Innovate Training Classes

Innovate Training Classes

Share

Civil Engineering Training Classes for
Structural Engineering
Foundation Engineering
Construction Engineering

13/10/2025

Structural Steel Design (Hand Calculation) Online Batch 4

Steel ပိုင်းကို စနစ်တကျ အ​ခြေခံက​နေ စသင်ပြီး
Theory & Codes ​တွေနဲ့အညီ နားလည်တတ်ကျွမ်း​ပြီး Design လုပ်နိုင်အောင် လမ်းညွှန်ပြသ သင်ကြား​ပေးမယ့် သင်တန်း ယခုအခါ Innovate မှာ ဖွင့်လှစ်ပါမယ်။

💡Course Outlines
1. Introduction
2. Concepts in Structural Steel Design
3. Tension Members
4. Compression Members
5. Beams
6. Columns
7. Simple Connections
8. Eccentric Connections
9. Building Connections
10. Composite Construction
11. Design of Steel Buildings

💡သင်ကြားမည့်အစီအစဉ်
🔥 Structural Steel Design (Hand Calculation) ကို William T. Segui ရဲ့ "Steel Design (5th edition)" ကို အဓိက reference လုပ်ပြီး သင်ပါမယ်။
🔥 RC Design မှာ မူရင်း ACI Code စာအုပ်ကို မကြည့်ဘဲ RC Textbook တစ်ခုတည်းနဲ့ အဆင်​ပြေ​ပြေ သင်နိုင်​ပေမယ့်လဲ Steel Design ကို သင်ကြားရာမှာ​တော့ မူရင်း AISC codes ​& specification စာအုပ်တွေနဲ့ ကင်းကွာလို့ မရနိုင်ပါဘူး။ ဒါ​ကြောင့် ဒီသင်တန်းမှာ Segui ရဲ့ Textbook ကိုသုံး​ပေမယ့် AISC 360-10 ကို အ​ခြေခံပြီးသင်ကြားမှာ ဖြစ်ပြီး AISC codes ​& specification စာအုပ်​တွေကို ရင်းနှီးကျွမ်းဝင်မှု ရှိ​အောင် လမ်းညွှန်သင်ကြားပြ​သ​ပေးမှာ ဖြစ်ပါတယ်​။
🔥လိုအပ်တဲ့ References ​တွေနဲ့ Video File စတဲ့ သင်​ထောက်ကူ Resource ​ပေးဖို့ Facebook Secret Group ရှိပါမယ်။
🔥 75% သောသင်ခန်းစာများကို Prerecorded Video များနှင့် သင်ကြားရမည်ဖြစ်ပြီး Discussion အပါအဝင် 25% ခန့်ကို Licensed Pro Zoom Application ကို သုံးပြီး Face to Face သင်ကြားရမှာ ဖြစ်ပါတယ်။ သင်တန်းဆရာရဲ့ Screen ကို မိမိ Computer မှာ Screen အပြည့် မြင်ရမှာဖြစ်လို့ ထင်ထင်ရှားရှား မြင်သာပါလိမ့်မယ်။ Laptop/Desktop Computer နဲ့တက်ရင် ပိုအဆင်ပြေပါမယ်။ Phone Screen နဲ့ဆို စာတွေအနဲငယ်သေးနိုင်ပါတယ်။ (Optional အနေနဲ့ Hardcopy လက်ဝယ်ရှိရင် အကောင်းဆုံး ဖြစ်ပါတယ်။)
🔥Assignment တွေလုပ်ဖို့ Email Acc ရှိရမှာဖြစ်ပြီး Google Form နဲ့ တင်ရမှာ ဖြစ်ပါတယ်။

အကျိုးကျေးဇူး
Segui တစ်အုပ်လုံး ​ကျေညက်သွားပါမယ်။ References စာအုပ်တွေကို ဖတ်ကျင့်ရှိသွားပြီး အလွယ်တကူဖတ်နိုင်သွားစေပါမယ်။ Steel နဲ့ပတ်သက်လို့ အ​ခြေခံကစပြီး Theory & Codes ​တွေကို ရင်းနှီးကျွမ်းဝင်သိရှိသွား​စေပါမည်။

💡သင်ယူသင့်သည့်သူများ
Structure Design စိတ်ဝင်စားတဲ့ မြို့ပြအင်ဂျင်နီယာများ ကျောင်းသားကျောင်းသူများ။ မြို့ပြဘာသာရပ်မဟုတ်သူများ လက်မခံပါ။

💡သင်တန်းဆရာ (Lecturer)
Engr Bo Bo Kyaw,
BE(Civil), ME(Civil)
PE(Construction), PE(Structure)
ACPE(Civil)

💡သင်တန်းအချိန်နှင့် ကာလ
Wed+Thurs 7:30-9:30pm,
About 40hrs

💡ဖွင့်လှစ်မည့်ရက်
19 November, 2025

💡သင်တန်းကြေး
180000

ယခင် Steel သင်တန်းကို Innovate မှာ သင်တန်းအပ်ခဲ့ပြီး သင်တန်းပြီးအောင်မတက်နိုင်ခဲ့သူ Certificate မရခဲ့သူများ အနေနဲ့ ဒီသင်တန်းတက်ချင်ရင် သင်တန်းကြေးကို 40000 ပဲ သွင်းပြီး သင်တန်းအပ်နှံနိုင်ပါတယ်။ သင်တန်းအပ်တဲ့ form မှာတော့ သင်တန်းကြေး ရေးသွင်းရန် နေရာမှာ သင်တန်းသားဟောင်း Batch ဘယ်လောက်ကဆိုတာလေး ထည့်ရေးပေးပါ။

ကြိုးစားသင်ယူသူများအတွက် ဂုဏ်ပြုသည့်အနေနဲ့ Assignment များကို သတ်မှတ်ချက်နှင့်အညီ အချိန်မီ တင်ပြီးပါက သင်တန်းကြေးထဲမှ ငွေကျပ် 20000 ကို Certificate နှင့်အတူ ပြန်လည်ချီးမြှင့်ပေးအပ်သွားပါမည်။

💡 သင်တန်းတက်ရောက်လိုပါက Page Chat Box မှတဆင့် လာရောက်စုံစမ်းပြီး သင်တန်းအပ်နိုင်ပါတယ်။

Want your business to be the top-listed Engineering Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


57th Street, Bet 103th & 104th Streets
Mandalay
05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00