World Gold Advisor by May
Mâkë û Hãppîñéŝš
09/09/2023
လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ ဘာလဲ?
အဆင့်အတန်းဆိုတာ လူတစ်ယောက်က
အခြားလူတစ်ယောက်အပေါ်မှာ
လေးစားမှု၊ စာနာမှု၊ တနွေးတထွေး ဆက်ဆံမှု၊
တစ်ဖက်လူရဲ့ ကိုယ်စိတ်နှစ်ပါးလုံး မနစ်နာသွားအောင်
ပြောဆိုပြုမူမှု၊ သစ္စာရှိမှုတွေကို ခေါ်တာပဲ ဖြစ်တယ်။
ဒီလို စိတ်သဘောထားတွေ ရှိတဲ့သူကိုမှသာ အဆင့်အတန်းမြင့်တဲ့သူလို့ ခေါ်သင့်တယ်။
#မြသန်းတင့်
07/09/2023
" အကောင်းဆုံး ရှင်သန်နေထိုင်ပါ "
"""""""""""""""""""""""""""""""""""""""""""""""""""
✍✍✍✍✍✍✍✍✍✍✍✍✍
📚
ဘဝဆိုတာ
ရာသီဥတုဆန်တယ်။
အမြဲတမ်း သာယာမနေနိုင်သလို
အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။
📚
နေသာတဲ့အခါ ရှိမယ်။
မိုးအုံ့တဲ့အခါ ရှိမယ်။
မိုးရွာတဲ့အခါ ရှိမယ်။
အမြဲတမ်း မတည်မငြိမ်နဲ့
ပြောင်းလဲနေတယ်။
📚
ကြောက်စရာကောင်းတဲ့
မုန်တိုင်းထန် နေ့ရက်တွေ ရှိ သလို
စိတ်ချမ်းမြေ့စရာကောင်းတဲ့ ကြည်နူးစရာ
ဆောင်းဦးပေါက်
မနက်ခင်းလေးတွေလည်း ရှိတာပဲ။
📚
ကံဆိုးခြင်းဟာ
နွေ ရာ သီ ဖြစ်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းမိုးရာသီဟာ
မကြာခင်ရောက်လာမှာပါ။
ဒီလိုပဲ ကံဆိုးခြင်းဟာ
မိုးရာသီဖြစ်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းဆောင်းရာသီဟာလည်း
မကြာခင်ရောက်လာဦးမှာပါ။
📚
အရာရာဟာ အခိုက်အတန့်တွေပါပဲ။
ရာသီအလိုက်ပွင့်နေတဲ့
ရောင်စုံပန်းကလေးတွေဟာ
ဘဝရဲ့အလှတရားတွေပဲ။
ဆင်းရဲဒုက္ခတွေကိုတွေးပြီး
အမြဲတမ်းညည်းညူနေရင်တော့
အဲဒီအလှတရားတွေကို
လက်လွတ်သွားလိမ့်မယ်။
📚
သဘာဝပန်းချီကားချပ်ကြီးကို ကြည့်ဖို့
သင့်မျက်လုံးတွေကို
သောကတွေနဲ့ ဖုံးမထားပါနဲ့။
အမြဲတမ်းစိတ်ပျက်ညည်းညူနေသူအတွက်
သူ့ဘဝတစ်လျှောက်လုံးဟာ နွေ ရာ သီ ပဲ
ခြောက်သွေ့မှုတွေနဲ့ပဲ ဘဝကို
ကုန်ဆုံးလွန်မြောက်ရလိမ့်မယ် ။
📚
ဘယ်လိုဆင်းရဲဒုက္ခတွေနဲ့ပဲ ကြုံတွေ့ရပါစေ
အပြုံးမပျက်
ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကြိုးစားပါ။
ခံနိုင်ရည်ရှိဖို့
ကိုယ့်ကိုယ်ကို အမြဲအားပေးပါ ။
📚
သင်စိတ်ပျက်အားငယ်လာတဲ့အခါ
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ။
ကြည်လင်တဲ့အခါလည်း ရှိမယ်။
မကြည်လင်တဲ့အခါလည်း ရှိမယ် ။
ဘဝဆိုတာလည်း ဒီလိုပါပဲ။
ဘာအတွက်ကြောင့်မှ
စိတ်ပျက်အားငယ်မနေပါနဲ့ ။
📚
ပန်းကလေးတွေဟာ
သူ့ရာသီရောက်ရင် ပွင့်ကြတာပဲ။
ဘာအတွက်မှ သောကမရောက်ဘူး။
ဒါ့ကြောင့် ပန်းကလေးတွေ လှကြတာ။
မုန်တိုင်းလာမှာလည်း မကြောက်ဘူး။
မိုးသည်းမှာလည်း မစိုး ရိမ် ဘူး။
နေလောင်မှာလည်း မ တွေး ကြောက်ဘူး။
အမြဲတမ်း ရဲရဲဝံ့ဝံ့နဲ့ ဖူးပွင့်ကြတယ်။
📚
ဘဝမှာ သတ္တိရှိရှိရှင်သန်ရဲဖို့ လိုတယ်။
သတ္တိမရှိရင် ဘဝက အလကားပဲ။
ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့
ပီပီသသရှင်သန်ချိန် မ ရ လိုက် ဘူး။
📚
မနေ့က ဘာဖြစ်ခဲ့လဲ ပြန်မတွေးနဲ့။
မနက်ဖြန် ဘာဖြစ်မလဲ
ကြို ပြီးလည်းမစိုးရိမ်နဲ့။
ဒီနေ့ကို အကောင်းဆုံးရှင်သန်ပါ ။
နေရတဲ့ခဏမှာ
ကိုယ့်ကိုယ်ကို ကျေနပ်ပါမှ
ရလာတဲ့ဘဝ နေသာထိုင်သာ ရှိ မှာ ပါ ။
📚
ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်နဲ့။
သူတစ်ပါးလည်း အပြစ်မပြောနဲ့။
အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားပြီး
ရှင်သန်နေထိုင်ပါ ...... ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
777888