The First - English Language & Computer Center
Cambridge English 4 skills exam preparation classes, IELTS, Duolingo, GED, Computer,Chinese & Thai စသော Class များတက်ရောက်နိုင်ပါတယ်နော်။
Let’s learn smart English
Instead of saying” but’ all the time try to use “however “ to sound more English.
# learnenglisj
26/04/2026
"အင်္ဂလိပ်စာ တတ်ချင်ပေမယ့်... စကားပြောဖို့ ပါးစပ်က မထွက်ဘူး ဖြစ်နေလား?"
အင်္ဂလိပ်စာ သင်ယူရတာ နှစ်တွေကြာနေပြီ၊ Grammar တွေလည်း သိတယ်၊ ဒါပေမဲ့ နိုင်ငံခြားသားနဲ့ တွေ့ရင်ဖြစ်ဖြစ်၊ အလုပ်အင်တာဗျူးမှာဖြစ်ဖြစ် စကားလုံးတွေ ပျောက်ပျောက်သွားတတ်သူတွေ
အတွက် The First ရှိပါတယ်။
✅ သင်တန်းမှာ ဘာတွေ သင်ကြားရမလဲ?
• အလွတ်ကျက်စရာ မလိုဘဲ စဉ်းစားစရာမလိုဘဲ ပြောနိုင်မယ့် နည်းလမ်းများ။
• Grammar အမှားကို မကြောက်ဘဲ ယုံကြည်မှု (Confidence) အပြည့်နဲ့ ပြောရဲအောင် လေ့ကျင့်ပေးခြင်း။
• လုပ်ငန်းခွင်နဲ့ အပြင်လောကမှာ တကယ်သုံးနေတဲ့ Real Conversation များ။
🗣️ English Language Courses (ယုံကြည်မှုရှိသော စကားပြောစွမ်းရည်)
• စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ လက်တွေ့အသုံးချ အင်္ဂလိပ်စကားပြောသင်တန်းများ။
• အလုပ်အင်တာဗျူးနှင့် လုပ်ငန်းခွင်အတွက် အထူးရည်ရွယ်သော စကားပြောလေ့ကျင့်ခန်းများ။
• Grammar အမှားကို မကြောက်ဘဲ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်အောင် အနီးကပ် လေ့ကျင့်ပေးခြင်း။
💎 The First ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?
1. Professional Instructors: ဘာသာရပ်အလိုက် ကျွမ်းကျင်သော ဆရာ/ဆရာမများ ကိုယ်တိုင်သင်ကြားပေးခြင်း။✅
2. Practical Learning: သီအိုရီထက် လက်တွေ့လုပ်ငန်းခွင်သုံး (Project-based) ကို ဦးစားပေးခြင်း။✅
3. Modern Environment: အေးချမ်းပြီး သင်ယူမှုအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ရှိခြင်း။✅
4. Certificate: သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း။✅
စုံစမ်းမေးမြန်းအပ်နှံရန်
📍 လိပ်စာ:
📞 ဖုန်း: 09455128714
🌐
"The First မှ သင်ယူခြင်းသည် သင်၏ အောင်မြင်မှုအတွက် ပထမဆုံးခြေလှမ်းပါ"
“The First မှာ တစ်လပဲတက်ကြည့်လိုက်ပါ သင့်ဘဝမှာတိုးတက်မှုကိုသိသာစွာခံစားရပါလိမ့်မယ်”
21/04/2026
Dangling Modifier ဆိုတာ ဘာလဲ?
Dangling Modifier ဆိုသည်မှာ စာကြောင်းတစ်ကြောင်းထဲတွင် တစ်စုံတစ်ရာကို ဖော်ပြ/ရှင်းပြ ရန် သုံးသောစကားလုံး သို့မဟုတ် စကားစုတစ်ခု ဖြစ်သော်လည်း၊ ၎င်းသည် ဖော်ပြရမည့် အရာနှင့် မကိုက်ညီဘဲ လွင့်ပေါ်နေခြင်း ကို ဆိုလိုသည်။
modifier သည် မိမိ ရည်ညွှန်ရမည့် subject နှင့် ချိတ်ဆက်မှု မရှိဘဲ ကျန်ရစ်နေသော အခြေအနေဖြစ်သည်။
Golden Rule)
Modifier (ဖော်ပြသောစကားစု) သည် မဖြစ်မနေ ထိုစကားစုပြုလုပ်သော ပြုသူ (subject) ကိုသာ ညွှန်းဆိုရမည်။
ဖြစ်တတ်သော ပုံစံ
Dangling modifier များသည် အများအားဖြင့် စာကြောင်းအစတွင် -ing (သို့) -ed ဖြင့်ပြီးဆုံးသောစကားစုများ အဖြစ် ပေါ်လာတတ်သည်။
Comma ပြီးနောက် ချက်ချင်း လာသော subject သည် modifier ထဲက လုပ်ဆောင်ချက်ကို ပြုလုပ်သူ ဖြစ်ရမည်။
❌ မှားသောစာကြောင်း (Dangling):
Walking down the street, the trees looked beautiful.
(လမ်းလျောက်နေစဉ်၊ သစ်ပင်များသည် လှပသည်ကို မြင်ရသည်။)
“Walking down the street” ဆိုသောစကားစုက ကော်မာပြီးနောက် လာသော the trees ကို ညွှန်းနေသည်။ သို့သော် သစ်ပင်တွေ လမ်းမလျောက်နိုင်ပါ။ မည်သူက လမ်းလျောက်သနည်း?
✅ မှန်သောစာကြောင်း:
Walking down the street, I noticed the trees looked beautiful.
(လမ်းလျောက်နေစဉ်၊ ကျွန်ုပ် သစ်ပင်များ လှပသည်ကို သတိပြုမိသည်။)
❌ မှားသောစာကြောင်း (Dangling):
Having finished the exam, the bell rang.
(စာမေးပွဲပြီးသောအခါ၊ နှိုးစခေါင်းတီးသည်။)
နှိုးစက စာမေးပွဲဖြေနိုင်မည်မဟုတ်ပါ — လူက ဖြေသည်။
✅ မှန်သောစာကြောင်း:
Having finished the exam, the students heard the bell ring.
(စာမေးပွဲပြီးသောအခါ၊ ကျောင်းသားများ နှိုးစသံကြားသည်။)
❌ မှားသောစာကြောင်း (Dangling):
Exhausted from the trip, the bed felt wonderful.
(ခရီးမှ ပင်ပန်းနေသောကြောင့်၊ အိပ်ရာသည် သက်တောင့်သက်သာ ဖြစ်ခဲ့သည်။)
အိပ်ရာက မပင်ပန်းနိုင်ပါ — လူကသာ ပင်ပန်းသည်။
✅ မှန်သောစာကြောင်း:
Exhausted from the trip, she found the bed wonderfully comfortable.
(ခရီးမှ ပင်ပန်းနေသောကြောင့်၊ သူမ အိပ်ရာသည် သက်တောင့်သက်သာ ဖြစ်သည်ဟု ခံစားရသည်။)
မှတ်ရလွယ်သောနည်း 🧠
① “Opening phrase ထဲက လုပ်ဆောင်ချက်ကို မည်သူ/မည်သည့်အရာ ပြုလုပ်သနည်း?”
② ကော်မာပြီးနောက် လာသော subject သည် ၎င်းနှင့် တူသလား?
တူလျှင် ✅ မှန်သည်။
မတူလျှင် ❌ Dangling Modifier ဖြစ်သည် — subject ကို ပြင်ဆင်ပါ။
GEDသင်တန်းများတက်ရောက်လိုပါက messageတွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်
09/04/2026
📚 Parallel Structure (GED အတွက် အရေးကြီး Grammar Point)
Parallel Structure ဆိုတာဘာလဲ?
Parallel structure ဆိုတာ sentence တစ်ခုထဲမှာ idea တွေကို တူညီတဲ့ grammar ပုံစံနဲ့ရေးတာ ဖြစ်ပါတယ်။
ဒီလိုရေးခြင်းကြောင့် sentence က ရှင်းလင်းပြီး ဖတ်ရလွယ်ကူ လာပါတယ်။
🔑 အဓိကအချက်
List (စာရင်း), comparison (နှိုင်းယှဉ်), conjunction (and, or, but) တွေသုံးတဲ့အခါ
👉 Verb form / word form တူညီရမယ်
✅ မှန်ကန်တဲ့ ဥပမာများ
She likes reading, writing, and speaking.
👉 (V-ing form တူတူ)
He is smart, kind, and hardworking.
👉 (Adjective တူတူ)
I want to study, to travel, and to work abroad.
👉 (to + verb တူတူ)
❌ မမှန်တဲ့ ဥပမာ
She likes reading, to write, and speaking. ❌
👉 (Form မတူဘူး)
✔️ Correct: She likes reading, writing, and speaking.
💡 GED Tip
GED test မှာ parallel structure ကို
👉 sentence correction
👉 error identification
တွေအနေနဲ့ မကြာခဏ မေးပါတယ်။
📝 Exam-style Question
Which sentence is correct?
A. She enjoys to swim, running, and to dance.
B. She enjoys swimming, running, and dancing.
C. She enjoys swimming, to run, and dancing.
D. She enjoys swim, running, and dancing.
✅ Answer: B
📌 Quick Trick
👉 List ထဲက word တွေကို တစ်ခုပြီးတစ်ခုကြည့်ပါ
👉 Form တူရင် ✔️ / မတူရင် ❌
နောက်ထပ်လည်း GEDနဲ့ပက်သက်တဲ့ Knowledgeတွေကို sharingလုပ်ပေးသွားမှာမို့ pageလေးကို like and followလုပ်ထားလိုက်ပါနော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Center-80th Street, Between 3rd & 4th Center-2 67-41* 42
Mandalay
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |