Football Myanmar

Football Myanmar

Share

About Football

04/05/2023

ဒီရာသီက ဘာမှကျေနပ်စရာမရှိသေးဘူးလို့ ဖလားတစ်လုံးရပြီးတဲ့ တန်ဟက်ခ်ပြောကြား

***********************************************************************

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က လက်ရှိ ဘောလုံးရာသီနဲ့ပတ်သက်လို့ ဘယ်အရာကမှ စိတ်ကျေနပ်စရာမရှိသေးဘဲ စိတ်ကျေနပ်မှုက အသင်းကို ပျင်းရိသွားစေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာ ကစားရခက်တဲ့ ပြိုင်ဘက် ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ တန်ဟက်ခ်က သူ့အသင်းနဲ့ ပတ်သက်လို့ အခုလိုမျိုးပဲ ပြောကြားခဲ့တာပါ။ တန်ဟက်ခ် တာဝန်ယူကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာ ယူနိုက်တက်က ကာရာဘောင်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက်လည်း အခြေအနေကောင်းနေပါတယ်။

ဒါ့အပြင် အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိနေတာကြောင့် တန်ဟက်ခ်ရဲ့ ပထမဆုံးရာသီက ကျေနပ်စရာဖြစ်နေပြီလို့ အားလုံးက သုံးသပ်နေကြတာပါ။ ဒါပေမယ့် တန်ဟက်ခ်ကတော့ “ဒီရာသီက ဂုဏ်ယူဖို့ကောင်းတယ် ဒါမှမဟုတ် ကျေနပ်ဖို့ကောင်းတယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ စိတ်ကျေနပ်မှုက အသင်းကို ပျင်းရိသွားစေနိုင်ပါတယ်”

“ကျွန်တော်တို့ နောက်ထပ် (၆) ပွဲ ကစားဖို့ ကျန်သေးပြီး ပွဲတိုင်းကို အနိုင်ယူချင်ပါတယ်။ ဒီအတွက် အပြည့်အဝ အာရုံစိုက်ဖို့၊ ခွန်အားအပြည့်သုံးဖို့၊ သေချာပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါတွေက တိုက်ပွဲတွေဖြစ်လာဖို့ရှိပြီး ကျွန်တော်တို့ရဲ့ ရမှတ်တွေအတွက် တိုက်ပွဲဝင်ရပါမယ်။ ကျွန်တော်တို့က ပွဲတိုင်းကို နိုင်ချင်တယ်၊ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲချင်ပါတယ်”

“ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပါဝင်ခွင့်ရချင်ပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ တိုက်ပွဲဝင်နေတာပါ။ ဘာကြောင့်လဲဆိုတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲက ပရီးမီးယားလိဂ်ရာသီပြီးမှ ကစားရမှာပါ။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ‘အကယ်၍များ’ ဆိုပြီး ကျွန်တော် ဘယ်တုန်းကမှ မပြောပါဘူး။ ကျွန်တော် ဘရိုက်တန်နဲ့ပွဲကိုပဲ အာရုံစိုက်ထားပါတယ်”

“အိပ်မက်မက်နေလို့မရပါဘူး။ ဒါပေမယ့် တူညီတဲ့ အာရုံစူးစိုက်မှုရှိရပါမယ်။ ပွဲတိုင်းမှာ ဒါကို သက်သေပြရပါမယ်။ ကောင်းတယ်ဆိုရုံလောက်နဲ့ မလုံလောက်ပါဘူး။ ပိုကောင်းအောင် လုပ်ရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

04/05/2023

၂၈ နှစ်ကြာ စံချိန်ကို ရိုက်ချိုးပြလိုက်တဲ့ ဟာလန်း

***********************************************************************

ဒီနေ့မနက် ဝက်စ်ဟမ်း ကို ၃ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲမှာ တိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုးတစ်ဂိုး လည်း ပါဝင်ခဲ့ပါတယ် ။ ဒီသွင်းဂိုးကြောင့် ဟာလန်း ဟာ ပရီးမီးယားလိဂ် ၃၁ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုးက ၃၅ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ကာ တစ်ရာသီထဲ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရောက်ရောက်ချင်းပဲ ရိုက်ချိုးပြခဲ့ပြီ ဖြစ်ပါတယ် ။
တစ်ရာသီထဲ သွင်းဂိုး အများဆုံး သွင်းယူနိုင်တဲ့ စံချိန်ရှင် ကတော့ အန်ဒီကိုးလ် နဲ့ အလန်ရှီးယားတို့ရဲ့ ၃၄ ဂိုး စံချိန်ဖြစ်ပြီး အဆိုပါ ၂၈ နှစ်ကြာ စံချိန်ကိုတော့ ဟာလန်းက ကျော်ဖြတ်ထားသလို ရာသီကုန်ဆုံးဖို့ ၄ပွဲ ကျန်နေသေးတာကြောင့် ဟာလန်းရဲ့ သွင်းဂိုးတွေ ဘယ်အထိ ပြေးပြမလဲ စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ် ။
အခြားတဖက်မှာလည်း နိုင်ပွဲရရှိခဲ့တာ​ကြောင့် စီးတီးတို့ဟာ အမှတ်ပေးဇယား ကို ပြန်ဦးဆောင်ထားသလို ဒီရာသီ ဖလား ၃ လုံး လမ်းကြောင်းကိုလည်း အကောင်းဆုံး လျှောက်လှမ်းပြနေဆဲ ဖြစ်ပါတယ် ။

06/02/2023

Breaking News!!!
ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ၁၀၀ကျော်နဲ့ စွဲချက်တင်ခံထားရတဲ့ မန်ချက်စတာ စီးတီးဟာ တန်းဆင်းရမယ့် အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
မန်ချက်စတာ စီးတီးက ၂၀၀၉ခုနှစ်ကနေ ၂၀၁၈ခုနှစ် အထိ ၁၀စုနှစ် တစုနီးပါး အတွင်း ဘဏ္ဍာရေးစည်းမျဉ်းတွေကို အကြိမ် ၁၀၀ကျော် ချိုးဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ ပရီးမီးယားလိဂ်က မန်ချက်စတာ စီးတီးရဲ့ ပြစ်မှုတွေကို စုံခုံဖွဲ့ကာ စစ်ဆေးဖို့ ပြင်ဆင်နေပြီး စုံခုံအတွင်း ပါဝင်မယ့် ပုဂ္ဂိုလ် တဦး ဖြစ်တဲ့ မော်ရေးဟာ အာဆင်နယ်ရဲ့ တာဝန်ရှိသူ တဦး ဖြစ်တယ်လို့လည်း သိထားရပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကသာ မန်ချက်စတာ စီးတီးကို စွဲချက်တင်ထားတဲ့ ပြစ်မှု ၁၀၀ကျော် အနက် ၅၀ကျော်မှာ အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ရင် ပရီးမီးယားလိဂ်က မန်ချက်စတာ စီးတီးကို အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် တန်းဆင်းခိုင်းမယ်လို့လည်း သိရှိရပါတယ်။
ဒါ့အပြင် မန်ချက်စတာ စီးတီးရဲ့ စပွန်ဆာအများစုကလည်း ယခု ပြဿနာတွေကို အနီးကပ် စောင့်ကြည့်နေပြီး ရာသီကုန်အထိ လက်တွဲ လုပ်ကိုင်နေမှုများကို ရပ်တန့်ရန် ပြင်ဆင်နေကြောင်းလည်း စီးပွားရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

Photos from Football Myanmar's post 24/01/2023

🗣Cristiano Ronaldo
ပထမအနိုင်ရတဲ့ပွဲမာ ပရိတ်သတ်များ မယုံနိုင်လောက်အားပေးကြလို့ အားလုံးကို ကျေးဇူတင်ပါသည် ။

Want your business to be the top-listed Gym/sports Facility in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay