Money Plus
လူတိုင်း ငွေကြေးပညာ တတ်မြောက်ရမည်။
25/12/2025
Bitcoin ကြောင့် လူသိများလာတဲ့ Blockchain Technology
========================================
Blockchain နည်းပညာပေါ်ပေါက်လာခဲ့တာဟာ နှစ်အတော်အတန်ကြာခဲ့ပြီ ဖြစ်ပေမယ့် လူသိများလာတာကတော့ Bitcoin လို့ ခေါ်တဲ့ Cryptocurrency ကြောင့်ပဲ ဖြစ်ပါတယ်…။
ဒါကြောင့် ဒီနေ့မှာတော့ “ Money Plus” က Blockchain Technology အကြောင်း တီးမိခေါက်မိရှိအောင် ခပ်တိုတို လေး မျှဝေပေးချင်ပါတယ်….။
၁) Blockchain Technology ဆိုတာဘာလဲနဲ့ ဘာလို့ ဒီလိုခေါ်တာလဲ…?
◾ Blockchain Technology ဆိုတာ အလွယ်ပြောရင် “ကြားဖြတ်ပြင်ဆင်လို့ မရအောင် ရှေ့နောက်ချိတ်ဆက်တဲ့ နည်းနဲ့ စာရင်းမှတ်တဲ့ နည်းပညာ “ပါပဲ။ စာရင်းတွေကို Block တစ်ခုချင်းစီမှာ ထည့်သွင်းထားပြီး တစ်ခုနဲ့တစ်ခု အဆက်အစပ်မိမိ ချိတ်ဆက်ထားလို့ Blockchain လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်…။
၂)Block တစ်ခုမှာ ဘယ်လိုစာရင်းတွေပါဝင်ပြီး အရွယ်အစား ဘယ်လောက်ရှိမလဲ…?
◾Blockတစ်ခုမှာ ငွေအလွဲအပြောင်း လုပ်ထားတဲ့ Transaction History တွေနဲ့ တခြားသောနည်းပညာဆိုင်ရာ အချက်အလက်တွေ ပါဝင်ပါတယ်။ Block တစ်ခုမှာ ပျမ်းမျှ 1MB limit ရှိပြီး Transaction ပေါင်း ၄၀၀၀ ခန့်သိမ်းဆည်းနိုင်တာကြောင့် အင်မတန် lightweight ဖြစ်တယ်လို့ ဆိုရပါမယ်…။
◾Blockchain တွေမှာတော့ Block တွေထပ်တိုးတိုင်း သူ့ရဲ့ အရွယ်အစားကြီးလာတာကြောင့် Size Limit မရှိဘူးလို့ ပြောလို့ရပါတယ်…။
၃)ဒီနည်းပညာက ဘာကြောင့် လုံခြုံစိတ်ချရတယ်လို့ ဆိုနိုင်တာလဲ…?
◾Blockchain တွေဟာ Decentralized Contributed Ledger ပါ။ ဆိုလိုတာကတော့ ဒီစာရင်းတွေဟာ အစိုးရ(သို့) လူတစ်ဦးတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေဘဲ အားလုံးဆီကို ဖြန့်ဝေပြီးသားဖြစ်လို့ ပြန်ပြင်ချင်ရင် တစ်ကမ္ဘာလုံးက စာရင်းတွေကို လိုက်ပြီးပြင်ဆင်မှ ရမယ်ဆိုတာပါ။
ဒီသဘောတရားကြောင့်ပဲ Blockchain Technology က လုံခြုံစိတ်ချရတယ်လို့ ဆိုနိုင်တာဖြစ်ပါတယ်။ ဒီနည်းပညာကို Digital Money Transaction တွေအပြင် ရွေးကောက်ပွဲစာရင်းတွေ၊ Smart Contraတီးတွေအတွက် အများဆုံးသုံးလေ့ ရှိကြပါတယ်…။
💵 ဒါကတော့ Cryptocurrency ကို စိတ်ဝင်စားသူတွေနဲ့ လေ့လာလိုသူတွေအနေနဲ့ Blockchain Technology အကြောင်း တီးမိခေါက်မိ ရှိအောင် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်..။
👉ဒီလို အကြောင်းအရာ တချို့ကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ “Money Plus” ကို Like & Follow လုပ်ပြီး စောင့်ကြည့်ဖို့ မမေ့ပါနဲ့ ခင်ဗျာ…။
လူတိုင်းငွေကြေးပညာ တတ်မြောက်ရမည်။
09 788 080 026
09 788 080 027
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |