Successs
Writer
10/04/2025
တချို့လူတွေရှိတယ် ..
ငြိမ်ခံနေတုန်းက မမြင်ဘူး ..
ထပြောမိမှ ကိုယ်က စွာတယ် ဆိုတာမျိုး ။
တချို့လူတွေရှိတယ် ..
ခေါင်းပေါ်တတ်နင်းခံရတာ မသိဘူး ..
ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှ ကိုယ်က အာကြမ်းတယ် ဆိုတာမျိုး ။
တချို့လူတွေရှိတယ် ..
မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး
ဒဲ့ပြောလိုက်မှ ကိုယ်က လူကြမ်းကြီး ဆိုတာမျိုး ။
တချို့လူတွေရှိတယ် ..
တသက်လုံးသည်းခံလာတာကို မစာနာကြဘူး
ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူး ဆိုတာမျိုး ။
တချို့လူတွေရှိတယ် ..
အတွင်းစိတ်ကို မြင်အောင်မကြည့်တတ်ကြဘူး
အပေါ်ယံကောင်းပြတာကိုမှ အဟုတ်ထင်တတ်ကြတာမျိုး ။
တချို့လူတွေရှိတယ် ..
စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး
ဟန်ဆောင်တတ်တဲ့လူကိုမှ အမှန်အကန် ထင်တတ်ကြတာမျိုး ။
တချို့လူတွေရှိတယ် ..
ကိုယ်ချင်းစာတရားဆိုတာ မရှိကြဘူး
ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်နဲ့ တဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး ။
တချို့လူတွေရှိတယ် ..
ရင်းနှီးချင်ယောင်ဆောင်ပြီး မထိတထိစော်ကားတဲ့ စကားပြောတတ်ကြတာမျိုး ။
တချို့လူတွေရှိတယ် ..
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို တပါးလူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုး ။
တချို့လူတွေရှိတယ် ..
အစွမ်းအစမရှိဘဲ အပြစ်ပြောဖို့သက်သက် လူဖြစ်လာတာမျိုး ။
ဒါကြောင့် အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကို မကျင့်သုံးတတ်ပဲ အသက်ရှင်နေတဲ့ တချို့လူတွေအတွက် စိတ်ကသိကအောက်ဖြစ်ဖို့ မလိုဘူး ..…
တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ ။.
# Crd; DrCham
03/02/2025
ဝေမျှခြင်းက
နှလုံးသားရဲ့
ကိုယ်ချင်းစာနာတတ်မှုကိုပြသသော
အနူးညံ့ဆုံး....အလှပဆုံး
ပြယုဂ်တစ်ခုဖြစ်တယ်
3.2.2025
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Mandalay