MS online shop

MS online shop

Share

ဒေသထွက် အော်ဂဲနစ် ရာသီစာများ ရောင်းဝယ်ရေး

06/02/2026

🙏🙏🙏

02/10/2025

တဖောက်ဖောက်နဲ့ ဝါးလို့ကောင်းတဲ့ ဗန်ဒါစေ့အစိုအဆံကြီးကြီးတွေ ဒီရက်ပိုင်းရပါတယ်နော်
အစိုက တရက်စာနေ့ချင်းရတာကို ရက်မကူးတာပဲပို့တာပါရှင့်
ရက်ကူးတာတွေကိုတော့ အခြောက်လှန်းတယ်၊ဆားလှော်လုပ်ပါတယ်ရှင့်
ဒါကြောင့် လတ်ဆတ်တဲ့အစိုစားမယ်ဆိုရင်တော့ ကြိုမှာပေးပါနော်


#ဗန်ဒါစေ့

08/11/2024

ဆားလှော်😍

Photos from MS online shop's post 30/10/2024

ဗန်ဒါစေ့လှော်၊ဗန်ဒါစေ့စိမ်း(နေလှန်းခြောက်)
ပို့ပါတော့မယ်ရှင့်🤗

14/10/2024

ဘာလိုလိုနဲ့ ဗန်ဒါစေ့ရောင်းတာ 4နှစ်ကျော်သွားပြီ
မှတ်မိပါသေးရဲ့ စရောင်းခါစက 1ဘူး2ဘူးရောင်းရရင်ကို တအားပျော်ခဲ့ရတာ
ဗန်ဒါစေ့အထာမသိသေးတော့ ရောင်းရသလောက် review မကောင်းခဲ့ဘူး
အစိုတွေကို လေစုပ်ပြီးအဝေးပို့ခဲ့တာကိုး
ဖောက်သယ်ပြန်ယူတဲ့အစ်မကြီးတွေရဲ့စိတ်ဆိုးတာလဲခံခဲ့ရတယ် ကိုယ်ကအစိုကိုခြောက်အောင်လုပ်ပြီးပေးတော့ သူတို့ကို‌ပေးတဲ့အခါ လျော့နေတာလေ
ဒီလိုနဲ့ လုပ်ရင်းကိုင်ရင်း သဘောတရားလေးတွေနားလည်လာတော့ ကုန်ကြမ်းများများပေးနိုင်တဲ့သူနဲ့ချိတ်မိပြန်ရော
အစပိုင်းတော့ အဆင်ချောပါရဲ့ နောက်တဖြည်းဖြည်း အကျန်တွေ၊အပယ်တွေနဲ့ဂျင်းထည့်ခံရတယ်
တနေရာမကောင်းနောက်တနေရာရှာဝယ်
ပိုက်ဆံကြိုပေးရတယ် ပထမတော့ဟုတ်နေတာပဲ မကြာပါဘူး ကြိုပေးငွေဆုံးရပြန်တယ်
အဲ့လိုတွေလုံးချာလည်နေ‌ခဲ့ပေမယ့်လည်း စိတ်ဓါတ်မကျခဲ့ရဘူး
ကိုယ့်ကို အခိုင်မာ အားပေးပြီး ထပ်ခါထပ်ခါ အားပေးခဲ့တဲ့ customer တွေဟာ ကိုယ့်အတွက် အားဆေးတခွက်ဖြစ်ခဲ့တာကိုး
ခုလည်း အရောင်းနားတာကြာနေပေမယ့် ရပြီလို့ post တင်လိုက်တာနဲ့ အားပေးကြတာ သိပ်ကိုကြည်နူးရတယ် ကျေးဇူးလည်းအရမ်းတင်ရတယ်
ခုတခေါက်တော့ ကိုယ်တိုင်အစိုကိုအခြောက်လှန်းပြီး လုပ်မှာမို့ မှာထားတာတွေထက် အချိန်အနည်းငယ်နောက်ကျခဲ့ရင် စိတ်မဆိုးကြပါနဲ့လို့🙏
အားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်ရှင့်


#ဗန်ဒါစေ့

Want your business to be the top-listed Shop in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


စံပြလမ်း
Mandalay
05041

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 18:00