Master-5

Master-5

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Master-5, Education, Mandalay.

22/12/2023

🟥 ဝင်ငွေရလမ်းကြောင်း ( ၇ ) မျိုး

ကျွန်တော်တို့မှာ ဝင်ငွေရနိုင်စရာ လမ်းကြောင်း ၇မျိုး ရှိပါတယ် ။ အဲ့ဒါတွေကတော့
1 ။ Earned income
2 ။ Profit income
3 ။ Interest income
4 ။ Dividend income
5 ။ Rental income
6 ။ Capital gain
7 ။ Royalty income ဆိုပြီးတော့ ဖြစ်ပါတယ် ။

( ၁ ) Earned income
အလုပ်လုပ်လို့ရတဲ့ဝင်ငွေဖြစ်ပါတယ် ။ မိမိရဲ့ ကာယအား ဥာဏအားကို အရင်းပြုပြီး ရရှိတဲ့ ဝင်ငွေ ဖြစ်ပါတယ် ။ မိမိရဲ့ အချိန်ကို ရောင်းချခြင်းကနေ ရရှိတဲ့ဝင်ငွေလို့ ဆိုနိုင်ပါတယ် ။ အစိုးရ ဝန်ထမ်းများ ၊ ကုမ္ပဏီ ဝန်ထမ်းများ ၊ အခြားသော လခစားများ ရရှိတဲ့ငွေဟာ earned income ဖြစ်ပါတယ် ။ ဒီဝင်ငွေဟာ အချိန်ဆိုတဲ့ အကန့်အသတ်ရှိပါတယ် ။ ဘယ်လောက်လုပ်လုပ် တနေ့ ၂၄နာရီထက်ပိုလုပ်လို့ မရပါဘူး ။
( ၂ ) Profit income
ရောင်းချခြင်းနဲ့ဆိုင်တဲ့ ဝင်ငွေဖြစ်ပါတယ် ။ ပစ္စည်း တခုကိုဝယ်ပြီး အမြတ်နဲ့ပြန်ရောင်းချခြင်းဖြစ်ပါတယ် ။ ဒါမှမဟုတ် ပစ္စည်းတခုကို ကိုယ်တိုင်ထုတ်လုပ်ပြီး အမြတ်နဲ့ ပြန်ရောင်းချခြင်း ဖြစ်ပါတယ် ။ ကား ၊ ဆိုင်ကယ် ၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း ၊ စတိုးဆိုင် ၊ အဝတ်အထည်ဆိုင် အချိုရည်ထုတ်လုပ်ခြင်း စတဲ့ရောင်းဝယ်ခြင်းက ရရှိတဲ့ဝင်ငွေကို profit income အမြတ်ဝင်ငွေလို့ ခေါ်ပါတယ် ။ တနည်းအားဖြင့် စျေးရောင်းခြင်းက ရရှိတဲ့ဝင်ငွေဖြစ်ပါတယ် ။ ဒီဝင်ငွေရရှိအောင် စျေးရောင်းစျေးဝယ်လုပ်ရပါမယ် ။ ဒီအလုပ်ဟာ လူအများဆုံးလုပ်တဲ့ ဝင်ငွေရ လုပ်ငန်းဖြစ်ပါတယ် ။
( ၃ ) interest income ဆိုတာ အတိုးရရှိတဲ့ ဝင်ငွေဖြစ်ပါတယ် ။ မိမိငွေကို ဘဏ် မှာအပ်ထားရင် အတိုးရရှိပါတယ် ။ အဲ့လို ဝင်ငွေမျိုးကို interest income လို့ခေါ်ပါတယ် ။ အရပ်ထဲမှာ ငွေတိုးပေးခြင်းက ရရှိတဲ့ ဝင်ငွေကလည်း interest income ဖြစ်ပါတယ် ။ ဒီဝင်ငွေရရှိဖို့အတွက် မိမိငွေကို ဘဏ်မှာ အပ်ထားရပါမယ် ။ အရပ်အတိုးပေးခြင်းကတော့ ဆုံးရှုံးနိုင်ခြေများပါတယ် ။ အတိုးနုန်းကတော့ပိုရပါတယ် ။ အစိုးရတရားဝင်အသိအမှတ်ပြု အမိန့်ရ အပေါင်ဆိုင်ထောင်ခြင်းဖြင့်လည်း ဒီဝင်ငွေရရှိစေနိုင်ပါတယ် ။
( ၄ ) Dividend income ဆိုတာ ကုမ္ပဏီ ရှယ်ယာများဝယ်ယူထားခြင်းမှ ရရှိတဲ့ အမြတ်ဝင်ငွေဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာ ရန်ကုန်စတော့အိပ်ချိန်းYSX ရှိပါတယ် ။ စာရင်းဝင် ကုမ္ပဏီ ၆ ခုရှိပါတယ် ။ ဒီကုမ္ပဏီတွေက စတော့ရှယ်ယာများကို ဝယ်ယူနိုင်ပါတယ် ။ ဒီလိုရှယ်ယာများ ဝယ်ယူထားခြင်းဖြင့် နှစ်စဥ် အမြတ်ငွေကို ရရှိနိုင်ပါတယ် ။
( ၅ ) Rental income
မိမိပိုင်ဆိုင်တဲ့ကား အိမ် မြေ စတဲ့ ပစ္စည်းများ ငှါးရန်းခြင်းက ရရှိတဲ့ ဝင်ငွေကို Rental income လို့ခေါ်ပါတယ် ။ အဆောက်အအုံများဆောက်လုပ်ရာ ထောက် တိုင်( တီတိုင်)များ ငှါးရမ်းခြင်း ၊ အလှု ၊ မင်္ဂလာဆောင်များ မဏ္ဍပ် ငှါးရမ်းခြင်း စတဲ့ ပစ္စည်းများ ငှါးရမ်းခြင်းက ရရှိတဲ့ ငှါးရမ်းခဝင်ငွေများကို Rental income လို့ခေါ်ပါတယ် ။ ဒီဝင်ငွေရရှိဖို့ အိမ်ဝယ်ပြီး အိမ်ငှားထားနိုင်ပါတယ် ။ ဆိုင်ခန်းဝယ်ပြီး ငှားစားနိုင်ပါတယ် ။ ကားဝယ်ပြီး အော်ဒါ လိုက်နိုင်ပါတယ် ။ မြေထိုးစက်ကြီးများ ငှားခြင်းဖြင့်လည်း ဝင်ငွေရနိုင်ပါတယ် ။ ဒီဝင်ငွေက ရရှိဖို့လွယ်ပြီး ကျယ်ပြန့်ပါတယ် ။
( ၆ ) Capital Gains ဆိုတာ အိမ် ခြံမြေ ရောင်းဝယ်ခြင်း ၊ စတော့ ရှယ်ယာ ရောင်းဝယ်ခြင်းက ရရှိတဲ့ဝင်ငွေဖြစ်ပါတယ် ။ အိမ်ခြံမြေတွေကို မရောင်းပဲ ငှါးရမ်းထားရင် Rental income ရရှိပါတယ် ။ စတော့ ရှယ်ယာများကို မရောင်းရင် Dividend income ရရှိပါတယ် ။ ရောင်းချလိုက်ရင်တော့ Capital Gain ရရှိပါတယ် ။ ဒီဝင်ငွေက ၂ သီးစားဖြစ်ပါတယ် ။ အကျိုး အလွန်များပါတယ် ။
( ၇ ) Royalty income
ဒီဝင်ငွေကတော့ ထူးခြားပါတယ် ။ စာအုပ် ၊ သီချင်း ၊ ရုပ်ရှင်၊ လိုဂိုတံဆိပ် စသည်ဖြင့် ကိုယ်ဖန်တီးထားတဲ့ အရာအပေါ်မှာ အသုံးပြုတိုင်းရနေတဲ့ဝင်ငွေဖြစ်ပါတယ် ။ ကွန်ပျူတာဆော့ဝဲလ်တွေ ၊ ဂိမ်းတွေက ရရှိတဲ့ဝင်ငွေတွေကလည်း ဒီအမျိုးအစားဖြစ်ပါတယ် ။ မူပိုင်ခွင့်ကနေ ရရှိတဲ့ဝင်ငွေ အမျိုးအစားမျိုး ဖြစ်ပါတယ် ။ အလွန်အကျိုးများပြီး သားစဥ်မြေးဆက် ခံစားခွင့်ရှိပါတယ် ။ ချမ်းသာလွယ်တဲ့ ဝင်ငွေမျိုးဖြစ်ပါတယ် ။ ဟယ်ရီပေါ်တာ စာအုပ်ရေးတဲ့စာရေးဆရာမဟာ စာအုပ်ရေးတဲ့ အပေါ်က ဝင်ငွေရရှိတဲ့အပြင် ဟယ်ရီပေါ်တာကို ရုပ်ရှင်ရိုက်တဲ့အခါမှာလည်း သူမဟာ ခံစားခွင့် ငွေရရှိခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်သွားပါတယ် ။ ဒီဝင်ငွေရရှိဖို့အတွက် မိမိကျွမ်းကျင်ရာ အနုပညာကို ဖန်တီးရပါမယ် ။ ဘာသာရပ်ဆိုင်ရာများ ပညာရပ်များကို စာအုပ်စာပေ ရေးသားထုတ်ဝေရပါမယ် ။ ဆော့ဝဲလ်တွေ ၊ ဂိမ်းတွေ ရေးနိုင်ရပါမယ် ။ လူငယ်များအတွက် ချမ်းသာဖို့ အခွင့်အလမ်းဖြစ်တဲ့ ဝင်ငွေအမျိုးအစားဖြစ်ပါတယ် ။

ကမ္ဘာမှာ ချမ်းသာတဲ့ သူဌေးကြီးဖြစ်တဲ့ ဝါရင်းဘတ်ဖက်က ၄ နဲ့ ၆ အဓိကဝင်ငွေလမ်းကြောင်း နှစ်ခုရှိပါတယ် ။ မိုက်ခရိုဆော့ ပိုင်ရှင် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ် က ၂ နဲ့ ၇ အဓိက ဝင်ငွေလမ်းကြောင်းတွေ ရှိပါတယ် ။

ကျွန်တော်တို့ဟာ ဝင်ငွေလမ်းကြောင်းတခုတည်းပေါ်မှာ မှီတည်ခိုနေရရင် ဘဝအတွက် အာမခံချက် နည်းပါတယ် ။ ဝင်ငွေရလမ်းကြောင်း ပျက်သွားရင် ဒုက္ခ ရောက်သွား နိုင်ပါတယ် ။ ဒါကြောင့် မိမိနဲ့သင့်တော်တဲ့ ဝင်ငွေရလမ်းကြောင်းတွေ ၃ခု ၄ခု သိုမဟုတ် များစွာ ဖော်ဆောင် ထားသင့်ပါတယ် ။

Credit # #
Win Naing Oo spo
15 September 2019

02/11/2023

🔥စျေးရောင်းတက်ပီလား

✅စျေးရောင်းတာ အတူတူတောင်မှ ပိုမြတ်အောင် ရောင်းတက်လား

✅စျေးရောင်းတာ အတူတူတောင် ပိုရောင်းရအောင် ရောင်းတက်လား

✅အရောင်းအဝယ်ပါးတဲ့ အချိန်မှာတောင် တချို့တွေ အပြုံးမပျက်ရောင်းနေကြတာ တွေ့ဖူးလား

✅သင်ကိုတိုင် သတိမမူမိပဲ ဒီနည်းတွေနဲ့ ရောင်းချခံခဲ့ရလို့ အများကြီး ဝယ်ခဲ့ဖူးပါတယ်

🍏ပုံမှန်သင်တန်းကြေး-50000ကျပ်❌

🍏ယခုသင်တန်းကြေး-14900ကျပ်

🍏ပထမဆုံးအပ်သူ အယောက်၂၀ အတွက်-9900ကျပ်

🍏ပထမဆုံး အယောက် ၂၀ မှာ မပါဝင်ပေမယ့် နေ့လည် 1-4 Hrs အတွင်း သင်တန်းကြေးလွဲရင် Happy Hour-11900ကျပ်

သင်တန်းစတင်မည့်ရက်-11.11.2023

🤝သင်ကြားမည့်ဆရာ

Dr.AKO
-M.B.,B.S(MDY)
-MBA(CIM)
-MBA(EIU)
-M.Ed(UCAM)
-Master of Marketing Management(MUEco)(Candidate)

✅Facebook private group တွင် သင်ခန်းစာများ တင်ပေးမည်ဖြစ်ပြီး
မရှင်းလင်းတာများကို Viber Group တွင် မေးမြန်းနိုင်ပါသည်

✅သင်တန်းအပ်မည်ဆိုပါက Chat Box မှ ဆက်သွယ်ပေးပါခင်ဗျာ။

16/10/2023

ကြီးပွါးကြောင်း (၇) ရပ်

(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ)

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)......

ဆရာဖေမြင့် (ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်)

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay