Happy Life

Happy Life

Share

Cosmetics, Health & Beauty

17/04/2022

မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေရှင်။
ဘေးဘယာများဝေးကွာ၍ စိတ်​၏ချမ်းသာခြင်း၊ ကိုယ်​၏ကျန်မာခြင်းနှင့် ပြည့်စုံပါစေ။ စိတ်သွားတိုင်းကိုယ်ပါ၍ လိုအင်ဆန္ဒများအားလုံး ပြည့်ဝကြပါစေ။

27/03/2022

🔆 sunscreen ဆိုတာမြန်မာပြည်မှာနေရင် မရှိမဖြစ်သုံးရမယ့် cosmetic တစ်ခုဖြစ်ပါတယ်။ ဘာလို့ဆိုတော့ အပူပိုင်းရာသီဥတု နိုင်ငံဖြစ်ပြီးတော့ နေရောင်ခြည် ပိုမိုထိတွေနိုင်ပါတယ်။

🔆sunscreen ကို skin care routine တွေရဲ့ နောက်ဆုံးအဆင့်လို့ ယေဘုယျ သုံးစွဲခိုင်းထားပေမယ့် တချို့အခါတွေမှာတော့ မိတ်ကပ်ခြောက်ရဲ့ အောက်ခံတလွှာမှာ လိမ်းတတ်ကြပါတယ်။

🔆နေလောင်ခံ တွေကို လေးနာရီခြားတစ်ကြိမ် ပြန်လည်လိမ်းပေးဖို့လိုအပ်ပီး၊ SPF sun protecting factor 35 နှင့်အထက် သုံးစွဲပေးရပါမယ်

🔆daily skin care မှာ wash---->toner--->moisturizer--->sunscreen/BB/CC/make up အားလုံးအရေးကြီးသလို နေလောင်ခြင်း တင်းတိပ်ဖြစ်ခြင်း အမဲစက်များပေါ်လာခြင်း အဆိုးဆုံးက အရေပြားကင်ဆာဖြစ်ခြင်း တို့ကို sunscreen ကအဓိက ကာကွယ်ပေးထားပါတယ်။

🔆ဒါကြောင့် ယခုလို​နွေရာသီမှာ နေလောင်ခံကို လိမ်းကိုလိမ်းရမှာ ဖြစ်ပါတယ်။

13/02/2022

.......... ချွေးပေါက်ဘာကြောင့်ကျယ်ရသလဲ..........

မျက်နှာပေါ်မှာ
ချွေးပေါက်တွေကျယ်နေတယ်ဆိုတဲ့ ပြဿနာက မိန်းကလေးတွေရော / ယောင်္ကျားလေးတွေမှာပါဖြစ်နေတဲ့ ပြဿနာတစ်ခုဖြစ်မှာပါ...

ချွေးပေါက်ကျယ်တာကိုပဲ စိတ်ညစ်နေပြီး
ချွေးပေါက်ဘာကြောင့်ကျယ်ရတယ်ဆိုတဲ့
အဖြေကို မရှာဖွေဘဲ ထိုင်အော်နေရင်တော့
ဘာတွေဆင်ခြင်သင့်လဲ/ဘာတွေလုပ်မိနေလဲ
ဆိုတာကို သိမှာမဟုတ်ပါဘူး 🙄

အဲ့တော့ ဒီနေ့
ချွေးပေါက်ဘာကြောင့်ကျယ်ရသလဲ ဆိုတာကို အကုန်လုံးနားလည်လွယ်အောင် ပြောပြပေးချင်ပါတယ်...

1️⃣ Cleansing သေချာမလုပ်ခြင်း....

မျက်နှာမှာ မွှေးညှင်းပေါက်လေးတွေရှိတာကို အကုန်လုံးလဲသိပြီးသားဖြစ်မှာပါ. တနေကုန် လိမ်းသမျှ Skincare တွေ/မိတ်ကပ်တွေ/သနပ်ခါးတွေ က မွှေးညှင်းပေါက်ထဲကို ဝင်သွားတဲ့အခါ အညစ်အကြေးတွေ အဆီတွေ အဖြစ်ရောက်ရှိသွားပါတယ်. အဲ့ဒါကြောင့် မျက်နှာကို ပုံမှန်ညတိုင်း Cleansing သေချာမလုပ်ပေးဘူးဆိုရင် မွှေးညှင်းပေါက်မှာ အညစ်အကြေးတွေ စုပြီးပိတ်မိပြီး အသားအရေက ညစ်နွမ်းလာပြီး ချွေးပေါက်တွေကျယ်လာတတ်ပါတယ်.

2️⃣ Alcohol ပါဝင်မှုများသော Skincare တွေကို သုံးနေခြင်း....

မိမိတို့အသုံးပြုတဲ့ skincare တွေတိုင်းမှာ Alcohol သည် အနည်းနဲ့အများတော့ ပါလေ့ရှိပါတယ်.
ကောင်းကျိုးရှိတဲ့ alcohol နဲ့ ဆိုးကျိုးရှိတဲ့ alcohol ဆိုပြီးလဲ ရှိပါသေးတယ်.
တန်ဆေးလွန်ဘေး ဆိုသလိုမျိုး alcohol ကို လိုအပ်တဲ့ပမာဏပါဝင်တာထက် ပိုများပြီးသုံးမိနေပြီဆိုရင်တော့ ကိုယ်မသိလိုက်တဲ့အချိန်ခဏလေးအတွင်းမှာပဲ ချွေးပေါက်တွေသိသိသာသာကျယ်လာနေပါပြီ. မိမိသုံးသမျှ Skincare တွေမှာ alcohol ပါဝင်တာတွေကိုပဲ သုံးမိနေတယ်ဆိုရင် ခုချိန်ကစပြီး ဆင်ခြင်လိုက်ပါတော့နော်.

ခုပဲပြေးကြည့်လိုက်ပါ ကိုယ့်ရဲ့ Skincare တွေအကုန်လုံး လိုလိုမှာ alcohol ပါဝင်တာတွေ များနေလားဆိုတာကို.....

3️⃣ မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကို ခဏခဏကိုင်ခြင်း/ပွတ်ခြင်း....

မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကို ခဏခဏ ကိုင်တာ ထိတွေ့တာတွေ လုပ်ရင် လက်မှာရှိတဲ့ မမြင်နိုင်တဲ့ဖုန်မှုန့်တွေက မျက်နှာမှာရှိတဲ့ အဆီတွေချွေးတွေနဲ့တွေ့တဲ့အခါ အညစ်အကြေးတွေအဖြစ် ချွေးပေါက်ထဲဝင်သွားတတ်ပါတယ်. အဲ့ကနေတဆင့်ချွေးပေါက်တွေပိတ်ပြီး ချွေးပေါက်ကျယ်လာတာတွေ ဖြစ်လာပါတယ်.

4️⃣ Sunscreen မလိမ်းခြင်း....

ဒီအချက်က Daily Skincare Stepရဲ့ အရေးအကြီးဆုံးအချက်ပါ. မိတ်ကပ်တွေ / သနပ်ခါးတွေ ဘယ်လောက်ပဲ လိမ်းထားပါစေ Sunscreen မလိမ်းရင်တော့ နေရောင်ခြည်ရဲ့ UV Rays တွေက အသားနဲ့တိုက်ရိုက်ထိတွေ့မှုရှိပါတယ်. အဲ့တော့ မျက်နှာက နေလောင်ခံရပါများလာပြီး အသားအရေတွေ
မညီမညာနဲ့ ကြမ်းလာပြီး ချွေးပေါက်တွေကျယ်လာပါတယ်.

💥Sunscreen မလိမ်းခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက် နောက်တခုကတော့ တင်းတိတ်နဲ့
အမဲစက်တွေ ထွက်လာတာပါပဲ.

အဲ့တော့ Sunscreen မလိမ်းဘဲ နေကြအုံးမှာလား

5️⃣ Scrub (or) Peeling ကို ခဏခဏလုပ်ခြင်း....

Scrub လုပ်တဲ့အခါ scrub အများစုမှာ
ပါတဲ့ Crystal အမှုန့်ကြမ်းကြမ်းလေးတွေက အသားအရေအတွင်းထဲမှာရှိတဲ့ ချွေးပေါက်ထဲကအညစ်အကြေးတွေကို ချေးချွတ်ပေးခြင်း သဘောပါပဲ. ချေးချွတ်တဲ့အခါ အသားအရေရဲ့ အပေါ်ယံက ဆဲလ်အသေတွေကို ကွာကျစေပါတယ်.
နေ့တိုင်းလိုလို Scrub အသုံးပြုမယ်ဆိုရင်တော့
ဆဲလ်အသစ်တွေ ထပ်မထွက်တော့ဘဲ ချွေးပေါက်တွေ ကျယ်လာတတ်ပါတယ်.

6️⃣ ဝက်ခြံညှစ်ခြင်းနှင့် Moisture မလိမ်းခြင်း....

ဝက်ခြံမညှစ်နဲ့ဆိုလဲ အကုန်လုံးက ဝက်ခြံထွက်ရင် အနဲနဲ့အများတော့ ညှစ်တတ်ကြပါတယ်. အဲ့တော့ဝက်ခြံညှစ်ပြီးရင် ဝက်ခြံအဆံထွက်သွားတဲ့နေရာက အပေါက်သဘောမျိုးဖြစ်ပြီးကျန်ခဲ့ပါတယ်.ဝက်ခြံညှစ်ထားတဲ့နေရာကို အစိုဓာတ်ပြန်
မဖြည့်ပေးတာတို့် Skincare ပြန်မလုပ်တာတို့ဆိုရင် ချိုင့်ခွက်တွေဖြစ်လာပြီး ချွေးပေါက်တွေပါကျယ်လာနိုင်ပါတယ်.

💥နောက်တစ်ခုက
ဝက်ခြံညှစ်သည်ဖြစ်စေ/မညှစ်သည်ဖြစ်စေ Moisture ကို သေချာမလိမ်းဘူးဆိုရင်လဲ ချွေးပေါက်တွေ ကျယ်လာတတ်ပါတယ်နော်.

ဒါဆို
ချွေးပေါက်ဘာကြောင့်ကျယ်ရလဲဆိုတဲ့ အဖြေကို သိသွားကြမယ်လို့မျှော်လင့်ပါတယ်.
ပြောပြတဲ့အချက်လေးတွေကို ဖတ်ပြီး
ဘာတွေလုပ်မိနေလဲ/ ဘာတွေလုပ်သင့်လဲ ဆိုတဲ့ အဖြေကိုလဲ သိသွားကြမယ်ထင်ပါတယ် ♥

အဆုံးထိသေချာဖတ်ပေးတဲ့ ချစ်တို့အားလုံးကို ကျေးဇူးအထူးပါနော် 😘

နောက်ထပ်လဲ Beauty Knowledge လေးတွေ
မျှဝေပေးသွားစရာတွေရှိသေးလို့
နောက် post တခုမှာ ပြန်တွေ့မယ်နော် 😍

ချစ်တို့အားလုံးရာသီမရွေး လှကြပါစေရှင် 😘

Crd #

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay