Consult Plus
We don't just consult.We focus on result.
25/01/2026
ပြုပြင်ပြောင်းလဲဖိုအတွက် ဝန်မလေးပါနဲ့ ….
ကိုယ့်ရဲ့ လုပ်ငန်းက တဖြည်းဖြည်းနဲ့ အမြတ်အစွန်းတွေ နည်းလာပြီလား?
ဝန်ထမ်းတွေကို ထိန်းချုပ်ရတာရော ခက်ခဲလာပြီလား?
တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေကို လိုက်မမှီတော့ဘူးလား?
ပိုမိုကောင်းမွန် စနစ်ချဖိုလိုအပ်နေပြီလား ?
လုပ်ငန်းချဲ့ထွင်တော့မှာလား ?
အခုလိုမျိူး အပြိုင်အဆိုင်တွေများလာတဲ့ ခေတ်မှာ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းဟာ ပြိုင်ဘက်တွေကြားထဲ အောင်မြင်ဖိုဆိုတာ တကယ်ကို မလွယ်ကူပါဘူး။ တော်တော်ကြီး ကြိုးစားရုန်းကန်ရမှာပါ။ လုပ်ငန်းက တဖြည်းဖြည်းနဲ့ အမြတ်အစွန်း လျှော့နည်းလာပြီဆိုရင်တော့ တစ်ခုခုပြုပြင်ပြောင်းလဲဖို လိုအပ်နေပါပြီ။
ဟုတ်ပြီ။ အဲ့ဒါဆို လုပ်ငန်းတိုးတက်အောင်မြင်ဖိုအတွက် ဘာတွေပြောင်းလဲရမလဲ၊ ဘာတွေလုပ်ဖို လိုအပ်လဲဆိုတာကို ဆိုတာကို ခေါင်းရှုပ်ခံပြီး စဉ်းစားနေတာလား? Consult Plus က လုပ်ငန်းရှင်တွေကို ကူညီပေးဖို အသင့်ရှိနေပါတယ်။
ကျွန်တော်တို Consult Plus Consulting Firm ဟာ မိတ်ဆွေတိုအတွက် အောက်ဖော်ပြပါ Consulting Services များဆောင်ရွက်ပေးနေပါပြီ။
Our Services
Business Start Up (လုပ်ငန်းစတင်နိုင်ရေး)
Business Planning (လုပ်ငန်းအစီအစဉ်ရေးဆွဲရေး)
Business Strategy (မဟာဗျူဟာချမှတ်ရေး)
Marketing Strategy (စျေးကွက်ဖော်ဆောင်ရေး)
Business Development (လုပ်ငန်းချဲ့ထွင်ရေး)
Business Systemization (လုပ်ငန်းစနစ်တကျ လည်ပတ်ရေး)
Selling (အရောင်းမြှင့်တင်ရေး)
စတဲ့ လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်ဖိုအတွက် လိုအပ်တဲ့အရာတွေကို အကောင်းဆုံးကြိုးစားပြီး အတိုင်ပင်ခံအကြံပေးသွားမှာပဲ ဖြစ်ပါတယ်။ Consult Plus နဲ့ အတူတူ ပြောင်းလဲပြီး အောင်မြင်မှုတွေကို အရယူလိုက်ပါ။
Contact No -
09740862699
09740862688
ConsultPlus
BusinessConsultingService
businessconsultingservice
businessconsultantservice
businessconsultant
businessconsultancyservices
23/01/2026
လုပ်ငန်းရှင်တိုင်း သိကိုသိရမယ့် A.I.D.A
ဒီနေ့ခေတ်ရဲ့ လုပ်ငန်းရှင်တိုင်းက ဒီလိုပြောနေကြတာ မကြာခဏဆိုသလို ကြားဖူးတယ်…။
“ကြော်ြငာနေပေမယ့် မရောင်းရဘူး”
“Marketing လုပ်ပေမယ့် လူတွေကို မဆွဲဆောင်နိုင်ဘူး”
ဒါဟာ လူကြီးမင်းတို့ အနေနဲ့ A.I.D.A ကို မသုံးသေးလို့ ဒီလိုဖြစ်နေတာပါ…။
ဒီနေ့မှာတော့ A.I.D.A အကြောင်း ''Consult Plus'' က ဝေမျှပေးပါမယ်...။
◾A (Attention)
စိတ်ဝင်စားစရာ Headline တွေ၊ Content တွေနဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကိုရရှိအောင် လှလှပပဆွဲဆောင်ဖို့ လိုပါတယ်…။
◾I (Interest)
ဒီအဆင့်ဟာ ဝယ်ယူသုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းဆုပ်ရမယ့်အဆင့်ဖြစ်လို့ ကိုယ့်ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေရဲ့ အများနဲ့မတူဘဲ ထူးခြားတဲ့ Features& Benefits တွေရှိကြောင်း ကိုမြင်သာအောင် ထုတ်ဖော်ပြသနိုင်ရပါမယ်…။
◾D(Desire)
ဒီအဆင့်မှာတော့ ဝယ်ယူသုံးစွဲသူရဲ့ လိုချင်စိတ်ကိုနှိုးဆွနိုင်ဖို့ ကိုယ့်ထုတ်ကုန်မှာရှိတဲ့ USP (Unique Selling Point)ကို အသားပေး ဖော်ပြဖို့ လိုပါတယ်…။ဒါ့အပြင် ဝယ်သူရဲ့ ပြဿနာတွေကိုပါ ဘယ်လိုအကောင်းဆုံး ဖြေရှင်းပေးနိုင်တယ်ဆိုတာ ကိုပါ သေသေချာချာ ဖော်ပြရပါမယ်…။
◾A(Action)
ဒီအဆင့်မှာတော့ ဝယ်ယူသုံးစွဲသူက ကိုယ့်ရဲ့ထုတ်ကုန်(သို့)ဝန်ဆောင်မှာကို အမှန်တကယ်ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချအောင် လုပ်ဆောင်ရမယ့် အပိုင်းဖြစ်ပါတယ်…။ ဒီလိုဆုံးဖြတ်ချက်ချအောင် လူကြီးမင်းတို့ဘက်က အချိန်အကန့်အသတ်ရှိတဲ့ ပရိုမိုးရှင်းတွေ၊ အထူးအခွင့်အရေးတွေကို ဘောင်တစ်ခုအတွင်းကနေ ဖန်တီးပေးထားဖို့ လိုပါမယ်…။
👉ဒီအဆင့်တွေကို စနစ်တကျလုပ်ဆောင်ခြင်းက ဈေးကွက်မှာ လူကြီးမင်းတို့ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို လူတွေစိတ်ဝင်စားလာစေပြီး Sale Rate တက်လာဖို့ အထောက်အကူဖြစ်လာမှာပဲ ဖြစ်ပါတယ်…။
📌လူကြီးမင်းတို့အနေနဲ့ ဒီလို လူတွေကိုဆွဲဆောင်ဖို့၊ စိတ်ဝင်စားမှုကို ရယူဖို့၊ လိုချင်လာစေဖို့၊ ဝယ်ယူလာစေဖို့ ဘယ်လို နည်းစနစ်တွေ သုံးရမလဲဆိုတာ သိချင်မယ်ဆိုရင်တော့ ကျွန်တော်တို့ “ Consult Plus” နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ ခင်ဗျာ…။
☎ 09 768 221 443
09 740 862 688
09 740 862 699
🏚76St, Bet 36x37,Mahar Aung Myay Township, Mandalay.
18/01/2026
HR တစ်ယောက်က အဖွဲ့အစည်းကို ဘယ်လောက်ထိ အကျိုးပြုနိုင်လဲ...?
အဖွဲ့အစည်း တစ်ခုတိုးတက်နေဖို့ဆိုတာ တစ်ဦးတစ်ယောက်ထဲမှာ တာဝန်ရှိတာမဟုတ်ပါဘူး...။
ဒါပေမယ့် ဒီနေ့မှာတော့ HR တစ်ယောက်ဟာ အဖွဲ့အစည်း တိုးတက်ဖို့ ဘယ်လောက်ထိ ကူညီပေးနိုင်လဲဆိုတာ ပြောပြချင်ပါတယ်...။
1)အဖွဲ့အစည်းအတွက် သင့်တော်တဲ့ ဝန်ထမ်းခန့်ထားပေးနိုင်ခြင်း
2)ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ Skills တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း
3)Productive ဖြစ်တဲ့ Team တစ်ခုကို ဖန်တီးပေးနိုင်ခြင်း
4)အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်း
ဒါတွေဟာ HR ကောင်းတစ်ယောက်ရဲ့ အရည်အသွေးတွေပဲ ဖြစ်ပါတယ်...။
ဒီလို အရည်အချင်းရှိတဲ့ HR ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်
-Communication Skill
-Problem Solving Skill
-Conflict Resolution Skill
-Adaptability
-Leadership Skill
-Negotiating Skill
ဒါတွေရှိဖို့ လိုအပ်ပါတယ်...။
လုပ်ငန်းရှင်တွေအနေနဲ့ ဒီလို အရည်အချင်းရှိပြီး အဖွဲ့အစည်းကို အမှန်တကယ် တိုးတက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ HR တစ်ယောက်ရဖို့ဆိုတာ သိပ်မလွယ်လှပါဘူး...။
ဒါကြောင့် ကျွန်တော်တို့ Consult Plus က လူကြီးမင်းတို့ လုပ်ငန်းတွေမှာ သင့်တော်တဲ့ဝန်ထမ်းတွေ ခန့်ထားနိုင်ဖို့
အကြံပေးဆွေးနွေးခြင်းတွေ လုပ်ဆောင်ပေးနေပါပြီ...။
အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ခန့်ထားခြင်းဖြင့် လုပ်ငန်းတိုးတက်အောင်မြင်ချင်တယ် ဆိုရင်တော့ ပေးထားတဲ့ Hotline တွေကနေ ဆက်သွယ်လိုက်တော့ ခင်ဗျာ...။
Hotline. 09 768 221 443
09 740 862 688
09 740 862 699
Address . 76St, Bet 36x37,Mahar Aung Myay Township, Mandalay.
17/01/2026
လုပ်ငန်းတစ်ခု စတင်တည်ထောင်ခြင်း( Start Up) မှာ အရေးကြီးတဲ့ အချက် (၅) ချက်...
1)Clear Value Proposition
ဝယ်သူတွေအနေနဲ့ ဘာကြောင့် ကိုယ့်ထုတ်ကုန်(သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်သင့်တယ် ဆိုတာ မြင်သာအောင် ချပြရပါတယ်...။ ရွေးချယ်သင့်တဲ့အချက်ဆိုတာဟာ စျေးကွက်ထဲက ပြိုင်ဘက်တွေထက် ထူးခြားပြီး သာလွန်ကောင်းမွန်တဲ့ အချက်တွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်...။
Market Research
ကိုယ်ဦးတည်ထားတဲ့ စျေးကွက်မှာ ဝယ်သူတွေရဲ့ လိုအပ်ချက်၊ စိတ်အခြေအနေနဲ့ အမူအကျင့်တွေကို လေ့လာသုံးသပ်ရပါတယ်။ ဒီလိုလုပ်ခြင်းဖြင့်ရလာတဲ့ အချက်အလက်တွေဟာ Marketing Plan ဆွဲတဲ့ အချိန်မှာ အင်မတန် အရေးပါတာကြောင့် Market Research ကတော့ လုပ်ကို လုပ်ရပါလိမ့်မယ်...။
3)Develop a Business Plan
ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ စျေးကွက်ချဲ့ထွင်ရေးနဲ့ ရင်းနှီးငွေတွေအပေါ်မူတည်ပြီး Business Plan တစ်ခု ရှိကိုရှိရပါမယ်...။ ဒီလိုရှိထားခြင်းဖြင့် ကိုယ့်လုပ်ငန်းကို ရေရှည်ရပ်တည်နိုင်အောင် ထောက်ပံ့ပေးနိုင်ပြီး Funding & Partnership ရှာဖွေတဲ့အခါ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်...။
4)Financial Management
Start Up တစ်ခုမှာ အရေးကြီးဆုံးအပိုင်းကတော့ ငွေကြေးစီမံ ခန့်ခွဲမှုပါပဲ။ ဝင်ငွေ၊ ထွက်ငွေနဲ့ အမြတ်ငွေ စတာတွေကို စနစ်တကျ စီမံခန့်ခွဲခြင်းဟာ လုပ်ငန်းရေရှည် တည်မြဲဖို့နဲ့ ကြီးထွားလာဖို့ မဖြစ်မနေ လုပ်ကို လုပ်ရမယ့် အချက်ပါပဲ...။
5)Adaptability & Resilience
Adaptability & Resilience ကို အလိုက်သင့် ပြောင်းလဲနိုင်စွမ်းနဲ့ ခံနိုင်ရည်ရှိမှုလို့ အနီးစပ်ဆုံး ဆိုရပါမယ်...။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ Start Up တစ်ခုကို ထူထောင်တဲ့ အခါမှာ Industry Change တွေနဲ့ Customer Feedback တွေကို ခံနိုင်ရည်ရှိဖို့နဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းရှိ ထားရပါမယ်..။
ဒီအချက်တွေဟာ Start Up တစ်ခု စတဲ့အချိန်မှာ သိကိုသိထားရမယ့်အချက်တွေ ဖြစ်ပါတယ်...။
လူကြီးမင်းတို့အနေနဲ့ Start Up တစ်ခုကို စတင်ဖို့ပဲ ဖြစ်ဖြစ်၊ စပြီးသား လုပ်ငန်းတစ်ခုကို စနစ်ချဖို့ပဲ ဖြစ်ဖြစ်
Consult Plus မှာ အကြံပေးဆွေးနွေးခြင်းတွေ ရယူနိုင်ပါပြီ...။
Hotline. 09 768 221 443
09 740 862 688
09 740 862 699
Address . 76St, Bet 36x37,Mahar Aung Myay Township, Mandalay.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
05031
Opening Hours
| Monday | 08:30 - 06:00 |
| Tuesday | 08:30 - 06:00 |
| Wednesday | 08:30 - 06:00 |
| Thursday | 08:30 - 06:00 |
| Friday | 08:30 - 06:00 |
| Saturday | 08:30 - 06:00 |
| Sunday | 08:30 - 06:00 |