Sayar Win 2D

Sayar Win 2D

Share

ကံပေးလို့ လှုနိုင်ကြပါစေ

05/12/2023

ကိုယ်က ယုံကြည်လို့ ကိုးကွယ်ယုံကြည်တဲ့ မြတ်စွာဘုရားရှင်က သာသနာအတွက် ဒေဝဒတ် အမုန်းအညှိုးအတေးကို ခံပြီး ရဟန်းတွေကို အုပ်ချုပ်ခွင့်ဆိုတဲ့ လုပ်ပိုင်ခွင့်မပေးလို့ နာဠာဂီရိဆင် ကျောက်မောင်းကြီးတွေနဲ့ တိုက်ခိုက်ခံခဲ့ရသေးတာပဲ အမုန်းမခံချင်လို့ ဘာမှမပြောပဲ မသိချင်ယောင်ဆောင်နေလို့ အဖွဲ့အစည်း နေရာတခုလုံးပျက်ဆီးမယ့် အရေးဆိုရင်တော့ အမုန်းခံရမှာပဲ ရန်ငြိုးဖွဲ့လို့ ဒုက္ခရောက်တော့ အတိတ်ကံ ဝိပါတ်ကြောင့် ခံရတာမို့ လုပ်ချင်ရာသာလုပ် အခုလိုပျက်ဆီးနေတာကတော့ အမုန်းမခံပဲ ချစ်လို့ စာနာလို့ ဆိုတဲ့ စကားနဲ့ နှစ်နေကြတဲ့ လူတွေကြောင့်ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပဲ ကိုယ့်ခန္ဓာကိုယ်က အစိတ်အပိုင်းတောင် မကောင်းတော့ရင် ဖြတ်ထုတ်ရသေးတာပဲ ကံ ကံ၏ အကျိုးပဲပေါ့ ဒီဂါထာနဲ့တော့ ကိုယ့်ကိုယ်ကို အကာအကွယ်လုပ်ထားတယ်လို့ ပြောပါရစေ။

24/11/2023

၂၄ ၁၁ ၂၀၂၁
တိုက်စည်းတက်နေတုန်း CQ လုပ်ခဲ့တဲ့တုန်းက ရေးစပ်ခဲ့တဲ့ ကဗျာလေးက အသက်ဝင်လာတော့မယ် ဘာလိုလိုနဲ့ ၂ နှစ်ရှိခဲ့ပြီပဲ

28/10/2023

သူတပါးရဲ့လမ်းမှာ ဆူးညှောင့်ခလုတ်မတွေ့အောင် ဖယ်ရှားပေးခြင်း
သူတပါးရဲ့သွားမယ့်လမ်းကို ဖြောင့်ဖြူးအောင် လုပ်ပေးခြင်း
လမ်းသွားရင်း သတိထားကြည့်မှ မြင်ရတဲ့ ပုရွတ်ဆိတ်လို အကောင်သေးတွေ ရှောင်ကွင်းသွားခဲ့တဲ့ အကျိုးကြောင့်
ခြကောင်လေးတွေ လုပ်ထားတဲ့ ခြလမ်းကြောင်းထင်ပြီး နင်းမယ့်ခြေထောက်ကို ကျော်ချလိုက်တာ လှုပ်သွားတာတွေ့လို့ ငုံ့ကြည့်လိုက်တာ သူ့ကိုထိရင် ယင်ကောင်တောင် မလွတ်တဲ့ အကောင်ရှည်ဖြစ်နေတယ်
ခန္ဓာပျက်ကိန်းတခုတော့ သူတပါးကို မထိခိုက် မပျက်စီးစေချင်တော့တဲ့ စိတ်ကြောင့် ကျော်လွှားနိုင်ခဲ့ပြီ
ကျွန်ုပ်ပြုစုခဲ့သော ကုသိုလ်အစုစုတို့အား အမျှပေးဝေပါ၏ ယူတော်မူကြပါကုန်တော့ သာဓု သာဓု သာဓု

Want your business to be the top-listed Business in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Meikhtila
Mandalay