Kakehashi Software Development Training Center

Kakehashi Software Development Training Center

Share

KAKEHASHI Software Development Training Center ဖြစ်ပါတယ်

28/05/2021

WE ARE HIRING
📌Job Title - Flutter Developer
📌Salary – Negotiate
📌Office Hour - 8:00 AM - 5:00 PM
📌Contact email - [email protected]
[email protected]
📌Job Description - Flutter, Android app designing and Developing, UI/UX, State Management
❗ရေရှည်တွင် Web and Mobile Developer အဖြစ်လုပ်ကိုင်ချင်သောသူများကို ခေါ်ယူလျက်ရှိပါတယ်။
❗အနာဂတ်တွင် အိုင်တီပညာရှင်များအဖြစ်လုပ်ကိုင်ရန် ရည်မှန်းချက်ရှိသူများအတွက် ပညာနှင့်အတွေ့အကြုံများ ရရှိနိုင်မည့်အခွင့်အရေးဖြစ်ပါတယ်။
❗ကျွန်တော်တို့နဲ့ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
🏘️လျှောက်ထားရန်လိပ်စာ
အမှတ် ၂၄၊ ကံ့ကော်လမ်း၊ ၂၂x၂၃ လမ်းကြား၊ ၈၈x၈၉ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
☎️- 09 777 510 878

18/01/2021

𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐭𝐨 𝐰𝐫𝐢𝐭𝐞 𝐩𝐫𝐨𝐠𝐫𝐚𝐦𝐬 𝐬𝐭𝐫𝐞𝐭𝐜𝐡𝐞𝐬 𝐲𝐨𝐮𝐫 𝐦𝐢𝐧𝐝, 𝐚𝐧𝐝 𝐡𝐞𝐥𝐩𝐬 𝐲𝐨𝐮 𝐭𝐡𝐢𝐧𝐤 𝐛𝐞𝐭𝐭𝐞𝐫, 𝐜𝐫𝐞𝐚𝐭𝐞𝐬 𝐚 𝐰𝐚𝐲 𝐨𝐟 𝐭𝐡𝐢𝐧𝐤𝐢𝐧𝐠 𝐚𝐛𝐨𝐮𝐭 𝐭𝐡𝐢𝐧𝐠𝐬 𝐭𝐡𝐚𝐭 𝐈 𝐭𝐡𝐢𝐧𝐤 𝐢𝐬 𝐡𝐞𝐥𝐩𝐟𝐮𝐥 𝐢𝐧 𝐚𝐥𝐥 𝐝𝐨𝐦𝐚𝐢𝐧𝐬.

𝑩𝒊𝒍𝒍 𝑮𝒂𝒕𝒆𝒔

Photos from Kakehashi Software Development Training Center's post 16/01/2021

ဒီနေ့မှာတော့ 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 နဲ့ပတ်သက်တဲ့ ပေါ့ပေါ့ပါးပါး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးကြပါမယ်။ ဆိုတော့ 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ဆိုတာဘာလဲ ဆိုတာနဲ့ စလိုက်တာပေါ့။

𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ဆိုတာကို အရှင်းဆုံးပြောရရင် 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေကို ဖန်တီးတည်ဆောက်တာနဲ့ ဆက်လက်ထိန်းသိမ်းတာတွေ ပါတဲ့ အလုပ်တစ်ခုလို့ ပြောလို့ရပါတယ်။ 𝐖𝐞𝐛𝐬𝐢𝐭𝐞 ဆိုတာကတော့ 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 ပေါ်က နေရာတစ်ခုခုမှာ တင်ထားပြီး၊ 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 အဆက်အသွယ်ရှိရင် 𝐁𝐫𝐨𝐰𝐬𝐞𝐫 လို့ခေါ်တဲ့ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 တွေကနေ ဝင်ရောက်လေ့လာကြည့်ရှု၊ အသုံးပြုလို့ရတဲ့ စာမျက်နှာအစုအဝေးတွေပဲ ဖြစ်ပါတယ်။ 𝐖𝐞𝐛𝐬𝐢𝐭𝐞 ဆိုတာမှာလည်း အမျိုးအစားတွေ အများကြီး ရှိပါတယ်။ 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ပေးရုံသက်သက် စာနဲ့ ပုံတွေ လောက်ပဲ ပါဝင်တဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 အသားပေး 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေကိုတော့ ရိုးရိုးပဲ 𝐖𝐞𝐛𝐬𝐢𝐭𝐞 လို့ခေါ်ပါတယ်။ 𝐁𝐚𝐜𝐤-𝐞𝐧𝐝 နဲ့ 𝐝𝐚𝐭𝐚𝐛𝐚𝐬𝐞 နည်းပညာတွေ မပါဝင်တဲ့ အတွက် 𝐒𝐭𝐚𝐭𝐢𝐜 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေလို့လည်း ခေါ်ပါတယ်။

ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေနဲ့ 𝐁𝐚𝐜𝐤-𝐞𝐧𝐝 နည်းပညာတွေ 𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞 နည်းပညာတွေ ပါဝင်လာတဲ့ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေကိုတော့ 𝐃𝐲𝐧𝐚𝐦𝐢𝐜 𝐖𝐞𝐛𝐬𝐢𝐭𝐞 ဒါမှမဟုတ် 𝐖𝐞𝐛 𝐀𝐩𝐩 တွေလို့ ခေါ်ပါတယ်။ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေကို တည်ဆောက်တယ်ဆိုတဲ့အပိုင်းမှာ စာမျက်နှာ တစ်ခုနှစ်ခုပဲပါတဲ့ ရိုးရှင်းတဲ့ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေ၊ 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ပြရုံသက်သက်ပဲ လိုအပ်တဲ့ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေကနေ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေပါ ပါဝင်လာတဲ့ 𝐰𝐞𝐛 𝐚𝐩𝐩 တွေ တည်ဆောက်တဲ့အထိ ပါဝင်ပါတယ်။

𝐖𝐞𝐛 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ဆိုတဲ့ 𝐅𝐢𝐞𝐥𝐝 ထဲမှာ 𝐅𝐫𝐨𝐧𝐭-𝐞𝐧𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 နဲ့ 𝐁𝐚𝐜𝐤-𝐞𝐧𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ဆိုတဲ့ 𝐟𝐢𝐞𝐥𝐝 တွေပါဝင်ပါတယ်။ 𝐅𝐫𝐨𝐧𝐭-𝐞𝐧𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ဆိုတာက 𝐰𝐞𝐛𝐬𝐢𝐭𝐞 ကိုဝင်ရောက်ကြည့်ရှုတဲ့ 𝐔𝐬𝐞𝐫 မြင်ရသမျှ အားလုံးပါပဲ။ 𝐍𝐚𝐯𝐢𝐠𝐚𝐭𝐢𝐨𝐧 𝐁𝐚𝐫 ပေါ်က 𝐌𝐞𝐧𝐮 လေးတွေ၊ 𝐁𝐮𝐭𝐭𝐨𝐧 တွေ၊ စာတွေကို ဖော်ပြထားတဲ့ 𝐄𝐥𝐞𝐦𝐞𝐧𝐭 အစိတ်အပိုင်းတွေ၊ 𝐋𝐨𝐠𝐢𝐧/𝐒𝐢𝐠𝐧 𝐮𝐩 𝐟𝐨𝐫𝐦တွေ အားလုံးပါဝင်ပါတယ်။

𝐔𝐈/𝐔𝐗, 𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞, 𝐃𝐨𝐦𝐚𝐢𝐧, 𝐇𝐨𝐬𝐭𝐢𝐧𝐠, 𝐅𝐫𝐨𝐧𝐭-𝐞𝐧𝐝, 𝐁𝐚𝐜𝐤-𝐞𝐧𝐝, 𝐅𝐮𝐥𝐥-𝐬𝐭𝐚𝐜𝐤 စတဲ့အကြောင်းအရာတွေကို အောက်ကပုံတစ်ပုံချင်းစီအောက်မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

ဒီ 𝐩𝐨𝐬𝐭 ကတော့ 𝐰𝐞𝐛 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 နဲ့ ပတ်သက်တဲ့ နည်းပညာအကြောင်းအရာတွေ၊ အသုံးအနှုန်းတွေကို အခြေခံကျကျ၊ အလွယ်တကူသိချင်တဲ့ သူတွေအတွက် မိတ်ဆက်ဖော်ပြပေးချင်တာပဲ ဖြစ်ပါတယ်။ ဆိုတော့ နည်းပညာအသေးစိတ် မကျအောင်၊ လွယ်ကူရှင်းလင်းတဲ့ အဓိပ္ပာယ်တွေ ဖြစ်အောင် ကြိုးစားထားပါတယ်။ ဒီ 𝐩𝐨𝐬𝐭 ထဲ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပိုသိချင်တာပဲ ဖြစ်ဖြစ်၊ ကိုယ်သိတာနဲ့ တိုက်ဆိုင်ပြီး ဆွေးနွေးငြင်းခုံ ချင်တာပဲဖြစ်ဖြစ် 𝐜𝐨𝐦𝐦𝐞𝐧𝐭 ထဲမှာ ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

#𝐊𝐚𝐤𝐞𝐡𝐚𝐬𝐡𝐢𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠𝐂𝐞𝐧𝐭𝐞𝐫
#𝐖𝐞𝐛𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭𝐆𝐞𝐧𝐞𝐫𝐚𝐥𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞𝐬

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


22ndx23rd, 88thx89th Sts, Aungmyaythazan Tsp
Mandalay
05011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00