Jing Rui

Jing Rui

Share

Emperor's Domination

27/06/2022

သက်တော်ရှည် ချန်းရှန်း

အခန်း - ၅

ဆေးပင်းများပြင်ဆင်ပြီးသည်နှင့် လီခိုင်ရှန့်အချိန်ဆွဲမနေပဲ ဆေးလုံးဖော်စပ်ရန့် ချက်ချင်းအသင့်ပြင်လိုက်သည်..

"ဒီနှစ်ဆေးပင်စိုက်ခင်းမှာ မနှစ်ကထက် ဆေးပင်တွေပိုရတယ်ကွ... ဒီတော့ချီစုဆောင်းဆေစလုံးလည်း နည်းနည်းပိုများလိမ့်မယ်.. ချန်းရှန်း မင်းအာရုံစိုက်ပြီးလိုက်ကြည့်ထား.. တစ်ခုနှစ်ခုနားလည်သွားလည်းမဆိုးဖူး.."

လီချန်းရှန်းအား နောက်ထပ်ဆေးလုံးဖော်စပ်သူဖြစ်လာစေရန် ရည်ရွယ်ထားသဖြင့် သေချာအာရုံစိုက်ရန်သတိပေးလိုက်သည်..

လီခိုင်ရှန့်မှာ ယခုဆိုလျှင့် အသက်တစ်ရာစွန်းလာပြီဖြစ်ရာ သက်တမ်းသိပ်မကျန်တော့ပေ.. နောက်ထပ်ဆေးလုံးသခင်တစ်ယောက်မပျိုးထောင်နိုင်ပါက တစ်ယောက်တည်းသောဆေးလုံးသခင်ဖြစ်သည့်သူ ဆုံးပါးသွားလျှင် လီမိသားစု ဒုက္ခရောက်ပေတော့မည်..
ထို့ကြောင့်လည်း လီချန်းရှန်းအပေါ်တွင် မျှော်လင့်ချက်များအားလုံး စုပုံထားခြင်းဖြစ်သည်..

"စိတ်မပူပါနဲ့ ဆန်းလောင်ရယ့်.. ကျွန်တော်သေချာလေ့လာမှာပါ.." ဟုပြောလိုက်ပြီး ဘေးနားရှိ အခြားတပည့်များနှင့်အတူဝင်ထိုင်ကာ မှော်ဆေးပြင်းဖိုအား အာရုံစိုက်ထားလိုက်သည်..

ဆေးပြင်းဖိုထဲသို့ ဆေးရိုးများထည့်ကာ မီးမွှေးလိုက်ပြီး တစ်လက်စတည်းရှင်းပြလိုက်သည်..

"တို့တွေမှာ သဘာဝမှော်မီးတောက်မရှိဖူးကွ.. ဒီတော့ဆေးရိုးကိုပဲ ထင်းအဖြစ်နဲ့မီးမွှေးပြီးသုံးကြရမယ်.."

ထို့အပြင် ဤဆေးရိုးထင်းများမှာ ဆေးပင်မှအသားမဟုတ်ပဲ ချီအရင်းအမြစ်အနီးတဝိုက်တွင်ပေါက်သော သာမန်သစ်ပင်များသာဖြစ်ကြောင်းကိုလည်း ရှင်းပြလိုက်သေးသည်..

ဆေးရိုးများမီးရှို့လိုက်သည့်အခါ ဆေးပြင်းဖိုထဲတွင် ခပ်ဖျော့ဖျော့မီးတောက်ကလေး တောက်လာလေသည်..
အပူချိန်အလွန်ပြင်းထန်ကြောင်း ကြည့်ရုံဖြင့်သိနိုင်သော်လည်း ဆေးပြင်းဖိုအပြင်ဘက်သို့ အပူတစ်စက်ကလေးမှ လျှံကျမလာပေ..

"ဆေးလုံးဖော်တဲ့နေရာမှာ အခြေခံအကျဆုံးနည်းလမ်းက မီးရဲ့အပူချိန်ကိုထိန်းချုပ်နိုင်ဖို့ပဲ.. ဒါကြောင့် မီးဝိဉာဥ်ကြောပါတဲ့သူတွေက ဆေးလုံးဖော်တဲ့နေရာမှာ ပိုပြီးမြန်မြန် သင်လွယ်တတ်လွယ်ရှိကြတယ်.. ဒါ့အပြင် ရေဝိဉာဥ်ကြောပါတဲ့သူတွေက ဆေးအာနိသင်ပိုထက်မြတ်လာအောင်လုပ်နိုင်လေ့ရှိကြတယ်.. ဒါကိုလည်းမင်းတို့သိထားရမယ်.." ဟု အခြေခံသဘောတရားများရှင်းပြနေရင်း ဆေးပြင်းဖိုထဲသို့ ဆေးပင်များ တစ်ခုပြီးတစ်ခုထည့်လိုက်သည်..

"ချီစုဆောင်းဆေးလုံးက အဆင့်တစ်အခြေခံအကျဆုံးဆေးလုံးပဲ.. ဒီဆေးလုံးဖော်စပ်ဖို့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ချီမြက်ပင်အပြင် ထျန်းမာပင်၊ ခူဇူပင်အမြစ်၊ လန်ကျီရွက်နဲ့ ချန်ရှင်းကျီတို့အပါအဝင် စုစုပေါင်း ဆေးပင်ဆယ့်နှစ်မျိုးလိုအပ်တယ်.." ဟုပြောရင်း ဆေးပင်တစ်ပင်စီ၏ အာနိသင်များပိုပါ တစ်လက်သတည်းနေလေရာ လီချန်းရှန်းနှင့် အခြားတပည့်များအားလုံး အာရုံစိုက်ကာ မှတ်သားနေကြလေသည်..

သိပ်မကြာခင်မှာပင် မွှေးပျံ့သော ဆေးရနံ့နှင့်အတူ ချီစုဆောင်းဆေးလုံးဖော်စပ်ခြင်းမှာ တဖြည်းဖြည်းရုပ်လုံးပေါ် လာလေသည်.."

"အမှန်ဆိုရင် ဆေးတစ်အိုးမှာ ချီစုဆောင်းဆေးလုံး ကိုးလုံးရတတ်တယ်ကွ.. ဒါပေမယ့်အခြေအနေပေါ်မူတည်ပြီး အများစုကတော့ ခုနှစ်လုံးရှစ်လုံးပဲရတတ်​​ကြတယ်.. တစ်ချို့သိပ်တော်တဲ့ဆေးလုံးသခင်တွေဆိုရင် သူတို့ဖော်စပ်လိုက်တဲ့ဆေးလုံးက အာနိသင်ကောင်းလွန်းလို့ သာမန်ဆေးလုံးဆယ်လုံးနဲ့တောင်မလဲနိုင်တာမျိုးလည်းရှိတယ်.."

လီခိုင်ရှန့်၏ အသာအယာရှင်းပြမှုအောက်တွင် ဆေလုံးသခင်များအကြောင်း လီချန်းရှန်းတဖြည်းဖြည်းပို၍နားလည်လာသည်..

အားကောင်းလေ မီးကိုထိန်းချုပ်ရလွယ်ကူလေဖြစ်သဖြင့် ဆေးလုံးသခင်၏ကျင့်ကြံဆင့်မြင့်လေ ဆေးလုံးအာနိသင်ကောင်းမွန်လေဟု အကြမ်းဖြင်းမှတ်ယူနိုင်လေသည်..

လီခိုင်ရှန့်မှာ ကျင့်ကြံဆင့်နိမ့်သော်လည်း ေဆးလုံးဖော်ရာတွင်အလွန်အထောက်အကူပြုသည့် ရေ၊မီးနှင့်သစ်သားဝိဉာဥ်ကြောသုံးခုပါရှိသူဖြစ်သဖြင့် လီခိုင်ရှန့်ဖော်စပ်သောဆေးလုံးများမှာ အဆင့်တူဆေးလုံးသခင်းများထက် ​ခြေတစ်လှမ်းသာလေ့ရှိသည်..

နှစ်နာရီခန့်ကြာသော် အခန်းတစ်ခုလုံးလုံး ဆေးရနံ့များမွှေးပျံ့လာပြီး ဆေးလုံးဖော်စပ်ခြင်းအောင်မြင်သွားပြီးဆုံးသွားလေပြီ..

လီခိုင်ရှန့်ချီစွမ်းအင်ကိုထိန်းချုပ်ပြီး ဆေးပြင်းဖိုအဖုံးအား ဖွင့်လိုက်သောအခါ ဝုန်းခနဲမြည်သံနှင့်အတူ တောက်ပနေသောဆေးလုံးများ ခုန်ထွက်လာလေသည်..

လီချန်းရှန်းသေချာကြည့်လိုက်သောအခါ စုစုပေါင်းဆေးလုံးရှစ်လုံးရှိလေသည်..
အဆင့်နိမ့်ဆေးလုံးသခင်တစ်ဦးအနေဖြင့် ဆေးတစ်ဖိုမှ ဆေးလုံးရှစ်လုံးရနိုင်သည်မှာပင် အတော်ကောင်းလှပြီ..

ခုန်ထွက်လာသောဆေးလုံးများ လီခိုင်ရှန့်အသာအယာဖမ်းယူလိုက်ပြီး အသင့်ပြင်ထားသောကျောက်စိမ်းပုလင်းငယ်လေးထဲသို့ သေချာစွာထည့်သိမ်းလိုက်..

"ဆေးလုံးရှစ်လုံးက ဟားဟားဟား..."
လီခိုင်ရှန့်ဂုဏ်ယူစွာရယ်လိုက်သည်..
အချို့အဆင့်နှစ်ဆေးလုံးသခင်များပင် ဆေးတစ်ဖိုနှင့် ဆေးလုံးရှစ်လုံးရအောင်မဖော်စပ်နိုင်ကြချေ..

"ဆေးပြင်းဖိုဖွင့်ပြီး ဆေးလုံးတွေဖမ်းတဲ့အချိန်ဟာ ဆေးလုံးဖော်စပ်ခြင်းရဲ့ အရေးအကြီးဆုံးအဆင့်တစ်ခုပဲ... ဆေးလုံးတွေခုန်ထွက်လာတာနဲ့ ချက်ချင်းဆေးလုံးကို မှော်စွမ်းအင်နဲ့ရစ်ပတ်လိုက်ရမယ်.. နောက်ကျသွားလို့ အပြင်လေနဲ့ဆေးလုံးထိသွားရင် ဆေးအာနိသင်တွေအကုန်စိမ့်ထွက်သွားပြီး ဘာအကျိုးမှမရှိတဲ့ဆေးလုံးတွေဖြစ်သွားလိမ့်မယ်.." ဟု နောက်ထပ်ဆေးတစ်ဖိုမဖော်စပ်ခင် အနားယူနေစဥ်အချိန်အတွင်း တပည့်များအား ရှင်းပြနေလိုက်..

လန်းဆန်းသွားသည်အထိအနားယူပြီးနောက် အချိန်မဆွဲပဲ နောက်တစ်ကြိမ်ဆေးဖော်စပ်ရန်ပြင်လိုက်တော့သည်..
ထိုသို့နှင့်ပင် အိပ်ချိန်နှင့်စားချိန်မှာလွဲ၍ အချိန်မဖြုန်းပဲ ဆက်တိုက်ဆေးလုံးဖော်စပ်လာလိုက်သည်မှာ ဆယ့်နှစ်ရက်တိုင်မှာ့သာလျှင် ဆေးလုံးများအားလုံး ဖော်စပ်ပြီးစီးတော့သည်..

ဤကဲ့သို့ဆက်တိုက်ဆေးလုံးဖော်ခြင်းကြောင့် လီခိုင်ရှန့်တစ်ယောက် မူးလဲတော့မတက်ပင်..

သို့သော် တောက်ပနေသော ဆေးလုံး 452 လုံးအားမြင်သော် ပင်ပန်းထားသည်များအားလုံးကိုမေ့ပြီး လီခိုင်ရှန့်အပျော်ကြီးပျော်နေတော့သည်..

လီမိသားစုအင်အားကြီးခဲ့စဥ်က မှော်သားရဲမွေးမြူခြင်းအားအဓိကလုပ်ကိုင်ခဲ့ကြသော်လည်း "ခိုင်" မျိုးဆက်မှလူများ တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးသွားပြီးနောက် ယခုဆိုလျှင် ချင်းရွှေမြင်းများသာကျန်ရှိတော့ရာ ဆေးလုံးရောင်းချခြင်းမှာ လီအိမ်တော်၏ အဓိကစီးပွားရေးဖြစ်လာခဲ့သည်..

လီခိုင်ရှန့်မှာ လီအိမ်၏တစ်ဦးတည်းသော ဆေးလုံးသခင်ဖြစ်ရာ ဤကိစ္စများအားလုံး သူ့အပေါ်သာပုံကျလာတော့သည်..

မိသားစုအတွင်း အရင်းအမြစ်ခွဲဝေမှုများကိုပြန်ကြည့်လျှင် လီဟူမှာ ဘိုးဘေးဖြစ်သဖြင့် နှစ်စဥ် အဆင့်နိမ့်ချီကျောက်တုန်းတစ်ရာနှင့် ချီစုဆောင်းဆေးလုံးငါးဆယ်ရရှိပြီး မိသားစုခေါင်းဆောင်ဖြစ်သော လီရှိုးယိမှာ အဆင့်နိမ်ချီကျောက်တုံးငါးဆယ်နှင့် ချီစုဆောင်းဆေးလုံးသုံးဆယ်ရရှိလေသည်..

ထို့အပြင် လီဟူပြီးနောက် အသက်အကြီးဆုံးမိသားစုဝင်ဖြစ်သော ချီအဆင့်ရှစ်ကျင့်ကြံသူ မှော်အစီအရင်သခင် လီဝမ့်ထျန်နှင့် ဆေးလုံးသခင်ဖြစ်သူလီခိုင်ရှန့်တို့မှာ အဆင့်နိမ့်ချီကျောက်တုံးနှစ်ဆယ်စီနှင့် ချီစုဆောင်းဆေးလုံးဆယ်လုံးစီ ရရှိပြီး ကျန်သူများမှာ ကျင့်ကြံဆင့်အလိုက် အသီးသီးဝေပုံကြ ရရှိကြလေသည်..

မိသားစုလေးဆယ့်နှစ်ယောက်တွင် ဝေစုများအားလုံးစုပေါင်းလိုက်ပါက တစ်နှစ်လျှင် ချီစုဆောင်းဆေးလုံး 212လုံးနှင့် အဆင့်နိမ့်ချီကျောက်တုန်း 326တုံးကုန်ကျလေသည်..

ယခုနှစ်တွင် ချီဆေးလုံး 452လုံးဖော်စပ်နိုင်ခဲ့ရာ ဝေစုများခွဲဝေပြီးလျှင် ဆေးလုံး240တိတိ ပိုနေလေသည်..
အရေးပေါ်ကိစ္စရပ်များအတွက်ချန်ထားရမည့် ဆေးလုံးလေးဆယ်ကိုဖယ်လိုက်လျှင် ကျန်သည့်ဆေးလုံးနှစ်ရာကို ဟူပွဲရုံတွင် ရောင်းချနိုင်မည်ဖြစ်သည်..

ချီဆေးလုံးတစ်လုံးမှာ အဆင့်နိမ့်ချီကျောက်တုံး သုံးကျသင့်လေရာ ဆေးလုံးနှစ်ရာအားရောင်းချပြီးလျှင် ချီကျောက်တုံးခြောက်ရာ ရရှိမည်ဖြစ်သည်..
ဝေစုအဖြစ်ပေးရမည့် ချီကျောက်တုံး326တုံးအားဖယ်ပြီးလျှင် ကျန်သည့်ချီကျောက်တုံး 274တုံးမှာ သည်နှစ်အတွက် လီမိသားစု၏ဝင်ငွေပင်..

လီအိမ်အတွက်လိုအပ်သော အခြားပစ္စည်းများလက်နက်များနှင် မှော်အစီအရင်များဝယ်ယူလိုက်လျှင် ဘာမျှမကျန်တော့ပေ..

သို့သော် တစ်ဖက်မှကြည့်လျှင် ဆေးလုံးရောင်းချခြင်းတစ်ခုတည်းနှင့် လီမိသားစုတစ်ခုလုံးအား ထောက်ပံ့ထားနိုင်ခြင်းမှာ မဆိုးလှပေ..
ထို့ကြောင့်ပင် ဆေးလုံးဖော်စပ်ခြင်းမှာ လီအိမ်၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်လာခြင်းဖြစ်သည်..

ချင်းရွှေမြင်းများရောင်းချခြင်း၊ အခြားမှော်ပစ္စည်းများရောင်းချခြင်းနှင့် စားသောက်ဆိုင်တို့မှ ရရှိသမျှမှာ အပိုဝင်ငွေသာဖြစ်သည်..

ဆေးလုံးများအားစုဆောင်းပြီးနောက် လီချန်းရှန်း ခြံဝန်းအတွင်းသို့မပြန်ပဲ ဆေးလုံးခန်းမအတွင်းမှာပင် ထိုင်စောင့်နေလိုက်သည်..
ဤဆေးလုံးများမှာ လီအိမ်၏အသက်သွေးကြောဖြစ်လေရာ မသမာသူတို့လာရောက်နှောင့်ယှက်မည်ကို လီချန်းရှန်းစိတ်မချပေ..
ေချွဖင့်တောင်မှ လွှတ်လိုက်သည့် ဆေးလုံးလာယူမည့်သူရောက်လာမှသာလျှင် သူစိတ်ဒုံးဒုံးချနိုင်ပေမည်..
ဤသည်မှာ သူဒီတစ်ခေါက် တောင်အောက်ဆင်းလာရသည့် အဓိကအကြောင်းအရင်းပင်မဟုတ်ပါလား..


အမလေး နောက်ဆုံးတော့ အစပျိုးတဲ့အခန်းတွေပြီးသွားပါပြီ
နောက်အပိုင်းကစပြီး ခိုးကြောင်ခိုးဝှက်ပလီပလာဘရမ်းဘတာတွေမြင်ရပါတော့မယ်..
ညိုကီတို့မသိလို့
တကယ်ဆို ဒီအခန်းက ဒီထက်နှစ်ဆရှည်တယ်
လေကြောရှည်နေတဲ့အခန်းတွေကို ကိုယ့်မှာတော်တော်ကြိုးစားပမ်းစားဖြတ်တောက်ထားရတာ
😭😭

Want your establishment to be the top-listed Arts & Entertainment in Mandalay?
Click here to claim your Sponsored Listing.

Category

Art

Telephone

Website

Address


Mandalay