YaRa

YaRa

Share

YaRa Vlog

Photos from YaRa's post 19/09/2025

ယဉ်ယဉ်လေးနဲ့ Elegant ဆန်မယ့် DESIGNER's Collection ရဲ့ ပွဲတက် dress လှလေးတွေ ✨
゚viralシviralシfypシ゚viralシalシ

Photos from YaRa's post 30/06/2025

Madagascar Centella hyalu-cica water fit Sun Serum [ honest review ]

Hello Sunscreen ကောင်းကောင်းလေးရှာနေသူလေးဆို ဒီ post ကို အဆုံးထိဖတ်ပေးဖို့ပြောချင်ပါတယ် YaRa ကိုယ်တိုင်သုံးပီး အရမ်းတွေသဘောကျလို့ အသေးစိတ် honest review လေးရေးထားပေးတာပါ

သူက tik tok မှာရော Instagram မှာပါ viral အရမ်းဖြစ်တဲ့ Madagascar Centella hyalu-cica water fit Sun Serum က glow effect ရလား ? လိမ်းလိုက်ရင်ရော စေးကပ်ကပ်ကြီးဖြစ်သွားလား ? သုံးပီးရော အသားရေကဘယ်လိုပြောင်းလဲလာလဲ ? ဆိုတဲ့အကြောင်းတွေကို တစ်ချက်ချင်းလေးပြေ ပြပေးသွားမှာဖြစ်လ်ို့ YaRa review ကိုဖတ်ပီး ရွေးချယ်ချင်သူလေးတွေတွက် တကယ်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ် 🥰

💧Texture

ပထမဆုံးအနေနဲ့ သူ့ texture လေးက serum type ကိုမှ watery type နည်းနည်းဖြစ်တဲ့အတွက် ပူပူစေးစေးကြီး ဖြစ်မနေပါဘူး ။ မျက်နှာတစ်ခုလုံး 2 finger method နဲ့တောင်လိမ်းလို့ရတယ် ၊ လိမ်းလိုက်တာနဲ့အသားထဲစိမ့်ဝင်သွားပီး Skin ကို အတွင်းပိုင်းထိ moisturizing ဖြစ်သွားတဲ့ feeling လေးခံစားရတယ်

အခြား Sunscreen တွေလိုမျိုး မျက်နှာပေါ်မှာ လိမ်းပီး white cast လဲမဖြစ်ဘူး အသားရေကို natural glow effect လေးရတယ် ၊ အသားခြောက်တဲ့သူ ၊ dewy look ကြိုက်တဲ့သူလေးတွေဆိုရင်တော့ ရွေးချယ်လို့ကောင်းတဲ့ Sunscreen တစ်ခုလို့ YaRa ခံစားမိပါတယ်

🪞How to feeling

သုံးပီးနောက်ပိုင်း အသားရေက စိုစို ကြည်ကြည်လေးနဲ့ healthy glow ဖြစ်လာတယ် ၊
YaRa ဆို အပြင်သွားတဲ့နေ့ makeup မလိမ်းချင်ဘူးဆိုရင် Sunscreen လိမ်းပီး မျက်ကွင်းညိုတဲ့နား concealer ပဲလိမ်းသွားတာတောင် glass Skin look လေးရတယ် ၊ သုံးပီး ၁ပတ်ကျော်လောက်ကတည်းက သဘာဝအတိုင်းအသားရေကို upgrade လုပ်ပေးနေတယ်လို့ ခံစားမိလာတယ်

အတိုချုပ်ပြောရရင် နေရောင်ကာကွယ်မှုကောင်းရုံသာမကပဲ Skincare step တစ်ခုလိုမျိုး အသားရေကို hydrated & healthy looking ဖြစ်စေတယ်

တစ်ဗူးကို 50 ml ပါတယ် YaRa ဝယ်တုန်းကတော့ 4သောင်းကျော်ရှိပါတယ် All Skin type လဲသုံးလ်ို့ရတာဖြစ်လို့ Sunscreen ကောင်းကောင်းရှာနေတဲ့သူလေးတွေဆို မျက်လုံးမိတ်ပီး ဝယ်တောင်မမှားပါဘူးလိုပြောချင်ပါတယ် ၊ YaRa တော့ ကုန်သွားရင်ပြန်ဝယ်သုံးဖြစ်မဲ့ Sunscreen လေးထဲမှာပါ ပါတယ် YaRa နဲ့အကြိုက်တူတဲ့သူလေးတွေလဲ Comment မှာ မန့်ခဲ့ပေးပါနော် 🥰 နောက်ထက် honest review လေးတွေလဲပေးသွားမှာဖြစ်လို့ စိတ်ဝင်စားရင် YaRa page လေးကို Like & Follow လေးလုပ်သွားခဲ့နော် bye ….

Photos from YaRa's post 03/06/2025

🌱Isntree-Green tea fresh toner (Honest review )

Hello အသားရည်ကြည်ကြည်လေးနဲ့အမြဲ glow ဖြစ်နေချင်သူလေးတွေအတွက် YaRa သုံးဖြစ်နေတဲ့ Isntree-Green tea fresh toner ကိုသုံးပြီး တကယ်မှန်းမထားတဲ့ result ရခဲ့တာလေးကို sharing လုပ်ပေးချင်ပါတယ်

Texture ပိုင်းကိုအရင်ပြောရမယ်ဆို lightweight texture နဲ့ watery type ဖြစ်လို့ အရေပြားပေါ်တင်လိုက်တာနဲ့ အေးပီး အလွယ်တကူစိမ့်ဝင်သွားတယ် အနံ့လေးကသဘာဝဆန်ဆန် green tea အနံ့လေးဖြစ်ပီးတော့ သူ့ color က ဗူးကအရောင်တိုင်ပါပဲ

ဘယ်လို Skinလေးတွေသုံးသင့်လဲဆိုရင် oily & Combination skin , Acne - Prone Skin ,Dull or uneven skin tone နဲ့ Alcohol ,Fragrance free ဖြစ်လို့ Sensitive Skin ဖြစ်တဲ့သူလေးတွေဆိုရင်တော့ patch test လုပ်ပီးမှ သုံးတာက ပို safe ဖြစ်ပါတယ်နော်

YaRa ရဲ့ Personal Experience အရ ပြောရမယ်ဆို YaRa Skin က Normal Skin ထဲမှာပါတယ် YaRa က အသားရေမညီတာရယ် ၊ မကြာမကြာ အဆီဖု ဝက်ခြံမျိုးလေးတွေထွက်တတ်လို့ ဒီ toner လေးသုံးဖြစ်တာပါနော်
သူ့ရဲ့ result ကို ဘယ်မှာတော်တော်သိသွားလဲဆိုတော့ ကြားထဲ ငလျင်ရှောင်ရင်း 3 , 4 ရက်လောက် အသားရေကိုဘာမှမသုံးပဲပစ်ထားမိလိုက်တော့ အသားရေက ညစ်လာတယ် နှာခေါင်း နားမှာလဲ black-head တွေထွက်လာတယ် မှတ်မှတ်ရရပဲ Skin ပြန် care တော့ ရာသီဥတုကလဲပူနေတော့ မျက်နှာသစ်ပီး toner , Moisture နဲ့ Suncreen လောက်ပဲသုံးဖြစ်တယ် အဲ့ထဲမှာမှ တစ်ချို့ရက်တွေဆို Toner လေးကအေးတော့ toner တစ်မျိုးပဲလိမ်းဖြစ်တဲ့ရက်တွေလဲရှိခဲ့တယ် ပြောချင်တာက ဒီ toner လေးရဲ့ effective က တော်တော်သိရတယ်ပေါ့နော် YaRa Skin tone က 2ပတ်လောက်နေတော့ နဂို အသားရေတိုင်ပြန်ဖြစ်လာပြီးတော့ ကြည်လာတာလေးကိုလဲတွေ့ရတယ် နှာခေါင်းနားက black - head တွေဆိုတာလဲ မရှိတော့လောက်အောင်သိသိသာသာ သက်တာလာပါတယ် အသားရေမညီတာကတော့ အရမ်းမသိသာပေမဲ့ မေ့စေ့အောက်က အသားရောင်လေးကတော့ တစ်ဖြည်ဖြည်ဝင်းလာတာကိုသတိထားမိတယ်

Green tea extract 80% ပါတာမလို့ Soothing effect ရပီး antioxidant ကအိုးမင်းရင့်ရောမှုကို တားပေးတာဖြစ်လို့ အသက်လတ်ပိုင်းနဲ့ အသက်ကြီးပိုင်တွေသုံးမယ်ဆိုလဲ အဆင်ပြေပါတယ်နော်

တစ်ဗူးကိုလဲ 200ml ပါတော့ နေ့၊ည၊သုံးမယ်ဆို 2လ လောက်တော့သုံးခံလောက်မယ် YaRa ကိုယ်တိုင်လဲနေ့၊ည၊သုံးတာပါ ဝယ်တုန်းကတော့ 1ဗူးကို 3သောင်းကျော်လောက်ပဲ အတိကျတော့မမှတ်မိတော့ဘူးရှင့် ဝယ်တဲ့ဆိုင်လေးကတော့ Beauty Mirrorကဝယ်ပါတယ်နော်

ဒီနေ့ Review လေးကတော့ဒီလောက်ပါပဲ နောက်ထက် review လေးတွေလဲရေးပေးသွားမှာဖြစ်လို့ page ကို like & Follow လုပ်သွားပေးဖို့မမေ့နဲ့အုံးနော် 😉 Bye

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay
00000