LEXIS
Mom's Choice For Kids
30/05/2025
💁♀️အရင်တုန်းကဆို အိမ်ကသားသားလေးက သင်္ချာဆိုတဲ့အသံကြားတာနဲ့ “ပျင်းတယ်၊ မတွက်ချင်ဘူး” လို့ပြောပြောပြီး သင်္ချာကြောက်တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တာလေ…
💁♀️အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ အသိတွေကို လိုက်မေးတော့ “𝐋𝐄𝐗𝐈𝐒 စိတ်တွက်ပေသီးသင်္ချာသင်တန်းကိုသာ အပ်လိုက်ပါ” လို့ ပြောကြတယ်… ဒီလိုနဲ့ သင်တန်းအပ်ထားလိုက်တော့တာပေါ့…
💁♀️အခုတော့ 𝐋𝐄𝐗𝐈𝐒 ကြောင့် သင်္ချာမှာ ဆရာကြီးတစ်ဆူဖြစ်လာတဲ့အပြင် သွက်သွက်လက်လက်ရှိလာပြီး ပေါင်းသင်းဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာလို့ အရမ်းအဆင်ပြေနေပါပြီ…😍
👉ဒီပို့စ်လေးကို ဖတ်နေတဲ့ဖေဖေမေမေတွေအနေနဲ့လည်း သင်္ချာကြောက်တဲ့ အိမ်ကသားသားမီးမီးလေးတို့အတွက် အပေါ်ကမေမေလို 𝐋𝐄𝐗𝐈𝐒 မှာ သင်တန်းအပ်နှံချင်တယ်ဆိုရင် 𝐏𝐚𝐠𝐞 𝐂𝐁 (𝐨𝐫) အောက်ပါဖုန်းနံပါတ်တွေကနေ စုံစမ်းမေးမြန်းအပ်နှံနိုင်ပါပြီနော်…🤗💛
“ဦးနှောက်လည်းသန် အတွက်လည်းမြန်စေဖို့ LEXIS စိတ်တွက်ပေသီးသင်္ချာသင်တန်းမှာ အပ်နှံကြပါစို့”
🧮𝐋𝐄𝐗𝐈𝐒 𝐀𝐛𝐚𝐜𝐮𝐬 𝐂𝐞𝐧𝐭𝐞𝐫🧮
🏫Mandalay Campus🏫
33A Street Between 62A x 63 Streets, Chan Aye Thar San Tsp, Mandalay
☎+959 899 273 417
#ပေသီးသင်္ချာ #ကလေး
22/05/2025
👶 ကလေးငယ်တွေဟာ စာရွက်အလွတ်လေးတွေနဲ့ အလားတူပါတယ်... 🖌ဘာမှ မရေးခြစ်ရသေးခင်မှာ ဘာကိုပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ဖြည့်စွက်ခံလိုက်ရဖို့ အသင့်ရှိနေတဲ့ စာရွက်ဖြူလေးတွေလိုပဲ ကလေးတွေဟာ မိဘတွေနဲ့ စောင့်ရှောက်တဲ့သူတွေရဲ့ ကူညီထိန်းကျောင်းတတ်ပုံပေါ်မူတည်ပြီး တန်ဖိုးတွေ တက်လာကြပါတယ်...ဒါကြောင့် 👧👦 တန်ဖိုးအကြီးဆုံးစာရွက်လေးတွေဖြစ်လာနိုင်ဖို့ ကလေးငယ်တွေကို အပြည့်အဝ သင်ယူဖြည့်စွက်နိုင်သူတွေဖြစ်လာစေနိုင်မယ့် နည်းလမ်းလေးတွေကို 𝗟𝗲𝘅𝗶𝘀 ကနေ ပြောပြပေးထားပါတယ်
👀 စူးစမ်းလေ့လာခွင့်ပေးပါ
ကလေးတွေဟာ စူးစမ်းလေ့လာပြီး သင်ယူတတ်ကြပါတယ်...ဒါကြောင့် ပတ်ဝန်းကျင်နဲ့ များများထိတွေ့နိုင်အောင်၊ အသစ်တွေ လေ့လာခွင့်များများရအောင် ဖန်တီးပေးဖို့ လိုပါတယ်
🗣 မေးခွန်းမေးတာကို လက်ခံပါ
“မေမေ ဒါက ဘာလို့ ဒီလိုဖြစ်နေတာလဲ” အဲဒီလို အဓိပ္ပါယ်သိပ်မရှိပေမယ့် သူ သိချင်သမျှကို မေးခွန်းထုတ်လာတိုင်း စိတ်ရှည်ရှည်နဲ့ ပြန်ပြီးအဖြေပေးပါ...မေးခွန်းမေးတာကို ပိတ်ပင်တာမျိုး မလုပ်ပါနဲ့
📚 စာဖတ်တဲ့အလေ့အထ ဖန်တီးပေးပါ
ကလေးငယ်တွေက အနားနီးတဲ့လူတွေဆီက၊ ပတ်ဝန်းကျင်ဆီက၊ ကြားသိသမျှတွေဆီကနေ သင်ယူတတ်ကြပါတယ်... ဒီလိုအနီးအနားကနေ မသင်ယူနိုင်တဲ့အရာတွေကို အကောင်းဆုံးသင်ကြားပေးနိုင်တာကတော့ စာအုပ်တွေပါပဲ...ဒါကြောင့် စာဖတ်တာကို ငယ်ငယ်ကတည်းက အားပေးပါ...အရွယ်အလိုက် စာအုပ်လေးတွေ ဝယ်ပေးပြီး စာဖတ်ကျင့်ရအောင် လုပ်ပေးပါ
⌛ အချိန်တိုတိုနဲ့ အာရုံစိုက်နိုင်အောင် လေ့ကျင့်ပေးပါ
ကလေးတွေ အာရုံစိုက်နိုင်စွမ်းက နည်းပါးတာကြောင့် တစ်ခါတည်းနဲ့ အကြာကြီး အများကြီး သင်ပေးတာမျိုးမဟုတ်ဘဲ ကစားရင်းနဲ့မှ သင်တာ၊ ရုပ်ပုံလေးတွေနဲ့ သင်တာ၊ အပြန်အလှန် လေ့ကျင့်ပေးတာမျိုးတွေနဲ့ တစ်ရက်ချင်းစီအလိုက် သင်ကြားပေးသွားပါ
🏷 လွယ်လွယ်ကူကူ တံဆိပ်မတပ်ပါနဲ့
ကလေးတွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး...တခြားသူနဲ့ နှိုင်းယှဥ်ပြီး တော်တယ်၊ ညံ့တယ်ဆိုတာမျိုးတွေကို တံဆိပ်တပ်မစောပါနဲ့...ဒါက ကလေးရဲ့ Confidence level ကို အကျိုးသက်ရောက်စေပါတယ်
🎖 ဆုချီးမြှင့်ပါ
သင်ပြီးသားကို မှတ်မိတဲ့အခါ၊ အဖြေမှန်တွေ ပေးနိုင်တဲ့အခါမျိုးမှာ ချီးကျူးပါ၊ ဆုပေးပါ...ဒါဆိုရင် ပိုပြီး ကြိုးစားသင်ယူစိတ်ဖြစ်လာဖို့ အားပေးပြီးသားဖြစ်စေပါတယ်
🙋♂️🙋♀️ဒီနည်းလမ်းလေးတွေက ကလေးတွေကို အကောင်းဆုံးသင်ယူနိုင်သူတွေဖြစ်လာစေအောင် ထောက်ကူပေးနိုင်ပါတယ်...အဲဒီအပြင် ဦးနှောက်သန်စွမ်းစေပြီး သင်ယူနိုင်စွမ်းကို တိုးတက်စေတဲ့ 𝘼𝙗𝙖𝙘𝙪𝙨 (ပေသီးသင်္ချာ)ကို ငယ်စဥ်ကတည်းက လေ့ကျင့်သင်ကြားပေးတာကလည်း သင်္ချာပညာအပြင် ဘဝတလျှောက်အတွက် အရေးပါတဲ့ ဖန်တီးတွေးတောနိုင်စွမ်းကိုပါ တိုးတက်အားကောင်းစေပါတယ်...ဒါကြောင့် အသက်(၅)နှစ်အရွယ်က စပြီး ပေသီးသင်္ချာသင်ယူလိုတယ်ဆိုရင်တော့ 𝗟𝗲𝘅𝗶𝘀 နဲ့သာ ဆက်သွယ်လိုက်ပါ 🧮
#ပေသီးသင်္ချာ #ကလေး
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
60 Street Between 31×32 Streets, D-8, ရတနာတိုင်းပြည်အိမ်ရာ, ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့။
Mandalay