Earthbytes

Earthbytes

Share

Cold & Snack

Photos from Earthbytes's post 03/04/2022

Myanmar Coffee History

-မြန်မာ့ကော်ဖီဘယ်ကစခဲ့သလဲ..???

-မြန်မာနိုင်ငံမှာ ကော်ဖီကို ဘယ်ဒေသ တွေကစတင်စပျိူးခဲ့တာလဲ.?

-မြန်မာနိုင်ငံရဲ့ ပထမဆုံး ကော်ဖီထုတ်လုပ်သည့်စက်ရုံကိုဘယ်သူကတည်ထောင်ခဲ့တာလည်း...?

-ပထမဦးဆုံးကော်ဖီကိုဘယ်ဒေသတွေက စတင်စိုက်ပျိူးခဲ့လဲဆိုတာရှင်းပြပေးမယ်

📍-၁၈၈၅ ခုနှစ်တွင် မြိတ်နှင့်ထားဝယ်မြို့များတွင် ပထမဦးစွာ မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ပျိုးခြင်းကိုစတင်ခဲ့ပါတယ်။

ကရင်ပြည်နယ် (သောင်းဒုန်းဒေသ) မှာလည်းကော်ဖီစိုက်ခင်းများကိုတစ်ချိန်တည်းတွင် (Robusta ) စိုက်ပျိုးခဲ့ပျိုးခဲ့ပါတယ်။ ကက်သလစ်သာသနာပြုများသည် ၁၉၃၀ တွင်ရှမ်းပြည်နယ်တောင်ပိုင်း၌ Arabica ကော်ဖီမျိုးကို စတင်စိုက်ပျိုးခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ပြင်ဦးလွင်တွင်လဲ ကော်ဖီစိုက်ပျိုးမူကို စတင်ခဲ့ပါတယ်။

၁၉၃၀ မှ ၁၉၃၄ ခုနှစ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင် ဧက (၁၂၀) ကျယ်ဝန်းသော "ချောင်းဆုံ" ကော်ဖီစိုက်ခင်းကို တည်ထောင်စိုက်ပျိူးခဲ့ပါတယ်။

၁၉၃၅-၁၉၃၆ အထိမြန်မာနိုင်ငံ၏စုစုပေါင်းကော်ဖီထုတ်လုပ်မှုမှာ (၂၆၈) တန်ရှိပြီး ပြည်ပတင်ပို့မှုမှာ (၁၇၅ )တန်ထိရှိခဲ့ပါတယ်။လှော်ပြီးသား ကော်ဖီထုတ်လုပ်မှုမှာလည်း (၁၀၈ )တန်ဖြစ်ပါတယ် ။

၁၉၉၄ ခုနှစ်တွင်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် ယနေ့အထိကျန်ရှိနေသေးသော သီးနှံများကိုစိုက်ပျိုးခြင်းနှင့် ထုတ်လုပ်ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်...

၁၉၉၈ ခုနှစ်တွင် GOM ၏အကြီးအကဲများသည် (Arabica) အာရေဗျကော်ဖီစိုက် ဧက ၁၀၀၀၀၀ အထိ တိုးချဲ့ရန် ချမှတ်ခဲ့ပါတယ်။ မန္တလေးတိုင်း (ပြင်ဦးလွင်ဝန်းကျင်) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း (နောင်ချိုဝန်းကျင်) ရှိ ဧက ၅၀၀၀၀ ရှိသော မြေနေရာများတွင် ရွေးချယ်စိုက်ပျိူးခဲ့ပါတယ်။

ဒုတိယအနေနဲ့ကတော့

မြန်မာနိုင်ငံရဲ့ကော်ဖီစက်ရုံကို ဘယ်သူက စတင်တည်ထောင်ခဲ့တာလည်းဆိုတာဘဲ ဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်၊ မြန်မာနိုင်ငံ ၊ မန္တလေးတိုင်းဒေသကြီးရှိ ပင်လယ်ရေမျက်နှာပြင်အထက်( ၃၅၃၈) ပေ အမြင့်၌ တည်ရှိသော မေမြို့ (သို့) ပြင်ဦးလွင်မြို့တွင်( ဦးဘတူ) ဆိုသူက မြန်မာလူမျိုးတွေအတွက် မြန်မာ့ ကော်ဖီကို အစပျိုးပေးခဲ့တာဘဲ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်တွင် ဦးဘတူသည် ဂျာမနီနိုင်ငံ Probat ကုမ္ပဏီမှ ဝယ်ယူသည့်
Roasting Machine ကော်ဖီ လှော်စက်( ၂) လုံးဖြင့် ပြင်ဦးလွင်မြို့တွင် ကော်ဖီစက်ရုံကို တည်ထောင်ခဲ့တယ်လို့သိရတယ်။ ကော်ဖီမှုန့်ကို B.T Brother Co., Ltd အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခဲ့ပါတယ်။ မြန်မာ ပြည်သူများအကြား ကော်ဖီရနံ့ မွေးပျံ့စေခဲ့တာအခုဆိုလျှင် နှစ်ပေါင်း ၈၀ ကျော်နေရှိခဲ့ပါပြီ။

အခုအခါမှာတော့ မြန်မာ နိုင်ငံရဲ့ ကော်ဖီကောင်းကြောင်းကို နိုင်ငံတော်တော်များကသိနေပီဖြစ်ပါတယ်။

Credit #-

မြန်မာ့ကော်ဖီ အရည်အသွေးပိုမိုကောင်းမွန်လာပြီး နိုင်ငံတကာမှာ မြန်မာ့ကော်ဖီဆိုပြီး နာမည်ရလာဖို့အတွက်ဆိုရင်
-ကော်ဖီစိုက်ပျိုးတဲ့ တောင်သူတွေ
- Cuppers
- Roasters
- Barista တွေရဲ့ ကြိုးစားမူတွေက အရင်းခံနေပါတယ်။

Want your business to be the top-listed Food & Beverage Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay
05031