Peace Of Mind Insurance - POMI

Peace Of Mind Insurance - POMI

Share

Your Insurance Advisor.

Photos from Peace Of Mind Insurance - POMI's post 14/01/2025

🤗လူတစ်ချို့က ဒီလိုပြောတတ်ကြတယ်...

🛌မင်းတို့ အသက်အာမခံကကွာ သေမှရတာပါ...
သေမှရမှတော့ ဘာမှလုပ်လို့မရတော့ဘူးလေ...

💸သေမှရတာမဟုတ်ပါဘူး
အသက်အာမခံက အို၊နာ၊သေ သုံးမျိုးလုံးမှာ ရပါတယ်...

🤔ဟ! ဘယ်လို အို၊နာ၊သေမှာ ရတာလဲ ရှင်းပြပါအုံးကွ...

💰ဒီလိုပါဗျ အသက်အာမခံမှာ စုဆောင်းငွေ အကျိုးခံစားခွင့်ဆိုတာရှိတယ်..အာမခံကြေးနှစ်တိုင်းသွင်းပြီးတော့ 10နှစ်ပြည့်ရင် ကိုယ့်ရဲ့ Account Valueထဲက ရှိတဲ့ငွေတွေရဲ့ 80%ကိုထုတ်ပြီး အိုတဲ့အချိန်မှာ ထုတ်သုံးလို့ရတယ် ကျန်တဲ့20%က ပေါ်လစီ အသက်ဆက်ဖို့ပေါ့...ဒါက အိုတဲ့အချိန်မှာ ရတာပေါ့...

💰တကယ်လို့ ကိုယ်က အသက်70အောက်မှာများ
ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ
ထာဝစဉ်မသန်စွမ်း Total Permanent Disabilityဆိုတဲ့ TPD ဆိုတာများ ဖြစ်သွားခဲ့ရင်
ထာဝစဉ် မသန်စွမ်းဖြစ်လို့
လျှော်ကြေးအပြည့်အဝ ထုတ်ပေးပါတယ်ဗျာ...
ဒါ့အပြင် အသက်65နှစ်အောက်မှာ
ကင်ဆာဆိုတဲ့ လူတကာကြောက်တဲ့
ရောဂါဆိုးကြီးများ ဖြစ်ခဲ့ရင်
Cancer Benefit လို့ခေါ်တဲ့ အာမခံထားငွေရဲ့ 25% ကြိုထုတ်သုံးခွင့် ရှိတယ်ဗျာ....ဒါတွေက နာတဲ့ အချိန်မှာလဲ အာမခံရတယ်ဆိုတာပဲပေါ့...

💰တကယ်လို့များ ဘယ်သူမှ မဖြစ်ချင်ကြတဲ့ ဒါပေမယ့် လူတိုင်းတစ်‌
နေ့ မလွှဲမသွေ ရင်ဆိုင်ကြရမယ့်
အသက်သေဆုံးခဲ့မယ် ဆိုရင်
အာမခံလျှော်ကြေးငွေအပြင်
ကိုယ်သွင်းထားလို့ ရှိနေမယ့် ကိုယ့်ရဲ့ Account Valueပါထည့်လျှော်ပေးမယ်ဗျာ မပြီးသေးဘူး
ဆေးလိပ်မသောက်တဲ့ သူအတွက်
အာမခံရဲ့10% လဲ အပိုထပ်ဆောင်းရအုံးမယ်ဗျာ...
ဒါကတော့ သေရင်ရမယ်ဆိုတဲ့ဟာပေါ့...

🤔ငါသေမှတော့ ဒီပိုက်ဆံတွေကဘာလုပ်ရမှာတုံး.. ဟ!

🤗ဟုတ်ပြီ ဒါဆိုရင် ခင်ဗျားမှာ ခင်ဗျားကိုချစ်ရတဲ့သူတွေ ခင်ဗျားကလည်းအရမ်းကို ချစ်ရတဲ့သူ‌တွေ
မရှိဘူးလားဗျ...

🤗ဟာ ရှိတာပေါ့ကွ...ငါ့မိသားစုဟာ ငါ့ချစ်ရတဲ့ သူတွေပဲပေါ့..

💰ဒါဆိုရင် ခင်ဗျားသေသွားလို့
ခင်ဗျားအတွက်ရတဲ့ အာမခံလျှော်ကြေးက ခင်ဗျားချစ်ရတဲ့ သူတွေအတွက် 4,5,10နှစ်လောက်များ
မပူမပင်နဲ့ ကျောင်းဆက်တက်နိုင်မယ် ဆက်လက်ရပ်တည်သွားနိုင်ခဲ့မယ်ဆိုရင် ခင်ဗျားအနေနဲ့ ကျေနပ်ဝမ်းသာ မဖြစ်နိုင်ဘူးလားဗျာ...

🤗အေး... ဒီလိုဆိုရင်တော့ စိတ်အေးရတာပေါ့ကွာ...
မင်းအခုလိုရှင်းပြတော့လဲ အသက်အာမခံဆိုတာ သေမှရတာမဟုတ်ဘူးဆိုတာ သိတော့တယ်ကွာ...
အို၊နာ၊သေ သုံးမျိုးလုံးရတာပဲဆိုတာ သဘောပေါက်သွားပြီဟေ့...
ကဲ ဒါဆိုရင် အသက်အာမခံကို
အခုပဲ ထားလိုက်တော့မယ်ကွာ....

👍အခုလို အသက်အာမခံထားခြင်းဟာ အို၊နာ၊သေ
သုံးမျိုးလုံးရတယ်ဆိုတာကို
နားလည်သဘောပေါက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ...

အသေးစိတ် သိချင်ရင်တော့
09972068555
092007477ကို ဆက်လိုက်ပါဗျာ..

Myanmar
Of Mind Insurance

Photos from Peace Of Mind Insurance - POMI's post 10/01/2025

🏛️အသက်အာမခံ၊ ကျန်းမာရေးအာမခံ ထားထားတဲ့ သူနဲ့ မထားတဲ့သူ ကွာခြားမှုတွေဟာ ပုံမှန်နေ့စဥ် အဆင်ပြေပြေနဲ့ လုပ်ကိုင်လည်ပတ်နေတဲ့အချိန်မှာ ထူးထူးခြားခြား ပြောင်းလဲသွားနိုင်ခြင်းမရှိပါဘူး။

👍တစ်ချိန်တည်းမှာပဲ အန္တရာယ် တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့အချိန်၊ မျှော်လင့်မထားတဲ့ အခြေအနေတစ်ခု ကြုံတွေလိုက်ရချိန်မှာတော့ သိသိသာ ကွာဟသွားတာကိုတွေ့ရပါတယ်။

🤗အသက်အာမခံ၊ ကျန်းမာရေး အာမခံထားတဲ့သူတွေအနေနဲ့ မျှော်လင့်မထားတဲ့အ​ခြေအနေတစ်ခု ကြုံလိုက်ရတဲ့အခါ အန္တရာယ်ကို မဖြစ်အောင် ကာကွယ်လို့ မရနိုင်ပေမယ့် ထိုအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးပြဿနာကိုတော့ လွယ်ကူစွာ ဖြေရှင်းလိုက်နိုင်သွားပါတယ်။

😤တစ်ချိန်တည်းမှာပဲ အသက်အာမခံ၊ကျန်မာရေး အာမခံ မထားထားတဲ့သူအနေနဲ့ မမျော်လင့်တဲ့ အန္တရာယ်များ ကြုံလာတဲ့အခါ ထိုအန္တရာယ်အပြင် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကိုပါ ခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းရတတ်ပါတယ်။

🗽အသက်အာမခံ ထားထားခြင်းဟာ သင်ကိုယ်တိုင် မမျှော်လင့်ထားတဲ့ အန္တရာယ်တွေရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတတ်တဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်းရှိတာကြောင့် အာမခံ ရှိထားတဲ့သူတွေဟာ အန္တရာယ်များ ကြုံတွေ့လာခဲ့ရင်တောင် အလွယ်တကူ ကျော်လွှားနိုင်ပါလိမ့်မယ်။

🤗တကယ်တော့ အာမခံထားရှိခြင်းဟာ Peace Of Mindဖြစ်တယ်ဆိုတာ အာမခံရှိထားတဲ့သူတိုင်း သိကြပါတယ်...



အသေးစိတ် အချက်အလက်တွေကို သိချင်ရင်တော့
09972068555
092007477ကို ဆက်လိုက်ပါဗျာ..

Our Consulting is Your Peace of mind .



!

Photos from Peace Of Mind Insurance - POMI's post 16/08/2024

💸အစစ အရာရာ ဈေးတက်နေတဲ့ ကာလ မှာ အာမခံက ဈေးတက်သလား လို့ မေးကြ ပါတယ်။

💵အာမခံက ဈေးမတက်ပါဘူး။
၂၀၁၉ ခုနှစ် မြန်မာပြည်ကို FDI စရောက်ကတည်းက
အခုထိ ဒီဈေးပါပဲ။

ဘာလို့ ဈေးမတက်တာလဲ ?

👍အာမခံဆိုတာ ကာကယံရှင်ရွေးချယ်ထားတဲ့
အာမခံကြေး / အာမခံသက်တမ်းနဲ့
သူ့ရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး
မိမိစိတ်ကြိုက် ရွေးချယ်နိုင်တဲ့ လုပ်ငန်း ဖြစ်လို့ပါ ...
၅ သိန်းနဲ့ အာမခံယူထားရင် နှစ်စဉ် ၅ သိန်း ပါပဲ
၁၀ သိန်း သွင်းဖို့ ရွေးချယ်ထားရင်
နှစ်စဉ် ၁၀ သိန်း ပါပဲ ။

🤔ရနိုင်မယ့် အကျိုးခံစားခွင့် (လျော်ကြေး) က
ကုန်ဈေးနှုန်းတက်တာနဲ့ ကာမိပါ့မလား။

🤗ဘယ်လောက်ပဲ ကုန်ဈေးနှုန်းတက်တက်
ငွေလဲလှယ်နှုန်းတွေ ဘယ်လောက်ပြောင်းပြောင်း
အာမခံကရတဲ့ လျော်ကြေးဟာ
ပေးချေထားတဲ့ ပရီမီယမ်ကြေးတွေထက်
အဆများစွာ ပေးလျော်တာမို့
ကာမိတယ်လို့ပဲ ခပ်တိုတို ဖြေရမှာပါ။

ဥပမာ တနှစ်ကို ၁၀ သိန်းနဲ့ အာမခံယူထားတဲ့ သူဟာ
သူရဲ့ ပြင်းထန်ရောဂါတွေ အတွက် သိန်း၂၀၀ အထိ
ခံစားခွင့်ရနိုင်သလို ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့ရင်လည်း
သိန်း ၄၀၀ အထိ အကာအကွယ် ရနေပါမယ် ။
( ပိုထားရင် ပိုရပါမယ် )

💸အဲဒီ ၁၀ သိန်းကို လက်ထဲ ကိုင်ထားရင်တော့
နေ့စဉ်နဲ့အမျှ တန်ဖိုးကျနေမှာပဲဖြစ်ပါတယ် ။
အာမခံတို့ရဲ့ထုံးစံအတိုင်း
ငွေနည်းနည်းထားသူက ခံစားခွင့်နည်းမှာ ဖြစ်ပြီး
ငွေများများထားသူက ခံစားခွင့်များမှာ ဖြစ်ပါတယ်။

ခေတ်ပျက်နေချိန် အာမခံထားလို့ ကောင်းပါ့မလား။

👍အာမခံဆိုတာ ခေတ်ကောင်း/မကောင်းနဲ့တော့
သိပ်မဆိုင်ပါဘူး
မတော်တဆမှုတွေဆိုတာ ဝဋ်နာ/ကံနာတွေဆိုတာ
သူလာချင်တဲ့အချိန် လာကြစမြဲမို့
အဲဒါတွေအတွက် ကိုယ့်ဘက်က အထိမနာအောင်
ကြိုတင်ပြင်ဆင်ရတဲ့သဘောပါ ။

အခုအချိန်မှာတော့ အဲဒါတွေ နောက်ထား
မြန်မာငွေ လက်ထဲကိုင်ထားရင်ကို
အလိုလိုနေရင်း တန်ဖိုးကျကျနေတဲ့အတွက်
ပိုက်ဆံကိုဖြန့်ချပြီး ခွဲထားချင်သူတွေအတွက်
အာမခံက နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Credit with THANKS: Min Yel Kyaw Swar

လေ့လာလိုသူများ
Chatbox မှာ ရော 09972068555ကို ဖုန်းဆက်ပြီး ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ရှင့်😊

06/08/2024

နည်းစနစ်မှန်မှန်ကာကွယ်ဖို့ အတွက် ဘာတွေလိုမလဲ?

လူတိုင်းမှာ တန်ဖိုးထားတဲ့အရာတွေ များစွာရှိကြပါတယ် တစ်ဦးနဲ့ တစ်ဦး တန်ဖိုးထားတဲ့ အရာတွေ မတူသလို တန်ဖိုးထားပုံချင်းလည်း မတူပါဘူး။

သက်မဲ့တွေကို တန်ဖိုးထားတဲ့သူတွေ ရှိသလို ၊ သက်ရှိတွေကို တန်ဖိုးထားတဲ့သူတွေလည်း ရှိပါတယ်။ သက်မဲ့တွေကို တန်ဖိုးထားတဲ့အခါ ပျက်စီးဆုံးရှုံးသွားမှာ ဆိုးတာကြောင့် မထိရက် မကိုင်ရက် ပျက်စီးသွားရင်တောင် နှမျောတတ်ကြပြီးအကုန်အကျခံကာ ပြန်လည် ပြင်ဆင်တတ်ကြပါတယ်။

သက်ရှိတွေကိုရော တတ်ဖိုးထားတယ်ဆို ဘယ်လို ကာကွယ်နိုင်တာမျိုးရှိမလဲ ၊ မသေဆေးမျိုး ရှိနိုင်မလား?

မိမိချစ်ရတဲ့ သူတွေကို တန်ဖိုးထားလို့ ကာကွယ်ဖို့
- လုံခြုံမှုရှိတဲ့ အိမ်ကောင်းကောင်းမှာ ထားမလား ?
- သွားရေးလာရေး စိတ်ချရတဲ့ ကိုယ်ပိုင်ကားနဲ့ ထားမလား?
- နောက်ကနေ တကောက်ကောက်လိုက်ပြီး ဂရုစိုက်ပေးနေမလား?
- ကျန်မာရေးကောင်းမွန်စေဖို့ အတွက် လေ့ကျင့်ခန့်နဲ့ ဆေးပညာ အကူအညီတွေ ယူမလား?

ဒါတွေအားလုံးဟာ သင်ချစ်တဲ့သူတွေ အတွက် သင်ရှိနေနိုင်တုန်း သင် လုပ်ကိုင်နိုင်စွမ်း ရှိတုန်းမှာ အကုန်လုပ်ပေးနိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ သင်မရှိတော့တဲ့အချိန် သင်လုပ်ကိုင်နိုင်စွမ်း မရှိတော့တဲ့အချိန်တွေမှာ သင်တန်းဖိုးထားတဲ့ သင်ချစ်တဲ့သူတွေ ကို ဘယ်လိုမျိုး ပုံစံနဲ့ ကာကွယ်ပေးခဲ့ချင်လဲ?

အသက်အာမခံထားခြင်းဖြင့် သင်နဲ့ သင်တန်ဖိုးထားချစ်ရသူတွေအတွက် သင်မရှိတော့တဲ့အချိန် သင်လုပ်ကိုင်နိုင်စွမ်းမရှိတော့တဲ့အချိန်မှာ နည်းစနစ်မှန်မှန် ကာကွယ်ပေးနိုင်ပါတယ်။

San San Htet
Financial Service Consultant
AIA Myanmar
📱09 972068555, 092007477
📧 [email protected]



!

24/07/2024

အသက်အာမခံ၊ ကျန်မာရေးအာမခံ ထားထားတဲ့ သူနဲ့ မထားတဲ့သူ ကွာခြားမှုတွေဟာ ပုံမှန်နေ့စဥ် အဆင်ပြေပြေနဲ့ လုပ်ကိုင်လည်ပတ်နေတဲ့အချိန်မှာ ထူးထူးခြားခြား ပြောင်းလဲသွားနိုင်ခြင်းမရှိပါဘူး။

တစ်ချိန်တည်းမှာပဲ အန္တရာယ် တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့အချိန်၊ မျှော်လင့်မထားတဲ့ အခြေအနေတစ်ခု ကြုံတွေလိုက်ရချိန်မှာတော့ သိသိသာ ကွာဟသွားတာကိုတွေ့ရပါတယ်။

အသက်အာမခံ၊ ကျန်မာရေး အာမခံထားတဲ့သူတွေအနေနဲ့ မျှော်လင့်မထားတဲ့အ​ခြေအနေတစ်ခု ကြုံလိုက်ရတဲ့အခါ အန္တရာယ်ကို မဖြစ်အောင် ကာကွယ်လို့ မရနိုင်ပေမယ့် ထိုအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးပြဿနာကိုတော့ လွယ်ကူစွာ ဖြေရှင်းလိုက်နိုင်သွားပါတယ်။

တစ်ချိန်တည်းမှာပဲ အသက်အာမခံ၊ကျန်မာရေး အာမခံ မထားထားတဲ့သူအနေနဲ့ မမျော်လင့်တဲ့ အန္တရာယ်များ ကြုံလာတဲ့အခါ ထိုအန္တရာယ်အပြင် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကိုပါ ခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းရတတ်ပါတယ်။

အသက်အာမခံ ထားထားခြင်းဟာ သင်ကိုယ်တိုင် မမျှော်လင့်ထားတဲ့ အန္တရာယ်တွေရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတတ်တဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်းရှိတာကြောင့် အာမခံ ရှိထားတဲ့သူတွေဟာ အန္တရာယ်များ ကြုံတွေ့လာခဲ့ရင်တောင် အလွယ်တကူ ကျော်လွှားနိုင်ပါလိမ့်မယ်။

Our Consulting is Your Peace of mind .



!

Photos from Peace Of Mind Insurance - POMI's post 23/07/2024

#ချမ်းသာတဲ့သူတွေဟာအသက်အာမခံကိုဘယ်လိုအသုံးပြုကြသလဲ

1. Estate Planning

အသက်အာမခံဟာ ချမ်းသာသောလူတစ်ဦးချင်းစီရဲ့ ချစ်ရသူတွေအတွက်ဘဏ္ဍာရေးလုံခြုံမှုရှိစေရန်နဲ့ အခွန်အတုတ်ကြီးကြီး မပေးဆောင်ဘဲ ၎င်းတို့၏အမွေဆက်ခံသူများထံ စည်းစိမ်များလွှဲပြောင်းနိုင်စေပါတယ်ရှင်။

2. လုပ်ငန်းလည်ပါတ်မှု-

အသက်အာမခံဟာ အဓိက လုပ်ငန်းလုပ်ကိုင်နေသူ မတော်တဆ တိမ်းပါးသွားတဲ့အခါ လုပ်ငန်းဆက်လက်လည်ပါတ်ရန်အတွက် ငွေဖြစ်လွယ်မှုကို ထောက်ပံ့ပေး
ပါတယ်။ ရစရာရှိတဲ့ငွေတွေကို လုပ်ငန်းအဓိက လုပ်ကိုင်ဦးစီးနေသူမရှိတော့တဲ့အခါ ပေးရမည့်သူများက နောက်ဆုတ်တာ မပေးတော့တာတွေ အတွက် လဲ အချိန်မီ ငွေကြေးလည်ပါတ်ရန် အထောက်အကူပေးပါလိမ့်မယ်။

3. အခွန်အကျိုးခံစားခွင့်များ- အသက်အာမခံပေါ်လစီ ကိုင်ဆောင်သူဟာ Personal Income Tax ကို ပေးဆောင်နေရသူဖြစ်ပါက အာမခံ ဝယ်ယူထားရှိတဲ့ ပရီမီယမ်ပေါ်မှာ အခွန်သက်သာခွင့်ရရှိမှာဖြစ်လို့ အကျိုးအထပ်ထပ်ရရှိစေမှာဖြစ်ပါတယ်။

4. ပရဟိတ ပေးကမ်းခြင်း- အသက်အာမခံသည် ချမ်းသာသူများကို နာမည်အတိအကျ နှင့် တကွ အမွေအနှစ်တစ်ခု ချန်ထားခဲ့ရန်နှင့် မိမိ လှူဒါန်းလိုသော အလှူခံဌာန အလှူခံ အဖွဲ့အစည်းတို့ကို လဲ တိကျစွာနာမည်တပ်၍ကြိမ်းသေလှူဒါန်းနိုင်ခွင့်ရမှာလဲဖြစ်ပါတယ်။

5. Financial Protection- အသက်အာမခံသည် မိသားစုနှင့် ချမ်းသာသူများ၏ ချစ်မြတ်နိုးရသူများ အတွက် ငွေကြေးလုံခြုံမှုကို ထောက်ပံ့ပေးပြီး အသက်အာမခံထားသူ ကွယ်လွန်ချိန်တွင် အသက်အာမခံအကျိုးခံစားခွင့်ရရှိသူတို့အားအသက်ရှင်စဉ်ကလိုပင် ငွေကြေး မပူပင်အောင် ဆက်လက်၍ကွယ်လွန်သူ၏ မေတ္တာ ဖြင့် အသက်ဆက် ရှင်သန်ခွင့်ရစေမှာအသေချာပါပဲ။

ဒါတွေကြောင့်ပဲ ချမ်းသာသူများဟာ မိမိတို့ပိုင်ဆိုင်သည်ထက် ပိုမိုများပြားသော ကြွယ်ဝမှု တွေကိုချန်ရစ်ပြီး ဆွေစဉ်မျိုးဆက် ပိုမိုကြွယ်ဝ တဲ့ မျိုးရိုးစဉ်ဆက် ချမ်းသာမှုကို ထိမ်းသိမ်းထားနိုင်ပါတယ်။

ဒါဆိုရင်တော့ Universal Life Insurance ကို ချမ်းသာနေသူတွေ ဘာကြောင့် ဝယ်ယူသင့်သလဲ နည်းနည်းတော့ရိပ်စားမိလောက်ပါပြီ။

16/07/2024

Insurance အာမခံ ဆိုတာ
ချမ်းသာအောင်လုပ်ပေးလို့ မရဘူး။

ဒါပေမယ့် .
လက်ရှိထက် ဆင်းရဲ မသွားအောင်တော့
လုပ်ပေးလို့ရတယ်။

#ဆရာကြီးဒေါက်တာမောင်မောင်သိန်း

အမှန်ဘဲ ကိုယ်တွေ့ နော်

သားအတွက် ရက် 30ကဝယ်ထားရင်မှီနိုင်သေးတယ်
အမျိုးသားကတော့ သားရောဂါကုနေတဲ့အချိန် awareness ပေးသူရှိလို့ ကိုယ်နဲ့သမီးအတွက်ထားတဲ့အချိန် သူကလေ့လာအုံးမယ်ဆိုတာကို လွတ်ပေးလိုက်တာ တကယ်ဖြစ်လာမှ ယူကြုံးမရဖြစ်ရတာ ကိုယ်ဇွတ်ဝယ်လိုက်လည်းရနေတာကို သူ့အတွက်သူဘဲဆိုပြီး your life your choice လုပ်လိုက်တာ ရှိတာကုန်သလောက်ဖြစ်သွားတာဘဲ
မရထိုက်တာလည်း ပါမှာပေါ့ အခွင့်အရေးရှိပါရက်နဲ့ မလုပ်ခဲ့တာ

ကျမ ဘာလို့ဒီအလုပ်ကိုရွေးချယ်ဖြစ်တာလည်း ဘာလို့လုပ်နေတာလည်းဆိုတာ ခံစားချက်တွေကြောင့်
ကိုယ့်လိုဖြစ်လာခဲ့ရင် အကာအကွယ်ရစေချင်လို့ နေ့စဉ်ဖြတ်သန်းတဲ့အခါ ကျန်းမာရေးစရိတ်အတွက် peace of mind ဖြစ်စေချင်လို့ နောက် ကိုယ့်ကိုကိုယ် Update လုပ်ချင်လို့

အခုဆို အနီးနားပတ်ဝန်းကျင်မှာ ကင်ဆာဆိုတာ တဝဲလည်နေပြီ မဖြစ်အောင် စားသောက်နေထိုင်ရမယ်
ဖြစ်လာခဲ့ရင်လည်း ကြိုတင်စီမံမှု့တွေလုပ်ထားရမယ်

ဒီလိုတွေပြောနေလို့ စန်းထက်ဖုန်းဆက်ရင် အာမခံဝယ်ရတော့မှာလားဆိုပြီး မကြောက်ပါနဲ့နော် 😁 Awareness ပေးချင်လို့ပါ

Awareness ပေးခွင့်ရရင်ကိုဘဲ ကျေးဇူးတင်မိမှာပါ
ကျမစိုက်ဝယ်ပေးမှာမဟုတ်လို့ ကျန်တာဝယ်ခြင်းမဝယ်ခြင်းက ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ ကျမမိတ်ဆွေတွေအကာအကွယ်ရအောင်တိုက်တွန်းပြောဆိုရမှာကတော့ ကျမအလုပ်ပါ

အကာအကွယ်စီမံပြီး Peace of mind ဖြစ်ဖို့အတွက် 09972068555 ကိုဆက်ပြီး တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့် ☂☂☂




#အလုံးစုံကျန်းမာရေးအာမခံ

Want your business to be the top-listed Finance Company in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


58လမ်း 109x110လမ်းကြား
Mandalay
05041