TKTL Language Training Centre MDY

TKTL Language Training Centre MDY

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TKTL Language Training Centre MDY, Language school, Takkaśilā Language Training Centre, 33(A), bt;63×63(A), Chan Aye Thar Zan township, Mandalay.

12/01/2026

(လွန်ခဲ့တဲ့ ဆယ်နှစ်ကရေးခဲ့တဲ့ စာ။
မဖတ်ရသေးသူ ညီငယ် ညီမငယ်များအတွက် ပြန်တင်လိုက်ပါတယ်။ )❤️❤️

ကျွန်တော်လိုချင်တဲ့ အင်္ဂလိပ်စာဆရာ

ကျွန်တော်ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ရန်ကုန်မှာ သူများတွေကို အင်္ဂလိပ်စာ ဝါသနာအရသင်ပေးခဲ့တယ်။ ရန်ကုန်တက္ကသိုလ်၊ ဘန်ကောက်က Chulalongkorn တက္ကသိုလ်၊ ပြီးတော့ England က University of Nottingham စတဲ့ကျောင်းကောင်းတွေမှာ ပညာတွေသင်ခွင့်ရခဲ့တယ်။ အလယ်တန်း၊ အထက်တန်းကျောင်းသားလေးဘဝနဲ့ ဒီတက္ကသိုလ်ကြီးတွေမှာကျောင်းသားဘဝနှစ်ခုပေါင်းကြည့်ရင် ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အင်္ဂလိပ်စာဆရာအရေအတွက်က မနည်းပါဘူး။

အခုလက်ရှိ ဘန်ကောက်က Assumption University မှာပဲ ကျွန်တော့်ရဲ့ လုပ်သက်က နှစ် ၃၀ကျော်နေပြီ။ ကျွန်တော် ဒီတက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဌာနမှာ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားတာလည်း နှစ် ၂၀ နီးပါးရှိပြီ။ လုပ်ရတဲ့ အလုပ်တွေက သင်ရိုးညွှန်းတန်းဆွဲတာ၊ course level အလိုက်သင်နေတဲ့ဆရာတွေကို supervise လုပ်ရတာ၊ စာမေးပွဲမေးခွန်းတွေကို ကြီးကြပ်တာနဲ့ အထူးသဖြင့် teacher training လို့ခေါ်တဲ့ ဆရာအသစ်တွေ၊ လုပ်သက်နုသေးတဲ့ဆရာတွေကို ထပ်မံလေ့ကျင့်သင်ကြားပေးရတဲ့ teacher trainer အလုပ်ပါ။ ဒါ့ကြောင့် ဒီနှစ်ပေါင်းများစွာအတွင်းမှာ ခရီးတွေအများကြီးသွားခဲ့ရ၊ လူမျိုးပေါင်းစုံ ဆရာတွေနဲ့ နီးနီးကပ်ကပ်သိခဲ့ရပြီး အရေးအကြီးဆုံးကတော့ evaluation အတွက် class observation လို့ခေါ်တဲ့ အဲဒီဆရာတွေ သင်တဲ့အတန်းတွေထဲမှာ ကိုယ်တိုင်ဝင်ထိုင် စောင့်ကြည့်ပြီး အကဲဖြတ်ပေးရတဲ့အလုပ်ပါ။

ဆိုတော့ကာ ဘဝမှာ ကျောင်းသားအဖြစ်နဲ့ရော ဆရာအဖြစ်နဲ့ပါ အင်္ဂလိပ်စာဆရာ ဆရာမပေါင်းများစွာကို တွေ့ကြုံခဲ့ဖူးပြီ။ I have seen the good, the bad and the ugly. လို့ပြောရမယ်။ တချို့ဆရာတွေရဲ့အတန်းတွေဆိုရင် စိတ်ဝင်စားစရာ၊ ပျော်စရာကောင်းလွန်းလို့၊ သင်ကြားပုံ ရှင်းလင်းထိရောက်လွန်းလို့ သဘောကျလိုက်တာ၊ အချိန်ကုန်သွားမှာတောင်စိုးရိမ်မိတယ်။ ငါ ငယ်ငယ်က ဒီလိုဆရာနဲ့များ ကျောင်းမှာသင်ခဲ့ရရင်...လို့တွေးမိတာပေါ့။ ဒါပေမဲ့ တချို့ဆရာတွေရဲ့ သင်ကြားပုံတွေက ကြိုတင်ပြင်ဆင်ထားမှုမရှိတာ၊ ကိုယ်လုပ်နေတဲ့အလုပ်ကိုရော ကျောင်းသားတွေကိုပါ စိတ်ဝင်စားမှုမရှိတာတွေလည်း တွေ့ကြုံဖူးပါတယ်။ လူနည်းစုပါ။ များသောအားဖြင့် လူငယ် ဆရာဆရာမအသစ်လေးတွေဟာ teaching experience သင်ကြားမှုအတွေ့အကြုံနည်းပေမဲ့ သူတို့ရဲ့ IT နည်းပညာကို ကိုယ့်ထက်ကျွမ်းကျင်မှုနဲ့ စိတ်ထက်သန်မှုတို့က ကျောင်းသားများကိုဖမ်းစားထားနိုင်ကြတာချည့်ပါပဲ။

ဒီလိုနဲ့ class observation တွေလုပ်လာရတာများတော့၊ ဆရာပေါင်းမြောက်များစွာ စာသင်နေကြပုံကို လေ့လာစောင့်ကြည့်ခွင့်ရတဲ့ နှစ်တွေကြာလာတော့ စဉ်းစားမိတာ ... ဆရာတိုင်းဟာ တော်တော်လေးကိုတော်ကြတယ်၊ သိပ်မကောင်းလှဘူးလို့ယူဆရမဲ့ ဆရာတစ်ယောက်မှာလည်း သူ့ဆီက ကိုယ်အတုယူစရာ ကောင်းတဲ့အချက်လေးတွေရှိနေတတ်တယ် ဆိုတဲ့အချက်ပါ။ ဘယ်သူမှတော့ ခြောက်ပြစ်ကင်းဆိုတာမရှိနိုင်ပါဘူး။ ကိုယ်လည်း perfect ဖြစ်တာမှ မဟုတ်တာ။

ဆိုတော့ကာ ပြောချင်တဲ့ လိုရင်းက ကျွန်တော် ဆရာတွေစာသင်နေတဲ့ အတန်းတွေကိုဝင်လေ့လာရင် class observation လုပ်တဲ့အခါမှာ စင်ပေါ်မှာ တင်ဆက်နေတဲ့ မင်းသားကိုသာမက စင်အောက်က ပရိသတ်ကြီးရဲ့ မင်းသားအပေါ်တုန့်ပြန်မှုကိုလည်း ကောင်းကောင်းလေ့လာရပါတယ်။ ကျောင်းသားတွေ နားလည်ရဲ့လား၊ အာရုံစိုက်ကြရဲ့လား၊ စကားများနေကြလား၊ အိပ်ငိုက်နေလား၊ အတန်းထဲမှာ ထိုင်ခုံတွေကို ဘယ်လိုပုံစံတွေနဲ့ထိုင်နေကြသလဲ၊ ဆရာမေးခွန်းမေးရင် ပြန်ဖြေကြလား၊ ဆရာ့ကို နားမလည်ရင် မေးခွန်းမေးရဲကြလား....စသည်ဖြင့်မြင်အောင်ကြည့်ရပါတယ်။ စင်ပေါ်မှာ ဆရာအဖြစ်တက်သင်ပြသူဟာ ပရိသတ် ကျောင်းသားရဲ့ စိတ်ထဲကို မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။ ကိုယ်ပြင်ဆင်ထားတဲ့ lesson plan အတိုင်းပဲ တောင့်တောင့်ကြီးသွားမယ်၊ ငါ့စာအုပ်ကြီးထဲက theory အတိုင်းသာသင်မှဖြစ်မှာ၊ သူတို့နားမထောင်ကြလည်း ဘာအရေးလဲ၊ ငါကတော့ အချိန်စေ့သွားတဲ့အထိ တာဝန်အရ တစ်ယောက်တည်းဆက်ပြောနေမှာပဲ...စတဲ့ စိတ်ကူးမျိုးတွေရှိသူ ဆရာတစ်ယောက်ဟာ အချိန်ကုန်လူပန်း ဘယ်သူ့အတွက်မှအကျိုးမရှိနိုင်တဲ့အပြင် သူဟာ အောင်မြင်တဲ့ ကျောင်းသားချစ်တဲ့ မြတ်ဆရာတစ်ယောက်မဖြစ်လာနိုင်ပါဘူး။

အဲဒီအတွေ့အကြုံလေးတွေပေါ်မူတည်ပြီး ဆရာကောင်းတစ်ယောက်ဆိုတာ ဘာလဲ၊ ဘယ်လိုအရည်အချင်းတွေရှိသင့်သလဲ ...ဆိုတဲ့သဘောလေး ... ဆောင်ရန် ရှောင်ရန်လေးတွေကို အင်္ဂလိပ်စာသင်နေတဲ့ ဆရာ ဆရာမလေးတွေ သတိပြုမိစေဖို့ ဆောင်းပါးလေးတစ်ပုဒ်ရေးဖို့ စိတ်ထဲတေးထားတာကြာရောပေါ့။ ဆရာ ဆရာမတစ်ဦးထံမှ ကျောင်းသားတွေက ဘာကိုလိုချင်တာ၊ ဘာကိုမျှော်လင့်တာ၊ သူတို့သင်ယူချင်တဲ့ အင်္ဂလိပ်စာ ဆရာတစ်ဦးရဲ့ အရည်အချင်းတွေဟာ ဘာတွေဖြစ်တယ်ဆိုတာကို စာရင်းတို့ပြချင်တဲ့ သဘောပါ။

တိုက်တိုက်ဆိုင်ဆိုင် ဟိုတစ်နေ့က Singapore ရှိ Nanyang Technological University က မိတ်ဆွေကြီး Prof. W***y Renandya က ကျွန်တော်တို့ Facebook ပေါ်က ဆရာတွေသီးသန့် discussion group မှာ နာမည်ကြီး Teacher educator တစ်ဦးဖြစ်တဲ့ Patricia Miller ရေးတဲ့ Ten Characteristics of a Good Teacher ဆိုတဲ့ ဆောင်းပါးလေးကို ပို့ပေးလာလို့ အားလုံးဖတ်ကြ ဆွေးနွေးကြပါတယ်။ ကျွန်တော်လည်း ဒီဆောင်းပါးမှာရေးထားတာတွေက ကိုယ့်ရဲ့ အတွေ့အကြုံ စိတ်ကူးနဲ့ တစ်ထပ်တည်းကျနေလို့၊ ဆရာ ဆရာမလေးတွေဖတ်နိုင်အောင်လို့ ဒီဆောင်းပါးထဲက အဓိကအချက် ဆယ်ချက်ကိုပဲ ကောက်နှုတ်ပြီး အကျဉ်းချုံးတင်ပြပါရစေ။

Patricia Miller ပြောတဲ့ ဆရာကောင်းတစ်ယောက်ရဲ့ ထူးခြားတဲ့ လက္ခဏာဆယ်ခု

1. I want a teacher who has a contagious enthusiasm for his teaching.
contagious ဆိုတာ လူတစ်ဦးမှ တစ်ဦးသို့ကူးစက်စေတတ်သော။ enthusiasm ဟာ စိတ်အားထက်သန်မှု၊ တက်ကြွမှု။ ဆရာဟာ အတန်းထဲမှာ စိတ်ပါလက်ပါ၊ တက်တက်ကြွကြွနဲ့ သင်တာမျိုးကိုလိုချင်တယ်တဲ့။ သူ့ရဲ့ စိတ်ထက်သန်မှုက ကျောင်းသားတွေကိုပါ ကူးစက်စေတာမျိုး၊ ပျင်းစရာ၊ အိပ်ငိုက်ချင်စရာမျိုးမဟုတ်ဘူးပေါ့။

2. I want a teacher who is creative.
ဆရာဟာ creative ဖြစ်ဖို့လည်းလိုတာပေါ့။ အသစ်အဆန်းတီထွင်လုပ်ဆောင်ပေးတတ်ရမယ်၊ ဖန်တီးနိုင်စွမ်းရှိရမယ်။ တစ်ခါလာလည်း textbook ကိုဖွင့်၊ တစ်တန်းလုံး အသံထွက်ပြီး အော်ဖတ်ကြ၊ လိုက်ကူးကြ၊ လေ့ကျင့်ခန်းလုပ်ကြ....နေ့စဉ်ဒီပုံစံကြီးနဲ့သွားနေရင် ကျောင်းသားတွေအတွက် ငြီးငွေ့စရာပေါ့။ Variety is the spice of life. ဆိုတဲ့စကားရှိပါတယ်။ သင်ကြားမှုပုံစံကို formula ကြီးလို ပုံသေကြီးမသွားဘဲ လိုအပ်ရင် လိုအပ်သလို မတူတာလေးတွေလုပ်ခိုင်းဖို့လိုပါတယ်။ ရံဖန်ရံခါ language learning games တွေဆော့မယ်၊ role play သရုပ်ဆောင်ကြမယ်၊ သင်ခန်းစာကို competition ပြိုင်ပွဲပုံစံလေးပြောင်းပြီးလုပ်ကြည့်မယ်...စသည်ဖြင့် ဆရာဟာ ကျောင်းသားတွေစိတ်ဝင်စားအောင် creative ဖြစ်ဖို့အရေးကြီးပါတယ်။

3. I want a teacher who can add pace and humour to the class.
pace ဆိုတာ အရှိန် အဟုန်။ music မှာဆို tempo တက်တယ် ကျတယ်ဆိုတဲ့သဘော။ တေးသွားက နှေးလိုက် မြန်လိုက်နဲ့ပေါ့။ စာသင်ခန်းထဲမှာလည်း pace ကအရေးကြီးပါတယ်။ လေးလေး နှေးနှေးကြီးဆို အားလုံးအိပ်ပျော်ကုန်ကြမှာ။ ဟာသဉာဏ် humour ကတော့ အရေးအကြီးဆုံးလို့တောင်ပြောရမယ်။ ရီစရာလေးထည့်ပြောတတ်တဲ့ ဆရာဆို ကိုယ်ကိုယ်တိုင်ပိုသဘောကျတယ်။ စင်ပေါ်တက်ပြီး လူရွှင်တော်လို ဟာသတွေတောက်ရှောက်ပြောနေတဲ့ ဆရာမျိုးကတော့ နေရာမှားနေတာ ဇာတ်ထဲလိုက်သင့်တာ။ ကျွန်တော်လေးစားတဲ့ ပါမောက္ခကြီးတွေဟာ စာသင်နေရင်းနဲ့ asides လို့ခေါ်တဲ့ under his breath မိမိကိုယ်ကိုပြန်သရော်တဲ့ ရယ်စရာလေးတွေကို မကြားတကြားပြောတတ်ကြတာ သူတို့ culture မှာရှိတယ်။ ချစ်စရာအကျင့်ကလေးတစ်ခုပါ၊ ကိုယ့်စိတ်ကိုပါ ကြည်နူးစေတာလေးတွေ။

4. I want a teacher who challenges me.
ဆရာကောင်းတစ်ယောက်ဟာ ကျောင်းသားကို ပိုတတ်လာအောင် ပိုကြိုးစားချင်လာအောင်လည်း challenge လုပ်ပေးတတ်ရပါတယ်။ အမြဲတမ်း အများအကြိုက် ကျောင်းသားအကြိုက်လိုက်ပြီး လွယ်လွယ်လေးတွေပဲလုပ်ခိုင်းနေရင်တော့ တိုးတက်မှုရှိမှာမဟုတ်ဘူးဆိုတာ အထူးပြောနေစရာမလိုပါ။ စဉ်းစားကြည့်ရင် ကျောင်းသားတွေမှာ သူတို့သိပြီးသားအကြောင်းအရာတွေအများကြီးရှိနေပြီးသား၊ အဲဒီသူတို့ရဲ့ passive knowledge ကို ဆရာက နှိုးဆွ လှုပ်နှိုး activate လုပ်ပေးနိုင်တတ်ရမယ်။

ဥပမာ၊ ကျွန်တော်သင်ပေးရတဲ့ ကျောင်းသားတွေ သူတို့ဟာ grammar rules တွေတော်တော်သိပြီးသား၊ vocabulary တွေလည်း အတော်သိပြီးသား၊ ဒါပေမဲ့ ဆရာနဲ့ အင်္ဂလိပ်လိုစကားပြောရမှာကို ရွံ ့နေ ရှက်နေတတ်ကြတဲ့ကျောင်းသားမျိုးတွေကို ကျွန်တော်တမင်ကိုပဲ အင်္ဂလိပ်လိုပဲတောက်လျှောက်ဖိပြောတယ်။ ဒါပေမဲ့ သူတို့နားလည်လောက်အောင်တော့ လွယ်လွယ်ရှင်းရှင်းပြောတယ်။ တမင်ကို သူတို့ကို challenge လုပ်ပြီး အင်္ဂလိပ်လိုပဲပြောတယ်။ ဒါပေမဲ့ ဆရာက ကျောင်းသားကိုပေးတဲ့ challenge ဟာ the right level of challenge ဖြစ်ဖို့လိုတယ်၊ the right amount of challenge ဖြစ်အောင်တော့ ဆရာကသတိထားရမယ်။ အင်္ဂလိပ်စာအဓိက သင်ယူခဲ့ရတဲ့ ဆရာ ဆရာမတွေဆိုရင် ကျွန်တော် ဘာကိုရည်ညွှန်းနေတယ်ဆိုတာကို သတိပြုမိမှာပါ။ Stephen Krashen ရဲ့ comprehensible input hypothesis ရဲ့ i+1 ကိုဆိုလိုတာပါ။ ကိုယ်ကျောင်းသားကိုပေးတဲ့ challenge ဟာလည်း ထိုနည်းတူ အလွန်ခက်ခဲတာမျိုးမဖြစ်စေပဲ ကျောင်းသားသိပြီးသား၊ သူရောက်နေတဲ့ အဆင့်ထက် + 1 သာမြင့်တာမျိုးဖြစ်ရမယ်လို့ဆိုတာပါ။

5. I want a teacher who is encouraging and patient, and who will not give up on me.
ဒါကတော့ရှင်းပါတယ်။ ဆရာကောင်းတစ်ယောက်ဟာ ကျောင်းသားကို ပိုကြိုးစားချင်လာအောင် စိတ်ဓာတ်မကျအောင် အားပေးတယ်၊ စိတ်ရှည်တယ်၊ ဒီတစ်ယောက်ကလည်း ဖျင်းလိုက်တာ၊ သင်နေလည်း အလကား၊ ရှင်းပြနေလည်း ထူးမှာမဟုတ်ပါဘူးဆိုပြီး ကျောင်းသားအပေါ်ကို စိတ်ပျက် လက်လျှော့တာမျိုး မလုပ်ဘူးတဲ့။ ဆရာမက ငါ့ကို ညံ့လို့စိတ်မဝင်စားဘူးလို့ စိတ်ထဲမှာစွဲသွားတဲ့ ကျောင်းသားတစ်ယောက်ဟာ self-confidence မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ motivation စာလုပ်ချင်စိတ်ပါပျက်စီးသွားတတ်ပါတယ်။ ဆရာကောင်းတစ်ယောက်ဟာ အမြဲတန်း ကျောင်းသားကို second chance ပေးဖို့ အဆင်သင့်ရှိနေရမှာပါ။

6. I want a teacher who will take an interest in me as a person - one who will try to discover discussion topics that interest me.
ကျွန်တော်သင်ပေးရတဲ့ ကျောင်းသားတွေရဲ့ နာမည်တွေအားလုံးကို ကျွန်တော်မှတ်မိတယ်၊ မှတ်မိအောင်လည်း စိတ်ဝင်တစားမှတ်တယ်။ နိုင်ငံခြားသားကျောင်းသားတွေကတော့ သူတို့ရဲ့ nick names လေးတွေနဲ့ သူတို့ကိုခေါ်တာကို ကြိုက်ကြတယ်၊ ပိုရင်းနှီးတယ်လို့ ခံစားကြတယ်။ ဘယ်ကျောင်းသားက ဘာဝါသနာပါသလဲ၊ ဘယ်လိုစာအုပ်တွေဖတ်သလဲ၊ ရုပ်ရှင်ကြိုက်သလား၊ ဘာအားကစားလုပ်သလဲ....စသည်ဖြင့် အချိန်ရရင်ရသလို ဆရာက ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောပေးရင် ဆရာနဲ့ ကျောင်းသားကြား ဆက်ဆံရေးဟာ ပိုနွေးနွေးထွေးထွေးရှိလာတယ်။ ကိုယ်က သူတို့ကို အလုပ်သဘောအရသာ ပတ်သက်နေတာမျိုးမဟုတ်တော့ဘဲ သူတို့ကိုသံယောဇာဉ်ရှိတဲ့၊ သူတို့အကျိုးကိုလိုလားတဲ့ မိတ်ဆွေကောင်းတစ်ယောက်ပမာ သူတို့စိတ်ထဲမှာ ခံစားစေရလို့ ကိုယ့်ရဲ့ သင်ကြားရေးဟာလည်း ပိုမိုချောမွေ့ ထိရောက်မှုရှိလာနိုင်ပါတယ်။

7. I want a teacher who knows grammar well and who can explain something on the spot if necessary.
ဒီတစ်ချက်ကလည်း ဘာသာစကားသင်ပေးနေရတဲ့ ဆရာ ဆရာမတွေအတွက် အလွန်အရေးကြီးပါတယ်။ သဒ္ဒါကို ဘယ်အတန်းရောက်ရောက် ကင်းကွာလို့မရပါဘူး။ တက္ကသိုလ်အဆင့်သင်လည်း grammar ကို လိုအပ်ရင် ပြန်လှန်သင်ကြားပေးနေရသလို ဆရာကို grammar မေးခွန်းတွေမေးချင်တဲ့ ကျောင်းသားဆိုတာ အတန်းတိုင်းမှာ မလွှဲမသွေတွေ့ကြုံရမှာပါပဲ။ ဒါ့ကြောင့် ဆရာဖြစ်သူဟာ grammar ကိုထုံးလိုခြေ ရေလိုနှောက် အပိုင်ရနေဖို့လိုပါတယ်။ ကျောင်းသားက မေးခွန်းမေးလာခဲ့ရင် ဘွာမခတ်ပဲ မှန်မှန်ကန်ကန်ရှင်းရှင်းလင်းလင်းပြန်ဖြေနိုင်ဖို့ လေ့လာထားဖို့ပါ။

8. I want a teacher who will take a minute or two to answer a question after class.
တချို့ဆရာတွေကလည်း အတန်းကို စောစောလွှတ်ဖို့၊ အတန်းပြီးတာနဲ့ ကျောင်းသားထက်အရင်ဦးအောင် အတန်းအပြင်ကိုထွက်ပြေးဖို့ တာဆူနေကြတာမျိုးတွေ့ဖူးပါတယ်။ ဒါပြီးရင် ဟိုကျုရှင်ပြေးရဦးမှာဆိုတဲ့ အထူးကုဆရာဝန်ကြီးတွေ ဆေးခန်းခုန်သလိုမျိုး အချိန်ဆင်းရဲတဲ့ ဆရာတွေလည်းရှိတတ်တာကိုး။ အတန်းအပြီးမှာ ဆရာ့ဆီက အချိန်လေး ၅ မိနစ်လောက်ရချင်ရှာတဲ့ ကျောင်းသားတွေရှိနေတတ်တယ်တဲ့။ မေးခွန်းလေးတွေ၊ နားမလည်လိုက်တာလေးတွေ၊ ဆရာ့ဆီကအကြံတောင်းချင်တာလေးတွေအတွက် အချိန်ပေးကြပါ ဆရာတို့တဲ့။

9. I want a teacher who will treat me as a person, on an equal basis with all the members of the class, regardless of s*x, marital status, or race.
ဒါကတော့ political correctness ရှိဖို့လိုတယ်လို့ဆိုလိုတာပါ။ ဆရာကောင်းတစ်ဦးဟာ ကျောင်းသားတွေအားလုံးကို မခွဲခြားဘဲ သာတူညီမျှဆက်ဆံပါတယ်တဲ့။ ကျား မ မခွဲခြားရဘူး၊ လူမျိုး ဘာသာကြောင့်လည်း ခွဲခြားဆက်ဆံခြင်းမပြုရပါဘူးတဲ့။ International schools တွေမှာ ဘယ်နိုင်ငံကကျောင်းသားမို့လို့ ဆရာရဲ့ အနှိမ်ခံရတာတို့၊ ဆင်းရဲတဲ့တိုင်းပြည်ကမို့လို့၊ ဘာသာမတူလို့ စတာတွေကြောင့် စာတော်တဲ့ ကျောင်းသားလေးတွေတောင် စိတ်အနှောင့်အယှက်ကြုံကြရတာတွေ မျက်မြင်တွေ့ခဲ့ဖူးပါတယ်။

10. Finally, I want a teacher who will leave his emotional baggage outside the classroom.
ဒီနောက်ဆုံးအချက်ကလည်း တော်တော်လေး သတိထားသင့်ပါတယ်။ တချို့ဆရာ ဆရာမတွေကလည်း အတန်းထဲကို ဝင်လာရင် အိမ်မှာထားခဲ့ရမဲ့ အထုတ်ကြီးတွေကိုပါ သယ်လာတတ်ကြတယ်။ ဘာအထုတ်ကြီးတွေလဲ ဆိုတော့ emotional baggage ကြီးပေါ့။ လေးလိုက်တဲ့ဟာကြီးတွေ။ အိမ်မှာ ယောက်ျားနဲ့ စကားများလာလား၊ မိသားစုဝင် တစ်ယောက်ယောက်နဲ့ အငြင်းပွားလာလား၊ taxi မောင်းသူနဲ့ စိတ်တိုလာသလား၊ အဲဒီ ဒေါသ၊ စိတ်သောက အထုတ်ကြီးတွေကို အတန်းအပြင်ဘက်မှာ ထားခဲ့ကြပါ ဆရာ ဆရာမတို့။ ကိုယ့်ရဲ့ သင်ကြားမှုကို အနှောင့်အယှက်မဖြစ်ပါစေနဲ့။ Don't take it out on the students. ကိုယ့်ဒေါသကို ကျောင်းသားတွေအပေါ်လည်း မဆီမဆိုင် မလွှဲချလိုက်မိပါစေနဲ့ လို့ပြောတာပါ။

အပြောလွယ်သလောက် လက်တွေ့လုပ်ရခက်မှန်းအားလုံးသိကြတာပေါ့နော်။ ဆရာ ဆရာမတွေရဲ့ အလုပ်ချိန်ဆိုတာ စာသင်ခန်းထဲမှာ စာသင်ပြနေတဲ့အချိန် teaching time ထက်အများကြီးပိုပါတယ်။ စာမသင်ခင် အိမ်မှာကြိုပြင်ဆင်ရတယ်၊ lesson plan ဆွဲရတယ်၊ materials တွေ အဆင်သင့်ပြင်ရတယ်၊ စာသင်ပြီးပြန်တော့လည်း ခြစ်စရာ အခြစ်တွေ correction လုပ်စရာတွေ အိမ်ကိုပြန်သယ်လာရတယ်။ သင့်တင့်ထိုက်တန်တဲ့ အကျိုးခံစားခွင့်တွေပြန်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ သို့သော်...ကိုယ်ကိုယ်တိုင် ဝါသနာကြီးလို့ မြတ်နိုးလို့ ရွေးချယ်ထားခဲ့တဲ့ teaching ဆိုတဲ့ career path မှာ စိတ်ချမ်းသာစွာဆက်လက်လျှောက်လှမ်းနိုင်ပြီး အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူများကို မွေးထုတ်ပေးနိုင်တဲ့ အင်္ဂလိပ်စာ ဆရာ ဆရာမများဖြစ်ကြပါစေလို့ ဆရာ ညီငယ် ညီမငယ်လေးများကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Photos from TKTL Language Training Centre MDY's post 03/03/2025

ဒေါ်မမနိုင်~အင်္ဂလိပ်စကားပြောသင်တန်း
(ဆရာဦးဝေမျိုးနှင့်တက္ကသီလာသင်ကြားရေးအဖွဲ့မှဦးစီးသင်ကြားသော)
နန်းရှေ့တန်းခွဲ

💥နွေရာသီအင်္ဂလိပ်စကားပြောတန်းခွဲများ💥
(3.3.2025)တနင်္လာနေ့တွင် စတင်ပါပြီ။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺

(အသက်၅နှစ်မှ ၁၃နှစ်အရွယ် ကလေးများအတွက်)

တန်းခွဲ (၁) 3.3.2025 စတင်ပါပြီ။
အခြေခံအင်္ဂလိပ်စကားပြောတန်းခွဲ (Junior တန်းခွဲ)
(တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး)
🕘 သင်တန်းချိန် ... နံနက် ၉း၀၀ ~ ၁၀း၀၀ နာရီ

🗓သင်တန်းကာလ ... (3.3.2025 မှ 15.5.2025)

💰သင်တန်းကြေး ... 150,000 MMK
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

တန်းခွဲ (၂) 17.3.2025 စတင်မည်။
အခြေခံအင်္ဂလိပ်စကားပြောတန်းခွဲ (Junior တန်းခွဲ)
(တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး)
🕘 သင်တန်းချိန် ... နေ့လည် ၁၁း၃၀ ~ ၁း၀၀ နာရီ

🗓သင်တန်းကာလ ... (17.3.2025 မှ 22.5.2025)

💰သင်တန်းကြေး ... 150,000 MMK
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

တန်းခွဲ (၃) 6.3.2025 စတင်မည်။
(အသက် ၁၃ နှစ်အထက် ကလေးများအတွက်)
Writing Class အခြေခံသဒ္ဒါ (ရေး၊ဖတ်၊ပြော)တန်းခွဲ
(ကြာသပတေး၊သောကြာ)
🕑သင်တန်းချိန် ... နေ့လည် ၂း၃၀ ~ ၃း၃၀ နာရီ

🗓သင်တန်းကာလ ... (6.3.2025 မှ 20.5.2025)

💰သင်တန်းကြေး ... 180,000 MMK

မှတ်ချက်။ ။Grade 6,7,8,9,10,11,12 ကျောင်းသား/ကျောင်းသူများ တက်ရောက်ရန်တန်းခွဲ။

🏠သင်တန်းနေရာ... ၆၂လမ်း၊၁၉×၂၀ကြား၊အောင်မြေသာစံမြို့နယ်၊
မန္တလေးမြို့။

☎️စုံစမ်းရန်... 092062813,
09793569539

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Photos from TKTL Language Training Centre MDY's post 20/02/2025

ဒေါ်မမနိုင်~အင်္ဂလိပ်စကားပြောသင်တန်း
(ဆရာဦးဝေမျိုးနှင့်တက္ကသီလာသင်ကြားရေးအဖွဲ့မှဦးစီးသင်ကြားသော)
မဟာအောင်မြေတန်းခွဲ နှင့် နန်းရှေ့တန်းခွဲ

💥နွေရာသီအင်္ဂလိပ်စကားပြောတန်းခွဲများ💥
(3.3.2025)တနင်္လာနေ့စမည်။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺

(အသက်၅နှစ်မှ ၁၂နှစ်အရွယ် ကလေးများအတွက်)
၁။ အခြေခံအင်္ဂလိပ်စကားပြောတန်းခွဲ (Junior တန်းခွဲ)
၂။ အခြေခံအင်္ဂလိပ်စကားပြောတန်းခွဲ (Senior တန်းခွဲ)
(တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး)
🗓သင်တန်းကာလ (3.3.2025 မှ 15.5.2025)
💰သင်တန်းကြေး... 150,000 MMK

(အသက် ၁၃ နှစ်အထက် ကလေးများအတွက်)
Writing Class အခြေခံသဒ္ဒါ (ရေး၊ဖတ်၊ပြော)တန်းခွဲ

မဟာအောင်မြေတန်းခွဲ(စနေ၊တနင်္ဂနွေ)
🗓သင်တန်းကာလ (9.3.2025 မှ 25.5.2025)

နန်းရှေ့တန်းခွဲ(ကြာသပတေး၊သောကြာ)
🗓သင်တန်းကာလ (6.3.2025 မှ 20.5.2025)

💰သင်တန်းကြေး... 180,000 MMK
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

တန်းခွဲ(၁)မဟာအောင်မြေတန်းခွဲ(၄၂လမ်း)

💧အခြေခံအင်္ဂလိပ်စကားပြောတန်းခွဲ(4 Skills Class)
(အသက်၅နှစ်မှ ၁၂နှစ်အရွယ် ကလေးများ)

1.Junior Class (New students)
သင်တန်းချိန်...နံနက်.. ၉း၀၀~၁၀း၀၀နာရီ
(လာ+ဂါ+ဟူး+တေး)

2.Senior Class (Old students)
သင်တန်းချိန်...နံနက်.. ၁၀း၀၀~၁၁း၀၀နာရီ
(လာ+ဂါ+ဟူး+တေး)
🌾🌾🌾🌾🌾🌾🌾🌾🌾

3.Writing Class အခြေခံသဒ္ဒါ(ရေး၊ဖတ်၊ပြော)တန်းခွဲ
(အသက် ၁၃နှစ်မှ ၁၆အရွယ် ကလေးများ)
သင်တန်းချိန်...နေ့လည်.. ၁း၀၀~၃း၀၀နာရီ
(စနေ၊တနင်္ဂနွေ)
မှတ်ချက်။ ။Grade 6,7,8,9,10,11,12 ကျောင်းသား/ကျောင်းသူများ တက်ရောက်ရန်တန်းခွဲ။

🏠သင်တန်းနေရာ...၄၂လမ်း၊ ၈၃×၈၄ကြား၊
မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့။

☎️စုံစမ်းရန်... 092062813,
09793569539.

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

တန်းခွဲ(၂)နန်းရှေ့တန်းခွဲ
အခြေခံအင်္ဂလိပ်စကားပြောတန်းခွဲ(4 Skills Class)
(အသက်၅နှစ်မှ ၁၂နှစ်အရွယ် ကလေးများ)

1.Junior Class (New students)
သင်တန်းချိန်...နံနက်.. ၉း၀၀~၁၀း၀၀နာရီ
(လာ+ဂါ+ဟူး+တေး)

2.Senior Class (Old students)
သင်တန်းချိန်...ညနေ.. ၄း၀၀~၅း၀၀နာရီ
(လာ+ဂါ+ဟူး+တေး)
🌾🌾🌾🌾🌾🌾🌾🌾🌾

3.Writing Class အခြေခံသဒ္ဒါ(ရေး၊ဖတ်၊ပြော)တန်းခွဲ
(အသက် ၁၃နှစ်မှ ၁၆အရွယ် ကလေးများ)
သင်တန်းချိန်...နံနက် .. ၁၀း၀၀~၁၂း၀၀နာရီ
(ကြာသပတေး၊သောကြာ)
မှတ်ချက်။ ။Grade 6,7,8,9,10,11,12 ကျောင်းသား/ကျောင်းသူများ တက်ရောက်ရန်တန်းခွဲ။

🏠သင်တန်းနေရာ... KMD Computer, ၆၂လမ်း၊ ၁၉×၂၀ကြား၊အောင်မြေသာစံမြို့နယ်၊မန္တလေးမြို့။

☎️စုံစမ်းရန်... 092062813,
09793569539.

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Takkaśilā Language Training Centre, 33(A), Bt;63×63(A), Chan Aye Thar Zan Township
Mandalay