Kyar Pan Riut MDY
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyar Pan Riut MDY, Restaurant, Mandalay.
25/12/2024
အပိုင်း၁၁🖤
အပေါ်ထပ်ကနေဆင်းလာတဲ့ သူမလေးကိုစျာန်
ဖုန်းပြော နေရင်းကသူမကိုလှမ်းကြည့်မိသည်
ဘယ်လောက်တောင်အပြစ်ကင်းစင်လိုက်တဲ့
ကလေးလဲ သူရဲ့ အတ္တအတွက်ကြောင့်သာမဟုတ်ရင်
ဒီအမျိုးသမီးလေးက သူကိုစိမ်းကားမည်မဟုတ်ပေ
သူသိပ်ကိုအတ္တကြီးခဲ့လို့ထင်ပါရဲ့
အရာအားလုံးဆုံးရူံလုနီးပါးပါဘဲ
သူရဲ့အာရုံတွေလွှင့်နေစင်
"ဘယ်သွားမှာလဲ "
ထို့အခါမှသူသူမလေးကိုကြည့်ပီ
"ပီးပီးလား "
"ပီးပေါ့ "
"'လာ "
သူသူမလေးကိုကားတံခါးဖွင့်ပေးပီး
ကားပေါ်တက်ခိုင်းစေသည် ပိးမှ
သူလဲကားမောင်းတော့သည်
နှစ်ယောက် လုံးတိတ်ဆိတ်နေဆဲ
သူမက တော့ရူခင်း တွေကိုကြည့်နေဆဲပင်
ထိုအခါဈာန်က
"'ဘေဘီ "'
"'အမ် "'
"'မနေ့ညကအိပ်လို့ကောပျော်ရဲ့လား "'
"'အမ်း ပျော်ပါတယ် "'
"'ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား "
"အမ်း "'
သူမလေးဆီကအသံကြောင့်သူအသံတိတ်သွားပြန်သည် သူမစိတ်ဆိုးစရာဆိုရင်လဲဆိုးစရာပါ
သူမမကြိုက်တဲ့အရာတွေကိုမှ သူလုပ်ခဲ့တာမလား
တစ်ခုပါဘဲ သူမ သူကိုမမုန်းဖို့ပါဘဲ
"'ရောက်ပီ ဘေဘီ "'
"'အွန်း "
ဈာန် ပြခန်းတစ်ခုရှေ့မှာ ကားရပ်လိုက်သည်
ထိုပြခန်းကပန်းချီပြခန်းလေ
သူမက ပန်းချီဆွဲရတာကိုသဘောကျတဲ့သူတစ်ယောက်လေဒါကြောင့် နှစ်တွေကြာလဲ သူမဘာကိုကြိုက်သလဲ ဘာကိုမကြိုက်ဘူးဆိုတာကိုသိနေတဲ့တစ်ယောက်သောသူလေ အချစ်ဆိုတာ ဘယ်လောက်ဘဲဝေးကွာနေပါစေ
နှလုံးသာနဲ့ မှတ်ညဏ်ကတော့ဘယ်လိုမှမေ့ဖျောက်လို့ရမည်မဟုတ်ပေ တကယ်အချစ်စစ်နဲ့ချစ်ခဲ့ရင်ပေါ့
သူမလက်ကလေးကိုဆွဲပီး
ပန်းချီပြခန်းထဲကိုအတူဝင်သွားသည်
ကိုကိုဟာ ဒီလိုပုံစံမျိုးဟာသူမအတွက်တော့
အရင်တိုင်းပါဘဲ
ထို့အခါ သူမ ပန်းချီကားတစ်ခုကို စိတ်ဝင်တစားနဲ့
ကြည့်နေခိုက် သူမရဲ့ မျက်ဝန်းထဲ မျက်ရည်လေးတွေ ပြည့်နေပီ ဝမ်းနည်းနေချိန်
"'ဘေဘီ "
"'အမ် '"
သူမ အနည်းငယ်ကြောင်ကြည့်နေပီ ခဏ အတန်ကြာ
တော့ သူမဆီက
"'ဒီပန်းချီကားက ဘယ်သူဆွဲထားတာလဲ "'
ပန်းချီပြတိုက်မူးက
"'ဟုတ်ကဲ့ မမလေး
ဒီပန်းချီကားက အမည်မသိတဲ့
ကောင်ငယ်လေးတစ်ယောက်ကဆွဲထားတာပါ "'
"'ဘေဘီ ရယ် ဒီတိုင်း လီလီပန်းခင်းနဲ့
ရဲတိုက်ပုံလေးရယ်ပီးတော့
ကောင် လေးတစ်ယောက်ဘဲဟာကို
ဘေဘီ ဒီပန်းချီကားကို
သဘောကျတာလား "'
"'မဟုတ်ဘူး ဒီပန်းချီကားကို
အရမ်းရင်းနှီးနေတယ် "'
သူမလေးပြောမှ သူလဲထိုပန်းချီးကားကိုစိတ်ဝင်တစားနဲ့ကြည့်လိုက်မိသောအခါ
"'အား ...
ငါ ...ခေါင်း...."'
စျာန် ခေါင်းတွေထိုးကိုက်လာပီပုံရိပ်တွေ ဝေဝါးနေပီ
ထိုပုံရိပ်တွေက အခုကဟာလား ဒါမှမဟုတ် အရင်ကဟာလားမသဲကွဲဘူး
"'ဟမ် ..
ဂျော်နီရယ်..
ဂျော် .နီ .ရယ် .က ဘယ်သူလဲ "' "'
နောက်ဆုံးမခံနိုင်တော့သူမေ့လဲသွားသည်
"'လီလီ... "'
#ကြာပန်းရိပ်
#ဘယ်လောက်ထိမုန်းနိုင်မှာလဲ
သဲတို့ရေ ပြန်လာပီနော် 😘
17/03/2024
အပိုင်း ၁၀🖤
"'ဘာ ကာာယံမောင် ကငါ့အကြောင်း စုံစမ်းနေတယ် "'
"'ဟုတ်တယ် အကိုလေး ကျွန်တော်ရှင်းလိုက်မယ် "'
ဈာန် အတန် ကြာအောင် တစ်ဖက်က ဖုန်းကိုပြန်မဖြေသေးဘဲ
တစ်ခုခု ကို စဉ်းစားနေပုံရသည်
"'နေဦး မနက်ဖြန် Birthday ရှီတယ်
အမ် Birthday present ပါတစ်ခါထဲထည့်ပေးလိုက် "'
"'ဟုတ်ကဲ့ အကိုလေး ကျွန်တော်နားလည်ပါပီ "'
"'Ok "'
ဈာန် ဖုန်းချလိုက်ပီး ပြတင်းပေါက် အပြင်ဘက်ကို
တစ်ချက်လှန်းကြည့်ပီး တစ်ခုခု ကိုလုပ်တော့မည် အနေအထားနဲ့
နူတ်ခမ်း ကို တစ်ဖက်တည်း ကွေးနေအောင် ပြုံးလိုက်၍
လက်ထဲက ဆေးလိပ် ကို တစ်ရိူက် သောက်ပီး အခိုးအငွေ့
တွေ ကို မူတ်ထုပ်လိုက်သည်
"' သခင်လေး ဒီမှာ မွေးနေ့လတ်ဆောင်တဲ့ "'
ကာယံ သူရဲ့လက်ထောက် ကောင်လေးတစ်ယောက်ကပြောတော့
၄ပေ လောက်ရှီတဲ့ပါကင်ပိတ်ထားတဲ့ ဂျက်ဖာပုံးတစ်ခု သူရှေ့ချထားလိုက်သည် ကာယံမောင် လဲ စဉ်းစားနေတာပင် ဘာလိုဆို သူမွေးနေ့က အဖိုး ရယ် ငယ် ရယ်ဘဲသိတာ အခုက
"'ဖွင့်လိုက် "'
"'ဟုတ် သခင်လေး "'
"'ဗြီ ဗြီ "'
"'ဟမ် "'
ကာယံမောင် ဂျက်ဖာ ပုံးကို ဖွင့်လိုက်တော့
သူအင်ပါယာ ကိုစုံစမ်းဖို့ လွှတ်ထားတဲ့ လူတစ်ယောက်ပင်
ထိုလူပုံစံက အသက်ငဲ့ငဲ့လေးဘဲ ကျန်တော့တဲ့လူတစ်ယောက်လိုပင် သူပုံစံကလဲ နှိပ်စက်ထားတဲ့ပုံပင် တစ်ကိုယ်လုံးသွေးတွေနဲ့
ရဲတောက်နေတာပင် အိုး လူမြင်မကောင်းအောင်
သွေးတွေ ဒဏ်ရာတွေနဲ့ရက်ရက်စက်စက်ပင်
တော်တော် ကြောက်ဖို့ကောင်းလောက်အောင်
နှိပ်စက်ထားပုံရသည်
ထို့အခါ ဂျက်ဖာပုံထဲက လူက သူရဲ့သွေးပေနေတဲ့ လက်တွေကြားထဲကနေ ပစ္စည်း တစ်ခုကို တုန်တုန်ယင်ယင်နဲ့ ထုပ်ပေးလိုက်သည်
ထိုအရာက Memories card ကလေးပင်
ကာယံ ရဲ့လူတစ်ယောက်က ထို card ကိုယူပီး စက်ထဲထည့်လိုက်သည် screen ပေါ် ပေါ်လာတဲ့တန်ဆာအုပ်ထားတဲ့ရုပ်နဲ့အသံက
"'အား !မလုပ်ပါနဲ့
တောင်းပန်ပါတယ် ကိုကို
အ ! မလုပ် အ "'
ဈန် ပို့လိုက်တာ သူနဲ့သူမလေးနဲ့ချစ်တင်းနှောသည်
Memories card ပင်
ဟမ် ဒီအသံက ငယ် အသံ ဒါဆိုဒီဟာက ငယ် ပေါ့
ကိုယ်ရူးတော့မှာဘဲ ငယ် ရယ်
ကိုယ်တောင်းပန်ပါတယ် ငယ့် ကို
ကာယံမောင် ရူးမတက်ပင်ခံစားရကာ
ထို screenပေါ်က နောက်တစ်ခု က
"'Happy Birthday par
ညီလေးကာယံ
ဘယ်လိုလဲ ကိုယ်တန်ဖိုးထားရဆုံး
အရာဖျက်ဆီးခံရတာ ပျော်တယ်မလား
မင်းထက်ငါခြေတစ်လှမ်းသာတယ် ကာ ယံ မောင်
အ ဟား ဟား ဟား "'
နောက်ဆုံးအနိုင်ရတဲ့ ဈန် ရဲ့ ရီသံဟာ ကာယံမောင် ရဲ့
ဗလောင်ဆူနေတဲ့ ဒီရင်ခွင်တစ်စုံ လက်သီးစုတ်ထားတဲ့
လက်ထဲကသွေးတွေတစ်စိမ့်စိမ့်ကျနေတာပင်
ဘေးနားက ရှီတဲ့ ဖန်ခွက်ကိုယူပီး
"'ခွမ်း "'
"'ခွေးမသား ဈန် ရိုင်း "'
ဖန်သားမျက်နှာပြင် ကိုကြည့်ပီး အားရပါရ ဆဲလိုက်တဲ့အသံ
စူးရှတောက်လောင်နေတဲ့မီးမျက်ဝန်းတွေနဲ့ ကြည့်နေလျက်ပင်
သူ သူမလေးကို ဖြူစင်လွန်းလွန်း လက်နဲ့တောင်မထိရက်
မကိုင်ရက်နဲ့ ပိုးလိုဥထားတဲ့ နုလုံးသားကို အရောင်ဆိုးပီးဖက်ဆီးခဲ့တဲ့ ဈန်ရိုင်း ပင်
ကာယံမောင် ရှီသမျှပစ္စည်းတွေ အကုန်လွှတ်ပစ်ပေါက်ကွဲနေတောသည်
အချစ်ဟာ လူမိုက်တစ်ယောက် စိတ္တဇတစ်ယောက်ကိုတောင် ဖြိုခွဲနိုင်သည် ဒြပ်မဲ့နာမ်စားတစ်ခုပင်
"'ဟင်အင်း မလုပ်ပါနဲ့ အ နာတယ် !
ငါမျက်လုံး ကို ကျေးဇူးပြုပီး မလုပ်ပါနဲ့
တောင်းပန်ပါတယ် အ ကယ်ကြပါဦး !"'
အိပ်ရာထဲမှာ ယောင်ယမ်းပီး အော်နေတဲ့
ကလေးငယ်ကိုကြည့်ပီး လူပ်နိူးနေတဲ့ ဈန်
"'ဘေဘီ ဘေဘီ
သတိထားဦး ဘေဘီ "'
အတန်ကြာအောင် သူမရဲ့အိမ်မက်ဆိုး ထဲကနေ
လူပ်နိူးလိုက်သည် ထို့အခါမှ ချွေးတွေနဲ့စွဲနေသည့်ခန္ဓာကိုယ်နဲ့
မျက်ရည်တွေနဲ့အတူ လန့်နိူးခဲ့သည်
"'ဟမ် "'
လိပ်ပြာ ဘေးဘီကိုကြည့်လိုက်တော့ ကိုကို ပင်
ကိုကိုကိုယ်တွေ့တော့ တုန်ရီနေတဲ့လက်နဲ့
ကိုကိုကိုယ်ပြန်ဖက်ထားလိုက်မိသည်
"'ဟမ် မျက်လုံး လိပ်ပြာ မျက်လုံး ရော "'
ပြာပြာသလဲရှာနေတဲ့ ဘေဘီ ကိုသူ အနည်းငယ် လူပ်ပီး
စကားဆိုလိုက်သည်
"'ဘေဘီ သတိထားစမ်းပါဦး
ဘေဘီ အိမ်မက်ထဲမှာ ယောင်နေတာ"'
ကိုကို ပြောလိုက်မှ လိပ်ပြာ ကိုယ့်ကိုကိုယ်
သေချာ စမ်းကြည့်မှ လိပ်ပြာ မျက်လုံးတွေ ရှီသေးသည်
ကိုကိုမှ လိပ်ပြာ ကိုရေခွက် ပေးပီး
သူလဲ လိပ်ပြာ ကိုစိုးရိမ်နေပုံပင်
"' ရော ရေလေးသောက်လိုက်ဦး "'
လိပ်ပြာ ကိုကို ပေးတဲ့ရေခွက်ကိုမော့သောက်လိုက်သည်
ပီးတော့ ကိုကိုက
"'ဘေဘီ အိမ်မက်ဆိုးတွေမက်နေတာလား "'
"'အမ်း ဟုတ်တယ်"'
"'ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတဲ့ အိမ်မက်ဆိုးမို့လဲ"'
"'တော်တော် ကြောက်ဖို့ကောင်းတယ် ကိုကိုရဲ့ "'
"'ဒါဆို ကိုယ့်ကိုပြောပြလေ ဘာအိမ်မက်မို့လဲ "'
ထိုအိမ်မက်ကို ပြန်ပြောဖို့ အားယူနေတဲ့ လိပ်ပြာပုံက
တကယ်ကို စိုးရိမ်နေတဲ့ပုံရိပ်ပင်
"'စိတ်ချ ပါဘေဘီ ကိုယ်ရှီတယ်လေ မကြောက်နဲ့ "'
လိပ်ပြာ လက်လေးကို စုပ်ယူပီးကိုင်ထားတဲ့ ပုံစံက
လိပ်ပြာ အတွက် တကယ့်အားကိုးစရာအမျိုးသားလေးပင်
သူမိန်းကလေး ဘာပြောပြော နားထောင်မှာအမှန်ပင်
"'အမ်း အိမ်မက် ထဲမှာ လိပ်ပြာရဲ့
အပြာရောင်မျက်လုံးကို ဖောက်ထုတ် ပီး
လဲလှယ်ဖို့ ပြင်နေကျတာတဲ့
အရမ်းကြောက်ဖို့ကောင်းလိုက်တဲ့ ကိုကို ရယ် "'
သူမ ရဲ့စကားအဆုံးမှာ တုန်လူပ်နေတဲ့
သူမရဲ့ ခန္ဓာကိုယ်လေးကိုယ်ရင်ခွင်ထဲ ကပ်ပီး
"'မကြောက်ပါနဲ့ အဲဒါက အိမ်မက်လေ ဘေဘီရဲ့
ဘေဘီ နေ့ခင်းက သရဲကား ကြည့်လိုက်တာမလား
အဲ့ဒါကြောင့်မို့ပါ ဘာမှမဟုတ်ဘူးရယ် နော် ဘေဘီ "'
ရင်ခွင်ထဲ ကိုယ်လေး ထည့်ပီးခေါင်းလေး ကို
အသာပွတ်ပေးနေပြန်သည်
"'ဒါပင်မဲ့ ကြောက်တယ် အိမ်မက်ထဲက"'
"' အမ်းပါ ဘေဘီ ရဲ့ ကိုယ်ရှီတယ်လေ
ဒါဆို ဒီလိုလုပ် ကိုယ်နဲ့အတူတူအိပ်မယ်လေ "'
"'ဟမ် ဘာလို "'
သူရဲ့အချစ်ကြမ်းမူကို သူမလေးက အတော်ကြောက်နေတဲ့ပုံပင်
"'ဟုတ်တယ်လေ ဘေဘီ ကြောက်နေတယ်ဆို "'
"'အော် "'
"'မနက်ဖြန်ကျမှ ကိုယ်ထပ်ချစ်မယ် "'
ဈန် သူဘေဘီ လေးကိုချစ်လိုစလိုက်မိသည်
"'ဟင် "'
သူမလေး မျက်ဝန်းက သူကိုမော့ကြည့်လိုက်ပီး
သနားစရာ ပုံစံဖြင့်
"'စတာပါ ကိုယ်က ကဲပါ အိပ်ရအောင်
မနက်ကျရင် တစ်နေရာသွားရဦးမှာ "'
"'ဟမ် ဘယ်ကို "'
"'ပြောပြလိုက်ရင် suprise ဘယ်ဖြစ်တော့ပါမလဲ ဘေဘီရဲ့ "'
"'ဟွန့် "'
"'မဟွန့်နဲ့တော့ ကြာရင်ကိုယ်စိတ်ထိန်းနိုင်မှာမဟုတ်ဘူးနော်
ဘေဘီ "'
အလိုပြောလိုက်တာနဲ့ ကောင်မလေးက တန်းပီး
အိပ်ရာထဲကိုတန်းပြေးပီး အိပ်ချင်ယောင်ဆောင်တော့သည်
လူလည်မလေး
ဈန် လဲသဘောကျရီကာ
သူလဲ အိပ်ရာထဲဝင်လိုက်ပီး သူမလေးကို
ရင်ခွင်ထဲထည့်အိပ်လိုက်တော့သည်
ထိုညက အိမ်မက်ဆီုးက သူမတို့အတွက်နောက်တစ်ကြိမ်ကံကြမ္မာစက်ကွင်းထဲပြန်ရောက်တော့မည့်အရိပ်အရောင်ပင်
အပိုင်း၁၁
#ကြာပန်းရိပ်
#ဘယ်လောက်ထိမုန်းနိုင်မှာလဲ
13/03/2024
အပိုင်း ၇ 💖
"'ဟာ ဒီလူကြာလိုက်တာ ဘယ်တွေမျန်း ဝင်နေတာပါလိမ့် "'
ပန်း တစ်ယောက် မိူင်း ကို ထိုင်စောင့်နေတာ ၁၀မိနစ်ကျော်နေပီ
ပန်း က စောင့်ရတာကြိုက်တဲ့ မိန်းကလေး မဟုတ်တာတော့သေချာပါပီ စိတ်မရှည်တက်တဲ့ ပန်ခတ်ထန် ပင်
"'ဟိတ် sorry ကိုယ်နဲးနဲး နောက်ကျသွားတယ်
ပန်း အတွက် ပန်းစည်း ဝယ်နေရင်း နောက်ကျသွားတာ "'
မိူင်း ပြောပိး လက်ထဲက လိမ္မော်ရောင်ကျူးလစ် ပန်းစည်းလေးကို
ထုပ်ပေးလိုက်တော့သည်
"'ပန်း ဘာပန်းကြိုက်သလဲ မသိလို့
ကိုယ် ဒါလေးဝယ်ခဲ့လိုက်တာ "'
ပန်းမကြိုက်တဲ့ မိန်းကလေး ဘယ်မှာရှီလို့လဲ
ပန်း ရဲ့ ရင်တွေသည်အနည်းငယ်သာတုန်မိသည်
ဘာကြောင့်မှန်းလဲမသိ သေချာတာတစ်ခုကတော့
ခတ် ရဲ့ဘဝမှာ ပန်းပေးဖူးတဲ့ သူစိမ်းယောင်္ကျားလေးဆိုတာ
ခင်ဗျက ပထမဆုံးပါဘဲ
ဒါပင်မဲ့ ပန်း မယူပါရစေနဲ့ ဘာလိုဆို ခင်ဗျပန်းပေးရမဲ့သူက
ခတ် မှမဟုတ်တာ
"'ဒါက ဘာလို့ပေးတာလဲ ခတ်က ပန်းမကြိုက်ဘူး "'
ပန်းစည်း ကို သူထံပြန်ပေးလိုက်တော့ မိူင်းက
"'ကိုယ်က ခင်မင်မူနဲ့ပေးတာပါ
ပန်း ပန်းမကြိုက်ရင်တောင်
ကိုယ်ရဲ့စေတနာလေးကိုတော့
အသိမှတ်ပြုသင့်တယ်မလား ပန်း "'
သူပြောတာကျတော့လဲ ဟုတ်သားဘဲ ဒါကြောင့် ခတ် သူပေးတဲ့ ပန်းစည်းကို လက်ခံလိုက်မိသည်
အအေးသောက်နေရင်း မိူင်း က
"'ပန်း ကိုယ့်ကို ပြောစရာရှီတယ်ဆို ပြောလေ "'
"'ဟုတ် သူသူ အကြောင်းပါ "'
"'အော် သူသူ အကြောင်းဆိုရင်တော့
ကိုယ် စဉ်းစားဦးမယ် "'
ခတ် တော်တော် အံဪမိသည် ခတ် ပြောမဲ့စကားကို သိနေတော့
"'ဟမ် သူသူအကြောင်း ကိုသိတယ်ဆိုတော့ "'
"'ဟုတ်တယ်လေ ဟိုတစ်နေ့ကမှ
သူ ကိုယ့်ကိုဖွင့်ပြောတာ "'
"'အဲ့တော့ ရှင်က ဘာပြန်ပြောလိုက်သလဲ "'
ခတ် သိချင်လွန်းလို့ မေးလိုက်တော့ သူက
ခတ် ကိုကြည့်ပီး ရီလိုက်သည်
"' အဟမ်း ကိုယ့်ကဘာပြောရမှာလဲ
ကိုယ်က သူကိုကျောင်းတုန်းက လမ်းလျှောက်ရင်း
လဲကျမှာဆိုလို့ ကူလိုက်တာဘဲရှီတာ
အဒါကို အချစ်လို့ခေါ်ရင် သူဘဲမှားမှာပေါ့
သူက ကိုယ်ကို့သဘောကျတာပါ "'
ခတ် သူပြောတာ ဘာတစ်ခုမှ နားမလည်ပေ
ဒါပင်မဲ့ ခတ် လဲ တစ်ချိန်က ဆိုရှယ်မိဒိယာ play girls
ဘဲလေ ဒါကြောင့် ခတ် လဲ ခေသူမဟုတ်ဘူးမလား
"'သဘောကျရာကနေ သံယောစဉ်နဲ့ ချစ်သွားတဲ့
အတွဲတွေအများ ကြီးပါဘဲ "'
"'ကိုယ်တော့ မထင်ပါဘူး "'
"'ဒါကတော့ ခင်ဗျအပိုင်းပါ
ဒါဆို ခတ်နဲ့ Challenge တစ်ခုလုပ်မယ်
ဘယ်လိုလဲ "'
မိူင်း challenge တစ်ခုလုပ်မယ်ဆိုတော့
စိတ်ဝင်စားသွားသည်
"'ok လေ ပြောကြည့်ပေါ့ "'
"' သူသူ ကို အဖြေပြန်ပေးလိုက်ပါ
ပီးရင် သူနဲ့ ၄ လလောက် တွဲကြည့်လိုက်ပါ
အဲဒီ ၄လအတွင်းမှာ သူမ ကိုတကယ်ချစ်လာစေရမယ် "'
"' မချစ်ဘူးဆိုရင်ရော ဘယ်လိုလုပ်မှာလဲ "'
အဲ့ဒိ အမေးကြောင့် ခတ် မျက်နှာပျက်သွားသည်
"' သေချာပေါက် ချစ်လာစေရမယ် ဒါပင်မဲ့ ဒီကြားထဲ
ခင်ဗျ တစ်စုံတစ်ယောက်ကို ချစ်မယ်ဆိုရင်
သူကို စောစောစီးစီးပြောပါ "'
"'ဒါဆို ကိုယ်အခုကတည်းက ငြင်းပါရစေ "'
"' ဟမ် ဘာလို့ အခု ခင်ဗျ မှာချစ်သူရှီနေပီလား "'
ခတ် ထိပ်လန့်သွားသည် ဘာလိုဆို သူသူ ကို
အောင်သွယ်တော် လုပ်ရမှာက ကိုယ်လေ
တကယ်လို့ သူမှာ ချစ်သူရှီရင် လက်လွှတ်ရမှာမလား
ဒါက လူကျင့်ဝတ်ဘဲမလား
"'မရှီပါဘူး ဒါပင်မဲ့ စိတ်ဝင်စားတဲ့သူတော့ရှီတယ် "'
"'ဪ ခင်ဗျ ကစိတ်ဝင်စားတာလား "’
"' အွန်း ဒါကြောင့် ကိုယ်ငြင်းနေတာပေါ့ "'
တော်သေးတာပေါ့ သူစိတ်ဝင်စားတာ လေ
ချစ်သူရှီတာမှမဟုတ်တာ
ပန်း စိတ်ထဲကနေ ပြောလိုက်မိသည်
"' မငြင်းပါနဲ့ သူကရော ခင်ဗျကို စိတ်ဝင်စားရဲ့လား "'
မိူင်း ခေါင်းရမ်းပြလိုက်သည်
'" အဲ့ဒါတော့ ကိုယ်မသိဘူး သူဘက်က
ကိုယ့်ကို ဘယ်လိုသဘောထားလဲဆိုတာ "'
"' အဒါပြောတာလေ ခင်ဗျကသာ စိတ်ဝင်စားတာ
သူကစိတ်ဝင်စားမှာမဟုတ်ဘူး ရယ်
ခတ် နားလည်ပါတယ် ဒါပင်မဲ့
အခုဟာက ခင်ဗျလဲကြာရင် သူကို မေ့သွားမှာပါ "'
"'အွန်းပါ ကိုယ်ကြိုစားကြည့်ပါမယ်
ဒါပင်မဲ့ ပန်း ရူံးရင်ရော "'
"'ခင်ဗျ ကြိုက်တာခိုင်း"'
"' Ok ပန်း ပြောတာနော် "'
"'အွန်း ဒါဆို ခတ် ပြန်တော့မယ်နော် "'
"'နေဦး "'
"'ဟုတ် ပြောလေ "'
"'ကိုယ့်ကို မင်း အဲ့လိုကြီး မခေါ်လို့မရဘူးလား "'
မိူင်း သူလာကတည်းက အခုချိန်ထိ နာမည်မခေါ်ဘဲနဲ့ ရှင်
ခင်ဗျ လိုခေါ်နေတာ သူတစ်ယောက်သာလျှင် သိုပင်မဲ့
နားထဲ ကန့်လန်ကြီးပေ
"'ဟမ် ခတ် ကဘယ်လိုခေါ်လို့လဲ "'
"'ကိုယ်က မင်းအကိုထက် လတောင်ကြီးတယ်နော်
အဲဒါကြောင့် ကိုယ့်ကို ရှင် လိုခင်ဗျလို မခေါ်ပါနဲ့လား "'
ခဆ် သေချာပြန်စဉ်းစားကြည့်မှ ဟုတ်လဲဟုတ်ပါတယ်
ကိုယ့်ထက်အကြီးကို ဘယ်လိုတွေတောင်ခေါ်လိုက်မိပါလိမ့်
"'ဟီးဟီး ဟုတ် ခတ် ဆင်ခြင်ပါမယ်နော်"'
"'တီ တီ တီ "'
ထို့အချိန် ခတ် ဖုန်းလာတော့ ဖုန်းကိုင်လိုက်သည်
"'ဟလို မေမေ လာပီ '"
"' ဟုတ် ဟိုလေ ခတ် ပြန်တော့မယ်
မေမေ ခေါ်နေလို "'
"'အွန်းပါ ကိုယ်လိုက်ပို့မယ်လေ "'
"'ရတယ် ခတ် ဘာသာ ခတ် ပြန်လိုက်ပါမယ် "'
ခတ် ဘာသာ ခတ် အမြန်ပြန်လာလိုက်တော့သည်
နောက်မို့ဆို အိမ်က မာတာမိခင်က မလွယ်ပါ
တော်သေးတာပေါ့ မေမေ က ဆိုင်မှာမို့
ခတ် နောက်ဖေးပေါက်ကနေ ဝင်လိုက်တော့သည်
ခတ် သူပေးတဲ့ ပန်းစည်း လေးကို ခုတင်ပေါ်တင်ထားပီး
အချိန်တော်ကြာအောင် ကြည့်လိုက်မိသည်
စိတ်ထဲမှာတော့ အတိုင်းမသိအောင် သဘောကျကြည်နူးမိသည်
သိုသော် သူက ခတ် အပိုင်မှမဟုတ်တာ ......
အပိုင်း ၈
#ကြာပန်းရိပ်
အကယ်၍ယုံကြည်ခဲ့လျှင်
ကဲသဲတို့ရေ တင်ပေးလိုက်ပီနော် တိုသွားရင်လဲ တောင်းပန်ပါတယ
နော် နောက်အပိုင်းတွေကျရင် ရှည်ပေးပါမယ်နော် 😘
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay