဲ့ ကြင်နာမှု​

လေး​တွေ ကူညီမှု​လေး​တွေကို အာရုံစိုက်ကြရမှာပါ။ ကျွန်​

တော် သ​ဘောအကျဆုံး ကူညီတဲ့ နည်းက​တော့ မိမိမျက်စိ​ရှေ့​

မှောက်မှာ အကူအညီလိုအပ်တာကို မြင်လိုက်ရင် ကူညီ​

ပေးလိုက်ခြင်းပါပဲ။ အဲဒီလို အကူအညီ​ပေးလိုက်တာ​တွေက

လည်း အ​သေး​လေး​တွေပဲ ဖြစ်ကြ​ပေမယ့် ကူညီမှု​လေး​တွေကို

လုပ်ပြီးတိုင်း စိတ်ထဲမှာ ​ကျေနပ်မှုရသွားသလို ကြည်နူး​

အေးချမ်းမှုကို ခံစားလိုက်ရပါတယ်​နော်။ အဲဒီလို ခံစားမှုမျိုးရ

ဖို့ ပိုက်ဆံ​တွေ သိန်းနဲ့ချီ ​ပေးလှူစရာ မလိုပါဘူး။ အဲဒါ​ကြောင့်

မိတ်​ဆွေရဲ့ မျက်စိ​ရှေ့မှာ အကူအညီလိုအပ်တာ​တွေကို မြင်

လိုက်ရင် ကူညီ​ပေးလိုက်ပါ​နော်...

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
...

27/05/2023

📚📚📚

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay